SME ဘဏ္ဍာရေး – ဘဏ္ဍာရေးရှင်းတမ်း (၃) ခု

ဆောင်းပါးကို ဝေမျှရန်

SME လုပ်ငန်းရှင်တွေက များသောအားဖြင့် စာရင်းကိုင် မဟုတ်ကြသလို ဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်တွေလည်း မဟုတ်ပါဘူးdingar။ ဒါပေမယ့်လည်း ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအကြောင်းကိုတော့ နားလည်ထားဖို့ အရေးကြီးပါတယ်။

အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခုက လုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေကို ကောင်းကောင်း ထိုးထွင်းမြင်သာစေပါလိမ့်မယ်။hello


အဓိကအချက်များ

  • အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခုဆိုတာ ဝင်ငွေရှင်းတမ်း၊ လက်ကျန်ရှင်းတမ်းနဲ့ ငွေသားစီးဆင်းမှုရှင်းတမ်း ဖြစ်ပါတယ်။
  • ဝင်ငွေရှင်းတမ်း – ဝင်ငွေနဲ့ အသုံးစရိတ်အပေါ် မူတည်ပြီး အမြတ် (သို့မဟုတ် အရှုံး) ကို ဖော်ပြပေးပါတယ်။
  • ငွေသားစီးဆင်းမှုရှင်းတမ်း – လုပ်ငန်းအတွင်း ငွေ အဝင်၊ အထွက် များကို ဖော်ပြပေးပါတယ်။
  • လက်ကျန်ရှင်းတမ်း – လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုနဲ့ ပေးရန်တာဝန်များကို ဖော်ပြပေးပါတယ်။

ဘဏ္ဍာရေးရှင်းတမ်းတွေက ဘာလို့အရေးကြီးတာလဲ။

ဘဏ္ဍာရေးရှင်းတမ်းတွေက မှတ်တမ်းမှတ်ရာတစ်ခု ဆိုတာထက် ပိုပါတယ်dingar။ လုပ်ငန်းမှာ ငွေဘယ်လောက်သုံးလိုက်တယ်၊ ငွေဘယ်လောက်ပြန်ဝင်တယ်ဆိုတာကို ပြပေးပါတယ်dingar။ ဥပမာပြောရရင် ဘယ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေက ငွေဖြစ်စေပြီး ဘယ်ဟာတွေက ငွေမဖြစ်စေဘူးလဲဆိုတာကို ဖော်ပြပေးပါတယ်။

အလားအလာရှိတဲ့ အခွင့်အရေးများနဲ့ ခြိမ်းခြောက်မှုများ စသဖြင့် လုပ်ငန်းရဲ့ အားသာချက်၊ အားနည်းချက်များကိုလည်း ပြနိုင်ပါတယ်။ 

ခန့်မှန်းချက်တွေနဲ့ ထင်ကြေးပေးပြီး ဆုံးဖြတ်ချက်ချတာမျိုး မဟုတ်ပဲ တိကျသေချာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။

အထူးသဖြင့်တော့ အခွန်စည်းကြပ်မှုအတွက် တွက်ချက်တဲ့အချိန် နဲ့ ချေးငွေလျှောက်ထားဖို့လိုအပ်တဲ့ အချိန်မျိုးတွေမှာ ဘဏ္ဍာရေးရှင်းတမ်းတွေက အရေးကြီးဆုံးပါပဲ။hello


အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခုက ဘာတွေလဲ။

အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခုရှိပါတယ်။

  • ဝင်ငွေရှင်းတမ်း
  • လက်ကျန်ရှင်းတမ်း

ရှင်းတမ်းတစ်ခုစီက လုပ်ငန်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ထိုးထွင်းမြင်သာစေပါတယ်။

ဖော်ပြပါ ဘဏ္ဍာရေးရှင်းတမ်း (၃) ခု ရှိမယ်ဆိုရင် လုပ်ငန်းအတွက် ကောင်းမွန်တဲ့ဘဏ္ဍာရေးတစ်ခု ဖြစ်စေနိုင်မှာပါ။

hello


ဝင်ငွေရှင်းတမ်း (Income statement)

အရှုံးအမြတ်ရှင်းတမ်း (P&L statement ) လို့လည်း သိကြပါတယ်။ 

ဝင်ငွေရှင်းတမ်းက ဝင်ငွေ (Revenue) ဘယ်လောက်ရှိလဲ၊ အသုံးစရိတ် (Expenses) ဘယ်လောက်ရှိလဲနဲ့ ရလာတဲ့ အမြတ် (သို့) အရှုံးကို ပြပေးပါတယ်။

အမြတ် (သို့မဟုတ် အရှုံး) = အမြတ်ထဲမှ အသုံးစရိတ်ကို နုတ်ပါ။

ဝင်ငွေရှင်းတမ်းက အချိန်ကာလတစ်ခုခုသတ်မှတ်ပြီး အဲဒီကာလအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဘဏ္ဍာရေးအခြေအနေကို ဖော်ပြလေ့ရှိပါတယ်dingar။ များသောအားဖြင့် သုံးလ ကာလအတွင်း ဖြစ်ပျက်နေတဲ့ ဘဏ္ဍာရေးအခြေအနေကို ပြလေ့ရှိပါတယ်dingar

ဝင်ငွေရှင်းတမ်းဆိုတာ လုပ်ငန်းရဲ့ အချိန်ကာလတစ်ခုအတွင်း ဘဏ္ဍာရေးလုပ်ဆောင်မှု ကို ဖော်ပြတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။hello


ငွေသားစီးဆင်းမှုရှင်းတမ်း (Cash flow statement)

ငွေသားစီးဆင်းမှုရှင်းတမ်းက သုံးလတစ်ခါ စသဖြင့် အချိန်ကာလတစ်ခုအတွင်း အမှန်တကယ် ငွေသား အပြောင်းအရွှေ့ကို ဖော်ပြပေးပါတယ်။ 

ဆိုလိုတာက လုပ်ငန်းထဲကို ငွေသားအဖြစ် ဘယ်လောက်ဝင်လဲ၊ လုပ်ငန်းထဲကနေ ငွေသားအဖြစ် ဘယ်လောက်ထွက်သွားလဲ ဆိုတာကို မှတ်တမ်းတင်တဲ့ ရှင်းတမ်းဖြစ်ပါတယ်။

ငွေသားစီးဆင်းမှုကို ကဏ္ဍ (၃) ခုခွဲလို့ ရပါတယ်။

  • လုပ်ငန်းလည်ပတ်မှုမှရသော ငွေသား
  • ရင်းနှီးမြှုပ်နှံမှုမှရသော ငွေသား
  • ချေးယူမှုမှရသော ငွေသား

ငွေသားစီးဆင်းမှုရှင်းတမ်းဆိုတာ လုပ်ငန်းရဲ့ အချိန်ကာလတစ်ခုအတွင်း ငွေသားစီမံခန့်ခွဲမှု ကို ဖော်ပြပေးတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။hello


လက်ကျန်ရှင်းတမ်း (Balance sheet)

လက်ကျန်ရှင်းတမ်းက ကုမ္ပဏီက ဘယ်လောက်ပိုင်ဆိုမှုရှိတယ် (Assets) ၊ ကုမ္ပဏီက ပေးရမယ့် ပမာဏ ဘယ်လောက်ရှိတယ် (Liabilities)၊ ကုမ္ပဏီက ဘယ်လောက်တန်တယ် (Equity) စတာတွေကို ဖော်ပြပေးပါတယ်။

အချိန်ကာလတစ်ခုအတွင်း ဖြစ်ပျက်နေတဲ့အခြေအနေကို ဖော်ပြပေးတဲ့ ဝင်ငွေရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနဲ့ မတူပဲ လက်ကျန်ရှင်းတမ်းက အချိန်တစ်ခုခုအထိ ကုမ္ပဏီရဲ့ အခြေအနေကို ဖြော်ပပေးပါတယ်။

လက်ကျန်ရှင်းတမ်း (Balance sheet) ဆိုတဲ့အတိုင်း “Balance” ဖြစ်ဖို့လိုပါတယ်။

ပိုင်ဆိုင်မှုများ (Assets) = ပေးရန်တာဝန်များ (Liabilities) + ရှယ်ယာတန်ဖိုး (Equity)

ကုမ္ပဏီရဲ့တန်ဖိုး (Equity) ကိုလည်း ဒီလိုစဉ်းစားနိုင်ပါတယ်။

ရှယ်ယာတန်ဖိုး (Equity) = ပိုင်ဆိုင်မှုများ (Assets) – ပေးရန်တာဝန်များ (Liabilities)

လက်ကျန်ရှင်းတမ်းဆိုတာ လုပ်ငန်းရဲ့ အချိန်တစ်ခုအထိ ဘဏ္ဍာရေးအခြေအနေ ကို ဖော်ပြတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။hello


ဘဏ္ဍာရေးရှင်းတမ်းတွေက ဘယ်ကနေဖြစ်လာတာလဲ။

လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်လာတာနဲ့အမျှ ဒီမှတ်တမ်းတွေက ဘဏ္ဍာရေးရှင်းတမ်းတွေရဲ့ အခြေခံပါ။

ဒါကြောင့် ကောင်းမွန်တဲ့ မှတ်တမ်းသိမ်းဆည်းခြင်း ဆောင်ရွက်ထားရှိဖို့ အရေးကြီးပါတယ်

ကောင်းမွန်တဲ့မှတ်တမ်းတွေက အဓိပ္ပာယ်ရှိတဲ့ ဘဏ္ဍာရေးရှင်းတမ်းများကို ရရှိစေပါတယ်။hello


ဘဏ္ဍာရေးရှင်းတမ်းတွေဆိုတာ လုပ်ငန်းရှင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းအဖြစ် ကြီးထွားလာဖို့ ဖော်ဆောင်တည်ဆောက်ရာမှာ ဆုံးဖြတ်ချက်ချတဲ့အခါ အထောက်အကူဖြစ်စေဖို့ အရေးကြီးတဲ့ ကိရိယာတစ်ခုပါ။

ဘဏ္ဍာရေးရှင်းတမ်း ဘဏ္ဍာရေးရှင်းတမ်းများ ဘဏ္ဍာရေးရှင်းတမ်း၃ခု ဘဏ္ဍာရေးရှင်းတမ်းဆိုတာဘာလဲ ဝင်ငွေရှင်းတမ်း ဝင်ငွေရှင်းတမ်းများ ဝင်ငွေရှင်းတမ်းဆိုတာဘာလဲ အရှုံးအမြတ်စာရင်း အရှုံးအမြတ်စာရင်းများ အရှုံးအမြတ်စာရင်းဆိုတာဘာလဲ ငွေသားစီးဆင်းမှုရှင်းတမ်း ငွေသားစီးဆင်းမှုရှင်းတမ်းများ ငွေသားစီးဆင်းမှုရှင်းတမ်းဆိုတာဘာလဲ လက်ကျန်ရှင်းတမ်း လက်ကျန်ရှင်းတမ်းများ လက်ကျန်ရှင်းတမ်းဆိုတာဘာလဲ ဝင်ငွေ အရှုံးအမြတ် ငွေသား ငွေသားစီးဆင်းမှု လက်ကျန် လက်ကျန်ငွေ လက်ကျန်ငွေရှင်းတမ်း လက်ကျန်ငွေရှင်းတမ်းများ ဘဏ္ဍာရေးရှင်းတမ်း ဘဏ္ဍာရေးရှင်းတမ်းများ ဘဏ္ဍာရေးရှင်းတမ်း၃ခု ဘဏ္ဍာရေးရှင်းတမ်းဆိုတာဘာလဲ ဝင်ငွေရှင်းတမ်း ဝင်ငွေရှင်းတမ်းများ ဝင်ငွေရှင်းတမ်းဆိုတာဘာလဲ အရှုံးအမြတ်စာရင်း အရှုံးအမြတ်စာရင်းများ အရှုံးအမြတ်စာရင်းဆိုတာဘာလဲ ငွေသားစီးဆင်းမှုရှင်းတမ်း ငွေသားစီးဆင်းမှုရှင်းတမ်းများ ငွေသားစီးဆင်းမှုရှင်းတမ်းဆိုတာဘာလဲ လက်ကျန်ရှင်းတမ်း လက်ကျန်ရှင်းတမ်းများ လက်ကျန်ရှင်းတမ်းဆိုတာဘာလဲ ဝင်ငွေ အရှုံးအမြတ် ငွေသား ငွေသားစီးဆင်းမှု လက်ကျန် လက်ကျန်ငွေ လက်ကျန်ငွေရှင်းတမ်း လက်ကျန်ငွေရှင်းတမ်းမျာ Financial statements 3 financial statement three financial statement income statement cash flow statement balance sheet income cash cash flow balance profit and loss profit loss PL P&L

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။