ဘဏ်စာရင်းဖွင့်မယ်ဆိုရင် ဘာတွေလိုမလဲ။

ဆောင်းပါးကို ဝေမျှရန်

သိချင်တဲ့အချက်အလက်တွေကို ရှာဖွေပြီး ဘယ်ဘဏ်မှာ ဘယ်စာရင်းအမျိုးအစားက ကိုယ်နဲ့အသင့်တော်ဆုံးလဲဆိုတာ သိရှိပြီးတဲ့နောက် စာရင်းဖွင့်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရှာဖွေ စုဆောင်းရပါမယ်Cypher

ဘဏ်တစ်ခုနဲ့တစ်ခု လိုအပ်ချက်တွေက မတူပေမယ့် တော်တော်များများကတော့ –

  • လူကိုယ်တိုင်သွားရောက်လျှောက်ထားခြင်း
  • မှတ်ပုံတင်မူရင်း
  • ကနဦးထည့်ဝင်ငွေ (များသောအားဖြင့် ၁,၀၀၀ ကျပ်) စတာတွေ လိုအပ်ပါတယ်။

တစ်ချို့ဘဏ်တွေက ငွေစုစာအုပ်ချက်ချင်းထုတ်ပေးတဲ့အပြင် ATM ကတ်ပါ တစ်ခါတည်း ထုတ်ပေးတတ်ပါတယ်Cypher

တစ်ချို့ဘဏ်ကျတော့လည်း ကိုယ်ရေးအချက်အလက်တွေကို စီစစ်တာတွေလုပ်ဆောင်ဖို့အတွက် ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အထိ စောင့်ဆိုင်းရတာမျိုးတွေလည်း ရှိပါတယ်Cypher

ဘဏ်တွေမှာ စာရင်းဖွင့်တဲ့အခါ မေးခွန်းတွေကို စေ့စေ့စပ်စပ်နဲ့ သေသေချာချာ မေးသင့်တာတွေက –

  • ငွေသွင်း၊ ငွေထုတ် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲ။
  • ကန့်သတ်ချက်တွေ၊ ဝန်ဆောင်ခတွေက ဘယ်လိုတွေရှိလဲ။
  • ဘယ်ဘဏ်ရဲ့ ATM စက်တွေမှာ ငွေထုတ်နိုင်လဲ။
  • မိုဘိုင်းဝန်ဆောင်မှု၊ အွန်လိုင်းဝန်ဆောင်မှုတွေ ဘယ်လိုလုပ်ရလဲဆိုတာကို ပြပေးနိုင်မလား စသည်ဖြင့် မေးမြန်းတတ်ပါစေ။

ဘဏ်စာရင်းဖွင့်တဲ့အခါ ဒီမေးခွန်းတွေကို မေးဖို့အရေးကြီးသလိုပဲ စာရင်းဖွင့်မယ့်ဘဏ် ရွေးချယ်မှုမမှားဖို့လည်း လိုပါတယ်financeဘဏ်စာရင်းဖွင့်မယ့် ဘဏ်ကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်Cypher

ဘဏ်စာရင်း အမျိုးမျိုးနှိုင်းယှဉ်မှုမှာလည်း ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့် ဘဏ်စာရင်းကို နှိုင်းယှဉ်ရွေးချယ်နိုင်ပါတယ်Cypher

ဘဏ်စာရင်းဖွင့်ဖို့ဘာလိုလဲ လိုအပ်ချက် ဘဏ်စာရင်းဖွင့်တဲအခါ လိုအပ်တာတွေ ဘဏ်အကောင့် အကောင့် ဘဏ်စာရင်းဖွင့်တဲ့အခါလိုအပ်ချက်များ ဘဏ်အကောင့် requirements to open an account

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။