ပုံသေပုတ်ပြတ်တွက်နည်း နှင့် လက်ကျန်ဖြန့်ကျက်တွက်နည်း
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
အဓိကအချက်များ
  • Flat တွက်နည်း နဲ့ Amortization တွက်နည်း ဆိုတာ မတူညီတဲ့ အတိုးတွက်ချက်နည်း (၂) မျိုးပါ။
  • Flat တွက်နည်းက ချေးယူခဲ့တဲ့ မူလငွေရင်းပမာဏအပေါ်မှာ ချေးငွေကာလတစ်ခုလုံးစာ  အတိုးတွက်ပါတယ်။ 
  • Amortization တွက်နည်းက ပေးရန်ကျန်ရှိတဲ့ လက်ကျန်ငွေရင်းပမာဏအပေါ်မှာပဲ အတိုးတွက်ပါတယ်။
  • Flat တွက်နည်းရလဒ်က Amortization တွက်နည်းရလဒ်ထက် အတိုးအများကြီး ပိုများပါတယ်။
ချေးငွေတွေကို နှိုင်းယှဉ်တဲ့အခါ ဖော်ပြထားတဲ့ အတိုးနှုန်းထက်ပိုပြီး သတိထားမိဖို့ အရမ်းအရေးကြီးပါတယ်shwedingar.com။ အတိုးတွက်ချက်ပုံက အမှန်တကယ်ပေးရမယ့် အတိုးပမာဏအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်Neo
ချေးငွေထုတ်ပေးသူတွေက သူတို့ရဲ့ချေးငွေတွေကို လူတွေစိတ်ဝင်စားအောင် နည်းအမျိုးမျိုးနဲ့ ပြင်ဆင်ဖော်ပြတတ်ကြပါတယ်shwedingar.com။ ဥပမာ – အတိုးနှုန်းကိုတော့ ဖော်ပြထားပေမယ့် အခြားမဖော်ပြထားတဲ့ ဝန်ဆောင်ခ၊ လျှောက်ထားခ စသဖြင့် အခကြေးငွေအမျိုးမျိုး ထပ်မံကောက်ခံတတ်ပါတယ်Neo
ချေးငွေထုတ်ပေးသူတွေရဲ့ ဖော်ပြအတိုးနှုန်းဖြင့် လှည့်စားတတ်တဲ့ နည်းလမ်းတစ်ခုကတော့ အတိုးကို ပုံသေပုတ်ပြတ်အတိုးတွက်နည်း (Flat Method) သို့မဟုတ် လက်ကျန်ဖြန့်ကျက်အတိုးတွက်နည်း (Amortization Method) ကို အသုံးပြုပြီး တွက်ပေးခြင်းပါshwedingar.com။ Amortization နည်းကို Reducing-balance (လက်ကျန်ငွေလျှော့ချခြင်းနည်း), Declining Balance (လက်ကျန်ငွေလျော့ကျခြင်းနည်း) နှင့် Effective Interest Rate (သက်ရောက်အတိုးနှုန်း) အဖြစ်လည်း သိကြပါတယ်Neo
ဒါကြောင့် ချေးငွေယူတဲ့အခါ လစဉ်ပြန်ဆပ်ရမယ့် ပမာဏ၊ ချေးငွေအတွက် ပေးရမယ့်  စုစုပေါင်းအတိုးပမာဏ စသည်ဖြင့် သေချာမေးမြန်းပါshwedingar.com။ ချေးငွေရဲ့အသေးစိတ်အချက်အလက်တွေကို သေချာမေးမြန်းထားခြင်းအားဖြင့် ချေးငွေအတွက် ပေးဆောင်ရမယ့် ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။yes
ဖော်ပြအတိုးနှုန်း ပိုနည်းလေ့ရှိတဲ့ ပုံသေပုတ်ပြတ်အတိုးတွက်နည်း (Flat Method)
အတိုးနှုန်းဖော်ပြရာမှာ ပုံသေပုတ်ပြတ်အတိုးတွက်နည်း အတွက် အတိုးနှုန်းကို က လက်ကျန်ဖြန့်ကျက်အတိုးတွက်နည်း ရဲ့အတိုးနှုန်းထက်  ပိုနည်းလေ့ရှိပါတယ်shwedingar.com။ (ဥပမာ – ပုံသေပုတ်ပြတ်နည်း – အတိုး ၁ နှစ် ၉ %၊ လက်ကျန်ဖြန့်ကျက်နည်း – အတိုး ၁ နှစ် ၁၃% စသည်အားဖြင့် ဖော်ပြလေ့ရှိပါတယ်။)
တကယ်လို့ ဖော်ပြအတိုးနှုန်းတွေ တူရင်တောင် လက်ကျန်ဖြန့်ကျက်နည်း က ပုံသေပုတ်ပြတ်နည်း ထက် ပေးဆောင်ရမယ့်အတိုးပမာဏ သိသိသာသာ ပိုသက်သာတယ်ဆိုတာ သိရပါမယ်shwedingar.com။ (ဥပမာ – ပုံသေပုတ်ပြတ်နည်း နဲ့ လက်ကျန်ဖြန့်ကျက်နည်း ကို ၁၃% နှစ်တိုး ပြထားရင် လက်ကျန်ဖြန့်ကျက်နည်းနဲ့ပေးရတဲ့ အတိုးငွေပမာဏက ပိုနည်းပါတယ်shwedingar.com။ အောက်ကပုံမှာ လေ့လာပါ။)
Difference in interest when using flat vs amortization method
အပေါ်မှာ ဖော်ပြထားတဲ့အတိုင်းပဲ မတူတဲ့အတိုးတွက်ချက်ပုံက ငွေပမာဏ အများကြီးကွာဟသွားစေပါတယ်shwedingar.com။ ပုံသေပုတ်ပြတ်အတိုးတွက်နည်းမှာ ၂ ဆနီးပါး ပိုများနေတာကို တွေ့ရမှာပါNeo
ပုံသေပုတ်ပြတ်အတိုးတွက်နည်း နဲ့ လက်ကျန်ဖြန့်ကျက်အတိုးတွက်နည်းရဲ့ အတိုးပမာဏတူတဲ့ အတိုးနှုန်းတွေကို အောက်ကဇယားထဲမှာ ဖော်ပြပေးထားပါတယ်shwedingar.com။ (ဥပမာ – ပုံသေပုတ်ပြတ်တွက်နည်းနဲ့ နှစ်တိုး ၉% ဆိုရင် လက်ကျန်ဖြန့်ကျက်တွက်နည်းနဲ့ သက်တမ်း ၁ နှစ်ဆိုရင် နှစ်တိုး ၁၆.၂၂%၊ သက်တမ်း ၃ နှစ်ဆိုရင် နှစ်တိုး ၁၆.၂၄%၊ သက်တမ်း ၅ နှစ်ဆိုရင် နှစ်တိုး ၁၅.၇၁% နဲ့ ပေးရတဲ့အတိုးပမာဏချင်း တူပါတယ်shwedingar.com။ ရာခိုင်နှုန်းအားဖြင့် မတူပေမယ့် ပေးရတဲ့ အတိုးငွေပမာဏကတော့ အတူတူပဲဆိုတာကို သတိပြုစေချင်ပါတယ်။)
Flat method interest rates converted to equivalent amortization rates
ချေးငွေထုတ်ပေးသူတစ်ချို့က ပုံသေပုတ်ပြတ်နည်းနဲ့ ဖော်ပြရာမှာ အတိုးနှုန်းကို နည်းနည်းသာဖော်ပြထားပေမယ့် ဖော်ပြအတိုးနှုန်းပိုများတဲ့ လက်ကျန်ဖြန့်ကျက်နည်းထက် အတိုးငွေပမာဏ ပိုပေးရတာကို တွေ့ရပါလိမ့်မယ်Neo
ပေးဆောင်ရမယ့် အတိုးငွေပမာတွေကို နှိုင်းယှဉ်တဲ့အခါ တွက်နည်းတူအချင်းချင်းသာ နှိုင်းယှဉ်သင့်ပါတယ်shwedingar.com။ အဲဒါမှ ရှင်းရှင်းလင်းလင်း နှိုင်းယှဉ်သိရှိနိုင်မှာ ဖြစ်ပါတယ်shwedingar.com။ (ဥပမာ – ပုံသေပုတ်ပြတ်နည်းရဲ့ ဖော်ပြအတိုးနှုန်းအချင်းချင်း နှိုင်းယှဉ်ရန်ပါ၊ လက်ကျန်ဖြန့်ကျက်နည်းရဲ့ ဖော်ပြအတိုးနှုန်းအချင်းချင်း နှိုင်းယှဉ်ပါ။)
ပုံသေပုတ်ပြတ်နည်း နဲ့ လက်ကျန်ဖြန့်ကျက်နည်းအတွက် အတိုးနှုန်းတွေ၊ အတိုးငွေပမာဏတွေအတွက် တွက်ချက်နှိုင်းယှဉ်ကြည့်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ပုံသေပုတ်ပြတ်နည်း နဲ့ လက်ကျန်ဖြန့်ကျက်နည်းတွက်စက်ကို အသုံးပြုနိုင်ပါတယ်။yes
လက်ကျန်ဖြန့်ကျက်အတိုးတွက်နည်း (Amortization Method) အတွက် ပြန်လည်ပေးဆပ်ခြင်း အစီအစဉ် အရေးကြီးပုံ
ဇယားထဲမှာ ချေးငွေသက်တမ်းကာလပေါ် မူတည်ပြီး လက်ကျန်ဖြန့်ကျက်နည်းရဲ့ အတိုးနှုန်းတွေ ကွာခြားသွားတာကို သတိထားမိမှာပါNeo
ပုံသေပုတ်ပြတ်နည်း ဆိုရင်တော့ ဘယ်လိုပဲ ပြန်လည်ပေးဆပ်ပါစေ စုစုပေါင်းအတိုးနှုန်းက ပြောင်းလဲခြင်းရှိမှာ မဟုတ်ပါဘူးshwedingar.com။ ဘာလို့လဲဆိုတော့ ပြန်ဆပ်ဖို့ကျန်တဲ့ လက်ကျန်ငွေဘယ်လောက်ပဲဖြစ်ဖြစ် အတိုးကို  ချေးငွေပမာဏအားလုံးအပေါ်မှာ တွက်ချက်ခြင်းကြောင့်ပါNeo
လက်ကျန်ဖြန့်ကျက်နည်း မှာတော့ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်က အတိုးအပေါ် သက်ရောက်မှုရှိပါတယ်shwedingar.com။ အကြိမ်ရေများများဖြင့် ပြန်ဆပ်လေ၊ အတိုးတွက်ချက်တဲ့ လက်ကျန်ငွေပမာဏ ပိုနည်းလာလေဖြစ်ပြီး၊ ပေးရတဲ့အတိုးလည်း ပိုနည်းသွားပါမယ်Neo
How payment frequency affects interestyes
မတူညီသော နည်းလမ်းဖြင့် လစဉ်အရစ်ကျပြန်ဆပ်ခြင်း
ဘယ်နည်းလမ်းကို သုံးပြီး အတိုးတွက်တွက်၊ လစဉ်အရစ်ကျ စနစ်ဖြင့်သာ ပြန်လည်ပေးဆပ်ရလေ့ရှိပါတယ်shwedingar.com။ ဒီစနစ်က ချေးငွေထုတ်ပေးသူရော၊ ချေးငွေထုတ်ယူသူပါ နားလည်ရလွယ်တဲ့အတွက် အသုံးပြုခြင်းဖြစ်ပါတယ်Neo
ပုံသေပုတ်ပြတ်နည်း (Flat Method) မှာ အတိုးကို ချေးငွေတစ်ခုလုံးအပေါ် တွက်ချက်တဲ့အတွက် လစဉ်ပြန်လည်ပေးဆပ်ခြင်းက ရိုးရှင်းပါတယ်shwedingar.com။ လစဉ်ပေးရတဲ့ အတိုးနဲ့ ငွေရင်းအချိုးလည်း တူညီပါတယ်Neo
လက်ကျန်ဖြန့်ကျက်နည်း (Amortization Method) မှာတော့ လစဉ်ငွေရင်းက လျော့နည်းသွားမှာဖြစ်လို့ အတိုးကလည်း နည်းသွားပါလိမ့်မယ်shwedingar.com။ ပြန်ဆပ်ရမယ့်ပမာဏကလည်း တဖြည်းဖြည်း ပိုနည်းလာပါလိမ့်မယ်Neo
ဒါပေမယ့် ဒီလိုပြန်ဆပ်ရမှာဆိုရင် လစဉ်ပြန်ဆပ်ရမယ့် ပမာဏက တစ်လနဲ့တစ်လ မတူညီတာကြောင့်  ရှုပ်ထွေးသွားမှာဖြစ်တဲ့အတွက် အမှန်တကယ် လစဉ်ပြန်ဆပ်ရမယ့် ငွေပမာဏအားလုံးကို အရင်ဆုံးပေါင်းပေးထားပါလိမ့်မယ်shwedingar.com။ ပြီးမှ စုစုပေါင်းပြန်ဆပ်ရမယ့်ပမာဏကို ချေးငွေသက်တမ်းကာလနဲ့ ပြန်စားထားတဲ့ ပမာဏအတိုင်း လစဉ်တူညီတဲ့ပမာဏကို ပြန်လည်ပေးဆပ်ရမှာပါNeo
ဒါကြောင့် စစချင်းမှာတော့ လစဉ်အရစ်ကျပြန်ဆပ်ငွေရဲ့ ပမာဏအများစုက အတိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ လစဉ်အရစ်ကျပြန်ဆပ်ငွေရဲ့ ပမာဏအများစုက ငွေရင်းဖြစ်တဲ့ သဘောမျိုးဖြစ်သွားပါတယ်shwedingar.com။ အောက်ကပုံမှာ ကြည့်ပါNeo
Repayment towards interest vs principalyes
နည်းလမ်း (၂) မျိုးလုံးရဲ့ ချေးငွေပြန်လည်ပေးဆပ်ခြင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားတာကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်Neo
နှစ်တိုး ၁၃% ဖြင့် ၃ နှစ်သက်တမ်းရှိ ချေးငွေ 10 သိန်းကျပ်အတွက်း ပြန်လည်ပေးဆပ်ခြင်းအစီအစဉ် နမူနာ 
ပုံသေပုတ်ပြတ်နည်း ရဲ့ ပြန်ဆပ်ခြင်းအစီအစဉ်အတွက် ဒီမှာနှိပ်ပါ။
လစဉ်ပြန်ဆပ်ငွေပမာဏ၊ အတိုးနဲ့ ငွေရင်းပမာဏက အမြဲတူတူပဲဆိုတာ တွေ့နိုင်ပါတယ်။
Flat Repayment Schedule
လက်ကျန်ဖြန့်ကျက်နည်း ရဲ့ ပြန်ဆပ်ခြင်းအစီအစဉ်အတွက် ဒီမှာနှိပ်ပါ။
လစဉ်ပြန်ဆပ်ငွေပမာဏက အမြဲတူပေမယ့် အတိုးနဲ့ ငွေရင်းပမာဏကတော့ အမြဲပြောင်းလဲနေတာကို တွေ့နိုင်ပါတယ်။
Amortization Repayment Schedule
အတိုးနှုန်းနဲ့ ချေးငွေသက်တမ်းကိုသိရင် လစဉ်ပေးဆပ်ရမယ့် ပမာဏကို သိရှိနိုင်ဖို့ ဒီဂဏန်းတွက်စက်ကို အသုံးပြုနိုင်ပါတယ်။yes
ပုံသေပုတ်ပြတ်နည်း နဲ့ လက်ကျန်ဖြန့်ကျက်နည်း ရဲ့ အဓိကခြားနားချက်များ
Summary of key differences between flat and amortization methodsyes
ဘယ်သူတွေက ဘယ်နည်းလမ်းကို သုံးလေ့ရှိလဲ။
ပုံသေပုတ်ပြတ်နည်း က တွက်ချက်ရှင်းပြရတာ လွယ်ကူပြီး ဖော်ပြအတိုးနှုန်းလည်း နည်းတဲ့အတွက် အသေးစားငွေချေးလုပ်ငန်းနဲ့ လိုင်စင်မဲ့ ချေးငှားသူ အများစုက အသုံးပြုလေ့ရှိပါတယ်Neo
ဘဏ်တွေကတော့ ချေးငွေအပေါ်မူတည်ပြီး နည်းလမ်း (၂) မျိုးလုံး သုံးလေ့ရှိပါတယ်။ ပုံသေပုတ်ပြတ်နည်းကို ကိုယ်ရေးကိုယ်တာချေးငွေ မော်တော်ယာဉ်ချေးငွေတွေအတွက် အသုံးပြုလေ့ရှိပြီး လက်ကျန်ဖြန့်ကျက်နည်းကို အကြွေးဝယ်ကတ်နဲ့ အိမ်ရာချေးငွေအတွက် အသုံးပြုလေ့ရှိပါတယ်shwedingar.com။ ဘဏ်တစ်ခုနဲ့ တစ်ခုကွာခြားမှုရှိနိုင်တဲ့အတွက် ချေးငွေယူတဲ့အခါ အတိုးတွက်နည်းကို သေချာမေးမြန်းခဲ့ပါ။yes
ချေးငွေကို ခွဲခြမ်းစိတ်ဖြာပြီးရှင်းပြပေးဖို့ အမြဲတောင်းဆိုပါ။
ချေးငွေဆိုတာ အလကားရတာ မဟုတ်ပဲ အတိုးနဲ့ ပြန်လည်ပေးဆပ်ရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ် အားလုံးကို သိရှိနားလည်ထားဖို့ လိုပါတယ်Neo
ချေးငွေထုတ်ပေးသူကို ချေးငွေတစ်ခုလုံးအတွက် ပေးဆပ်ရမယ့် စုစုပေါင်းအတိုးနဲ့ လစဉ်ပြန်လည်ပေးဆပ်ရမယ့် ပမာဏကို မေးမြန်းပါshwedingar.com။ ကုန်ကျစရိတ်ထဲမှာ ဝန်ဆောင်ခ စသဖြင့် ကုန်ကျမယ့်အရာတွေကိုလည်း ထည့်သွင်းတွက်ချက်ပြခိုင်းပါshwedingar.com။ ဒါဆိုရင် ကိုယ်တိုင်တွက်ချက်စရာမလိုပဲ ချေးငွေအတွက် ကုန်ကျစရိတ်ကို သေချာသိနိုင်ပါလိမ့်မယ်shwedingar.com။ ဒီလိုသိပြီဆိုရင် တခြားချေးငွေတွေနဲ့ နှိုင်းယှဉ်ပါshwedingar.com။ ချေးငွေရဲ့ ကုန်ကျစရိတ်ကို တတ်နိုင်မလား၊ ကိုယ့်ရဲ့ အခြေအနေအတွက်ရော အဆင်ပြေနိုင်မလားဆိုတာ ဆုံးဖြတ်ပါ။yes
ကျွန်တော်တို့ရဲ့ ငွေချေးငှားခြင်းကဏ္ဍမှာ အကြွေးနှင့် ချေးငွေယူခြင်းအကြောင်းလည်း ဆက်လက် လေ့လာနိုင်ပါတယ်။yes
ဆောင်းပါးများ စုစည်းမှု –
အတိုးတွက်ချက်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။