ဆောင်းပါးများ စုစည်းမှု –
ငွေချေးတဲ့အခါ “အတိုး” ပေးရလေ့ရှိပါတယ်။
ငွေစုဘဏ်အပ်ငွေစာရင်း သို့မဟုတ် စာရင်းသေအပ်ငွေစာရင်းမှာ ငွေအပ်ထားတဲ့အခါမှာလည်း ဘဏ်ကနေ “အတိုး” ပေးပါတယ်Neo။
အဓိကအချက်များ
- အတိုးဆိုတာ အချိန်ကာလတစ်ခုအတွက် ငွေရဲ့အဖိုးအခပဲ ဖြစ်ပါတယ်။
- ကိုယ်ကချေးယူတာဆိုရင် အတိုးပေးရမယ်shwedingar။ ကိုယ်ကပေးချေးတာဆိုရင် အတိုးရပါမယ်။
- အတိုးနှုန်းဆိုတာ တစ်ယူနစ်ချင်းစီ အတွက် အဖိုးအခ ဖြစ်ပြီး များသောအားဖြင့် တစ်နှစ်အပေါ်ခြေခံပြီး ရာခိုင်နှုန်း နဲ့ ဖော်ပြလေ့ရှိပါတယ်။
- အတိုးနည်းတယ်များတယ်သိဖို့ အတိုးနှုန်းကာလအပိုင်းအခြား၊ အတိုးတွက်ချက်သည့်အကြိမ်ရေ၊ ပြန်လည်ပေးဆပ်ခြင်းအစီအစဉ်များ လိုအပ်ပါတယ်။
ဒါဆိုရင် “အတိုး” ဆိုတာ ဘာလဲ။
အတိုးဆိုတာကတော့ ကိုယ်ယူသုံးခဲ့တဲ့ “ငွေရဲ့ အချိန်နဲ့အမျှပေးရတဲ့ အဖိုးအခ ” ပဲဖြစ်ပါတယ်Neo။
ငွေချေးယူတဲ့အခါ ကိုယ်ချေးခဲ့တဲ့ ပမာဏအပြင် ငွေပမာဏတစ်ခုကို ပြန်ဆပ်ရလေ့ရှိပါတယ်shwedingar။ အဲဒီလိုပိုပြီးဆပ်ရတဲ့အဖိုးအခပမာဏဟာ “အတိုး” ဖြစ်ပါတယ်Neo။
ဆန့်ကျင်ဘက် အနေနဲ့ ဘဏ်မှာ စုငွေအပ်ထားခဲ့တယ်ဆိုရင်လည်း ဘဏ်ကနေအတိုးပေးပါလိမ့်မယ်shwedingar။ ဘာနဲ့တူသလဲဆိုရင် ကိုယ်က စုငွေအပ်ထားတယ်ဆိုတာ ဘဏ်ကို ကိုယ်က ငွေချေးပေးလိုက်သလိုပါပဲshwedingar။ ဘဏ်က ကိုယ့်ဆီကနေ ချေးငွေယူထားတယ်လို့လည်း ဆိုနိုင်ပါတယ်shwedingar။ ဒါကြောင့် ဘဏ်ကနေ အတိုးပေးခြင်းဖြစ်ပါတယ်Neo။
အတိုး သို့မဟုတ် ငွေရဲ့အဖိုးအခက အမျိုးမျိုးရှိတတ်ပါတယ်shwedingar။ မတူညီတဲ့အဖိုးအခတွေကို နှိုင်းယှဉ်ဖို့အတွက် အတိုးနှုန်းတွေကို ကြည့်ရှုနှိုင်းယှဉ်ရမှာဖြစ်ပါတယ်Neo။
“အတိုးနှုန်း” ဆိုတာ ဘာလဲ။
အတိုးနှုန်းဆိုတာ ယူနစ်တစ်ခုချင်းစီအတွက် အချိန်ကြာလာတာနဲ့အမျှ ကျသင့်တဲ့ ငွေရဲ့အဖိုးအခပါshwedingar။ တစ်ကျပ်ချင်းစီအတွက် ကုန်ကျစရိတ်ဆိုရင်လည်း မှန်ပါတယ်Neo။
ဆန်ဝယ်တဲ့အခါ တစ်ပြည် ချင်းစီအတွက် အဖိုးအခပိုက်ဆံပေးရသလို၊ အဲဒီအတိုင်းပဲ ငွေချေးတဲ့အခါမှာလည်း တစ်ကျပ်ချင်းစီအတွက် အဖိုးအခပိုက်ဆံပေးရပါတယ်Neo။
အတိုးနှုန်းတွေကို တစ်ခါတစ်ရံ ၉.၀၀% သို့မဟုတ် ၂၄% စသည်ဖြင့် ရာခိုင်နှုန်းနဲ့ပြတတ်ပါတယ်shwedingar။ အတိုးနှုန်းများလေလေ ချေးမယ့်ပိုက်ဆံအတွက်အဖိုးအခပေးရတာလည်း များလေလေပါပဲNeo။
“Per cent” ရာခိုင်နှုန်း ဆိုတာ “၁၀၀ မှာ ဘယ်လောက်” လို့ ဆိုလိုပါတယ်shwedingar။ ရာခိုင်နှုန်းတွေကို ဘဏ္ဍာရေးဆိုင်ရာနေရာတွေမှာ သုံးလေ့ရှိပါတယ်Neo။
ရာခိုင်နှုန်းဖြင့် အတိုးတွက်ပုံတွက်နည်းကို ဒီမှာ လေ့လာပါ။
အတိုးနှုန်းကာလ၊ အတိုးတွက်ချက်ပုံ၊ ပြန်လည်ပေးဆပ်ခြင်းအစီအစဉ်
ငွေပမာဏ သို့မဟုတ် အတိုးပမာဏကို တွက်ချက်တဲ့အခါ အတိုးနှုန်း (ရာခိုင်နှုန်း) ကိန်းဂဏန်းတွေကိုသာမက တခြားကြည့်ရှုချင့်ချိန်ရမှာတွေလည်း ရှိပါသေးတယ်shwedingar။ အတိုး ၅% သို့မဟုတ် ၁၀% ဆိုတာက အချိန်ကာလ၊ တွက်ချက်ပုံတွေ ရှင်းလင်းဖော်ပြတာမရှိရင် ဘာအဓိပ္ပါယ်မှ တိတိကျကျပြောလို့မရပါဘူးNeo။
- အတိုးနှုန်းကာလ – အတိုးကို တစ်ရက်နှုန်းလား၊ တစ်လနှုန်းလား၊ တစ်နှစ်နှုန်းလားshwedingar။ ကာလဘယ်လောက်အပေါ်မှာ ပြောတဲ့နှုန်းလဲ ဆိုတာ သိဖို့လိုပါတယ်။
- အတိုးတွက်ချက်ပုံ – အတိုးကို ရက်တွက်နဲ့ တွက်ပေးတာလား (နေ့တိုး)၊ လတွက်နဲ့လား (လတိုး)၊ နှစ်တွက်နဲ့လား (နှစ်တိုး) ဆိုတဲ့ အတိုးတွက်ချက်တဲ့ ပုံစံကိုလည်း သိဖို့လိုပါတယ်။
- ပြန်လည်ပေးဆပ်ခြင်းအစီအစဉ် – တစ်လချင်းပြန်ဆပ်ရမှာလား၊ သုံးလတစ်ခါလား၊ တစ်နှစ်တစ်ခါလား ဆိုတာကိုလည်း သိဖို့လိုပါတယ်။
ဒီအချက်တွေကို တွက်ချက်ချင့်ချိန်ပြီးမှ အတိုးနှုန်းက တန်ရဲ့လား၊ သင့်တင့်ရဲ့လားဆိုတာ ဆုံးဖြတ်လို့ရမှာပါNeo။
ဥပမာပြောရရင် –
အိမ်ရာချေးငွေအတွက် ဘဏ်ကနေ တစ်နှစ်အတိုးနှုန်း ၁၀% နဲ့ ချေးပေးပါလိမ့်မယ်shwedingar။ တစ်နှစ်အတိုး ၁၀% လို့ပြောထားပေမယ့် တကယ်တော့အတိုးကို နေ့တိုင်းတွက်ချက်ပြီး တစ်လချင်းစီ လတိုင်းပြန်လည်ပေးဆပ်ရတာ ဖြစ်ပါတယ်Neo။
၉ လ သက်တမ်းရှိတဲ့ စာရင်းသေအပ်ငွေစာရင်းက တစ်နှစ်အတိုးနှုန်း ၈.၀၀% ရှိတယ်ဆိုပါစို့shwedingar။ ဒါဆိုရင် အတိုးကို နှစ်တွက် (နှစ်တိုး) နဲ့ တွက်ပေးမှာဖြစ်ပြီး ၉ လပြည့်ပြီးမှ အတိုးကို ထည့်ပေးတာ ဖြစ်ပါတယ်Neo။
ရိုးရိုးအတိုးနှင့် တိုးရင်းပေါင်းအတိုး
နောက်ထပ်သိထားသင့်တဲ့ အချက်တစ်ချက်ကတော့ အတိုးတွေကို ရိုးရိုးအတိုးနဲ့တွက်တာလား၊ တိုးရင်းပေါင်းနည်းနဲ့ တွက်တာလားဆိုတာပါပဲNeo။
တိုးရင်းပေါင်းဆိုတာ အတိုးအပေါ် အတိုးဆင့်ပြီး အတိုးပေးခြင်းဖြစ်ပါတယ်shwedingar။ ဥပမာ – နေ့တိုင်း ရက်တွက် (နေ့တိုး) နဲ့ တွက်တဲ့ ချေးငွေယူထားတယ်ဆိုရင် ကိုယ်ယူခဲ့ငွေပမာဏအပေါ်မှာပဲ အတိုးကို တွက်ချက်တာမဟုတ်ပဲနဲ့ ပြီးခဲ့တဲ့ရက်တွေက တပ်ထားတဲ့အတိုးပေါ်မှာလည်း အတိုးကိုထပ်ဆင့်ပြီးတွက်သွားတာမျိုးပါNeo။
ရိုးရိုးအတိုးတွက်နည်းနဲ့ တွက်မယ်ဆိုရင်တော့ အတိုးအပေါ် အတိုးပေးစရာ မလိုပါဘူးshwedingar။ ငွေရင်းပမာဏအပေါ်မှာပဲ အတိုးတွက်တာပါNeo။
ရိုးရိုးအတိုးနဲ့ တိုးရင်းပေါင်းအတိုး ဘာတွေကွာလဲဆိုတာကို ဒီမှာ လေ့လာပါ။
အတိုးဘယ်လောက်ရမလဲ၊ အတိုးဘယ်လောက်ပေးရမလဲဆိုတာ အကြမ်းဖျင်းသိအောင် ရိုးရိုးအတိုးနဲ့ တိုးရင်းပေါင်းအတိုးတွက်စက်ကို အသုံးပြုပြီး ခန့်မှန်းနိုင်ပါတယ်Neo။
ပုံသေပုတ်ပြတ်တွက်နည်းနဲ့ လက်ကျန်ဖြန့်ကျက်တွက်နည်း
ပုံသေပုတ်ပြတ်တွက်နည်းကို Flat method လို့ ခေါ်ပြီး လက်ကျန်ဖြန့်ကျက်တွက်နည်းကို Amortization method လို့ခေါ်ပါတယ်shwedingar။ ဒီအတိုးတွက်နည်းကို ဘဏ်တွေရဲ့ မော်တော်ယာဉ်ချေးငွေနဲ့ အငှားဝယ်ယူစနစ်တွေအတွက် အတိုးတွက်တဲ့အခါ အသုံးပြုလေ့ရှိပါတယ်Neo။
အတိုးတွက်နည်း အသေးစိတ်ကို ဒီမှာလေ့လာပါ။world
အတိုးက ငွေချေးငှားခြင်းအတွက်ရော ငွေစုဆောင်းခြင်းအတွက်ပါ အရေးပါ ပါတယ်shwedingar။ အတိုးနှုန်း ဘယ်လောက်လဲ၊ ဘယ်လိုတွက်လဲ ဆိုတာတွေကို ကောင်းကောင်းနားမလည်ပဲ ချေးမယ်ဆိုရင် ထင်ထားတာထက် အများကြီး ပိုကျနိုင်ပါတယ်။ ငွေစုဆောင်းတဲ့အခါလည်း မှန်းထားသလောက် မရတာမျိုးဖြစ်တတ်ပါတယ်shwedingar။ ဒါကြောင့် အတိုးနှုန်းဆိုတာကို ကောင်းကောင်း နားလည်ထားတာ အကောင်းဆုံးပါNeo။
ငွေစုစာရင်းတွေရဲ့ အတိုးနှုန်းကိုလည်း ဒီမှာနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။world
ရွှေဒင်္ဂါးအကယ်ဒမီရဲ့ အတိုးတွက်ချက်ခြင်း သင်တန်းရဲ့ သင်ခန်းစာ ကြည့်ရန်နှိပ်ပါNeo။
ဆောင်းပါးများ စုစည်းမှု –
အတိုး ဘဏ်အတိုး အတိုးတွက်နည်း ချေးငွေအတိုး စုငွေအတိုး ဘဏ်စာရင်းအတိုး အပ်ငွေအတိုး MFIအတိုး ဘဏ်တိုး အတိုးနှုန်းများ ဘဏ်အတိုးနှုန်းများ အတိုး အတိုးဆိုတာဘာလဲ တိုးငွေ ဘဏ်တိုးတွက်နည်း ဘဏ်တိုးတွက်နည်း ဘဏ်အတိုးတွက်နည်း အတိုးတွက်ချက်နည်း ဘဏ်အတိုးတွက်ချက်နည်း အတိုးယူပုံ ဘဏ်အတိုးများတွက်ချက်ခြင်း ဘဏ်အတိုးတွက်နည်း အတိုးနှုန်းတွက်နည်း အတိုးအကြောင်း အတိုးနူန်း အတိုးနုန်း အတိုးနှုံး အတိုးနုံး အတိုးတွက်ရန် အတိုး ဘဏ်အတိုး အတိုးတွက်နည်း ချေးငွေအတိုး စုငွေအတိုး ဘဏ်စာရင်းအတိုး အပ်ငွေအတိုး MFIအတိုး ဘဏ်တိုး အတိုးနှုန်းများ ဘဏ်အတိုးနှုန်းများ အတိုး အတိုးဆိုတာဘာလဲ တိုးငွေ ဘဏ်တိုးတွက်နည်း ဘဏ်တိုးတွက်နည်း ဘဏ်အတိုးတွက်နည်း အတိုးတွက်ချက်နည်း ဘဏ်အတိုးတွက်ချက်နည်း အတိုးယူပုံ ဘဏ်အတိုးများတွက်ချက်ခြင်း ဘဏ်အတိုးတွက်နည်း အတိုးနှုန်းတွက်နည်း အတိုးအကြောင်း အတိုးနူန်း အတိုးနုန်း အတိုးနှုံး အတိုးနုံး အတိုးတွက်ရန် interest loan savings interest calculation