ကတ်မဲ့ငွေထုတ်ခြင်း (Cardless Withdrawal)

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ကတ်မဲ့ငွေထုတ်ခြင်းဆိုတာ ATM စက်မှတစ်ဆင့် ဘဏ်ကတ်တစ်ခုခု အသုံးပြုစရာမလိုပဲ ငွေထုတ်ယူနိုင်သော ဝန်ဆောင်မှုမျိုးဖြစ်ပါတယ်Tank

လက်ရှိမှာ ကတ်မဲ့ငွေထုတ်ခြင်း ဝန်ဆောင်မှုပေးထားတဲ့ ဘဏ်တွေကတော့ AYA ဘဏ်၊ CB ဘဏ်၊ KBZ ဘဏ် နဲ့ MAB ဘဏ် တို့ပဲရှိပါသေးတယ်dingar။ တခြားဘဏ်တွေလည်း နောက်များမကြာမီမှာ ကတ်မဲ့ဝန်ဆောင်မှုအမျိုးအစားများ ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်Tank

အားသာချက်များ

  • ဘဏ်ကတ် (ATM card) ကို ကိုယ်နဲ့ တစ်ပါတည်း ယူဆောင်သွားစရာမလိုတဲ့အတွက် ကျပျောက်၊ ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ပါတယ်။
  • ကိုယ့်မှာမရှိတဲ့ဘဏ်ရဲ့ ဘဏ်အကောင့်တစ်ခုခုကနေ ငွေလွှဲလက်ခံထုတ်ယူနိုင်တဲ့အတွက်လည်း အဆင်ပြေစေပါတယ်။
  • မိုဘိုင်းဘဏ်ဝန်ဆောင်မှု အပ်ပလီကေးရှင်းသာရှိပြီး ဘဏ်ကတ်မရှိတဲ့လူတွေအတွက်လည်း ငွေထုတ်နိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။
  • လွှဲပို့သူရော လက်ခံသူပါ ဘဏ်သွားစရာမလိုတဲ့အတွက် အချိန်ကုန်၊ ငွေကုန်ခြင်းမှ သက်သာစေပါတယ်။
  • ဘဏ်ကတ် (ATM card) အိမ်မှာ မေ့ကျန်ခဲ့ရင်ပဲဖြစ်ဖြစ်၊ ကတ်မရှိသေးတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကတ်မပါပဲ ငွေထုတ်ယူနိုင်ပါတယ်။

အားနည်းချက်များ

  • ဒီဝန်ဆောင်မှုအတွက် တစ်ချို့ဘဏ်တွေက အခမဲ့ သတ်မှတ်ပေမယ့် တစ်ချို့ဘဏ်ကတော့ ဝန်ဆောင်ခပေးရပါတယ်။
  • ၂၄ နာရီအတွင်း ကတ်မဲ့နဲ့လွှဲထားတဲ့ ငွေကို မထုတ်ရင် မူလလွှဲလိုက်တဲ့ ဘဏ်အကောင့်ထဲကို အလိုအလျောက် ပြန်ရောက်သွားမှာဖြစ်ပါတယ်။
  • ဖုန်းထဲကို ယာယီအကောင့်နံပါတ်တွေ၊ လျို့ဝှက်ကုတ်နံပါတ်တွေကို ပို့ပေးတာဖြစ်တဲ့အတွက် လုံခြုံမှုအားဖြင့် အနည်းငယ် အားနည်းနိုင်ပါတယ်။

လုပ်ဆောင်ချက်များ

ကတ်မဲ့ငွေထုတ်ခြင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်လေးတွေကို သိတဲ့လူတွေ၊ သုံးဖူးတဲ့လူတွေရှိသလို မသုံးဖူးသေးတဲ့သူတွေ၊ ကောင်းကောင်းမသိတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်dingar။ ဒါကြောင့် ကတ်မဲ့ငွေထုတ်ခြင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်လေးတွေကို သေချာသိရအောင် အသေးစိတ်ရှင်းလင်း ဖော်ပြပေးလိုက်ပါတယ်Tank

ပို့သူ

  • ပို့သူဘက်မှာ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှု အပ်ပလီကေးရှင်း (Mobile banking) ရှိထားဖို့ လိုပါမယ်။
  • Mobile banking ထဲဝင်ပြီးရင် Cardless withdrawal ဆိုတဲ့ လုပ်ဆောင်ချက်ကို ရွေးချယ်ပြီး လွှဲပို့ချင်တဲ့ ပမာဏကို ထည့်ရပါမယ်။
  • ပြီးရင် လက်ခံမယ့်လူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ပေးရပါမယ်dingar။ အဲဒီဖုန်းနံပါတ်ကို လျှို့ဝှက်နံပါတ် (၄) လုံး ပို့ပေးပါလိမ့်မယ်။
  • လွှဲပို့သူထံကို ယာယီအကောင့်နံပါတ် (၆) လုံး ရောက်လာပါလိမ့်မယ်dingar။ ထုတ်ယူမယ့် သူက အဲဒီ ယာယီ အကောင့်နံပါတ် (၆) လုံးကို ATM စက်မှာ ရိုက်ထည့်ပြီးမှ ငွေထုတ်ယူရမှာ ဖြစ်တဲ့အတွက် အဲဒီနံပါတ်တွေကို ထုတ်ယူမယ့်သူထံသို့ ပို့ပေးဖို့လိုအပ်ပါတယ်။
  • Cardless withdrawal အတွက် လွှဲပြောင်းခြင်းတစ်ကြောင်းကို ဝန်ဆောင်ခ ၂၀၀ ကျပ် သတ်မှတ်ထားလေ့ရှိပါတယ်dingar။ (အတိအကျသိရှိရန် မိမိဘဏ်နှင့် ဆက်သွယ်မေးမြန်းပါ။)

လက်ခံသူ

  • ငွေထုတ်မယ့်သူက ဘဏ်တူ ATM စက်ကို သွားရောက်ရပါမယ်။
  • ATM စက်မှာ (များသောအားဖြင့် ညာဘက်အောက်ဘက်ထောင့်မှာရှိတဲ့) Cardless withdrawal ဆိုတာကို နှိပ်ရပါမယ်။
  • ပြီးရင် ယာယီအကောင့်နံပါတ်ကို ဖြည့်သွင်းရပါမယ်dingar။ (လွှဲပို့သူက ပို့လာပေးတဲ့ ဂဏန်း (၆) လုံး)
  • လျှို့ဝှက်နံပါတ် (၄) လုံးကို ရိုက်သွင်းရပါမယ်dingar။ (ဘဏ်က လက်ခံသူကို ပို့ပေးတဲ့ ဂဏန်း (၄) လုံး)
  • ငွေထုတ်ယူလို့ရပါပြီ။

ATM စက်နဲ့ ATM ကတ်တွေအကြောင်း ဆက်လက်လေ့လာနိုင်ပါတယ်Tank

ဒါမှမဟုတ် ငွေလွှဲခြင်းအကြောင်း လေ့လာချင်တာဆိုရင်တော့ ဒီမှာဖတ်ရှုလေ့လာနိုင်ပါတယ်world


ဆောင်းပါးများ စုစည်းမှု –

အေတီအမ်စက်များ – ATMs

ကဒ်မဲ့ငွေထုတ်ခြင်း ကတ်မပါပဲငွေထုတ်ခြင်း ကဒ်မပါပဲငွေထုတ်ခြင်း ကတ်မဲ့ငွေထုပ်နည်း ကဒ်မဲ့ငွေထုပ်နည်း ကတ်မဲ့ငွေထုပ်ခြင်း ကဒ်မဲ့ငွေထုပ်ခြင်း ကတ်မဲ့ငွေထုတ်ခြင်း ကဒ်မဲ့ငွေထုတ်ခြင်းဆိုတာဘာလဲ ကတ်မဲ့ငွေထုပ်နည်း ကဒ်မဲ့ငွေထုပ်နည်း ကတ်မဲ့ငွေထုပ်ခြင်း ကဒ်မဲ့ငွေထုပ်ခြင်း what is cardless withdrawal

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။