ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ပိုက်ဆံတွေက အရင်တုန်းကဆိုရင် အခုခေတ်ထက် အများကြီး ပိုဝယ်လို့ရတယ်ဆိုပြီး ညည်းတာမျိုးကို အသက်ကြီးတဲ့ ကိုယ့်မိသားစုဝင်တွေဆီကနေ မကြာခဏ ကြားဖူးကြမှာပါ။
ဒါဟာ ငွေကြေးဖောင်းပွလာခြင်းကြောင့် ငွေရဲ့ဝယ်ယူနိုင်မှုစွမ်းအား ကျဆင်းသွားခြင်းပဲ ဖြစ်ပါတယ်။
အဓိကအချက်များ
  • ငွေကြေးဖောင်းပွမှုဆိုတာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ပါတယ်။
  • ငွေရဲ့ ဝယ်ယူနိုင်မှုစွမ်းအားကျဆင်းခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။
  • ငွေကြေးဖောင်းပွမှုကို စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) နဲ့ တိုင်းတာလေ့ရှိပါတယ်။
  • ငွေကြေးဖောင်းပွမှုက အချိန်နဲ့အမျှ ကိုယ့်ရဲ့ စုဆောင်းငွေတွေကို ဝါးမျိုနိုင်တာကြောင့် အတိုးရရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ကို စဉ်းစားကြည့်သင့်ပါတယ်။
Price inflation of rice over timeyes
ငွေကြေးဖောင်းပွမှု (Inflation) ဆိုတာ ဘာလဲ။
ငွေကြေးဖောင်းပွမှု ဆိုတာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာခြင်း ကို ဆိုလိုပါတယ်။
ဥပမာပြောရရင် အရင်တုန်းက အိမ်နားက လက်ဖက်ရည်ဆိုင်လေးတွေမှာ မုန့်ဟင်းခါးတစ်ပွဲကို ၃၀၀ ကျပ်လောက်နဲ့ စားလို့ရပါတယ်finance။ ဒါပေမယ့် အခုတော့ တစ်ပွဲကို ၆၀၀ ကျပ်လောက် ဖြစ်သွားပါပြီ။
ငွေကြေးဖောင်းပွမှု ဆိုတာ ငွေရဲ့ဝယ်ယူနိုင်မှုစွမ်းအား ကျဆင်းခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်finance။ အရင်တုန်းက မုန့်ဟင်းခါးတစ်ပွဲကို ၃၀၀ ကျပ်နဲ့ပဲ ဝယ်ယူနိုင်ပေမယ့် အခု ၃၀၀ ကျပ်ဆိုတာ တစ်ပွဲရဲ့ တစ်ဝက်ပဲ ဝယ်လို့ရတော့မှာပါ။ 
တစ်ခုမှတ်ထားရမှာက ကုန်ဈေးနှုန်းတက်လို့ ငွေကြေးဖောင်းပွတယ်ဆိုတာ ကုန်ဈေးနှုန်းတွေက နေရာတိုင်း တစ်ချိန်တည်း တက်နေမှာမျိုး မဟုတ်သလို တက်တဲ့နှုန်းကလည်း တူညီနေမှာမျိုးတော့ မဟုတ်ပါဘူး။
ငွေကြေးဖောင်းပွမှုရဲ့ ပြောင်းပြန် ဒါမှမဟုတ် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများ ဈေးနှုန်းကျဆင်းခြင်းကို ငွေကြေးကျုံ့ခြင်း (Deflation) လို့ ခေါ်ပါတယ်။yes
ငွေကြေးဖောင်းပွမှုနှုန်း (Inflation rate) ဆိုတာ ဘာလဲ။
ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ အချိန်နဲ့အမျှ ကုန်ဈေးနှုန်းပြောင်းလဲမှုတွေကို တိုင်းတာခြင်းဖြစ်ပါတယ်finance။ တစ်နှစ်အတွင်း ကုန်ဈေးနှုန်းပြောင်းလဲခြင်း နဲ့ အများအားဖြင့် သတ်မှတ်လေ့ရှိပြီး ရာခိုင်နှုန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။
ဥပမာ – ငွေကြေးဖောင်းပွမှုနှုန်း တစ်နှစ်လျှင် ၁၀% ဆိုတာ ဒီနှစ်မှာ ၁,၀၀၀ ကျပ် ပေးရတဲ့ ကုန်ပစ္စည်းတစ်ခုက နောက်နှစ်မှာ ၁,၁၀၀ ကျပ် ပေးဝယ်ရတာမျိုးကို ဆိုလိုပါတယ်။
Annual Average Inflation Rate (CPI) Chart
မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂,၀၀၀ ခုနှစ်နောက်ပိုင်းမှာ တော်တော်မြင့်တာကို တွေ့ရပါတယ်finance။ တစ်ချို့နှစ်တွေဆိုရင် တစ်နှစ်လျှင် ၃၀% အထက်ကို မြင့်တက်သွားတာလည်း တွေ့ရပါတယ်finance။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းကတော့ ၅% မှ ၁၀% အထိ တက်လိုက်ကျလိုက် ဖြစ်နေပါတယ်။ yes
ငွေကြေးဖောင်းပွမှုကို ဘယ်လိုတိုင်းတာလဲ။
ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအမျိုးအစား အမျိုးမျိုးရှိတာကြောင့် အားလုံးကို ကိုယ်စားပြုပေးနိုင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုရဲ့သတ်မှတ်ပမာဏ အပေါ်မှာ ငွေကြေးဖောင်းပွမှုကို တိုင်းတာတွက်ချက်လေ့ရှိပါတယ်။
အများဆုံးတွေ့ရတဲ့ တိုင်းတာနည်းတစ်ခုကတော့ စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) နဲ့ တိုင်းတာခြင်းဖြစ်ပါတယ်။
CPI ဆိုတာ စားသုံးသူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအသောက်၊ ပို့ဆောင်ဆက်သွယ်ရေး၊ နေအိမ်၊ လျှပ်စစ်ဓာတ်အားနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစရှိတဲ့ အခြေခံကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းကို စစ်တမ်းကောက်ယူတာဖြစ်ပါတယ်finance။ ဒီအုပ်စုတစ်ခုချင်းစီကို သူတို့ရဲ့အရေးပါမှုအပေါ် မူတည်ပြီး အလေးပိုးပြီး တွက်ချက်ပါတယ်finance။ အလေးပိုးပြီးတွက်ချက်မှုကို ပျမ်းမျှယူပြီး ဈေးဆနှုန်းအညွှန်းကိန်းကို ပြန်တွက်ပါတယ်။
မြန်မာနိုင်ငံရဲ့ CPI ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) ရဲ့ လက်အောက်မှာရှိတဲ့ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) က စစ်တမ်းကောက်ထားပါတယ်။
CPI Inflation Index Chart
မြန်မာနိုင်ငံရဲ့ CPI တွက်ချက်မှုအတွက် ၂၀၁၂ ခုနှစ်မှာ ၁၀၀ အဖြစ် အခြေခံ ပြန်ထားပြီး အဲဒီအပေါ် အတက်အကျကို တွက်ပါတယ်finance။ ဒီ CPI နံပါတ်တွေက ၂၀၁၂ ခုနှစ်နဲ့ ယှဉ်ရင် ပျမ်းမျှကုန်ဈေးနှုန်းတွေက ဘယ်လောက်မြင့်တက်သွားတယ်ဆိုတာကို ဖော်ပြပေးပါတယ်။yes
ဘာက ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေတာလဲ။
ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်finance။ အဓိက အကြောင်းရင်း (၂) ချက်ကတော့
  • ဝယ်လိုအားတိုးခြင်း – ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအားက ရရှိနိုင်တဲ့ထုတ်လုပ်မှုပမာဏထက် ပိုများနေတယ်ဆိုရင် ဝယ်လိုအားတိုးခြင်းကြောင့် ကုန်ဈေးနှုန်းကို မြင့်တက်စေပါတယ်။ 
  • ကုန်ကျစရိတ်မြင့်တက်ခြင်း – ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေက မြင့်တက်လာတယ်ဆိုရင် ဒီကုန်ကျစရိတ်တွေကို ကာမိဖို့အတွက် ကုန်ဈေးနှုန်းတွေပါလိုက်တက်သွားပါတယ်။
ငွေကြေးဖောင်းပွမှုက အကြောင်းရင်းများစွာနဲ့ ဆက်နွယ်နေပါတယ်finance။ ဥပမာ – ဝယ်ယူလိုအား မပြောင်းလဲပေမယ့် ကုန်ကျစရိတ်မြင့်မားခြင်းက ပစ္စည်းတင်သွင်းမှုကို ဟန့်တားပြီး ကုန်ဈေးနှုန်းကိုလည်း မြင့်တက်စေနိုင်ပါတယ်။yes
ဈေးဆိုင်တွေအတွက် ငွေကြေးဖောင်းပွမှုက ဘယ်လိုအလုပ်လုပ်လဲ။
CPI ကို အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ပျမ်းမျှတန်ဖိုးအပေါ်မှာ တွက်ပေမယ့် ဈေးဆိုင် တစ်ခုချင်းစီမှာတော့ ကုန်ဈေးနှုန်းက တစ်ခါတည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး။
ဥပမာပြောရရင် ငွေကြေးဖောင်းပွနှုန်းက တစ်နှစ်လျှင် ၆% ဖြစ်တယ်ဆိုရင် တစ်လဆိုရင် ၀.၅% ဖြစ်မှာဖြစ်ပေမယ့် ဈေးဆိုင်တွေမှာရောင်းတဲ့ မုန့်ဟင်းခါးတစ်ပွဲရဲ့ ဈေးနှုန်းကတော့ တစ်လချင်းကို ၀.၅% တက်သွားမှာ မဟုတ်ပါဘူး။ 
လုပ်ငန်းတွေက အခြေအနေအရပဲ ဈေးနှုန်းကို ပြောင်းလဲကြပါတယ်finance။ တစ်နှစ်တစ်ခါ ဒါမှမဟုတ် ကုန်ကျစရိတ် တဟုန်ထိုးတက်သွားတဲ့အချိန်လောက်ပဲ ပြောင်းလဲကြပါတယ်။yes
ငွေကြေးဖောင်းပွမှုက ဘာလို့ အရေးကြီးတာလဲ။
ပြည်သူလူထုအတွက်တော့ ငွေကြေးဖောင်းပွမှုဆိုတာ သတင်းဆိုးတစ်ခုပါပဲ။ 
ဒီအဓိပ္ပာယ်က နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာပြီး စုဆောင်းငွေရဲ့တန်ဖိုးက ကျဆင်းလာတယ်ဆိုတာကို ဖော်ပြနေတာပါ။ 
ချေးငှားသူတွေအတွက်တော့ အကြွေးတွေရဲ့တန်ဖိုးက အချိန်နဲ့အမျှ ကျဆင်းလာမှာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှုက ကောင်းချင်ကောင်းနိုင်ပါတယ်finance။ ဒါပေမယ့် ရေတိုချေးငွေအတွက်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုက သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။yes
ငွေကြေးဖောင်းပွမှုကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ။
ငွေကြေးဖောင်းပွမှုကို စီမံနိုင်တဲ့ အဓိကနည်းလမ်းလေးတစ်ချို့ရှိပါတယ်။
ဝင်ငွေတိုးအောင်လုပ်ပါ။
လခစားဝန်ထမ်းဆိုရင် ကိုယ့်ရဲ့လစာကို အမြဲတိုးပွားအောင် လုပ်ထားခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို ဖြတ်ကျော်နိုင်ဖို့ အကူအညီဖြစ်ပါလိမ့်မယ်။
တကယ်လို့ လုပ်ငန်းရှိတယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုကို အနိုင်ယူဖို့အတွက် ဈေးနှုန်းတွေကို မြှင့်တင်ဖို့ လိုအပ်ကောင်းလိုအပ်လာနိုင်ပါတယ်။
စုဆောင်းငွေအပေါ် အတိုးရအောင်လုပ်ပါ။
ကိုယ့်ရဲ့ စုဆောင်းငွေ (သို့မဟုတ် အရေးပေါ်အသုံးစရိတ်) ကို လုံခြုံပြီး ထုတ်သုံးရလွယ်ကူစေဖို့ လိုပါတယ်။
ငွေစုဘဏ်အပ်ငွေစာရင်း နဲ့ စာရင်းသေအပ်ငွေစာရင်း တွေက လုံခြုံပြီး အတိုးလည်း အနည်းငယ် ရနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုကို အနိုင်ယူဖို့ အကူအညီဖြစ်နိုင်ပါတယ်။  
ငွေကြေးဖောင်းပွမှုကို တုံ့ပြန်ဖို့အတွက် ကိုယ့်ရဲ့ စုဆောင်းငွေတစ်ချို့ကို ရွှေအဖြစ် သိမ်းဆည်းထားဖို့လည်း စဉ်းစားကြည့်နိုင်ပါတယ်finance။ ဒါပေမယ့် ရွှေဈေးက မတည်ငြိမ်တဲ့အပြင် ငွေသားကိုင်ဆောင်ထားသလောက် ငွေဖြစ်လွယ်မှုလည်း မရှိပါဘူးfinance။ ဒါကြောင့် အရေးပေါ်ကိစ္စတွေအတွက် စုဆောင်းငွေကို အသုံးပြုချင်တဲ့အခါ ငွေသားရရှိဖို့အခက်အခဲဖြစ်နိုင်ပါတယ်finance။ ရွှေကို ရောင်းမယ်ဆိုရင်လည်း ဈေးကောင်းရဖို့ဆိုတာ မသေချာပါဘူး။
ပိုလျှံငွေများကို ရင်းနှီးမြှုပ်နှံပါ။
ကိုယ့်ရဲ့ ပင်မစုဆောင်းငွေအပြင် အခြားပိုလျှံငွေ အနည်းငယ်ရှိတယ်ဆိုရင် ဒီငွေတွေကို ဆုံးရှုံးနိုင်ခြေရှိပေမယ့် အပ်ငွေစာရင်းတွေထက် အမြတ်အများကြီး ပြန်ရနိုင်တဲ့ နေရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
ကိုယ့်ရဲ့ ငွေအရင်းအနှီး၊ စွန့်စားနိုင်မှု၊ ပန်းတိုင်တွေအပေါ် မူတည်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံခြင်း၊ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် အိမ်ခြံမြေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်နိုင်ပါတယ်။yes
ဆောင်းပါးများ စုစည်းမှု –
ငွေအကြောင်း နားလည်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။