အဆင့် (၃) ။ ။ ငွေစီးကြောင်းတွေကို သိထားပါ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အဓိကအချက်များ

  • ကိုယ့်ရဲ့ငွေထွက်လမ်းကြောင်းကို ခြေရာခံပြီး ကိုယ့်ရဲ့ငွေသုံးစွဲခြင်း အလေ့အထကို သိထားပါ။
  • ကြိုတင်ပေးချေထားရတဲ့ အခွန်အခတွေ နဲ့ ချွင်းချက်သတ်မှတ်ထားတဲ့အရာတွေကို ထည့်သွင်းတွက်ချက်ပါ။
  • ရသမျှပိုက်ဆံတွေ အကုန်သုံးပစ်လိုက်လားဆိုတာကို ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးပါshwe။ (စုငွေရှိမရှိ)

စုဖို့တော့ ကြိုးစားနေတယ် ဒါပေမယ့် ဘယ်တော့မှ အကောင်အထည်မဖော်နိုင် ဖြစ်နေတယ်shwe။ ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့် ဆိုပြီး စဉ်းစားယူနေရတယ်shwe။ အဲလိုတွေ ဖြစ်နေပြီဆိုရင်တော့ ငွေစီးကြောင်းကို သိဖို့အချိန်တန်ပါပြီCypher

ကျွန်တော်တို့တွေ တော်တော်များများက ကိုယ့်ရဲ့ဝင်ငွေဘယ်လောက်ရှိလဲဆိုတာ ကောင်းကောင်းသိကြပါတယ်shwe။ ဒါပေမယ့် အသုံးအစွဲနဲ့ ပတ်သက်ရင်တော့ ဘယ်သူမှ အဲလောက်ထိ စေ့စပ်သေချာတာ သိပ်မရှိကြပါဘူးshwe။ အိမ်ငှားခလို အကြီးစား အသုံးစရိတ်ကိုတော့ သိချင်သိနိုင်ပေမယ့် ဖုန်းဘေလ်လိုမျိုး အသေးအဖွဲလေးတွေကို မစဉ်းစားမိကြပါဘူးCypher

အဲလိုနဲ့ပဲ တစ်ချို့ဆိုရင် ပိုက်ဆံမကျန်တော့မှ “ငါ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့်” ဆိုပြီး တအံ့တသြ စဉ်းစားယူရတဲ့လူတွေ ရှိပါတယ်shwe။ အဲဒီတော့ ငွေတွေကို ဘယ်မှာ သုံးလိုက်တာလဲဆိုတာ အမှန်တကယ်စဉ်းစားကြည့်လိုက်မှ အထင်နဲ့အမြင် ကွဲလွဲနေတာတွေ တွေ့ရပါလိမ့်မယ်Cypher

ကိုယ့်ရဲ့ အခြေအနေမှန်ကို နားလည်ဖို့ဆိုရင် ကိုယ့်ရဲ့သုံးစွဲခြင်းအလေ့အထကို သိဖို့ အလွန့်အလွန် အရေးကြီးပါတယ်shwe။ ကဲ အခုပဲ ကိုယ့်ရဲ့ငွေထွက်လမ်းကြောင်းတွေကို သိဖို့ စစ်ဆေးကြည့်လိုက်ရအောင်။testing


ဒါဆို ဒီရက်တွေမှာ ကိုယ့်ရဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်တာလဲ။

ကိုယ့်ရဲ့အသုံးစရိတ်တွေကို ကောင်းကောင်းသိနိုင်ဖို့ဆိုရင် ပြီးခဲ့တဲ့ လတွေရဲ့ အသုံးစရိတ်တွေကို ပြန်ကြည့်ဖို့လိုအပ်ပါတယ်shwe။ တကယ်လို့ အဲလိုပြန်ဆန်းစစ်ကြည့်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ တစ်လ ဒါမှမဟုတ် တစ်ပတ်အတွင်းက အသုံးစရိတ်တွေကို စပြီးဆန်းစစ်ကြည့်လည်းရပါတယ်Cypher

ဒါတောင် ခက်ခဲနေသေးတယ်ဆိုရင်တော့ မနေ့က အသုံးစရိတ်ကိုပဲ စပြီး ဆန်းစစ်ရအောင်shwe။ ဒီလိုဆန်းစစ်ကြည့်ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ရဲ့အသုံးစရိတ်တွေကို ခြေရာခံဖို့ပါပဲCypher

ကိုယ့်ရဲ့အသုံးစရိတ်တွေက ဒီလိုပုံစံလေးဖြစ်နေပါလိမ့်မယ်။testing


testing


testing


ကိုယ့်ရဲ့ဝင်ငွေက တစ်လချင်းဝင်တဲ့ ဝင်ငွေမျိုးဆိုရင်တော့ ကိုယ့်ရဲ့အသုံးစရိတ်တွေကိုလည်း တစ်လချင်း တွက်ချက်ဆန်းစစ်ဖို့ အကြံပြုချင်ပါတယ်shwe။ တကယ်လို့ တစ်ပတ်ချင်းဝင်တဲ့ ဝင်ငွေမျိုးဆိုရင်တော့ အသုံးစရိတ်ကိုလည်း တစ်ပတ်ချင်းတွက်ချက်တာ ပိုလွယ်ပါလိမ့်မယ်Cypher

တကယ်လို့ တစ်ရက်ချင်းဝင်ငွေမျိုးဆိုရင်တော့ အသုံးစရိတ်ကို တစ်ပတ်ချင်းတွက်ချက်ထားမှ တစ်ရက်ချင်းစီအတွက်အသုံးစရိတ်ကို ကြိုတင်စီစဉ်ထားပြီးသားဖြစ်မှာပါshwe။ အဲဒီလို စီစဉ်တွက်ချက်တဲ့အခါမှာ “ချွင်းချက်” အသုံးစရိတ်အတွက်လည်း သတ်မှတ်ဖို့ လိုကောင်းလိုပါလိမ့်မယ်Cypher

အဲလိုသတ်မှတ်ထားရင်လည်း ဘယ်လိုအသုံးစရိတ်မျိုးက “ချွင်းချက်” လဲဆိုတာကို သိဖို့ လိုအပ်သလို ငွေထွက်လမ်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့အသုံးစရိတ်ထဲမှာ ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်shwe။ မှတ်ထားရမှာက အဆင့် (၁) မှာ စီစဉ်ထားတဲ့အတိုင်းလိုက်နာဖို့ ကိုယ့်ကိုယ်ကို ကတိပြုထားပြီးသားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ရိုးသားဖို့ လိုအပ်ပါတယ်Cypher

ဘယ်အရာတွေအတွက် ကိုယ်အများဆုံးသုံးဖြစ်လဲshwe။ လကုန်ခါနီးအချိန်ထက် လအစပိုင်းမှာ ပိုက်ဆံတွေ ပိုပြီး သုံးဖြစ်နေလားshwe။ ဘယ်အသုံးစရိတ်တွေက မသုံးမဖြစ်လို့ သုံးလိုက်ရတာလဲ၊ ဘယ်အရာတွေကတော့ မလိုအပ်ပဲ သုံးနေတာလဲshwe။ ကိုယ့်ကို အံ့အားသင့်သွားစေတဲ့ အသုံးစရိတ်တွေရှိနေလားshwe။ သုံးချင်တဲ့ပမာဏထက် ပိုပြီး သုံးလိုက်တဲ့အရာတွေများရှိနေသလား။testing


ကိုယ့်ရဲ့အသုံးစရိတ်က ဝင်ငွေထက် ပိုများနေလား၊ ပိုနည်းနေလား။

  • ဝင်ငွေထက်ပိုပြီး ဆက်တိုက်သုံးဖြစ်နေရင် – သူများဆီက ပိုက်ဆံချေးရဖို့ လိုအပ်လာလိမ့်မယ်shwe။ သူများဆီက ပိုက်ဆံချေးတာ လွယ်ချင်လွယ်ပေမယ့် ပြန်ဆပ်ဖို့တော့ ခက်ခဲတယ်shwe။ အဲလိုနဲ့ပဲ “အကြွေးနွံ” ထဲ နစ်သွားနိုင်ပါတယ်။
  • ဝင်သမျှ ငွေအကုန်လုံးကို ဆက်တိုက်သုံးဖြစ်နေရင် – ဒါဟာ အန္တရာယ် ရှိပါတယ်shwe။ တစ်ခုခုဖြစ်လာရင် ပြေးလွှားချေးငှားနေရပြီး နောက်ဆုံး အကြွေးထူလာတာပဲ အဖတ်တင်ပါလိမ့်မယ်။
  • ဝင်ငွေထက် အသုံးနည်းနေရင် – ဒါဟာ ကိုယ့်ကိုယ်ကို လုံခြုံမှုရှိစေပါတယ်shwe။ ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် စုဆောင်းပြီးသားဖြစ်သလို တစ်ခုခုအရေးတကြီး သုံးစရာလိုလာရင်လည်း သူများဆီက ချေးငှားစရာမလိုတော့ဘူးပေါ့။

အရေးတကြီး ပေးဖို့လိုအပ်တဲ့အချိန်မှာ ပိုက်ဆံမရှိတာတွေ ဖြစ်နေသလား။

တစ်ချို့အသုံးစရိတ်တွေဟာ ကြိုတင်ပေးချေရတာမျိုးတွေ ရှိပါတယ်shwe။ အဲဒါတွေအတွက် ပေးရမယ့်အချိန်မရောက်မချင်း မေ့နေတတ်ကြတယ်shwe။ ဒါတွေအတွက် ကြိုတင်စီစဉ်ပြီး တစ်လချင်း၊ တစ်ပတ်ချင်း စုထားတာမျိုးတွေ မလုပ်ရင် ပေးချေဖို့လိုတဲ့အချိန်မှာ လက်ထဲမှာငွေရှိနေဖို့ အခက်အခဲဖြစ်စေပါတယ်Cypher

ဥပမာ အိမ်ငှားစာချုပ်ချုပ်ဖို့ လိုတဲ့အချိန်မျိုးပါပဲshwe။ (ကျူရှင်စရိတ်တွေ၊ သင်တန်းစရိတ်တွေလည်း ထိုနည်း၎င်းပါပဲ။) အိမ်စာချုပ်က ၆ လချုပ်ထားပြီးပြီဆိုပေမယ့် နောက်စာချုပ်ချုပ်ဖို့အချိန်ရောက်ရင် ပေးချေဖို့ တစ်လချင်းစီ စုထားဖို့လိုတယ်ဆိုတာကိုပါ စိတ်ထဲထည့်ထားသင့်ပါတယ်Cypher

ဒါကြောင့် ကိုယ့်ရဲ့ငွေရေးကြေးရေးတွေကို အထိန်းအကွပ်ရှိဖို့ဆိုရင် ကြိုတင်စီစဉ်တာက အရမ်းအရေးကြီးပါတယ်။testing


ဒါဆို ကိုယ့်ရဲ့ငွေတွေ ဘယ်ကိုထွက်သွားကုန်လဲဆိုတာ သိပြီဆိုတော့ အဲဒီငွေတွေ ဘယ်ကိုသွားစေချင်လဲဆိုတာကိုပါ အစီအစဉ်ဆွဲလို့ရပါပြီ။testing


ဆောင်းပါးများ စုစည်းမှု –

တစ်ကိုယ်ရေဘဏ္ဍာရေးစီမံခန့်ခွဲခြင်း

ငွေထွက်ပေါက် ဝင်ငွေ ထွက်ငွေ ငွေကြေးခြေရာခံ အဆင့်၃ အဆင့် ၃ အသုံးစရိတ် ငွေစီးကြောင်း ဝင်ငွေ ထွက်ငွေ အဆင့်၃ tracking expenses step 3

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။