စာရင်းသေအပ်ငွေစာရင်း ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

စာရင်းသေအပ်ငွေစာရင်းဆိုတာ ဘာလဲ။

စာရင်းသေအပ်ငွေစာရင်းဆိုတာ ငွေတွေကို ကာလအပိုင်းအခြားတစ်ခု သတ်မှတ်ပြီး အပ်ထားရတဲ့ ဘဏ်စာရင်း ဖြစ်ပါတယ်dingar။ အခြားဘဏ်စာရင်းတွေထက် အတိုးနှုန်းပိုများပါတယ်dingar။ ဒါပေမယ့် အချိန်ကာလတစ်ခုအထိ ငွေထုတ်ခြင်း မပြုလုပ်မှသာ အတိုးရမှာပါdingarကန့်သတ်ချက်တော့ များပါတယ်dingar။ ဒါကြောင့် ငွေပမာဏတစ်ခုကို အချိန်ကာလတစ်ခုအထိ အသုံးမပြုပဲ စုဆောင်းထားဖို့ ကတိပြုနိုင်မှသာ စာရင်းသေအပ်ငွေစာရင်းကို အသုံးပြုသင့်ပါတယ်Trinity

သင့်တော်တဲ့ စာရင်းသေအပ်ငွေစာရင်းကို ဘယ်လိုရွေးချယ်မလဲ။

စာရင်းသေအပ်ငွေစာရင်းကို ရွေးချယ်တော့မယ်ဆိုရင် စာရင်းရဲ့ ကာလနဲ့ အတိုးနှုန်းကို အဓိကထား ကြည့်ရပါမယ်dingar။ ဘယ်ဘဏ်မှာ ဖွင့်မယ်ဆိုတာ ဆုံးဖြတ်ချက်မချခင်မှာ စဉ်းစားချင့်ချိန်ရမယ့် အချက်တွေလည်း အများကြီးရှိပါတယ်Trinity

စာရင်းသေအပ်ငွေစာရင်းကို ရွေးချယ်တဲ့အခါ –

သက်တမ်းကာလ

စာရင်းသေအပ်ငွေစာရင်းအတွက် ငွေအပ်တဲ့အခါ သက်တမ်းကာလကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်dingar။ ပုံမှန်အားဖြင့် ၁ လ၊ ၃ လ၊ ၆ လ၊ ၉ လနဲ့ ၁ နှစ်ဆိုပြီး ရွေးချယ်ပေးရပါတယ်dingar။ ဒါကတော့ ဘဏ်မှာ ငွေအပ်ပြီး လုံးဝပြန်မထုတ်ဖို့အတွက် ကတိပြုထားတဲ့ သက်တမ်းကာလပါ။  

ငွေကို လုံးဝပြန်မထုတ်ဖို့အတွက် ကတိပြုနိုင်တဲ့ သက်တမ်းကိုသာ ရွေးချယ်သင့်ပါတယ်dingar။ ကတိပြုထားတဲ့ သက်တမ်းမပြည့်ခင် ငွေထုတ်ယူခဲ့တယ်ဆိုရင် ဘဏ်က အတိုးပေးမှာ မဟုတ်ပါဘူး။

တကယ်လို့ သက်တမ်းမပြည့်မီ ငွေထုတ်ခြင်းအတွက် အတိုးပေးခဲ့တယ်ဆိုရင်တောင်မှ အမှန်တကယ်ရရှိရမယ့် အတိုး အပြည့် ရရှိမှာမဟုတ်ပါဘူးdingar။ များသောအားဖြင့် ပိုနည်းတဲ့အတိုးနှုန်းနဲ့ပဲ ပေးပါလိမ့်မယ်dingar။ သက်တမ်းမပြည့်မီငွေထုတ်ခြင်းအတွက် သတ်မှတ်ချက်တွေက ဘဏ်တစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါတယ်။

စာရင်းသေအပ်ငွေစာရင်းဖွင့်တဲ့အခါ ဘယ်အချိန်လောက်ထိ ငွေမထုတ်ပဲ နေနိုင်မယ်ဆိုတာ မသေချာဘူးဆိုရင် အပ်မယ့်ငွေတွေကို ခွဲလိုက်ပြီးတော့ မတူညီတဲ့သက်တမ်းတွေနဲ့ အပ်နိုင်ပါတယ်dingar။ နောက်တစ်နည်းကတော့ ငွေတွေကိုမခွဲပဲ ပိုတိုတဲ့သက်တမ်းနဲ့ အပ်ပြီး သက်တမ်းပြည့်မှ သက်တမ်းပြန်တိုးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်dingarစာရင်းသေအပ်ငွေစာရင်းမှ အကျိုးအများဆုံးရရှိစေနိုင်မယ့် နည်းလေးတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

အတိုးနှုန်း

သက်တမ်းနဲ့ ဘဏ်တွေအပေါ်မူတည်ပြီး အတိုးနှုန်းကွာခြားနိုင်ပါတယ်dingar။ ယေဘုယျအားဖြင့်တော့ သက်တမ်းကြာကြာအပ်လေ အတိုးနှုန်းပိုများလေပါပဲdingarစာရင်းသေအပ်ငွေစာရင်းအတွက် အတိုးဘယ်လောက်ရမလဲဆိုတာကို သိချင်ရင် စာရင်းသေအပ်ငွေအတိုးတွက်စက် ကိုသုံးပြီး တွက်ကြည့်နိုင်ပါတယ်Trinity

အတိုးတွက်ချက်ခြင်း

စာရင်းသေအပ်ငွေစာရင်းအတွက် အတိုးတွက်ချက်တဲ့အခါ လိုအပ်တာတွေက 

  • ငွေရင်း – အပ်ထားသော ငွေပမာဏ။
  • နှစ်စဉ်အတိုးနှုန်း – ဘဏ်မှ သတ်မှတ်ထားသော တစ်နှစ်အတွက် အတိုးနှုန်း။
  • သက်တမ်းကာလ – စာရင်းသေအပ်ထားရမည့် ကာလ (ပုံမှန်အားဖြင့် လအရေအတွက်ဖြင့် ဖော်ပြလေ့ရှိသည်)။

၁ နှစ်သက်တမ်းအတွက် အတိုးတွက်ချက်နည်းက ရိုးရှင်းပါတယ်။

အတိုး = ငွေရင်း x နှစ်စဉ်အတိုးနှုန်း x ၁ နှစ်

အတိုးနှုန်းကို တစ်နှစ်အတွက်အတိုးနှုန်းအနေနဲ့ ဖော်ပြထားပြီးတော့ သက်တမ်းက ၁ နှစ်ဖြစ်တဲ့အတွက် အတိုးနှုန်းနဲ့ သက်တမ်းကာလက တူပါတယ်။

ဘဏ်တွေက အတိုးနှုန်းကို တစ်နှစ်အတိုးနှုန်း (ဥပမာ – တစ်နှစ်လျှင် ၇%) အဖြစ် ဖော်ပြလေ့ရှိတဲ့အတွက် ကိုယ့်ရဲ့စာရင်းသေအပ်ငွေစာရင်းက ၁ နှစ်သက်တမ်းမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့သက်တမ်းနဲ့ အတိုးနှုန်းကို ပြန်ညှိဖို့လိုပါတယ်။

၁ နှစ်သက်တမ်းမဟုတ်တဲ့ စာရင်းသေအပ်ငွေစာရင်းတွေအတွက် အောက်ကတွက်နည်းကို သုံးနိုင်ပါတယ်။

အတိုး = ငွေရင်း x နေ့စဉ်အတိုးနှုန်း x သက်တမ်း (ရက်ဖြင့်)

ဒီနည်းနဲ့တွက်ချက်ဖို့အတွက် နေ့စဉ်အတိုးနှုန်းကိုလိုချင်ရင် နှစ်စဉ်အတိုးနှုန်းကို ၃၆၅ နဲ့ စားပါdingar။ ပြီးရင် သက်တမ်းကာလအတွက် ရက်နဲ့ လိုချင်ရင် လအရေအတွက်ကို ၃၀ နဲ့မြှောက်ပါ။  

အတိုး = ငွေရင်း x (နှစ်စဉ်အတိုးနှုန်း ÷ ၃၆၅) x (လအရေအတွက် x ၃၀)

မှတ်ချက်။  ။

  • ဘဏ်တွေက များသောအားဖြင့် တစ်လကို ရက် ၃၀ နဲ့ တွက်လေ့ရှိပါတယ်dingar။ ဒါကြောင့် ၁ လသက်တမ်းရှိတဲ့ စာရင်းသေအပ်ငွေစာရင်းက ရက် ၃၀ စာအတိုးပေးပါလိမ့်မယ်dingar။ ၉ လ အပ်ငွေက ၃၀ x ၉ = ၂၇၀ ရက်စာ အတိုးပေးပါလိမ့်မယ်။
  • ဘဏ်အများစုက တစ်နှစ်ကို ၃၆၅ ရက်နဲ့ တွက်ပါတယ်dingar။ ဒါကြောင့် အတိုးနှုန်းတွက်တဲ့အခါ ဘဏ်တွေက ဖော်ပြထားတဲ့ နှစ်စဉ်အတိုးနှုန်းကို ၃၆၅ နဲ့ စားပြီးတွက်ရတာပါ။

အောက်မှာ ဥပမာအချို့ကို ဖော်ပြပေးထားပါတယ်Trinity

ငွေရင်း (ကျပ်) ၁၀၀,၀၀၀ ကျပ် ၁၀၀,၀၀၀ ကျပ် ၁၀၀,၀၀၀ ကျပ် ၁၀၀,၀၀၀ ကျပ် ၁၀၀,၀၀၀ ကျပ်
သက်တမ်း (လဖြင့်) ၁၂ လ ၉ လ ၆ လ ၃ လ ၁ လ
တစ်နှစ်လျှင် အတိုးနှုန်း ၈.၅% ၈.၀% ၇.၅% ၇.၀% ၆.၅%
သက်တမ်း (ရက်ဖြင့်) ၃၆၅ ရက် ၂၇၀ ရက် ၁၈၀ ရက် ၉၀ ရက် ၃၀ ရက်
တစ်ရက်လျှင် အတိုးနှုန်း* ၀.၀၂၃၂၉% ၀.၀၂၁၉၂% ၀.၀၂၀၅၅% ၀.၀၁၉၁၈% ၀.၀၁၇၈၁%
အတိုးပမာဏ (ကျပ်) ၈,၅၀၀ ၅,၉၁၈ ၃,၆၉၉ ၁,၇၂၆ ၅၃၄

*ဖော်ပြရာတွင် အဆင်ပြေစေရန် အနီးစပ်ဆုံး ဒသမကိန်းအထိသာ ယူထားသည်Trinity

အနည်းဆုံးအပ်ငွေ

ဘဏ်အပေါ်မူတည်ပြီး အနည်းဆုံးအပ်ငွေပမာဏ အမျိုးမျိုးကွဲပြားနိုင်ပါတယ်Trinity

သက်တမ်းမစေ့ခင် ငွေထုတ်ခြင်း

ဘဏ်တော်တော်များများကတော့ သတ်မှတ်ရက်မတိုင်ခင် ငွေထုတ်ခဲ့မယ်ဆိုရင် အတိုးမပေးပါဘူးdingar။ ဒါပေမယ့် တစ်ချို့ဘဏ်တွေက အနီးစပ်ဆုံးကာလရဲ့ အတိုး ဒါမှမဟုတ် ငွေစုဘဏ်အပ်ငွေစာရင်း အတိုးနှုန်းအတိုင်းသာ ပေးတတ်ပါတယ်Trinity

စာရင်းသေဖွင့်ရန် ဘဏ်ကို ရွေးချယ်ခြင်း

  • ဝန်ဆောင်မှုရယူဖူးသော ဘဏ်ဟုတ်မဟုတ် – တခြားစာရင်းအမျိုးအစားဖွင့်ဖူးတဲ့၊ ဝန်ဆောင်မှုရယူဖူးတဲ့ ဘဏ်ဆိုရင် စာရင်းသေအပ်ငွေစာရင်းဖွင့်ဖို့ ပိုမိုလွယ်ကူပါတယ်dingar။ တခြားဘဏ်အသစ်မှာ ဖွင့်မယ်ဆိုရင်တော့ ကိုယ်နဲ့ အနီးဆုံးမှာ ဘဏ်ခွဲရှိမရှိ ပြန်ကြည့်ဖို့လိုပါမယ်dingar။ စာရင်းဖွင့်တဲ့အခါ အပ်ချင်တဲ့ငွေပမာဏကို တစ်ခါတည်း ယူသွားဖို့ လိုပါမယ်။
  • ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု – တစ်ချို့ဘဏ်တွေက စာရင်းသေအပ်ငွေစာရင်းကို ဖွင့်ဖို့ပဲဖြစ်ဖြစ်၊ ငွေထုတ်ဖို့ပဲဖြစ်ဖြစ် ဘဏ်ခွဲကိုသွားဖို့ လိုပေမယ့် တစ်ချို့ဘဏ်က မိုဘိုင်းဘဏ်ဝန်ဆောင်မှု နဲ့ အင်တာနက်ဘဏ်ဝန်ဆောင်မှုတွေ ကနေတစ်ဆင့် စာရင်းဖွင့်ခြင်း၊ စီမံခန့်ခွဲခြင်းတွေအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားပါတယ်။
  • သက်တမ်းနှင့်ပတ်သက်ပြီးလုပ်ဆောင်ချက်များ – တစ်ချို့ဘဏ်တွေက စာရင်းသက်တမ်းစေ့သွားတဲ့အခါ စာရင်းထဲက ငွေတွေကို သက်တမ်းတူ အခြားစာရင်းသေအပ်ငွေစာရင်းအသစ်အဖြစ် အလိုအလျောက် သက်တမ်းတိုးပေးခြင်း၊ ချိတ်ဆက်ထားသော ငွေစုဘဏ်အပ်ငွေစာရင်းထဲသို့ အလိုအလျောက် လွှဲပြောင်းပေးခြင်း စသည့် ရွေးချယ်မှုများပေးထားတတ်ပါတယ်dingar။ ဒါပေမယ့် ဘာရွေးချယ်မှုမှမရှိတဲ့ ဘဏ်တွေလည်း ရှိတတ်ပါတယ်။
  • ဝန်ဆောင်မှု – ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တယ်ထင်တဲ့ ဘဏ်ကို ရွေးချယ်ဖွင့်ပါdingar။ ဝန်ဆောင်မှုကောင်း မကောင်းကို call-centre များကိုသော်လည်းကောင်း၊ ဘဏ်ခွဲကိုသွားရောက်၍သော်လည်းကောင်း ကိုယ်တိုင် စစ်ဆေးသိရှိနိုင်ပါတယ်။

လိုအပ်ချက်များ

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။
  • နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ပါရှိရပါမယ်။

စာရင်းသေအပ်ငွေစာရင်းဟာ စာရင်းဖွင့်ချိန်ငွေပမာဏအတိအကျနဲ့ တစ်ကြိမ်သာ ငွေသွင်းလို့ရတာဖြစ်ပြီး အခြားဘဏ်စာရင်းလိုမျိုးငွေထပ်ဖြည့်လို့မရပါdingar။ နောက်ထပ် အပ်ချင်တဲ့ငွေပမာဏရှိရင် နောက်ထပ်ကာလအသစ်နဲ့ စာရင်းအသစ်ထပ်ဖွင့်ရပါတယ်။yes


ဘယ်ဘဏ်စာရင်းက ကိုယ်နဲ့အသင့်တော်ဆုံးလဲဆိုတာကို သေချာမသိသေးဘူးဆိုရင် ဘဏ်စာရင်းအမျိုးမျိုးရဲ့ ကွာခြားချက်ကို ဒီမှာ လေ့လာပါ။

စာရင်းသေအပ်ငွေစာရင်းများကို နှိုင်းယှဉ်ကြည့်လိုက်ပါ။

စာရင်းသေအပ်ငွေစာရင်းဖွင့်တဲ့အခါ အကျိုးများအောင်လုပ်ဆောင်နည်း ကို ဒီမှာ လေ့လာပါTrinity

ဘဏ်စာရင်းအမျိုးအစားများ ဘဏ်မှာငွေစုရန် ဘဏ်အပ်ငွေ ဘဏ်စာရင်း စာရင်းသေအပ်ရန် စာရင်းသေ ဘဏ်အကောင့် အကောင့် အချိန်ပိုင်း အချိန်ပိုင်းအပ်ငွေ အချိန်ပိုင်းအပ်ငွေစာရင်း ဘဏ်စရင်း ဘဏ်အတိုးတွက်နည်း ဘဏ်အတိုး ဘဏ်အတိုးနှုန်း စာရင်းသေအပ်ငွေစာရင်းအတိုးနှုန်း ဘဏ်စာရင်းသေ ဘဏ်စရင်းသေ စရင်းသေ စရင်းသေစရင်း စရင်းသေစာရင်း စာရင်းသေအပ်ငွေ စာရင်းသေအပ်ငွေအတိုး စာရင်းသေအပ်ငွေစာရင်း စုငွေ အပ်ငွေ ဘဏ်မှာငွေစုရန် ဘဏ်စာရင်းအမျိုးအစားများ ဘဏ်အကောင့် အချိန်ပိုင်းအပ်ငွေစာရင်း ဘဏ်စရင်း ဘဏ်အတိုးတွက်နည်း ဘဏ်အတိုး ဘဏ်အတိုးနှုန်း စာရင်းသေအပ်ငွေစာရင်းအတိုးနှုန်း ဘဏ်စာရင်းသေ ဘဏ်စရင်းသေ စရင်းသေ စရင်းသေစရင်း စရင်းသေစာရင်း စာရင်းသေအပ်ငွေ စာရင်းသေအပ်ငွေအတိုး fixed deposit account saving at bank bank accounts time deposit bank interest way to calculate bank interest fixed deposit interest rate fix deposit pre termination time deposit pre termination

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။