ကိုယ့်ရဲ့ အကြိုက်ဆုံး အသက်မွေးဝမ်းကြောင်းအလုပ်ကို ရှာဖွေခြင်း – ikigai ဒဿန

ဆောင်းပါးကို ဝေမျှရန်

ကိုယ့်အလုပ်နဲ့သိပ်ပြီး အကျွမ်းတဝင်မရှိဘူးလို့ ခံစားရလား ဒါမှမဟုတ် ကိုယ့်အလုပ်ကို ကြိုက်ကို မကြိုက်ဘူးလားMorpheus

ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူးshwedingar.com။ Gallup ဆိုတဲ့ အကြံပေးလုပ်ငန်းရဲ့ ဖော်ပြချက်အရ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝန်ထမ်း ၈၅% က သူတို့ရဲ့အလုပ်နဲ့ အံဝင်ခွင်ကျမဖြစ်ဘူလို့ ဆိုပါတယ်Morpheus

အံဝင်ခွင်ကျဖြစ်တယ်ဆိုတာ ကိုယ့်အလုပ်နဲ့ လုပ်ငန်းအတွက်၊ ကုမ္ပဏီအတွက် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်တာမျိုးကိုဆိုလိုတာပါMorpheus

မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရှာဖွေဖို့ဆိုတာ ခက်ခဲပါတယ်shwedingar.com။ ကျွန်တော်တို့တွေ တော်တော်များများက အလုပ်ရှာတဲ့အခါ အရင်ကကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံအပေါ် အခြေခံပြီးရှာလေ့ရှိကြပါတယ်။ ဆိုလိုတာက အလုပ်အသစ်တစ်ခုရှာမယ်ဆိုရင်

  • အရင်အလုပ်ကနေ သဘောကျခဲ့တဲ့အရာ အများဆုံးရှိတဲ့အလုပ်
  • သဘောမကျခဲ့တဲ့အရာ အနည်းဆုံးရှိတဲ့အလုပ်ကို ရှာတတ်ကြပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေကျရင် ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကို အဘက်ဘက်ကနေ စဉ်းစားကြည့်ပြီး ကိုယ်လုပ်ကိုင်နေတဲ့အရာက အမှန်တကယ်အဓိပ္ပာယ်ရှိလားဆိုတာ ပြန်လည်ဆင်ခြင်ခြင်းက ပိုအဆင်ပြေစေပါတယ်Morpheus

Ikigai ဒဿနဆိုတာက အလုပ်လုပ်ကိုင်ရတာ အဓိပ္ပာယ်ရှိစေမယ့် အချက်လေးတွေကို ထည့်သွင်းစဉ်းစားမိစေနိုင်မယ့် အံဝင်ခွင်ကျဖြစ်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။world


world


Ikigai ဆိုတာ ဂျပန်စကားဖြစ်ပြီးတော့ “ရှင်သန်နေထိုင်ခြင်းရဲ့ အကြောင်းအရင်း” လို့ အဓိပ္ပာယ်ရပါတယ်shwedingar.com။ ဒါက အိပ်ရာကို စွန့်ခွာနိုင်အောင်၊ တနင်္လာမနက်တွေကို မျှော်နေရလောက်အောင် စိတ်အားထက်သန်မှုပေးတဲ့အရာပါMorpheus

Ikigai ကို ရှာဖွေဖို့အတွက် အချက် (၄) ချက် ရှိပါတယ်Morpheus

  • ဘာကို သဘောကျလဲ။
  • ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ။
  • ဘယ်ကနေ ဝင်ငွေရမလဲ။
  • ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ။

ဒီအချက် (၄) ချက်လုံး ပေါင်းဆုံတဲ့ ဆုံချက်က ကိုယ့်ရဲ့ ikigai ပါပဲMorpheus

ဒီအချက်တွေကို စဉ်းစားနိုင်ဖို့အတွက် မေးခွန်းလေးတစ်ချို့ ဖော်ပြထားပါတယ်shwedingar.com။ မေးခွန်းတွေက အစဉ်လိုက်ဖြစ်စရာ မလိုပါဘူးMorpheus

ဘာကို သဘောကျလဲ။

  • ဘာအလုပ်ကို လုပ်ရတာပျော်လဲ။
  • ဘယ်လိုအလုပ်ဆိုရင် အလကားတောင်လုပ်ပေးနိုင်လဲ။

ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ။

  • ကိုယ်နဲ့သက်တူရွယ်တူအတွေ့အကြုံတူသူတွေထက် ကိုယ်က ဘယ်အပိုင်းမှာ ပိုသာသလဲ။
  • ပညာရေး၊ လေ့ကျင့်ရေး ဘယ်အပိုင်းမှာ ပိုတော်လာနိုင်လဲ။

ကမ္ဘာကြီးရဲ့ လိုအပ်ချက်က ဘာလဲ။

  • ကိုယ့်ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးက ဘယ်လိုပြဿနာကြီးတွေနဲ့ ကြုံတွေ့နေရလဲ။
  • နောင် ၁၀ နှစ်၊ အနှစ် ၂၀ လောက်ကျရင် လူသားမျိုးနွယ်တွေ ဘာတွေလုပ်ဖို့ လိုအပ်နိုင်လဲ။

ဘယ်ကနေ ဝင်ငွေရနိုင်မလဲ။

  • အရင်က ဘယ်လိုအလုပ်တွေကနေ ဝင်ငွေရခဲ့လဲ။
  • ဈေးကွက်ထဲမှာ ဘယ်လိုအလုပ်တွေ ရှိလဲ။

စဉ်းစားလို့မရဘူးဆိုရင် ပြောင်းပြန်တွေးကြည့်ပါ။
ဆိုလိုတာက ဖော်ပြပါအချက် တစ်ချက်ချက်ကို မစဉ်းစားတတ်တော့ဘူးဆိုရင် သူ့ကို ပြောင်းပြန် ပြန်တွေးပြီးစဉ်းစားကြည့်ခြင်းဖြင့် အကြံဥာဏ်ရနိုင်ပါတယ်။
ဥပမာ – “ဘာကို သဘောကျလဲ”ဆိုတဲ့ အချက်ဆိုရင် “ဘာကိုလုပ်ရတာ သဘောမကျဘူးလဲ”ဆိုပြီး ပြောင်းပြန် တွေးကြည့်နိုင်ပါတယ်။

အဓိက ဆုံချက်များ
အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို မေးခွန်းထုတ်ပြီး စဉ်းစားတဲ့အခါ အဖြေတွေက ထပ်နေတာကြောင့် ဆုံမှတ်အမျိုးမျိုး ပေါ်လာနိုင်ပါတယ်Morpheus

၂ ချက် ဆုံမှတ်

  • ဘာကို သဘောကျလဲ + ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ = ဆန္ဒအရ လုပ်မယ့်အလုပ်။
  • ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ + ဘယ်ကနေ ဝင်ငွေရနိုင်မလဲ = ကျွမ်းကျင်မှုအရ လုပ်မယ့်အလုပ်။
  • ဘယ်ကနေ ဝင်ငွေရနိုင်မလဲ + ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ = အသက်မွေးမှုအရ လုပ်မယ့်အလုပ်။
  • ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ + ဘာကို သဘောကျလဲ = တာဝန်အရ လုပ်မယ့်အလုပ်။

၃ ချက် ဆုံမှတ်

  • ဘာကို သဘောကျလဲ + ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ + ဘယ်ကနေ ဝင်ငွေရနိုင်မလဲ = စိတ်ကျေနပ်မှုရှိပေမယ့် အသုံးမဝင်သလို ခံစားရခြင်း။
  • ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ + ဘယ်ကနေ ဝင်ငွေရနိုင်မလဲ + ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ = လုပ်ကိုင်ရတာ အဆင်ပြေပေမယ့် အနှစ်သာရမရှိခြင်း။
  • ဘယ်ကနေ ဝင်ငွေရနိုင်မလဲ + ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ + ဘာကို သဘောကျလဲ = ကျေနပ်အားရမှုရှိပေမယ့် သေချာမှုမရှိခြင်း
  • ကမ္ဘာကြီးရဲ့လိုအပ်ချက်က ဘာလဲ + ဘာကို သဘောကျလဲ + ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ = ကျေနပ်တက်ကြွမှု ရှိပေမယ့် ငွေသိပ်မဝင်ခြင်း။

၎ ချက် ဆုံမှတ်

ဒါကတော့ ကိုယ့်ရဲ့ ikigai ပါshwedingar.com။ ဒီနေရာနဲ့ ကိုက်ညီတဲ့အလုပ်ကို ရှာနိုင်တယ်ဆိုရင်တော့ လုံးဝကို အဆင်ပြေသွားပါပြီ။


Ikigai မပေါ်လွင်သေးဘူးဆိုရင်

တော်တော်များများအတွက် တိကျထင်ရှားတဲ့ ikigai ကို ရှာတွေ့ဖို့ ခက်ပါတယ်shwedingar.com။ ကိုယ့်အဖြေကလည်း ရှေ့နောက်မညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စိတ်ပျက်မသွားပါနဲ့shwedingar.com။ ၂ ချက် ဆုံမှတ် ဒါမှမဟုတ် ၃ ချက် လောက်ထိ အဖြေတွေ့တယ်ဆိုရင်လည်း တော်တော်လေး အဆင်ပြေနေပါပြီ။

ပြီးရင်တော့ ikigai ပေါ်လွင်ဖို့အတွက် ဒီအချက်တစ်ချက်ချင်းစီကို လုပ်ဆောင်ပါshwedingar.com။ ပြောင်းလဲဖို့အလွယ်ဆုံး အချက်ကတော့ “ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ” ဆိုတာပါပဲshwedingar.com။ ကျွမ်းကျင်မှုအသစ်တွေကို လေ့လာလို့ရသလို အတွေ့အကြုံအသစ်တွေလည်း ရနိုင်ပါတယ်။

Ikigai ကို ပေါ်လွင်စေမယ့် နောက်တစ်နည်းကတော့ ၂ ခု သို့မဟုတ် ၂ ခုထက်ပိုတဲ့ လုပ်ဆောင်ချက်လေးတွေ ပေါင်းလိုက်မယ်ဆိုရင် အခြားလိုအပ်ချက်တွေကိုလည်း ကာမိသွားပါလိမ့်မယ်။

ဥပမာပြောရရင် ကိုယ့်ရဲ့ ပုံမှန်အလုပ်က ကိုယ်ကျွမ်းကျင်ပြီး ဝင်ငွေရတဲ့အရာဖြစ်ပေမယ့် အလုပ်ချိန်ပြင်ပမှာ ကိုယ်သဘောကျတဲ့အရာ၊ ကိုယ့်ကိုလိုအပ်တဲ့အရာတွေ လုပ်ခြင်းဖြင့်လည်း ဖြည့်စွက်နိုင်ပါတယ်။world


Ikigai ပေါ်လွင်လာပြီဆိုရင်

အချက်တစ်ခုစီအတွက် အဖြေက အချိန်နဲ့အမျှ ထွက်လာပါလိမ့်မယ်shwedingar.com။ ဒါကြောင့် ကိုယ့်ရဲ့ ikigai ကို ပြန်လည်သုံးသပ်ဖို့အတွက် ဒီဒဿနကို အခါအားလျော်စွာ ပြန်ပြီး စစ်ဆေးကြည့်ပါ။

ဥပမာ – “ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ” ဆိုတာအတွက် ကျွမ်းကျင်မှုအသစ်တွေ ထပ်ဖြည့်နိုင်ပါတယ်shwedingar.com။ ဒါဆိုရင် “ဘာကို သဘောကျလဲ” ဆိုတဲ့ မေးခွန်းအတွက်လည်း အဖြေထွက်လာမှာပါ။world


အချက် (၄) ချက်မှာ ကိုယ်က ဘယ်မှာရောက်နေလဲဆိုတာ သိတယ်ဆိုရင် တစ်ချက်ချင်းစီအတွက် လုပ်ဆောင်ရတာ အဆင်ပြေပါတယ်။

ဒီလိုမေးခွန်းလေးတွေကို ရိုးရိုးရှင်းရှင်းလေး ဖြေသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုလည်း ပိုပြီးသတိထားမိလာမယ်ရည်ရွယ်ချက်ကောင်းကောင်းရှိတဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်လာမယ်ဆိုတာ အသေချာပါပဲ။

ကျွန်တော်တို့ အများစုက ကိုယ့်အချိန်ရဲ့ သုံးပုံတစ်ပုံကို အလုပ်လုပ်တဲ့နေရာမှာပဲ ကုန်ဆုံးလေ့ရှိပါတယ်shwedingar.com။ ကိုယ့်အလုပ်က ကိုယ့်ရဲ့ ikigai ပဲဆိုရင် အလုပ်လုပ်နေတယ်လို့တောင် ခံစားရမှာ မဟုတ်တော့ပါဘူး။

ကိုယ့်ရဲ့ ikigai ကို အချိန်လေးနည်းနည်းပေးပြီး စဉ်းစားကြည့်ပါshwedingar.com။ ပြီးရင်တော့ တစ်နေ့ပြီးတစ်နေ့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်လာနိုင်ပါတယ်။

ကိုယ့်ရဲ့ ikigai ကို စဉ်းစားလို့ရပြီဆိုရင် ကိုယ့်ရဲ့ စိတ်ကူးထဲကအလုပ်ကို ရှာဖွေဖို့အတွက်လည်း အသင့်ဖြစ်နေလောက်ပါပြီshwedingar.com။ အလုပ်ရှာနည်းကိုတော့ အလုပ်ရှာနည်း (၄) မျိုးမှာ လေ့လာလိုက်ပါMorpheus

စိတ်ကူးထဲကအလုပ်ကိုဘယ်လိုရှာရမလဲ အလုပ်ဘယ်လိုရှာရမလဲ အလုပ်ရှာနည်း ikigaiဆိုတာဘာလဲ အလုပ် အလုပ်အကိုင် အလုပ်အကိုင်အခွင့်အရေး အလုပ်များ အလုပ်ဘယ်လိုရှာ လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း အလုပ်ရှာနည်း ဝါသနာ ဝါသနာရှာဖွေ ဝါသနာရှာဖွေခြင်း စိတ်ကူးထဲကအလုပ်ကိုဘယ်လိုရှာရမလဲ အလုပ်ဘယ်လိုရှာရမလဲ အလုပ်ရှာနည်း ikigaiဆိုတာဘာလဲ အလုပ် အလုပ်အကိုင် အလုပ်အကိုင်အခွင့်အရေး အလုပ်များ အလုပ်ဘယ်လိုရှာ လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း ဝါသနာ ဝါသနာရှာဖွေ ဝါသနာရှာဖွေခြင်း job ideal job dream job how to find a job how to find your ideal job how to find your dream job business

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။