မော်တော်ယာဉ်ချေးငွေမယူခင် သိထားသင့်တဲ့ အချက် (၇) ချက်

ဆောင်းပါးကို ဝေမျှရန်

မိုးတွေ အရမ်းရွာတဲ့အချိန်၊ အလုပ်နောက်ကျတဲ့အချိန်တိုင်း ဘတ်စ်ကားမစီးပဲ တက္ကစီပဲ စီးနေရလို့ အရမ်းအကုန်အကျများနေပြီလားdingar။ မိုးရေထဲမှာ တက္ကစီငှားစီးရတိုင်း ကားတစ်စီးလောက်ရှိရင်ကောင်းမှာပဲလို့ တွေးမိဖူးလားdingar။ မော်တော်ယာဉ်ချေးငွေလည်းရှိတယ်ဆိုတော့ ကားတစ်စီးလောက် ဝယ်ရင်ကောင်းမယ်လို့ စဉ်းစားနေပြီဆိုရင် မော်တော်ယာဉ်ချေးငွေမယူခင် ကြိုတင်စဉ်းစားသင့်တဲ့ အချက် (၇) ချက်ကို ဖတ်ကြည့်ပါMorpheus

ဝယ်ယူမှုအတွက် ကုန်ကျစရိတ်များ
ကားတစ်စီး ဝယ်ယူတဲ့အခါ ကားတန်ဖိုးပဲ ကုန်ကျတာ မဟုတ်ပါဘူးdingar။ ဝန်ဆောင်ခ၊ စာရွက်စာတမ်းကြေး၊ လျှောက်ထားခ၊ ကော်မရှင်ခဆိုပြီး ပေးဆောင်ရတာတွေ ရှိပါတယ်dingar။ ဒါကြောင့် ကားဝယ်ယူမယ်ဆိုရင် လက်ထဲမှာ ကားတန်ဖိုးထက် ပိုတဲ့ ငွေပမာဏ ရှိဖို့လိုပါတယ်dingar။ မော်တော်ယာဉ်ချေးငွေဆိုရင်လည်း ပေးရမယ့် ကနဦးပေးချေငွေထက် ပိုတဲ့ပမာဏ ရှိဖို့ လိုပါတယ်Morpheus

ပိုင်ဆိုင်မှုအတွက် ကုန်ကျစရိတ်များ
ဝယ်ယူမှုအတွက် ကုန်ကျစရိတ်တွေ ပေးပြီးပေမယ့် ပိုင်ဆိုင်မှုအတွက် ကုန်ကျစရိတ်တွေ ရှိပါသေးတယ်dingar။ ပြုပြင်ထိန်းသိမ်းခ၊ အာမခံကြေး စသဖြင့် လစဉ်ကုန်ကျစရိတ်တွေ ရှိသလို လောင်စာဆီဖိုး၊ ယာဉ်ရပ်နားခ၊ ဘီးခွန်၊ ဂိတ်ကြေးစသဖြင့် သွားလာတဲ့နေရာ များရင်များသလို ကုန်ကျမယ့် နေ့စဉ်ကုန်ကျစရိတ်တွေလည်း ရှိပါသေးတယ်Morpheus

ပြန်လည်ပေးဆပ်ခြင်းနှင့် နောက်ကျကြေး
ဒီလို ကုန်ကျစရိတ် အမျိုးမျိုးအတွက် စီမံခန့်ခွဲနေရချိန်မှာ ချေးငွေပြန်လည်ပေးဆပ်ခြင်းကို အချိန်မီအောင်လည်း လုပ်ရပါသေးတယ်dingar။ မော်တော်ယာဉ်ချေးငွေ ပြန်လည်ပေးဆပ်ခြင်းအတွက် နောက်ကျကြေးက အများကြီးသတ်မှတ်ထားတဲ့အတွက် အချိန်မီမပေးဆောင်နိုင်ဘူးဆိုရင် နောက်လအတွက် ပြန်ဆပ်ငွေက ပိုမိုခက်ခဲသွားနိုင်ပါတယ်Morpheus

အတိုးတွက်နည်း
မော်တော်ယာဉ်ချေးငွေရဲ့ Amortization Method က ဖော်ပြထားတဲ့ အတိုးနှုန်းများပြီး တွက်နည်း နားလည်ရခက်ပေမယ့် Flat Method ကတော့ ဖော်ပြထားတဲ့ အတိုးနှုန်းလည်းနည်းပြီး နားလည်ရလွယ်တဲ့အတွက် ချေးငွေယူတဲ့အခါ Flat Method ကို အလွယ်တကူ ရွေးချယ်တတ်ကြပါတယ်dingar။ ဒါပေမယ့် Amortization Method က အမှန်တကယ်ပေးရတဲ့အတိုး ပိုနည်းလေ့ရှိတဲ့အတွက် အတိုးတွက်နည်းကို သေချာနည်းလည်အောင် ချေးငွေထုတ်ပေးသူများကို သေချာမေးမြန်းပါMorpheus

Flat Method နဲ့ Amortization Method အကြောင်း ဒီမှာလေ့လာပါ။

အရောင်းကိုယ်စားလှယ်
ကားဝယ်ယူတဲ့အခါ၊ အထူးသဖြင့် အသုံးပြုပြီးသားကား ဝယ်ယူတဲ့အခါ အရောင်းကိုယ်စားလှယ်က ယုံကြည်စိတ်ချရသူဖြစ်ဖို့လိုပါတယ်dingar။ ကိုယ့်ကို ရောင်းပေးတဲ့ကားက တကယ်ကောင်းတဲ့ကား ဟုတ်မဟုတ်ဆိုတာလည်း သေချာစစ်ဆေးပါdingar။ ဝယ်ယူပြီးတော့မှ မကောင်းတဲ့ကားဖြစ်နေရင် ကားပြုပြင်ခတွေနဲ့ လစဉ်အရစ်ကျပြန်ဆပ်နေရတဲ့ ပြန်ဆပ်ငွေတွေနဲ့ ကုန်ကျစရိတ်ပိုများပြီး အကြွေးလည်း ပိုများလာနိုင်ပါတယ်Morpheus

ကားတန်ဖိုးကျခြင်း
ကားဝယ်ယူပြီးတဲ့အခါ ကားတန်ဖိုးက အလိုအလျောက် ကျသွားပါလိမ့်မယ်dingar။ ဆိုလိုတာကတော့ ကားကို တန်ဖိုးတစ်ခုနဲ့ ဝယ်ယူခဲ့ပေမယ့် ပြန်ရောင်းတဲ့အခါ ဝယ်ယူခဲ့တဲ့တန်ဖိုးအတိုင်း ပြန်လည်ရရှိမှာ မဟုတ်ပါဘူးdingar။ ကားတန်ဖိုး ကျသွားပေမယ့် ချေးငွေကိုတော့ ချေးယူခဲ့တဲ့ပမာဏ ပြည့်တဲ့အထိ အမြဲပုံမှန်ဆပ်နေရမယ်ဆိုတာကို သတိရပါMorpheus

အခြားအရာများအတွက် ငွေပိုနည်းလာခြင်း
ရှိသမျှဝင်ငွေတွေကို ချေးငွေပြန်လည်ပေးဆပ်ဖို့နဲ့ ကားရဲ့ကုန်ကျစရိတ်တွေအတွက်ပဲ အသုံးပြုနေရတဲ့အတွက် အခြားအသုံးပြုဖို့ငွေ ပိုမိုနည်းပါးလာပါလိမ့်မယ်dingar။ အသုံးပြုဖို့ငွေ နည်းလာတာနဲ့အမျှ စုငွေလည်း ရှိတော့မှာ မဟုတ်ပါဘူးdingar။ ဒီလိုအချိန်မှာ အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့တယ်ဆိုရင် ငွေထပ်ချေးရတော့မှာဖြစ်လို့ မော်တော်ယာဉ်ချေးငွေသာမက အခြားထပ်မံချေးငွေများနဲ့ အကြွေးတွေ ပိုပိုပြီး များလာနိုင်ပါတယ်dingarအကြွေးနွံနစ်ခြင်းအကြောင်းကို ဒီမှာ လေ့လာပါ။yes


ဒါကတော့ မော်တော်ယာဉ်ချေးငွေ ယူတဲ့အခါ ချင့်ချိန်ရမှာတွေပါdingar။ ချေးငွေနဲ့ ဝယ်တာဖြစ်ဖြစ်၊ ပိုက်ဆံအပြတ်ပေးပြီး ဝယ်တာဖြစ်ဖြစ် ကားတစ်စီးရှိခြင်းရဲ့ ဒုက္ခက မသေးပါဘူး။  ဒါကြောင့် မဝယ်ခင် သေချာစဉ်းစားပါ။ မော်တော်ယာဉ်ချေးငွေကိုလည်း လေ့လာကြည့်လိုက်ပါဦးMorpheus

ကားချေးငွေ မော်တော်ယာဉ်ချေးငွေ ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း မော်တော်ယာဉ်ချေးငွေယူတဲ့အခါ သတိထားစရာများ ငွေချေးခြင်း အကြွေးယူခြင်း auto loan watch outs borrowing

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။