စုဆောင်းငွေအတွက် ရည်မှန်းချက်ပန်းတိုင် ဘယ်လိုသတ်မှတ်မလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ရည်မှန်းချက်ထား စုဆောင်းတဲ့သူတွေက ရည်မှန်းချက် ရေရေရာရာမရှိပဲ စုဆောင်းသူတွေထက် ပိုပြီး မြန်မြန် စုဆောင်းနိုင်တတ်ကြပါတယ်Neo

ရည်မှန်းချက်မရှိပဲ စုဆောင်းနေတာဆိုရင် စုဆောင်းငွေက ပမာဏတစ်ခုရောက်လာတဲ့အခါ ရည်မှန်းချက်မရှိတဲ့အတွက် ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲ မလိုအပ်တဲ့အရာတွေအတွက် အသုံးပြုမိတတ်ပါတယ်Neo

ရည်မှန်းချက်ထား စုဆောင်းမယ်ဆိုရင်တော့ ချမှတ်ထားတဲ့ ရည်မှန်းချက်မရောက်မချင်း စုဆောင်းနေရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ထိန်းချုပ်နိုင်မယ်၊ မလိုအပ်တဲ့အရာတွေအတွက်လည်း အသုံးပြုမိတော့မှာ မဟုတ်ပါဘူးNeo

ငွေစုရမလား မသေချာသေးဘူးလားshwe။ ဒါဆိုရင် ငွေစုသင့်တဲ့ အကြောင်းရင်းလေးကို ဖတ်ကြည့်လိုက်ပါဦးNeo

ဒါဆိုရင် ဘယ်လို ရည်မှန်းချက်ထား စုရမှာလဲ။

အဆင့် (၁) – ရည်မှန်းချက်ကို အမည်ပေး ပုံဖော်ပါ။

ဘောပင်တစ်ချောင်းယူပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ကို ချရေးထားပါshwe။ (ဥပမာ – ကားအသစ်တစ်စီးဝယ်ဖို့အတွက် ရည်မှန်းချက်ထားခြင်း။) ဒါမှမဟုတ်ရင် ကိုယ်ရည်မှန်းထားတဲ့အရာကို ဓာတ်ပုံရိုက်ယူထားပြီး အိမ်မှာဖြစ်စေ၊ ဖုန်းရဲ့ နောက်ခံပုံမှာဖြစ်စေ ထားထားပါNeo

ဆိုလိုချင်တာကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို မြင်သာတဲ့နေရာမှာ ထားဖို့ပါပဲshwe။ ဒါမှ မလိုအပ်တဲ့ အရာတွေအတွက် အသုံးပြုခါနီးတိုင်း ဒီအရာတွေက အသုံးမပြုမိစေဖို့ သတိပေးပါလိမ့်မယ်Neo

တစ်ခါမှ မစုဖူးဘူးshwe။ အခုမှ စစုချင်တယ်ဆိုရင် ပမာဏသေးသေးလေးကစပြီး ရည်မှန်းချက်ထား စုဆောင်းနိုင်ပါတယ်shwe။ အရေးပေါ် အခြေအနေအမျိုးမျိုးအတွက် စုတာပဲဖြစ်ဖြစ်၊ ရည်မှန်းထားတဲ့ ပမာဏတစ်ခုရှိတယ်ဆိုရင် အောင်မြင်ဖို့ အလားအလာများပါတယ်Neo

အဆင့် (၂) – တစ်လကို ဘယ်လောက်စီ စုရမှာလဲ။

ငွေစုဆောင်းတဲ့အခါ ဘယ်လောက် ပမာဏအထိ စုနိုင်လဲနဲ့ ရည်မှန်းချက်ကို ဘယ်လောက်မြန်မြန်ရောက်ချင်လဲ ဆိုတာကို ချိန်ကိုက်ပြီး စုဆောင်းရပါမယ်shwe။ တကယ်လို့ ရည်မှန်းချက်ကို ပိုပြီးမြန်မြန် ရောက်ချင်တယ်ဆိုရင် ငွေကိုလည်း ပိုပြီး များများစုဆောင်းဖို့ လိုအပ်ပါလိမ့်မယ်Neo

ဥပမာ – ၅ သိန်းတန် ဖုန်းတစ်လုံး ဝယ်ဖို့အတွက် ရည်မှန်းစုဆောင်းနေတယ်ဆိုရင် တစ်လကို ၁ သိန်းစီဖြင့် ၅ လပြည့်အောင် စုတာပဲဖြစ်ဖြစ်၊ တစ်လကို ၅ သောင်းစီဖြင့် ၁၀ လစုတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်shwe။ ဒါကတော့ ဘယ်လောက်ကြာကြာစုချင်လဲနဲ့ ဘယ်လောက်ထိစုဆောင်းနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်Neo


ရည်မှန်းချက်ထားပြီး ၅၀/၃၀/၂၀ စည်းမျဉ်း အတိုင်း ဝင်ငွေရဲ့ ၂၀% ကို စုနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့shwe။ ဒါပေမယ့်လည်း ပမာဏနည်းနည်းပဲ စုနိုင်လို့ မစုတော့ဘူးတော့ မလုပ်ပါနဲ့Neo

နည်းနည်းပဲ ရှိလည်း နည်းနည်းက စစုကြည့်ပါ။ နည်းနည်းစီ ပုံမှန်စုခြင်းဖြင့် အချိန်ကြာလာတဲ့အခါ ပမာဏအများကြီး ဖြစ်လာနိုင်ပါတယ်။testing


ဆောင်းပါးများ စုစည်းမှု –

ငွေစုခြင်းက ဘာလို့ အရေးကြီးတာလဲ။

စုငွေရည်မှန်းချက် ဘယ်လောက်စု ငွေစုခြင်း ငွေစုနည်း ငွေစုရန် စုရန် စုဆောင်းခြင်း စုငွေ ရည်မှန်းချက် ဆုငွေ စုငွေ စုငွေရည်မှန်းချက်တွက်စက် ပိုက်ဆံစု ငွေခြင်း ငွေစုခြင်း ငွေစုခြင်း စုငွေရည်မှန်းချက်တွက်စက် ဘယ်လောက်စု ငွေစုခြင်း saving goal how much do I save

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။