SME အငှားဝယ်ယူစနစ်ချေးငွေများ (Hire Purchase) ရှာဖွေနှိုင်းယှဉ်ခြင်း
ဆောင်းပါးကို ဝေမျှရန်
(Updated အောက်တိုဘာ ၂၀၂၀)
SME အငှားဝယ်ယူစနစ်ချေးငွေ ထုတ်ပေးသူများကို အောက်မှာ ရှာဖွေကြည့်နိုင်ပါတယ်။  SME ဘဏ္ဍာငွေရှာဖွေခြင်းအကြောင်း ပိုမိုလေ့လာကြည့်ချင်တယ်ဆိုရင်တော့ SME ဘဏ္ဍာငွေရှာဖွေခြင်း လမ်းညွှန်မှာ ဖတ်ကြည့်နိုင်ပါတယ်။
ချေးငွေထုတ်ပေးသူများက ရွေးချယ်သတ်မှတ်ထားတဲ့ ပစ္စည်းများအတွက်သာ အငှားဝယ်ယူစနစ်ချေးငွေကို ထုတ်ပေးလေ့ရှိပါတယ်dingar။ လုပ်ငန်းသုံးမော်တော်ယာဉ် နဲ့ စက်ပစ္စည်းကိရိယာ ဆိုပြီး အငှားဝယ်ယူစနစ်ချေးငွေ အဓိကအမျိုးအစားနှစ်မျိုးကို အောက်ပါအတိုင်း ထုတ်နုတ်ဖော်ပြပေးထားပါတယ်dingar။ ချေးငွေထုတ်ပေးသူများက အခြားပစ္စည်းအမျိုးအစားများအတွက်လည်း ချေးငွေထုတ်ပေးတာတွေ ရှိနိုင်ပါတယ်။
အငှားဝယ်ယူစနစ်ဖြင့် ဝယ်ယူလို့မရတဲ့ ပစ္စည်းများအတွက် ကာလသတ်မှတ်ချေးငွေရယူပြီး ဝယ်ယူလို့ ရကောင်းရနိုင်ပါသေးတယ်။
မော်တော်ယာဉ်ချေးငွေနဲ့ မော်တော်ဆိုင်ကယ်ချေးငွေ အတွက် ကိုယ်ရေးကိုယ်တာသုံး ရွေးချယ်မှုထဲမှာလည်း ရှာဖွေကြည့်နိုင်ပါတယ်dingar။ ဒီချေးငွေကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများလည်း အသုံးပြုနိုင်လေ့ရှိပါတယ်။
***ဖော်ပြပါ အချက်အလက်များက ရေးသားချိန်မှာ မှန်ကန်ပေမယ့် အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။testing
SME ချေးငွေအမျိုးအစား
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများtesting
စီစစ်ရန် စီရန်
AGD Bank Logo
အရစ်ကျဝယ်ယူစနစ်
လုပ်ငန်းသုံးယာဉ်
|
စက်ပစ္စည်း/ကိရိယာ
AYA Bank Logo
Hire Purchase
လုပ်ငန်းသုံးယာဉ်
MAB Logo
အငှားဝယ်ယူစနစ်
လုပ်ငန်းသုံးယာဉ်
MCB Bank Logo
Hire Purchase
လုပ်ငန်းသုံးယာဉ်
MCB Bank Logo
Agriculture Hire Purchase
စိုက်ပျိုးရေးသုံးယာဉ်
|
စိုက်ပျိုးရေးသုံး စက်/ကိရိယာ
MOB Bank Logo
အငှားဝယ်စနစ်ဝန်ဆောင်မှု
လုပ်ငန်းသုံးယာဉ်
SME Development Bank Logo
အရစ်ကျအငှားဝယ်စနစ်
လုပ်ငန်းသုံးယာဉ်
Yoma Bank Logo
အငှားဝယ်ယူစနစ်
လုပ်ငန်းသုံးယာဉ်
|
စက်ပစ္စည်း/ကိရိယာ
အငှားဝယ်ယူစနစ်ချေးငွေ (Hire Purchase) ဆိုတာ ဘာလဲTrinity
အငှားဝယ်ယူစနစ်ချေးငွေဆိုတာ အရစ်ကျပေးချေရတဲ့အစီအစဉ်မျိုး ဖြစ်ပါတယ်။
SME လုပ်ငန်းများက အငှားဝယ်ယူစနစ်ချေးငွေကို အသုံးပြုပြီး လုပ်ငန်းသုံးမော်တော်ယာဉ်၊ စက်ပစ္စည်းနဲ့ ရုံးသုံးကိရိယာပရိဘောဂများ စတဲ့ သတ်သတ်မှတ်မှတ်ရှိတဲ့ ပိုင်ဆိုင်မှုပစ္စည်းများကို ဝယ်ယူနိုင်ပါတယ်။
အငှားဝယ်ယူစနစ် ချေးငွေများကို အောက်ပါအတိုင်း တည်ဆောက်ထားပါတယ်Trinity
  • ကနဦးပေးချေငွေ ကြိုတင်ပေးချေရပါတယ်။
  • ငွေပေးချေမှုကို ရောင်းချသူထံ တိုက်ရိုက်ပေးချေပြီး ချေးယူသူကို ငွေသားထုတ်ပေးတာမျိုးမဟုတ်ပါ။
  • ပြန်ဆပ်ခြင်း အစီအစဉ် ပုံသေသတ်မှတ်ထားပါတယ်။
  • ဝယ်ယူလိုက်တဲ့ ပစ္စည်းက အာမခံပစ္စည်းအဖြစ် သက်ရောက်ပါတယ်။
ယေဘုယျအားဖြင့် ချေးငွေထုတ်ပေးသူက ပစ္စည်းရောင်းချသူထံ ချေးငွေပမာဏကို တိုက်ရိုက်ပေးချေပြီး ချေးငွေလျှောက်ထားသူအနေနဲ့ ချေးငွေကို လက်ခံရရှိမှာ မဟုတ်ပါဘူး။
ချေးငွေလျှောက်ထားသူများ ဝယ်ယူနိုင်တဲ့ အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ချိသူများကို ချေးငွေထုတ်ပေးသူတွေက အတိအကျ သတ်မှတ်ထားတာမျိုးလည်း ရှိပါတယ်။testing
အငှားဝယ်ယူစနစ်ချေးငွေရဲ့ လက္ခဏာများ
ပမာဏ
ဝယ်ယူမယ့် ပစ္စည်းရဲ့တန်ဖိုးက ချေးငွေပမာဏကို သတ်မှတ်ပေးပါလိမ့်မယ်။
ချေးယူသူက ကနဦးပေးချေငွေကို ကြိုတင်ပေးချေဖို့ လိုပါတယ်dingar။ ကနဦးပေးချေငွေက ပစ္စည်းတန်ဖိုးရဲ့ ၂၀% မှ ၅၀% အထိ ဖြစ်နိုင်ပါတယ်။
သက်တမ်းကာလ
အငှားဝယ်ယူစနစ်ချေးငွေအတွက် သက်တမ်းကာလက ပုံမှန်အားဖြင့် ၁ နှစ်မှ ၅ နှစ်အထိဖြစ်ပြီး ဝယ်ယူမယ့် ပစ္စည်းအပေါ်မှာလည်း မူတည်ပါတယ်။
အတိုးတွက်ချက်ခြင်း
အတိုးတွက်ချက်ခြင်းအတွက် ပုံသေပုတ်ပြတ်တွက်နည်းနဲ့ လက်ကျန်ဖြန့်ကျက်တွက်နည်(Flat and Amortization Method) နှစ်ခုလုံးကို အများအားဖြင့် အသုံးပြုတာကြောင့် ချေးငွေရဲ့ ကုန်ကျစရိတ်ကို နားလည်ဖို့အတွက် ဘယ်နည်းလမ်းအသုံးပြုတယ်ဆိုတာနဲ့ ပြန်ဆပ်ရမယ့် အစီအစဉ်အတိအကျကိုလည်း သေချာစစ်ဆေးပါ။
ပြန်လည်ပေးဆပ်ခြင်း
အငှားဝယ်ယူစနစ်ချေးငွေမှာ အတိအကျသတ်မှတ်ထားတဲ့ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်ရှိပါတယ်dingar။ များသောအားဖြင့် အတွေ့များတာက အတိုးနဲ့ငွေရင်းကို လစဉ်ဆပ်တာမျိုးဖြစ်ပါတယ်။
အာမခံပစ္စည်း
အငှားဝယ်ယူစနစ်ဖြင့် ဝယ်ယူထားတဲ့ပစ္စည်းက အာမခံပစ္စည်းသဘော သက်ရောက်ပါတယ်dingar။ အခြားအာမခံပစ္စည်း သီးခြားထပ်မံ လိုအပ်လေ့ မရှိပါဘူး။
ယေဘုယျအားဖြင့် ချေးငွေအပြည့် ပြန်ဆပ်လို့ မပြီးမချင်း ပစ္စည်းကို ငွေချေးယူသူက ဥပဒေအရ ပိုင်ဆိုင်မှုမရှိဘူးဆိုတာကို သိထားဖို့ လိုပါတယ်dingar။ ငွေပြန်ဆပ်တဲ့နေရာမှာ ပျက်ကွက်ခဲ့မယ်ဆိုရင် ချေးငွေထုတ်ပေးသူက ပစ္စည်းရဲ့ပိုင်ဆိုင်မှုကို သိမ်းယူနိုင်ပြီး ချေးယူသူဖက်မှ ပြန်ဆပ်ပြီးခဲ့သော ငွေများအားလုံးကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
အသုံးပြုလေ့ရှိသော နေရာများ
အငှားဝယ်ယူစနစ်ချေးငွေက လုပ်ငန်းသုံးမော်တော်ယာဉ်၊ စက်ပစ္စည်းနှင့် ရုံးသုံးကိရိယာများ၊ ပရိဘောဂများ အစရှိတဲ့ သတ်သတ်မှတ်မှတ်ပစ္စည်းများ ဝယ်ယူခြင်းအတွက် အသုံးပြုဖို့ အဆင်ပြေပါတယ်။
ချေးငွေထုတ်ပေးသူများ
ဘဏ်နဲ့ NBFI တော်တော်များများက အငှားဝယ်ယူစနစ်ချေးငွေများ ထုတ်ချေးပေးကြပါပေမယ့် သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းအမျိုးအစား၊ အရောင်းကိုယ်စားလှယ်နဲ့ ဖြန့်ချိသူမှသာ ထုတ်ချေးပေးတတ်ပါတယ်။
အဓိကလိုအပ်ချက်များ
အဓိကလိုအပ်ချက်များကတော့
  • လိုအပ်ချက်နဲ့ သတ်မှတ်ချက်တွေကတော့ ဝယ်ယူမယ့်ပစ္စည်းအပေါ် အထူးသဖြင့် တန်ဖိုးအပေါ် မူတည်ပြီး အမျိုးမျိုး ရှိနိုင်ပါတယ်။
  • လုပ်ငန်းလိုင်စင်၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အခွန်ဖြတ်ပိုင်းများတင်ပြရန်လိုအပ်ပြီး လုပ်ငန်းက အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိ လည်ပတ်နေပြီးသား ဖြစ်ရမယ်။ 
  • ဝယ်ယူမယ့် ပစ္စည်းအတွက် အာမခံအကာအကွယ်များလည်း လိုအပ်နိုင်ပါတယ်။
အခြားနည်းလမ်းများ
ပုံသေပိုင်ပစ္စည်းများ ဝယ်ယူဖို့အတွက် ကာလသတ်မှတ်ချေးငွေများကိုလည်း အသုံးပြုနိုင်ပါတယ်dingar။ ဒီအတွက် ထပ်ဆောင်းအားသာချက်ကတော့ ဒီချေးငွေကို လုပ်ငန်းတိုးချဲ့ခြင်းရဲ့ အခြားလိုအပ်ချက်များအတွက်ပါ အသုံးပြုနိုင်ပါယ်။
အခြားတစ်နည်းကတော့ ပစ္စည်းကို မဝယ်ယူပဲ ငှားရမ်းအသုံးပြုဖို့လည်း စဉ်းစားကြည့်နိုင်ပါတယ်။
အတိုးနှုန်းများ
လျှောက်လွှာနဲ့ ချေးငွေထုတ်ပေးသူများအပေါ် မူတည်ပြီး အတိုးနှုန်း အမျိုးမျိုး ရှိနိုင်ပါတယ်Trinity
  • ဘဏ်မှ အငှားဝယ်ယူစနစ်ချေးငွေများက အတိုးနှုန်း တစ်နှစ်လျှင် ၉% မှ ၁၀% ခန့် (လက်ကျန်ဖြန့်ကျက်တွက်နည်း) သို့မဟုတ် တစ်နှစ်လျှင် ၅% မှ ၉% ခန့် (ပုံသေပုတ်ပြတ်တွက်နည်း) ကောက်ခံနိုင်ပါတယ်။
  • NBFI အငှားဝယ်ယူစနစ် ချေးငွေများက အတိုးနှုန်း တစ်နှစ်လျှင် ၃၀% မှ ၃၆% ခန့် ကောက်ခံနိုင်ပါတယ်။
  • ချေးငွေထုတ်ပေးသူများက အခြားအခကြေးများ (ဥပမာ – ဝန်ဆောင်ခ၊ နောက်ကျကြေး၊ ဒဏ်ကြေး) လည်း ကောက်ခံနိုင်တာကို သိထားဖို့ လိုပါတယ်။
အခြား SME ချေးငွေအမျိုးအစားများ ရှာဖွေရန်
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများtesting
SME ဘဏ္ဍာငွေရှာဖွေခြင်း ရွေးချယ်မှုများ လေ့လာရန်
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type
SME Loans Key Requirements
မှတ်ချက်dingardingar။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ dingar။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။