အသေးစားလုပ်ငန်းများ ကျပ်တည်းချိန်အတွက် စီမံခန့်ခွဲရေးဆောင်ရွက်ရန်စာရင်း
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ပြင်ပကနေဖြစ်တဲ့ ကျပ်တည်းမှုတွေက ဘယ်စီးပွားရေးလုပ်ငန်းမဆိုအတွက် ခက်ခဲပါတယ်shwe။ ဒါပေမယ့် များသောအားဖြင့် အသေးစားလုပ်ငန်းတွေက အထူးသဖြင့် ဒီအကျပ်အတည်းရဲ့ ဒဏ်ကို သိသိသာသာခံစားရပါတယ်။
အသေးစားလုပ်ငန်းတွေက လုပ်ငန်းကြီးတွေနဲ့ ယှဉ်လိုက်ရင် ဒီလိုအကျပ်အတည်းတွေကို ကိုင်တွယ်ဖို့အတွက် လူအင်အား၊ အရင်းမြစ်အင်အား မရှိပါဘူး။
ကိုယ့်ရဲ့လုပ်ငန်းက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမယ့် ဘယ်ကနေစဖြေရှင်းရမှန်းမသိဘူးဆိုရင် အခက်အခဲတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းရာမှာ ကူညီနိုင်မယ့် စာရင်းလေးပြုစုပေးထားပါတယ်။
မှတ်ချက် – ဒီစာရင်းက အခြေအနေအားလုံးအတွက် အကျုံးဝင်တယ်၊ လုံးဝပြီးပြည့်စုံတယ်ရယ်လို့တော့ မဟုတ်ပါဘူးshwe။ လုပ်ငန်းနဲ့ လုပ်ငန်းရဲ့အခြေအနေအတွက် အစပြုရမယ့်နေရာ၊ ပြုပြင်ရမယ့်နေရာကို သိရှိစေဖို့ လမ်းညွှန်ရုံသာဖြစ်ပါတယ်။
ဒီစာရင်းရဲ့ ဒေါင်းလော့ (download) ပြုလုပ်နိုင်တဲ့ PDF ဖိုင်ကို ဆောင်းပါးရဲ့ အောက်ဆုံးမှာ ထည့်ထားပေးပါတယ်။
world
အဆင့် (၁) – လုပ်ငန်းအခြေအနေကို သုံးသပ်ပါ။
ပထမဆုံးအဆင့်အနေနဲ့ အခြေအနေကို သုံးသပ်ပါshwe။ လုပ်ငန်းတွေက အခက်အခဲအမျိုးမျိုးရှိနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သိဖို့ အရေးကြီးပါတယ်shwe။ ကိုယ့်အခြေအနေကို စစ်ဆေးနိုင်တဲ့ စာရင်းလေးကို ဖော်ပြပေးထားပါတယ်။
  • ဝန်ထမ်းနဲ့ ဖောက်သည်တွေရဲ့ လုံခြုံမှုအတွက် ချက်ချင်းဆောင်ရွက်ပါ။
  • ကိုယ့်ရဲ့ လုပ်ငန်းလည်ပတ်ပုံက အစိုးရထုတ်ပြန်ချက်၊ အကြုံပြုချက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ စစ်ဆေးပါ။
  • လက်ရှိ ငွေသားလက်ကျန်ငွေစာရင်းကို တွက်ချက်ပြီး ၈-၁၂ ပတ်အထိ ငွေစီးကြောင်း (ဝင်ငွေ၊ ထုတ်ငွေ၊ ရသုံးငွေစာရင်း) ကို ခန့်မှန်းပါ။
  • မြေပိုင်ရှင်၊ ချေးငွေထုတ်ပေးသူ၊ ပစ္စည်းသွင်းသူ၊ ဖောက်သည်များနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်များကို ပြန်လည်သုံးသပ်ပါ။
  • ကိုယ့်လုပ်ငန်းရဲ့ အဓိကတာဝန်ရှိသူများကို ရွေးထုတ်ပါshwe။ (ဥပမာ – ရုံးသော့သိမ်းသူ၊ ဘဏ်စာရင်းလက်မှတ်ရေးထိုးသူ)
  • ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးအခြေအနေကို သုံးသပ်ပါ။
အဆင့် (၂) – လုပ်ငန်းအစီအမံ ရေးဆွဲပါ။
ဒုတိယအဆင့်ကတော့ လုပ်ငန်းအတွက် ပြီးပြည့်စုံတဲ့ အစီအမံတစ်ခု ရေးဆွဲရပါမယ်shwe။ အစီအမံရေးဆွဲရာမှာ အထောက်အကူဖြစ်စေမယ့် အကြံဥာဏ်တစ်ချို့ ဖော်ပြပေးထားပါတယ်။
အမြတ်
  • လက်ရှိအမြတ်ကို ဘယ်လိုထိန်းမလဲ။
  • အမြတ်တိုးပွားမယ့်နေရာ (သို့) အမြတ်ရနိုင်မယ့်နေရာအသစ်ကို ရှာလို့ရနိုင်မလား။
အသုံးစရိတ်
  • လက်ရှိနဲ့ အနာဂတ်မှာ ကိုယ့်ရဲ့ ဝန်ထမ်းတွေက ဘာတွေလိုအပ်နိုင်မလဲshwe။ (မှတ်ချက် – အကျပ်အတည်းဖြစ်နေတဲ့အချိန်တော့ ဝန်ထမ်းတွေရဲ့ အလုပ်ပြီးမြောက်မှုက လျော့ကျနိုင်ပါတယ်၊)
  • ညှိနှုန်းလို့ရနိုင်မလား –
    • မြေပိုင်ရှင် – အိမ်ငှားခ လျော့ပေးနိုင်မလား (သို့) နောက်ဆုတ်ပေးနိုင်မလား။
    • ချေးငွေထုတ်ပေးသူ – ပြန်ဆပ်ငွေ လျှော့ပေးနိုင်မလား (သို့) နောက်ဆုတ်ပေးနိုင်မလား (သို့) ထပ်ချေးပေးနိုင်မလား။
    • ပစ္စည်းသွင်းသူ – ပေးဆောင်စရာများကို နောက်ဆုတ်ပေးနိုင်မလား၊ အကြွေးနဲ့ထပ်ယူခွင့်ပြုနိုင်မလား။
    • ဖောက်သည် – ဖောက်သည်ဖက်မှ ပေးရန်ရှိသည်များကို အချိန်စောပြီး ပေးဆောင်နိုင်မလား။
  • အခြားအသုံးစရိတ် (ဥပမာ – ကြော်ငြာခ) နဲ့ အခြားချွေတာနိုင်တာတွေက ဘာတွေလဲ။
  • ဘယ်ကနေ အသုံးစရိတ်/ချေးငွေ ရရှိနိုင်မလဲshwe။ (ဥပမာ – ဘဏ်၊ MFIs ၊ သူငယ်ချင်း၊ မိသားစု၊ NGOs ၊အစိုးရ အစရှိသည်)
လည်ပတ်မှု
  • ဝန်ထမ်းနဲ့ ဖောက်သည်တွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ။
  • မိမိအပါအဝင် အဓိကတာဝန်ရှိသူများ ရုံးမလာနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲshwe။ (ဥပမာ – ဆုံးဖြတ်ချက်ချခြင်း၊ တာဝန်လွှဲပေးခြင်း၊ စာရင်းဇယားများ ဝင်ရောက်ကြည့်ရှုခွင့်ရအောင် ပြုလုပ်ပေးခြင်း။)
အပေါ်ကအချက်တွေနဲ့ ပြီးပြည့်စုံတဲ့ အစီအမံကို ဖြစ်နိုင်တဲ့ အခြေအနေအမျိုးမျိုးအတွက် ရေးဆွဲထားပါ။world
အဆင့် (၃) – ဆက်သွယ်ရေးအစီအစဉ် ရေးဆွဲပါ။
ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို ကောင်းကောင်းနားလည်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်ရေးဆွဲပြီးရင်တော့ ဘယ်လိုဆက်သွယ်မယ်ဆိုတဲ့ အစီအစဉ်ရေးဆွဲပါ။
  • ဆက်သွယ်ဖို့ လိုအပ်တဲ့ ရှယ်ယာဝင်များကို စာရင်းပြုစုပါ။စာရင်းပြုစုပါshwe။ (ဥပမာ – ရုံးဝန်ထမ်း၊ ရှေ့တန်းဝန်ထမ်း၊ ဖောက်သည်များ)
  • ဘယ်သူနဲ့၊ ဘယ်အချိန်မှာ၊ ဘာအကြောင်းအရာကို ဘယ်လို ဆက်သွယ်ဆွေးနွေးမယ်ဆိုတာ အချိန်ဇယားပြုလုပ်ပါshwe။ (ဥပမာ – အစည်းအဝေး၊ ဖုန်း၊ အီးမေးလ်)
  • သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပုံမှန်ဆက်သွယ်ဆွေးနွေးဖို့ စီစဉ်ထားပါshwe။ (ဥပမာ – တနင်္လာနေ့ မနက်တိုင်း အစည်းအဝေးပြုလုပ်ခြင်း)
  • ရှေ့တန်းဝန်ထမ်းများသို့ သတင်းပြန်ကြားပေးမယ့် အဖွဲ့ထဲရှိ စိတ်ချရသော သတင်းပြန်ကြားမည့်သူများကို ရွေးချယ်ထားပါ။
  • ဝန်ထမ်း၊ ပစ္စည်းပေးသွင်းသူ၊ ဖောက်သည်များရဲ့ ဆက်သွယ်ရန် အချက်အလက်များကို စုဆောင်းထားပါ။
မှတ်ချက် – အကျပ်အတည်းဖြစ်နေတုန်းမှာ ပုံမှန်အခြေအနေတွေလောက် “အကြားအာရုံ” သိပ်မကောင်းပါဘူးshwe။ ဆိုလိုတာက စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေနဲ့ သတင်းအမှား၊ ကောလဟာလ စတဲ့ အသံအမျိုးမျိုးကြောင့် ကိုယ်က တင်ပြတဲ့ သတင်းအချက်အလက်တွေက လူတွေဆီ ရောက်ဖို့ခက်ပါတယ်shwe။ ဒါကြောင့် ကိုယ်ရဲ့ အချက်အလက်တွေက လိုရင်းတိုရှင်း ဖြစ်ပြီး မကြာခဏ နဲ့ ထပ်ခါထပ်ခါ အကြောင်းကြား ဆက်သွယ်ပေးဖို့ အရေးကြီးပါတယ်။
အဆင့် (၄) – အစီအစဉ်ကို အကောင်အထည်ဖော်ပါ။
လုပ်ငန်းအတွက်ရော၊ ဆက်သွယ်အကြောင်းကြားဖို့အတွက်ရော အစီအစဉ်ရေးဆွဲပြီးပြီဆိုတော့ ဒီအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်shwe။ အပေါ်မှာတော့ အသေးစိတ်အစီအစဉ်ရေးဆွဲပြီးဖြစ်ပေမယ့် အစီအစဉ်ထဲမှာ ဒီအချက်လေးတွေ ပါဝင်သင့်ပါတယ်။
အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း
  • အမြတ်ရဖို့ ပိုသေချာတဲ့ ရင်းမြစ်တွေကို ဦးစားပေးပါ။
  • ဝန်ထမ်းအဆင့်နဲ့ လုပ်ကိုင်မှုပုံစံကို ချိန်ညှိပါ။
  • ဝန်ထမ်းများ၊ မြေပိုင်ရှင်၊ ချေးငွေထုတ်ပေးသူ၊ ပစ္စည်းသွင်းသူ၊ ဖောက်သည်များနဲ့ ဆက်သွယ်ပါ။
  • အသုံးစရိတ်လျော့ပြီး ငွေစီးကြောင်းများကို စောင့်ကြည့်စစ်ဆေးပါ။
  • အသုံးစရိတ်ရဖို့ အလားအလာရှိတဲ့နေရာများ အတွက် ဆွေးနွေးခြင်းကို လမ်းစဖွင့်ထားပါ။
  • အချက်အလက်များ ဝင်ရောက်ကြည့်ရှုခြင်းမှကာကွယ်ခြင်း အပါအဝင် အဓိကတာဝန်ရှိသူများကို
အဆင့် (၅) – အခြေအနေကို စောင့်ကြည့်စစ်ဆေးပါ။
အကျပ်အတည်းကြုံတဲ့အခါ အခြေအနေတွေက အမြဲတမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ပါတယ်shwe။ ဒါကြောင့် အခြေအနေတွေကို မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ အနီးကပ်စောင့်ကြည့်စစ်ဆေးနေဖို့ လိုပါတယ်။
  • မိမိအဖွဲ့မှဖြစ်စေ၊ ပြင်ပမှဖြစ်စေ နောက်ဆုံးရသတင်းများ၊ တုန့်ပြန်မှုများကို အမြဲနားစွင့်ပါ။
  • ဝန်ထမ်းနဲ့ ဖောက်သည်တွေရဲ့ လုံခြုံမှုအတွက် ဆက်လက်ဆောင်ရွက်ပါshwe။ လိုအပ်သလို ပြောင်းလဲချိန်ညှိပါ။
  • အစီအစဉ်မှ မလွဲချော်သွားဖို့အတွက် ငွေသား၊ အမြတ်၊ အသုံးစရိတ်များကို ပုံမှန် ပြန်လည်သုံးသပ်ပါ။
  • လိုအပ်သလို လုပ်ငန်းနှင့် ဆက်သွယ်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ပြင်ဆင်ပါ။
 ဒီစာရင်းကို အလွယ်တကူ ကိုးကားနိုင်ဖို့အတွက် ဒေါင်းလုဒ်ပြုလုပ်နိုင်တဲ့ PDF ဖိုင်လေး ထည့်ထားပေးပါတယ်shwe။ လုပ်ငန်းသဘာဝအမျိုးမျိုးရှိနိုင်တဲ့အတွက် ဒီစာရင်းက ကိုယ့်အခြေအနေကို ဖြေရှင်းဖို့စဉ်းစားတဲ့အခါ အထောက်အကူဖြစ်အောင်သာ ပြုလုပ်ထားတာကြောင့် လိုအပ်သလို ပြန်ပြီးချိန်ညှိနိုင်ပါတယ်။
Small Business Crisis Management Checklist (PDF)
[စာရင်းရဲ့ PDF ဖိုင်ကို ဒေါင်းလုဒ်ပြုလုပ်ဖို့အတွက် ပုံကိုနှိပ်ပါ။]world
အကျပ်အတည်းဆိုတာ တော်တော်လေးလေးကို ခက်ခဲပြီးတော့ အလျင်မြန်ဆုံး တုံ့ပြန်ဖြေရှင်းနိုင်ဖို့လည်း အရေးကြီးပါတယ်။
စာရင်းပြုစုထားခြင်းက လုပ်ငန်းအတွက် အဓိကလိုအပ်ချက်တွေကို စဉ်းစားမိဖို့ ကူညီပေးပါတယ်shwe။ ဒါဆိုရင် အစီအစဉ်ချရာကနေ အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်နိုင်မှာပါ။
စီးပွားရေးအကျပ်အတည်း ကြုံလာတဲ့အခါ ချက်ချင်းပြုလုပ်သင့်တဲ့ အဆင့် (၅) ဆင့် နဲ့ လုပ်ငန်းတွေ အကျပ်အတည်းကြုံနေရတဲ့အချိန် လမ်းညွှန်ပေးမယ့် နိယာမ (၆) ခုကလည်း လုပ်ငန်းအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။world
ဆောင်းပါးများ စုစည်းမှု –
SME အတွက် စီးပွားကပ်ကာလစီမံခန့်ခွဲမှု
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။