တစ်ချက်ခုတ် နှစ်ချက်ပြတ် – ဖြုန်းတီးမှုလျှော့ချခြင်းဖြင့် ချွေတာနည်း

ဆောင်းပါးကို ဝေမျှရန်

ဖြုန်းတီးမှုလျော့ချခြင်းက ကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးပြုပါတယ်Tank

ဖြုန်းတီးမှုလျော့ချခြင်းဖြင့် ငွေချွေတာစုဆောင်းနိုင်ပြီး ကိုယ်တန်ဖိုးထားတဲ့အရာတွေအတွက် အသုံးပြုဖို့ ငွေပိုမိုများပြားလာနိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြထားပါတယ်Tank

အသစ်မဝယ်ခင် ပြုပြင်ပါ။
ပစ္စည်းတစ်ခုခု ပျက်သွားတဲ့အခါ အစားထိုးပစ္စည်းတစ်ခုကို ချက်ချင်းမဝယ်ယူခင်မှာ ပြန်လည်ပြုပြင်ပြီး အသုံးပြုလို့ရသေးမလားဆိုတာ စမ်းကြည့်ပါshwe။ ပစ္စည်းကို ပြန်လည်ပြုပြင်ပြီး အသုံးပြုခြင်းက အမြဲတမ်းတော့ လက်တွေ့အသုံးမဝင်ပေမယ့် များသောအားဖြင့် ပစ္စည်းအသစ်တစ်ခု ဝယ်ယူုခြင်းထက် သိသိသာသာ အကုန်အကျ သက်သာစေပါတယ်Tank

ခလုတ်ပိတ်ထားပါ။
လျှပ်စစ်မီးချောင်း၊ TV ၊ ပန်ကာ၊ အဲကွန်း စသဖြင့် ကိုယ်အသုံးမပြုတဲ့အရာမှန်သမျှကို ခလုတ်ပိတ်ထားပါshwe။ ဒီလိုပြုလုပ်ခြင်းဖြင့် မီတာခတွေ တအားမြင့်တက်နေတဲ့အလျောက် မီတာခသက်သာလာရုံသာမက ပစ္စည်းသက်တမ်းလည်း ကြာရှည်ခံလာပါမယ်shwe။ ပတ်ဝန်းကျင်ကိုလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးပြုရာရောက်ပါတယ်Tank

မဝယ်ပဲ ငှားရမ်းအသုံးပြုပါ။
ရံဖန်ရံခါပဲ လိုအပ်တဲ့ပစ္စည်းတွေလည်း ရှိတတ်ပါတယ်shwe။ ဥပမာ – ဝက်အူလှည့်၊ လှေကားရှင် စတဲ့အရာတွေက အမြဲမဟုတ်ပဲ တစ်ခါတစ်ရံသာ အသုံးပြုဖို့ လိုအပ်တဲ့အရာဖြစ်တဲ့အတွက် မဝယ်ပဲ ခဏငှားရမ်းလို့ရတယ်ဆိုရင် ငှားရမ်းပြီးပဲ အသုံးပြုပါshwe။ ဒီလို ငှားရမ်းအသုံးပြုခြင်းဖြင့် တစ်ခါ နှစ်ခါပဲ အသုံးပြုရမယ့် ပစ္စည်းတွေအပ်ါမှာ ငွေကို အသုံးပြုစရာ မလိုတော့ပါဘူးTank

အစားအသောက်ဖြုန်းတီးခြင်း လျှော့ပါ။
စားမကုန်တော့လို့ပဲဖြစ်ဖြစ်၊ သက်တမ်းကုန်သွားလို့ပဲဖြစ်ဖြစ် အစားအသောက်တွေ ဘယ်လောက်တောင် စွန့်ပစ်ခဲ့တယ်ဆိုတာကို မှတ်ထားပါshwe။ အများကြီးစွန့်ပစ်နေရတယ်ဆိုရင် နောက်တစ်ခါဈေးဝယ်တဲ့အခါ လျှော့ပြီးဝယ်ကြည့်ပါTank

ထမင်း၊ ဟင်းချက်တဲ့အခါလည်း အနည်းငယ်လျှော့ပြီး ချက်ကြည့်ပါshwe။ ဥပမာ – ဧည့်သည်အတွက် အလွန်အကျွံချက်ပြုတ်ခြင်းကို ရှောင်ကြဉ်ခြင်းTank

အစားအသောက်တွေက စားလို့မရတော့တာမျိုး ခဏ ခဏဖြစ်တယ်ဆိုရင် ကြာကြာခံအောင် လေလုံတဲ့ နေရာမှာပဲဖြစ်ဖြစ် တခြားထိန်းသိမ်းထည့်ထားလို့ရတဲ့နေရာရှိလားဆိုတာ စဉ်းစားပါshwe။ ဒါမှမဟုတ် အမြဲတမ်း ကိုယ်စားနိုင်မယ့်၊ စားကုန်လောက်မယ့် ပမာဏကိုပဲ ဝယ်ယူပါTank

ကြိုတင်ပြင်ဆင်ပြီး အချိန်တိကျပါ။
နောက်ကျတဲ့အတွက် ပေးရတဲ့အဖိုးအခတွေက ကြေးကြီးပါတယ်shwe။ ဒါကြောင့် ကြိုတင်ပြင်ဆင်ပြီး ပေးဆောင်စရာရှိတာတွေကို အချိန်မီပေးဆောင်ပါshwe။ နောက်ကျကြေးပေးဆောင်ရခြင်းတွေက ငွေကို ဖြုန်းတီးခြင်းဖြစ်ပါတယ်shwe။ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းဖြင့်လည်း အချိန်ကုန်သက်သာပြီး ငွေကိုချွေတာနိုင်ပါတယ်shwe။ ဥပမာ – ဈေးဝယ်ရင်းနဲ့ ဘဏ်ကိုလည်း တစ်ခါတည်း ဝင်ခဲ့ခြင်း။ 

နည်းပညာ တိုးတက်လာတာနဲ့အမျှ တစ်ချို့ပေးဆောင်စရာတွေကို မိုဘိုင်းဘဏ်ဝန်ဆောင်မှုကနေတစ်ဆင့် ပြုလုပ်လို့ ရတာမျိုးလည်း ရှိပါတယ်shweမိုဘိုင်းဘဏ်ဝန်ဆောင်မှုဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာအောင် ပြုလုပ်နည်းကို သိရှိထားခြင်းဖြင့် အချိန်မီ ပေးဆောင်စရာများ ပေးဆောင်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။world


ဖြုန်းတီးမှုကို လျော့ချခြင်းကလည်း ချွေတာနည်းတစ်မျိုးပါ။ ငွေကို ပညာသားပါပါ အသုံးပြုပြီးလည်း ချွေတာနိုင်သေးတဲ့အတွက် ဖတ်ရှုလေ့လာကြည့်ပါ။

ဖြုန်းတီးမှု ဘယ်လိုလျှော့ရမလဲ ဘယ်လိုချွေတာရမလဲ ချွေတာနည်း ချွေတာ ဖြုန်းတီးမှုလျှော့ချခြင်း ဖြုန်းတီးမှုလျှော့ချခြင်းဖြင့် ချွေတာခြင်း reduce waste save money save more

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။