အပိုဝင်ငွေရှာဖို့အတွက် နည်းလမ်း (၂၃) ခု

ဆောင်းပါးကို ဝေမျှရန်

အကြောင်းအမျိုးမျိုးကြောင့် အပိုဝင်ငွေ ရှာချင်တဲ့အချိန်တွေ ရှိတတ်ပါတယ်finance။ တကယ်လို့ ဘယ်လိုရှာလို့ ရှာရမှန်း စဉ်းစားမရဖြစ်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အပိုဝင်ငွေရှာဖို့ နည်းလမ်းတွေက အထောက်အကူဖြစ်နိုင်ပါတယ်Trinity

အပိုဝင်ငွေရှာဖို့ နည်းလမ်းတွေကို မသွားခင်မှာ ဝင်ငွေလမ်းကြောင်း (၇) ခု အကြောင်းကို ပြန်လည်လေ့လာကြည့်ပြီး ကိုယ့်ရဲ့လက်ရှိဝင်ငွေကို ဘယ်ဝင်ငွေလမ်းကြောင်းကနေ ရတာလဲဆိုတာ သိထားတာ ကောင်းပါတယ်finance။ ဒါမှ ဝင်ငွေတိုးများဖို့အတွက် ဘယ်ဝင်ငွေလမ်းကြောင်းက အသင့်တော်ဆုံးလဲဆိုတာ ပိုပြီး ရှာရလွယ်ကူပါလိမ့်မယ်Trinity

အပိုဝင်ငွေရှာတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့်အချက် တွေကိုလည်း သိထားသင့်ပါတယ်finance။ အောက်ကဖော်ပြထားတဲ့ နည်းလမ်းတွေကို ဖတ်တဲ့အခါမှာ ဒီအချက်ကိုပါ တစ်ပါတည်း ထည့်သွင်းစဉ်းစားကြည့်ပါTrinity

အပိုဝင်ငွေရှာနိုင်ဖို့အတွက် အချိန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်ဆိုတာ သတိရပါfinance။ ဥပမာ – Graphic Designer ဆိုရင် လုပ်အားခများများပေးနိုင်တဲ့ အလုပ်အပ်သူတွေရဲ့ စိတ်ဝင်စားမှုရအောင် မလုပ်နိုင်ခင်မှာ ကိုယ့်ရဲ့အရည်အချင်းတွေကို ပြသနိုင်ဖို့အတွက် ကိုယ်ပိုင်အတွေ့အကြုံတွေကနေတစ်ဆင့် တဖြည်းဖြည်း တည်ဆောက်သွားဖို့ လိုပါတယ်finance။ ဒါပေမယ့် အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေက အမြဲတမ်းအတွက် အားကိုးလို့ရမယ့် အလုပ်မျိုးတွေ ဖြစ်ချင်မှဖြစ်မှာပါfinance။ တစ်ချို့အလုပ်တွေက တစ်ကြိမ်တစ်ခါသာ ဝင်ငွေရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။yes


အပိုဝင်ငွေရှာရာမှာ အထောက်အကူဖြစ်မယ့် အကြံဥာဏ်တစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်finance။ အပိုဝင်ငွေရအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနိုင်တာကြောင့် ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကနေ စိတ်ကူးစိတ်သန်းလေးရအောင် ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်finance။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ အမြဲဆန်းသစ်နေဖို့လည်း လိုပါတယ်Trinity

နည်းပြဆရာ (ဂိုက်ဆရာ)

နည်းပြဆရာဆိုတာ ကျောင်းသားတွေကို ကျောင်းစာနဲ့ပက်သက်ပြီး ကူညီပေးရတာပါfinance။ ဂိုက်ဆရာလို့လည်း သိကြပါတယ်finance။ စာသင်ပေးရတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ ကျောင်းသားတွေကို စာပြပေးလို့ ရပါတယ်finance။ ကိုယ့်အိမ်၊ ကျူရှင်သင်တန်း၊ ကျောင်းသားအိမ်၊ အဆင်ပြေတဲ့နေရာမှာ စာပြပေးနိုင်ပါတယ်။

ဘာသာပြန်၊ စကားပြန်

ဘာသာစကား ကျွမ်းကျင်တယ်ဆိုရင် ဘာသာတစ်ခုကနေ အခြားတစ်ခုကို ဘာသာပြန်ခြင်းဖြင့် အပိုဝင်ငွေရှာနိုင်ပါတယ်finance။ စကားပြန်ဆိုတာ ပြောသမျှစကားတိုင်းကို ချက်ချင်း ဘာသာစကားတစ်ခုကနေ နောက်ဘာသာစကားတစ်ခုကို လက်တန်းဘာသာပြန်ဆိုပေးရတာဖြစ်ပြီး ဘာသာပြန်တယ်ဆိုတာကတော့ စာရွက်စာတမ်း၊ ရုပ်ရှင်၊ ဆောင်းပါး စတာတွေကို ရေးသားဘာသာပြန်ဆိုတာကို ဆိုလိုတာပါfinance။ ဘာသာပြန်လုပ်ငန်းအတွက် အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ်၊ အဆင်ပြေသလို လုပ်ဆောင်နိုင်ပေမယ့် စကားပြန်ကတော့ လူကိုယ်တိုင် သွားရောက်ဖို့ လိုပါတယ်။

ဆောင်းပါးရေးခြင်း

သတင်းစာ၊ မဂ္ဂဇင်း၊ ဘလော့ (blog) နဲ့ အခြားလူမှုကွန်ယက်တွေအတွက် ဆောင်းပါးများ ရေးပေးနိုင်ပါတယ်finance။ စာရေးရတာ ဝါသနာပါတဲ့သူတွေအတွက်ပါfinance။ စာရေးကောင်းရုံသာမက လူအများကြီးကို ဆွဲဆောင်နိုင်တဲ့ ဆောင်းပါးတွေဖြစ်ဖို့အတွက် သုတေသနပြုလုပ်တတ်ရပါမယ်finance။ အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ် အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

စာပြန်ရေးသားခြင်း၊ စာတန်းထည့်ခြင်း

နားထောင်စွမ်းရည်ကောင်းသူတစ်ယောက်ဆိုရင် ဗီဒီယို၊ အသံဖိုင်စတာတွေကို ပြောစကားမှ စာတမ်းထိုးရန် စာတွေကို ပြန်လည်ရေးသားနိုင်ပါတယ်finance။ ဒီလိုပဲ ပြန်လည်ရေးသားတဲ့ စာတန်းတွေကို ဗီဒီယိုရဲ့ သက်ဆိုင်ရာနေရာမှာ စာတန်းအဖြစ် ထည့်ဖို့အတွက် ကူးထည့်ရတာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်finance။ ဒီအတွက်တော့ သက်ဆိုင်ရာနည်းပညာပိုင်းကိုတော့ အထိုက်အလျောက် နားလည်ထားဖို့ လိုပါတယ်။  ဒီအလုပ်ကိုလည်း အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ် အဆင်ပြေတဲ့နေရာမှာ လုပ်နိုင်တဲ့ အလုပ်အမျိုးအစားဖြစ်ပါတယ်။

Graphic Designer

ဆော့ဖ်ဝဲလ်တွေကို အသုံးပြုပြီး အိုင်ဒီယာကောင်းကောင်းနဲ့ ပုံကောင်းကောင်းဆွဲတတ်လားfinance။ စိတ်ကူးကောင်းကောင်းလေးတွေ ရှိလားfinance။ ဒါဆိုရင် အခြားသူတွေရဲ့ ကုန်ပစ္စည်း Logo တွေ၊ အရောင်းမြှင့်တင်မယ့် ကုန်ပစ္စည်းတွေရဲ့ လက်ကမ်းစာစောင်ဒီဇိုင်းတွေကို စတဲ့ ဂရပ်ဖစ်ပုံဆွဲတဲ့ အလုပ်မျိုးတွေ လုပ်ပေးနိုင်ပါတယ်finance။ ဒီဂျစ်တယ်နည်းနဲ့ ဆွဲရမှာဖြစ်တာကြောင့် အွန်လိုင်းပေါ်ကနေတစ်ဆင့် ပြီးမြောက်နိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

Blogger/influencer

အစားအသောက်၊ အလှအပ၊ ခရီးသွားခြင်း၊ လူသုံးကုန်ပစ္စည်း သို့မဟုတ် တစ်စုံတစ်ခုအကြောင်း၊ နယ်ပယ်တစ်ခုခုအကြောင်း အရမ်းစိတ်ဝင်စားတာမျိုး ရှိလားfinance။ စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook ပေ့ခ်ျ၊ Instagram စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ကိုယ်ပိုင် Blog လေးတစ်ခုကနေ ကိုယ့်ရဲ့အတွေ့အကြုံ၊ ဗဟုသုတတွေကို ဝေမျှနိုင်ပါတယ်finance။ ကိုယ့်ရဲ့ စာမျက်နှာမှာ စာဖတ်သူပရိသတ်အများကြီးရှိလာတဲ့အခါမျိုးမှာ လုပ်ငန်းတွေရဲ့ ကြော်ငြာတွေ၊ အားဖြည့်ထောက်ပံ့မှုတွေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်finance။ စစချင်းတော့ ကိုယ်ရေးမယ့် အကြောင်းအရာအတွက် သုတေသနပြုလုပ်ဖို့နဲ့ အတွေ့အကြုံယူဖို့လိုတာကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ချို့တော့ လိုပါတယ်finance။ စိတ်ဝင်စားမှုရဖို့လည်း အချိန်တစ်ခု လိုအပ်နိုင်ပါတယ်။

ယာဉ်မောင်း

ကားရှိတယ်ဆိုရင် အခြားသူတွေရဲ့ သွားလာရေးအတွက် ကူညီပေးနိုင်ပါတယ်finance။ ကိုယ့်ရဲ့အားလပ်ချိန်မှာ ကလေးတွေကို စနေ၊ တနင်္ဂနွေ သင်တန်း၊ အိမ်နီးနားချင်းတွေရဲ့ ဈေးဝယ်ထွက်တာတွေကို အခကြေးငွေ အနည်းငယ်နဲ့ အကြိုအပို့ လုပ်ပေးနိုင်ပါတယ်finance။ ကိုယ်ပိုင်ကားတစ်စီး မဟုတ်ရင်တောင် တစ်ယောက်ယောက်ဆီကငှားလို့ရမယ့်ကားတစ်စီးတော့ လိုပါတယ်finance။ ဓာတ်ဆီဖိုး၊ ယာဉ်ရပ်နားခစတဲ့ ကုန်ကျစရိတ်တွေ ကာမိဖို့လည်း မမေ့ပါနဲ့။

ပွဲစား (အကျိုးဆောင်)

ဝယ်သူနဲ့ ရောင်းသူကို ချိတ်ဆက်ပေးတဲ့သူ၊ အငှားထွက်အောင် ကူညီပေးတဲ့သူ ဖြစ်ပါတယ်finance။ ဘယ်ပစ္စည်းက၊ ဘယ်နေရာက ငှားဖို့၊ ရောင်းဖို့ ရှိလဲဆိုတာနဲ့ ဘယ်အချိန်မှာ လိုက်ပြနိုင်မယ်ဆိုတာ သိဖို့အတွက် အချိတ်အဆက် ကောင်းကောင်းရှိဖို့တော့ လိုပါတယ်finance။ ကိုယ့်ရဲ့ အိမ်နားပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းသိပြီး အိမ်ပိုင်ရှင်၊ မြေပိုင်ရှင်တွေရဲ့ ယုံကြည်မှုရရှိထားဖို့လည်း လိုပါတယ်။

ဓာတ်ပုံဆရာ

ဓာတ်ပုံရိုက်ရတာ သဘောကျလားfinance။ ဓာတ်ပုံကောင်းကောင်း ရိုက်တတ်ပြီး ဓာတ်ပုံ ကောင်းကောင်း ပြင်တတ်လားfinance။ ဒါဆိုရင် မင်္ဂလာဆောင်ပွဲ၊ ဘွဲ့နှင်းသဘင်တွေအတွက် ဓာတ်ပုံရိုက်ပေးနိုင်ပါတယ်finance။ ဒါမှမဟုတ်လည်း ကိုယ်တိုင်ရိုက်ချက် ကောင်းကောင်းလေးတွေကို ပြန်ရောင်းတာပဲဖြစ်ဖြစ်၊ မူပိုင်ခွင့်ပေးသုံးတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

အချိန်ပိုင်းလုပ်ခြင်း

အချိန်မရွေး ဝယ်ယူနိုင်တဲ့ ၂၄ နာရီ ကုန်စုံဆိုင်တွေမှာ ငွေကိုင် (Cashier) အဖြစ် သော်လည်းကောင်း၊ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ စားပွဲထိုး အဖြစ်သော်လည်းကောင်း အချိန်ပိုင်းအလုပ်လုပ်လို့ရပါတယ်finance။ ဒီလိုအလုပ်က အတွေ့အကြုံသိပ်မရှိလည်း လုပ်လို့ရပေမယ့် နည်းနည်းတော့ ပင်ပန်းပါလိမ့်မယ်finance။ တစ်ချို့နေရာတွေမှာ အလုပ်စမဝင်ခင် လေ့ကျင့်ပေးတာမျိုးလည်း ရှိတတ်ပါတယ်။

ပစ္စည်းပို့သူ

အွန်လိုင်းဈေးဆိုင်၊ စားသောက်ဆိုင်၊ ဈေးဆိုင်တွေရဲ့ ဝယ်ယူသူတွေထံ ကုန်ပစ္စည်းပို့ပေးတဲ့ အလုပ်မျိုး ဖြစ်ပါတယ်finance။ ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး တစ်ခုခု လိုအပ်နိုင်ပြီး မြို့ရဲ့ အနေအထား၊ နေရာတွေကိုကျွမ်းကျင်ထားဖို့ လိုအပ်ပါမယ်finance။ ဒီနည်းနဲ့ အပိုဝင်ငွေရှာဖို့ စဉ်းစားတယ်ဆိုရင် ကိုယ်ရလာမယ့်ငွေနဲ့ တစ်နေရာပြီးတစ်နေရာသွားရလို့ ကုန်သွားတဲ့ အချိန်၊ ငွေတွေကို ကာမိဖို့လိုမယ်ဆိုတာကိုလည်း သတိရပါ။

လက်ကမ်းစာစောင်ဝေခြင်း၊ စစ်တမ်းကောက်ခြင်း

အပြင်မှာနေပြီး သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာကို သဘောကျလားfinance။ ဒါဆိုရင် လက်ကမ်းစာစောင်ဝေခြင်း၊ စစ်တမ်းကောက်ခြင်း၊ လူစည်ကားရာနေရာမှာ အချက်အလက်မေးမြန်းရယူခြင်းများ ပြုလုပ်နိုင်ပါတယ်finance။ နေရာတစ်နေရာရဲ့ လူအရေအတွက် (လူစည်ကားမှုအခြေအနေ)၊ ယာဉ်ကြောအသွားအလာ စတာတွေကို စောင့်ကြည့်စစ်ဆေးဖို့ အပိုဝင်ငွေရချင်တဲ့လူတွေကို အလုပ်ပေးတာမျိုးတွေရှိတတ်ပါတယ်finance။ (ဥပမာ – နေရာတစ်ခုခုမှာ ဆိုင်ခန်းတစ်ခုဖွင့်ရန်အတွက် လူစည်ကားမှုအခြေအနေ စစ်ဆေးရေတွက်စေတာမျိုးတွေရှိတတ်ပါတယ်။) ဒီအလုပ်မျိုးတွေမှာ ကျွမ်းကျင်မှုအားဖြင့် သိပ်မလိုအပ်ပေမယ့် ပင်ပန်းတဲ့အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စစ်တမ်း ဖြေဆိုခြင်း

တစ်ခါတစ်လေ ကုမ္ပဏီတွေက စစ်တမ်းဖြေဆိုဖို့အတွက် သူတို့ရဲ့စံနှုန်းနဲ့ ကိုက်ညီတဲ့သူတွေကို အခကြေးပေးပြီး ခေါ်ယူမေးမြန်းတတ်ပါတယ်finance။ အမြဲအားကိုးလို့ရတဲ့ အပိုဝင်ငွေရှာနည်းတော့ မဟုတ်ပေမယ့် လွယ်လွယ်ကူကူနဲ့ အပိုဝင်ငွေရနိုင်တဲ့ နည်းတစ်ခုပါပဲfinance။ ဒီအလုပ်မျိုးအတွက် ခေါ်တဲ့အချိန်တွေမှာ နားစွင့်ထားဖို့တော့ လိုပါတယ်။

အချက်အလက်ထည့်သွင်းခြင်း

အချက်အလက်တွေကို စာရင်းဇယားတွေမှာ ကွန်ပြူတာစာစီ ထည့်သွင်းပေးရတာမျိုးက နည်းနည်းတော့ ပျင်းဖို့ကောင်းပေမယ့် အပိုဝင်ငွေ အလွယ်တကူရနိုင်တဲ့ နည်းတစ်ခုပါfinance။ ကွန်ပျူတာကို ကောင်းကောင်းမွန်မွန်အသုံးပြုတတ်ဖို့နဲ့ အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်သတိထားတတ်ဖို့ လိုပါတယ်။

သန့်ရှင်းရေးလုပ်ခြင်း

တစ်ချို့အိမ်တွေမှာ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ပွဲတွေဆက်တိုက်ကျင်းပရလို့ အိမ်အလုပ်တွေ မနိုင်မနင်းဖြစ်တဲ့အချိန်မျိုးမှာ မီးပူတိုက်၊ အဝတ်လျှော်ဖို့အတွက် အကူခေါ်တတ်ပါတယ်finance။ နေရာတော်တော်များများကို သွားဖို့လိုမှာဖြစ်ပြီး အိမ်သန့်ရှင်းရေးလည်း ကောင်းကောင်းလုပ်တတ်ဖို့ လိုပါမယ်finance။ မဟုတ်ရင်တော့ နောက်တစ်ခေါက် ထပ်ခေါ်ဖို့ မသေချာပါဘူး။

အိမ်တွင်းဖြစ်ပစ္စည်းများရောင်းခြင်း

အိမ်ချက် အစားအသောက်များ၊ အိမ်လုပ် ပစ္စည်းများ၊ အင်္ကျီများနှင့် အခြားဝန်ဆောင်မှု အမျိုးမျိုးကို အိမ်ဆိုင်ဖွင့်၍ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ ရောင်းချနိုင်ပါတယ်finance။ အမြတ်ရဖို့အတွက် ရောင်းဈေးက ကုန်ကျမယ့်ငွေတွေ၊ အချိန်တွေ၊ လုပ်အားတွေကို ကာမိနေဖို့တော့ လိုအပ်ပါမယ်။

လက်ကားဝယ်ပြီး လက်လီပြန်ရောင်းခြင်း

ပစ္စည်းများကို လက်ကားဈေးနဲ့ဝယ်ယူပြီး အိမ်မှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ အမြတ်ဖြင့် ပြန်လည်ရောင်းချနိုင်ပါတယ်finance။ လုပ်ငန်းစဖို့အတွက် အရင်းအနှီးနည်းနည်းတော့ လိုပါလိမ့်မယ်finance။ ပစ္စည်းသယ်ယူပို့ဆောင်ခ အပါအဝင် ကုန်ကျစရိတ်တွေကို ကာမိအောင် ပိုများတဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းဖို့တော့ လိုပါလိမ့်မယ်။

မလိုအပ်တဲ့ပစ္စည်းများ ရောင်းချခြင်း

မှားပြီးဝယ်ခဲ့မိတာဖြစ်ဖြစ်၊ မလိုအပ်တော့တာဖြစ်ဖြစ်၊ ကိုယ်အသုံးမလိုတော့ပေမယ့် အခြားသူ လိုအပ်တဲ့အရာတွေ ရှိတတ်ပါတယ်finance။ ဒါတွေကို အွန်လိုင်းမှဖြစ်စေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေဆီမှာဖြစ်စေ ပြန်ရောင်းလို့ ရပါတယ်finance။ ဝယ်ခဲ့တဲ့တန်ဖိုးအတိုင်းတော့ ပြန်ရမှာမဟုတ်ပေမယ့် မသုံးပဲ ဒီတိုင်းထားတာထက်တော့ ပိုကောင်းပါတယ်။

ဘဏ်တွင်အပ်ထားခြင်း

အသုံးမလိုသေးတဲ့ ငွေတွေကို ငွေစုဘဏ်အပ်ငွေစာရင်းထဲ အပ်နှံထားခြင်းဖြင့် အတိုးရနိုင်ပါတယ်finance။ အတိုးနှုန်းနည်းတယ် ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှတော့ ငွေတွေက တိုးပွားလာမှာပါfinance။ ဆိုလိုတာကတော့ ဘာမှလုပ်စရာ မလိုပဲ ဝင်ငွေတွေ တိုးပွားလာမှာပဲ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုနေရာအငှားချထားခြင်း

အသုံးမလိုသေးတဲ့ နေရာ၊ အခန်း၊ အိမ်၊ အဆောက်အအုံတွေကို အငှားချထား နိုင်ပါတယ်finance။ ဒါကလည်း ဘာမှသိပ်လုပ်စရာမလိုပဲ အပိုဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်ခုပါfinance။ ဒါပေမယ့်လည်း အငှားချလို့ရမယ့်အရာရှိဖို့တော့ လိုပါတယ်။

သယ်ယူပို့ဆောင်ရေးယာဉ် အငှားချထားခြင်း

ကား၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး စတာတွေ မလိုအပ်သေးဘူးဆိုရင် အခြားသူတွေကို ငှားထားလို့ ရပါတယ်finance။ ဒါလည်း ဘာမှသိပ်လုပ်စရာမလိုပဲ အပိုဝင်ငွေရနိုင်ပေမယ့် ကိုယ့်ရဲ့ပစ္စည်း ပျက်စီးသွားမလား၊ အခိုးခံရမလားဆိုတာကိုတော့ အမြဲတွေးပူနေရတတ်ပါတယ်။

ပိုင်ဆိုင်မှုပစ္စည်းများပေါ်တွင် ကြော်ငြာလက်ခံခြင်း

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပေါ်မှာ (ဥပမာ – ကား၊ တိုက် စသည်) ကြော်ငြာလက်ခံခြင်း၊ ကုန်ပစ္စည်း အရောင်းမြှင့်တင်ရာကူညီခြင်းအားဖြင့် အပိုဝင်ငွေရနိုင်တဲ့နည်းဖြစ်ပါတယ်finance။ လူအများကြီး သတိထားမိမယ့် ပိုင်ဆိုင်မှုပစ္စည်းရှိဖို့တော့ လိုပါတယ်finance။ (ဥပမာ – ကားပေါ်တွင် ကြော်ငြာကပ်ခြင်း။)

သီချင်းရေးခြင်း၊ စာအုပ်ရေးသားခြင်း

အခြားသူတွေ နှစ်သက်လောက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ် ရေးသားခြင်း၊ နားထောင်လို့ကောင်းတဲ့ သီချင်းတွေ ရေးစပ်ခြင်း အားဖြင့်လည်း အပိုဝင်ငွေတွေ ရနိုင်ပါတယ်finance။ အောင်မြင်သွားပြီဆိုရင်တော့ နောင်နှစ်ပေါင်းများစွာအထိ မူပိုင်ခအဖြစ်ဝင်ငွေတွေ ရနိုင်ပါတယ်finance။ ဒါပေမယ့် အောင်မြင်နိုင်မယ့် အလားအလာနည်းသလို ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေအပေါ်မှာလည်း မူတည်ပါသေးတယ်။


အပေါ်မှာဖော်ပြထားတဲ့ နည်းလမ်းအများစုက အလွတ်တန်းအလုပ်နဲ့ အချိန်ပိုင်းလုပ်ရတာတွေ များပါတယ်finance။ တစ်ချို့ကတော့ အသေးစားလုပ်ငန်းလေးကနေ အမြတ်ငွေဝင်ငွေရအောင် လုပ်ရတာမျိုးဖြစ်ပါတယ်။

အလွတ်တန်းအလုပ်နဲ့ အချိန်ပိုင်းအလုပ်အကြောင်း ဒီမှာလေ့လာပါ။yes


ဖော်ပြခဲ့တာတွေကတော့ အပိုဝင်ငွေရရှိစေနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်finance။ ကိုယ့်အခြေအနေအပေါ် မူတည်ပြီး အလုပ်တိုင်းကတော့ ကောင်းတဲ့အချက်၊ မကောင်းတဲ့အချက်တွေ ရှိနိုင်ပါတယ်Trinity

ပိုက်ဆံရှာတဲ့အခါ အချိန်နဲ့ အားထုတ်မှု လိုအပ်ပါတယ်finance။ အခြားတစ်ယောက်အတွက် အဆင်ပြေတိုင်း ကိုယ့်အတွက်လည်း အဆင်ပြေမယ်လို့ မှတ်ယူလို့ မရပါဘူးfinance။ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကျိုးအရှိဆုံးဖြစ်မယ့် အလုပ်ကိုသာ ရွေးချယ်ပါTrinity

အချိန်ပြည့်အလုပ်တွေ ဘယ်လိုရှာရမလဲဆိုတာကို သိချင်တယ်ဆိုရင် အလုပ်ရှာနည်း (၄) မျိုး မှာ လေ့လာကြည့်ပါTrinity

အပိုဝင်ငွေရှာဖို့ နည်းလမ်းများ အပိုဝင်ငွေရှာဖို့ နည်းလမ်း အပိုဝင်ငွေ အပိုငွေ အပိုဝင်ငွေရှာနည်း အပိုဝင်ငွေရှာခြင်း အချိန်ပိုင်းအလုပ်များ အလွတ်တန်းအလုပ်များ အလုပ်များ အလုပ် ဝင်ငွေတိုးပွားနည်း အပိုဝင်ငွေရှာခြင်း အပိုဝင်ငွေရှာခြင် လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း အလုပ်လုပ်ရန် အပိုဝင်ငွေရှာရန်နည်းလမ်းများ အချိန်ပိုင်းအလုပ်များ အလွတ်တန်းအလုပ်များ ဝင်ငွေတိုးပွားနည်း လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း အလုပ်လုပ်ရန် ways to make extra money jobs business content writter writer

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။