ဘဝရဲ့အဖြစ်အပျက်ကိစ္စများအတွက် ငွေစုဆောင်းခြင်း
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
အသက်အရွယ်ရလာတာနဲ့အမျှ ဘဝမှာ အဖြစ်အပျက် အမျိုးမျိုးကို ကြုံတွေ့ဖြတ်သန်းရပါတယ်finance။ ဥပမာပြောရရင် လက်ထပ်ထိမ်းမြားခြင်း၊ ကလေးယူခြင်း၊ ပင်စင်ယူခြင်း စသဖြင့်ပေါ့Cypher
တစ်ယောက်ချင်းစီမှာတော့ အခြေအနေအမျိုးမျိုးနဲ့ လိုအပ်ချက်အမျိုးမျိုး ရှိကြမှာပါfinance။ ဒါပေမယ့် တစ်ချို့ ဘဝဆိုင်ရာအဖြစ်အပျက်တွေကတော့ ကြိုတင်ခန့်မှန်းလို့ရပါတယ်။123
အဓိကအချက်များ
  • မစီစဉ်ထားတဲ့ အဖြစ်အပျက်တွေအတွက် အရေးပေါ်အသုံးစရိတ်ကို အားကိုးလို့ရပါတယ်။
  • ဒါပေမယ့် ကြိုတင်ခန့်မှန်းလို့ရတဲ့ အဖြစ်အပျက်အတွက်တော့ ကြိုတင်စီစဉ်ထားရပါမယ်။
  • ရွှေ့ပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ကလေးယူခြင်း၊ ပင်စင်ယူခြင်းနှင့် သေဆုံးမှု စတဲ့ ဘဝရဲ့ အဓိကဖြစ်ရပ်တွေအတွက်တော့ ငွေစုပါ။
  • ဘဝရဲ့ဖြစ်ရပ်များအတွက် ငွေစတင်စုဆောင်းဖို့ အကောင်းဆုံးအချိန်ကတော့ အခုပါပဲ။
ပြင်ဆင်ထားဖို့လိုမယ့် ဘဝရဲ့ဖြစ်ရပ်တစ်ချို့ကို ဖော်ပြပေးထားပါတယ်။
လူတိုင်းကတော့ ဖြစ်ရပ်တွေကို ဒီပုံစံအတိုင်း ကြုံရမှာတော့ မဟုတ်ပါဘူးfinance။ တစ်ချို့ကလည်း လုံးဝမကြုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ် (သေဆုံးမှုမှလွဲ၍)finance။ တစ်ချို့မှာလည်း အခြားစဉ်းစားမိတဲ့ ဖြစ်ရပ်တွေ ရှိနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်အတွက် ကြိုတင်စဉ်းစားပြီး ကိုယ့်ရဲ့ ဘဏ္ဍာရေးကို သင့်လျော်သလို ပြင်ဆင်ပါ။123
ကျောင်းသွားတက်ဖို့ဖြစ်ဖြစ်၊ အလုပ်အတွက်ဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ ရွှေ့ပြောင်းနေထိုင်ဖို့ လိုအပ်လာနိုင်ပါတယ်finance။ အိမ်ပြောင်းပြီဆိုတာနဲ့ နေထိုင်ဖို့၊ စားသောက်ဖို့၊ သွားလာရေးအတွက် ငွေလိုအပ်ပါတယ်Cypher
တစ်ချို့ကတော့ အမေနဲ့ အဖေကို ခဏတာ မှီခိုလို့ရနိုင်ပေမယ့် တစ်ချို့ကျတော့ ကြိုတင်စုဆောင်းထားဖို့ လိုပါတယ်Cypher
တကယ်လို့ ထပ်မံပြောင်းရွှေ့မယ်ဆိုရင် ဒါမှမဟုတ် အိမ်ဝယ်မယ်ဆိုရင်လည်း ငွေစုဆောင်းဖို့လိုပါတယ်။
လက်ထပ်တယ်ဆိုတာ ဘဝရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါfinance။ ကျွန်တော်တို့အားလုံးတော့ လက်ထပ်ကြမှာမဟုတ်ပေမယ့် လက်ထပ်ဖို့ ရွေးချယ်ခဲ့တဲ့သူတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ချင့်ချိန်စရာများတစ်ချို့ကို ဖော်ပြပေးထားပါတယ်။
အရင်ဆုံး လက်ထပ်ပွဲကျင်းပမယ်ဆိုရင် စရိတ်စက အတော်လေး ကုန်ကျပါလိမ့်မယ်finance။ အခြေခံကုန်ကျစရိတ်တွေမှာ ခန်းမငှားခ၊ ဝတ်စုံငှားခ၊ ဧည့်သည်များအတွက် တည်ခင်းကျွေးမွေးရန်များ စသဖြင့် ပါဝင်ပါတယ်finance။ ဒီလို ဘဝရဲ့ ထူးခြားတဲ့ဖြစ်ရပ်တွေအတွက် စုဆောင်းထားသင့်ပါတယ်။
လက်ထပ်ပွဲပြီးတာနဲ့ နောက်ဆက်တွဲ အခြားကုန်ကျစရိတ်တွေကလည်း ထပ်မံရှိလာဦးမှာပါfinance။ ဥပမာပြောရရင် အိမ်ခွဲပြီးနေချင်နေနိုင်တယ် ဒါမှမဟုတ် ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းက သူ့ရဲ့ အခြားမိသားစုဝင်တွေကို ထောက်ပံ့ပေးဖို့ စဉ်းစားထားနိုင်ပါတယ်finance။ ဒီလို ဘဝရဲ့ အပြောင်းအလဲတွေအတွက်လည်း ငွေစုဆောင်းထားသင့်ပါတယ်။
ကလေးယူခြင်း
လူတော်တော်များများအတွက် ကလေးယူတာဟာ မိသားစုတစ်ခုအတွက်ပုံမှန်ဖြစ်ရပ်တစ်ခုဖြစ်သလို ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါfinance။ ကလေး ၁ ယောက် ဒါမှမဟုတ် ၁ ယောက်ထက် ပိုပြီးရှိခြင်းကလည်း ဘဏ္ဍာရေးအရ ကြိုတင်ကတိပြုရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
ကလေးတွေရဲ့ စားသောက်စရိတ်၊ ကျန်းမားရေးအပြင် ပညာသင်စရိတ်ကိုပါ ထောက်ပံ့ပေးဖို့ လိုလာပါမယ်finance။ အိမ်မှာ နေရာပိုလိုတယ်ဆိုရင်လည်း အခြားပိုကြီးတဲ့အိမ်ကို ငှားတာဖြစ်ဖြစ်၊ ဝယ်တာဖြစ်ဖြစ် ပြုလုပ်ဖို့ လိုပါလိမ့်မယ်။
ကလေးမယူခင်က မရှိခဲ့တဲ့ ကုန်ကျစရိတ်တွေလည်း သိသိသာသာ ရှိလာပါလိမ့်မယ်finance။ နေထိုင်မှုပုံစံ ပြောင်းသွားမယ်ဆိုတာကိုလည်း မျှော်လင့်ထားပါ။
ကလေးမယူခင်တည်းက ကြိုတင်စုဆောင်းထားမယ်ဆိုရင် ကလေး တစ်ယောက်ဖြစ်ဖြစ်၊ တစ်ယောက်ထက်ပိုပြီးဖြစ်ဖြစ် ယူတဲ့အခါ ကုန်ကျစရိတ်တွေကို ကြိုတင်စုဆောင်းထားတဲ့ငွေက အကူအညီဖြစ်စေပါလိမ့်မယ်။
အငြိမ်းစားပင်စင်ယူခြင်း
ကျွန်တော်တို့ တော်တော်များများက တစ်ချိန်ချိန်မှာတော့ ပင်စင်ယူချင်ကြမှာပါfinance။ ဒါပေမယ့် များသောအားဖြင့် ပင်စင်ယူလိုက်တာနဲ့ ဝင်ငွေကရပ်တန့်သွားပါလိမ့်မယ်။
ဝင်ငွေရနိုင်မယ့် ဝင်ငွေလမ်းကြောင်းတွေကဖြစ်စေ၊ စုဆောင်းခြင်းဖြင့်ဖြစ်စေ ပင်စင်ယူချိန်အတွက် ပြင်ဆင်ထားနိုင်ပါတယ်။
ဘယ်လောက်စုဖို့ လိုမလဲဆိုတာကတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံအပေါ် မူတည်ပါတယ်finance။ အကြမ်းဖျင်း တွက်ချက်ကြည့်ချင်တယ်ဆိုရင် ခန့်မှန်းတစ်နှစ်အတွက် ကုန်ကျငွေကို တွက်ချက်ပြီး ပင်စင်ယူမယ့်နှစ်အရေအတွက်နဲ့ မြှောက်လိုက်ပါfinance။ ကိုယ့်ကို မှီခိုနေတဲ့သူတွေအတွက် ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။
များများစုနိုင်လေလေ၊ ပင်စင်ယူချိန်မှာ အေးအေးဆေးဆေးနေနိုင်လေလေပါပဲfinance။ အပေါ်ကဖြစ်ရပ်တွေလိုပဲ ကြိုတင်စီစဉ်ထားခြင်းကတော့ အကောင်းဆုံးပါ။ 
သေဆုံးမှု
လက်မထပ်ဖို့၊ ကလေးမယူဖို့ကိုတော့ ရွေးချယ်နိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ သေဆုံးမှုမှာတော့ ရွေးချယ်စရာမရှိပါဘူး။
သေဆုံးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းက ခက်ခဲပြီးတော့ ပျော်ဖို့လည်းမကောင်းသလို သေဆုံးမှုက ကျန်ရစ်သူမိသားစုအတွက်တော့ နာကျင်ရပါတယ်finance။ တစ်ခါတစ်လေဆိုရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်နေနိုင်ပါတယ်။
အသုဘစရိတ်အတွက်သာမက ကိုယ့်ကိုမှီခိုနေတဲ့ ကျန်ရစ်သူတွေအတွက်လည်း ငွေအနည်းငယ် ချန်ထားခဲ့ပေးနိုင်ဖို့အတွက် ကြိုတင်စီစဉ် စုဆောင်းထားပါ။
ငွေစုဆောင်းပြီး ငွေအပို အနည်းငယ်ချန်ပေးခဲ့နိုင်ဖို့အတွက် အသက်အာမခံကလည်း ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
ကိုယ်တိုင်ရဲ့ သေဆုံးခြင်းအတွက် စဉ်းစားရတာက ပျော်ဖို့မကောင်းတာမှန်ပေမယ့် စီစဉ်ထားဖို့တော့ တကယ်ကို အရေးကြီးပါတယ်။
ဘယ်အချိန်မှာ စပြီးစုဆောင်းရမှာလဲ။
စတင်စုဆောင်းဖို့အတွက်တော့ ဒီနေ့ထက်ပိုပြီး ကောင်းတဲ့နေ့တော့ မရှိပါဘူးfinance။ အရေးပေါ် အသုံးစရိတ်အတွက် ဖြစ်ဖြစ်၊ ဘဝရဲ့ဖြစ်ရပ်တွေအတွက်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆုချဖို့အတွက်ဖြစ်ဖြစ် ငွေစုဆောင်းခြင်းက ပိုပြီးကောင်းမွန်တဲ့ ဘဏ္ဍာရေးဆိုင်ရာလုံခြုံမှုကို ဖန်တီးပေးပါလိမ့်မယ်။
စောစောစပြီး စုခဲ့မယ်ဆိုရင် ကြာကြာစုဖို့ အချိန်ပိုရလာပါလိမ့်မယ်finance။ ကြာကြာစုဖြစ်တာကြောင့် စုမိတဲ့ငွေပမာဏကလည်း ပိုပြီးများလာပါမယ်financeနည်းနည်းစီစုခြင်းဖြင့် အများကြီးဖြစ်လာနိုင်တဲ့အကြောင်း ဒီမှာဖတ်ပါ123
ဘဝရဲ့ အခက်အခဲတွေအတွက် လုံးဝအပြည့်အစုံ ပြင်ဆင်ထားလို့တော့ ရနိုင်မှာမဟုတ်ပေမယ့် ဖြစ်လာနိုင်ချေရှိတဲ့ အဖြစ်အပျက်တွေအတွက် စုဆောင်းခြင်းက ဆင်ခြင်ချင့်ချိန်ရာ ရောက်ပါတယ်။
ခန့်မှန်းလို့မရတဲ့ အဖြစ်အပျက်တွေအတွက်တော့ တောက်လျှောက်စုဆောင်းထားခဲ့တဲ့ အရေးပေါ်အသုံးစရိတ်ရှိပါတယ်။123
ဆောင်းပါးများ စုစည်းမှု –
ငွေစုခြင်းက ဘာလို့ အရေးကြီးတာလဲ။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။