ATM စက် နဲ့ ATM ကတ် ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ATM စက် ဆိုတာ ဘာလဲ။

ATM ဆိုတာ Automated Teller Machine ရဲ့ အတိုကောက်ဖြစ်ပြီး အလိုအလျောက်ငွေထုတ်စက် အဖြစ် လူသိများပါတယ်shwe။ ဘဏ်ခွဲတစ်ခုခုက ကောင်တာကို သွားစရာမလိုပဲ ငွေလွှဲငွေလက်ခံနဲ့ ငွေသားထုတ်ယူနိုင်တဲ့ စက်ကလေးတွေပဲဖြစ်ပါတယ်shwe။ အများဆုံးအသုံးပြုတဲ့ပုံစံကတော့ ကိုယ့်ရဲ့စာရင်းထဲမှာရှိတဲ့ ငွေကို ထုတ်ယူတာပဲဖြစ်ပါတယ်Cypher

ATM စက်တွေကို ဘဏ်ခွဲတွေရဲ့ အပြင်ဘက်တွေ၊ စတိုးဆိုင်တွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ လူသွားလူလာများတဲ့ တခြားအဆင်ပြေချောမွေ့တဲ့နေရာတွေမှာ တွေ့နိုင်ပါတယ်shwe။ မတူညီတဲ့ ဘဏ်တွေမှာ မတူညီတဲ့ ATM စက်တွေရှိပါတယ်shwe။ ATM စက်မရှိတဲ့ ဘဏ်တစ်ချို့လည်း ရှိပါတယ်Cypher

ATM ဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် ဘဏ်ကနေ ထုတ်ပေးထားတဲ့ ပလက်စတစ် ATM ကတ်လေးတွေ လိုအပ်ပါတယ်shweကတ်မဲ့ ငွေထုတ်ဝန်ဆောင်မှု (Cardless Withdraw) ကတော့ ကတ်မလိုအပ်ပဲ ငွေထုတ်ယူနိုင်တဲ့အတွက် သူကတော့ ချွင်းချက်ပါCypher

မတူတဲ့ဘဏ်တစ်ခုက ထုတ်ပေးထားတဲ့ ATM ကတ်နဲ့ တခြားဘဏ်တစ်ခုရဲ့ ATM စက်မှာ ငွေထုတ်မယ်ဆိုရင် ပုံမှန်အားဖြင့် ငွေထုတ်ဝန်ဆောင်ခအဖြစ် MPU က ၀.၅% နှုန်းနဲ့ ကောက်ခံပါတယ်Cypher

ATM ကတ် ဆိုတာ ဘာလဲ။

ATM ကတ်ဆိုတာ ATM ဝန်ဆောင်မှုကို အသုံးပြုနိုင်ဖို့အတွက် ဘဏ်က ထုတ်ပေးထားတဲ့ ပလက်စတစ်ကတ်ကလေးပဲဖြစ်ပါတယ်shwe။ အဲဒီကတ်ကလေးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ဘယ်ဘဏ်စာရင်းကို ချိတ်ဆက်ထားလဲဆိုတာကို သက်သေခံပေးတဲ့ ကဒ်ပြားလေးပဲဖြစ်ပါတယ်Cypher

ဘဏ်ကနေ ထုတ်ပေးလေ့ရှိတဲ့ ကတ်တွေ အမျိုးမျိုးရှိနိုင်ပါတယ် shwe။ ATM ကတ်၊ ကြိုတင်ငွေဖြည့်ကတ် (Pre-paid ကတ်)၊ မြီစားကတ် (Debit ကတ်) နဲ့ အကြွေးဝယ်ကတ် (Credit ကတ်) တို့ပဲဖြစ်ပါတယ်shweဒီကတ်တွေအကြောင်းကို ဒီမှာလေ့လာပါ။

ဒီကတ်တွေထဲက တစ်ချို့ကတ်တွေကို ATM စက်တွေမှာ သုံးလို့ မရပါဘူးshwe။ ကတ်တွေပေါ်မှာ ရိုက်နှိပ်ထားတဲ့ MPU, Visa, Mastercard, UnionPay, JCB စတဲ့ Logo တံဆိပ် တွေလည်း တွေ့ရတတ်ပါတယ်shweဒီလိုဂိုတံဆိပ်တွေနဲ့ပတ်သက်ပြီး ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်shwe။ ဘဏ်တစ်ခုကနေ ကတ်တစ်ခုခုရလာပြီဆိုရင် အဲဒီကတ်နဲ့ ဘာတွေလုပ်လို့ရတယ်၊ ဘာတွေလုပ်လို့မရဘူး ဆိုတာကို သေချာမေးမြန်းပါCypher

ATM ကတ်ရလာရင် PIN နံပါတ် လို့ခေါ်တဲ့ လျှို့ဝှက်နံပါတ်ထားရှိဖို့ လိုပါတယ်shwe။ လျို့ဝှက်နံပါတ်ကို ဂဏန်း ၄ လုံး ကနေ ၆ လုံးအထိ သတ်မှတ်ထားလေ့ရှိပါတယ်shwe။ ATM စက်မှ ဝန်ဆောင်မှုကို အသုံးပြုတိုင်း လျို့ဝှက်နံပါတ်လိုအပ်မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျို့ဝှက်နံပါတ်ကို သေချာ မှတ်သားထားဖို့ လိုပါတယ်shweပင်နံပါတ်အကြောင်း ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

လူတော်တော်များများဟာ မိမိသွားလေရာမှာ လိုအပ်ရင် ငွေသားထုတ်ယူနိုင်အောင် ATM ကတ်ကို ကိုယ်နဲ့တစ်ပါတည်း ဆောင်ယူသွားလေ့ရှိပါတယ်Cypher

ATM ကတ်ဆိုတာ ကိုယ့်ရဲ့ ဘဏ်စာရင်းနဲ့လည်း ချိတ်ဆက်ထားတဲ့အပြင် ပျောက်ရှပျက်စီးလို့ ဘဏ်မှာ ပြန်လျှောက်ထားရရင် အဲဒီအတွက် ဝန်ဆောင်ခနဲ့ ကတ်ဖိုး ပေးရပါတယ်shwe။ ဒါကြောင့် ကတ်ပျောက်ရှပျက်စီးမှုမရှိရလေအောင်လည်း ဂရုစိုက်ရပါမယ်။world


ATM စက်နဲ့ ATM ကတ်အကြောင်း သိပြီဆိုတော့ ATM ဝန်ဆောင်မှုတွေအကြောင်း ဆက်လက်လေ့လာလိုက်ပါဦး။world


ဆောင်းပါးများ စုစည်းမှု –

အေတီအမ်စက်များ – ATMs

အလိုအလျောက်ငွေထုတ်စက် အလိုအလျောက်ငွေထုတ်ကတ်ဆိုတာဘာလဲ ATM ကတ် အေတီအမ်ကတ် အေတီအမ်စက် အေတီအမ် Atm+အသုံးပြုပုံ အလိုအလျောက်ငွေထုတ်စက် အလိုအလျောက်ငွေထုတ်ကတ်ဆိုတာဘာလဲ ATM ကတ် အေတီအမ်ကတ် အေတီအမ်စက် Atm+အသုံးပြုပုံ what is ATM ATM card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။