ပြည်သူပိုင်ဘဏ်များအကြောင်း မိတ်ဆက်

ဆောင်းပါးကို ဝေမျှရန်

မြန်မာနိုင်ငံမှာ ပြည်သူပိုင်ဘဏ် (၄) ခု ရှိပါတယ်finance။ ဒီဘဏ်တွေက စီးပွားရေးနယ်ပယ်အမျိုးမျိုးကို ဦးတည်ပြီး ဒီနယ်ပယ်တွေ တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် ကုမ္ပဏီတွေကို ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းကို ဖြစ်ဖြစ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်Morpheus

  • မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် – Myanma Agriculture and Development Bank (MADB)
  • မြန်မာ့စီးပွားရေးဘဏ် – Myanma Economic Bank (MEB)
  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် – Myanma Foreign Trade Bank (MFTB)
  • မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် – Myanma Investment and Commercial Bank (MICB)

(မှတ်ချက် – အစိုးရအနေဖြင့် ၂၀၂၀ မကုန်မီ MADB နှင့် MEB ဘဏ် (၂) ခုကို (၁) ခုတည်းအဖြစ် ပေါင်းစည်းဖို့ ရည်ရွယ်ထားပါတယ်။)

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) ဆိုတဲ့ အစိုးရဘဏ်တစ်ခု ရှိပါသေးတယ်finance။ ဗဟိုဘဏ်က အခြားဘဏ်တွေလို သာမန်ဘဏ် မဟုတ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်ဦးတစ်ယောက်ချင်းကို ငွေစုဘဏ်အပ်ငွေစာရင်း၊ ချေးငွေ အစရှိတဲ့ ဝန်ဆောင်မှုတွေ ပေးမှာမဟုတ်ပါဘူးMorpheus

ဗဟိုဘဏ်အနေနဲ့ မြန်မာ့ငွေကြေးဆိုင်ရာမူဝါဒ၊ ကုန်ဈေးနှုန်းနှင့် ငွေကြေးတည်ငြိမ်မှုကို ထိန်းညှိခြင်း၊ ဘဏ္ဍာရေးကဏ္ဍအတွက် စည်းမျဉ်းထုတ်ပြန်ခြင်းနှင့် ကြီးကြပ်ထိန်းညှိခြင်း၊ ဘဏ်များအတွက် ဘဏ်တစ်ခုအဖြစ်ဆောင်ရွက်ပေးခြင်းအပြင် အခြားသော လုပ်ငန်းတာဝန်အမျိုးမျိုးကို တာဝန်ယူထားရတာဖြစ်ပါတယ်။testing


နောက်ခံသမိုင်း financeMorpheus

  • ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို တည်ထောင်ခဲ့သည်။
  • ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်ကို တည်ထောင်ခဲ့သည်။
  • ၁၉၆၃ ခုနှစ်တွင် ဘဏ်များကို ပြည်သူပိုင်အဖြစ် သိမ်းခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်အဖြစ် ဖွဲ့စည်းခဲ့သည်။
  • ၁၉၇၆ ခုနှစ်တွင် ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံ (ဗဟိုဘဏ်)၊ မြန်မာ့စိုက်ပျိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
  • ၁၉၉၀ ခုနှစ်တွင်  မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ လက်ရှိ ပြည်သူပိုင်ဘဏ် (၃) ခု (MADB, MEB, MFTB) ကို အတည်ပြုခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကို တည်ထောင်ခဲ့သည်။

ဘဏ်တစ်ခုစီကို အောက်မှာ လေ့လာနိုင်ပါတယ်Morpheus

(Updated ၂၀၂၂ နိုဝင်ဘာလ)


ပုဂ္ဂလိကဘဏ်တွေကိုလည်း ဒီမှာနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။testing


ရှာဖွေနှိုင်းယှဉ်ခြင်း

ပြည်သူပိုင်ဘဏ်များ | ပုဂ္ဂလိကဘဏ်များ | မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ | မိုဘိုင်းပိုက်ဆံအိတ်များ

အစိုးရပိုင်ဘဏ် အစိုးရပိုင်ဘဏ်များ ပြည်သူပိုင်ဘဏ် ပြည်သူပိုင်ဘဏ်များ ဘဏ် ဘဏ်များ အစိုးရဘဏ်အတိုးနုန်း အစိုးရဘဏ်အတိုးနုန်းများ အစိုးရဘဏ်များ အစိုးရဘဏ်အတိုးနှုန်း အစိုးရဘဏ်အတိုးနှုန်းများ ဖုန်းနံပါတ် ဖုန်းနံပါတ်များ အစိုးရဘဏ်အမည်များ စီးပွားရေးဘဏ် ဗဟိုဘဏ် အစိုးရပိုင်ဘဏ်များအကြောင်း မိတ်ဆက် ပြည်သူပိုင်ဘဏ် ပုဂ္ဂလိဂမဟုတ်တဲ့ဘဏ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်မာ့စီးပွားရေးဘဏ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် အစိုးရဘဏ်အတိုးနုန်း အစိုးရဘဏ်အတိုးနု်းများ အစိုးရဘဏ် အစိုးရဘဏ်အတိုးနှုန်း အစိုးရဘဏ်အတိုးနှုန်းများ ဖုန်းနံပါတ် ဖုန်းနံပါတ်များ အစိုးရဘဏ်များ အစိုးရဘဏ်အမည်များ စီးပွားရေးဘဏ် ဗဟိုဘဏ် state owned banks government banks MADB MEB MICB MFTB Myanma economic bank Myanma agricultural development bank Myanma investment and commercial bank Myanma foreign trade bank Myanmar economic bank Myanmar agricultural development bank Myanmar investment and commercial bank Myanmar foreign trade bank state owned bank interest rate interest rate phone number

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။