အိမ်သုံးအင်တာနက် – အိမ်မှာနေရင်း အင်တာနက်ဒေတာဖိုးချွေတာမယ်

ဆောင်းပါးကို ဝေမျှရန်

ဖျော်ဖြေရေးအစီအစဉ်အတွက်ဖြစ်ဖြစ်၊ ဈေးဝယ်ဖို့ဖြစ်ဖြစ်၊ သင်ယူလေ့လာဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့က အွန်လိုင်းပေါ်မှာ အချိန်တော်တော်ကုန်တတ်ကြပါတယ်finance။ အဓိကကတော့ ဗီဒီယိုနဲ့ ဂိမ်းတွေက အင်တာနက်ဒေတာတအားကုန်လေ့ရှိပါတယ်finance။ ကြာလာတာနဲ့အမျှ ဖုန်းဘေလ်ကိုလည်း တော်တော်လေးအကုန်အကျများစေပါတယ်။

ဒေတာအရမ်းသုံးတတ်တဲ့သူဆိုရင်တော့ အိမ်သုံးအင်တာနက်ကို အသုံးပြုခြင်းအားဖြင့် မိသားစုတွေ၊ တစ်အိမ်တည်းမှာ အတူတူနေထိုင်သူတွေနဲ့ အတူစုသုံးမယ်ဆိုရင် ပိုက်ဆံချွေတာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။yes


အိမ်သုံးအင်တာနက်ဆိုတာဘာလဲ။

အိမ်သုံးအင်တာနက်က အိမ်မှာရှိတဲ့ ဖုန်း၊ ကွန်ပြူတာအစရှိတဲ့ ကိရိယာတွေအတွက် အင်တာနက်ချိတ်ဆက်ပေးပါတယ်finance။ သဘောကတော့ အိမ်မှာ ကိုယ့်အတွက် ကိုယ်ပိုင်ဝိုင်ဖိုင် (Wi-fi) ကွန်ရက် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။

မိုဘိုင်းအင်တာနက်နဲ့ ဘာကွာလဲ။

မိုဘိုင်းဖုန်းမှာရရှိနိုင်တဲ့ မိုဘိုင်းအင်တာနက်နဲ့မတူတာက အိမ်သုံးအင်တာနက်ကို သတ်မှတ်ထားတဲ့နေရာတစ်ခုတည်းမှာ ဖုန်း၊ ကွန်ပြူတာစတဲ့ ကိရိယာအမျိုးမျိုးနဲ့ ချိတ်ဆက်အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်finance။ အိမ်သုံးအင်တာနက်မှာတော့ ဖုန်းပြောဆိုမှုနဲ့ စာတိုပို့ခြင်းအတွက် ဝန်ဆောင်မှုရမှာ မဟုတ်ပါဘူးfinance။ အင်တာနက်ချည်းသက်သက်အတွက်ပဲ ဖြစ်ပါတယ်။

အိမ်သုံးအင်တာနက်နဲ့ မိုဘိုင်းအင်တာနက်မှာ ဘယ်ဟာကပိုသက်သာလဲ။

အိမ်သုံးအင်တာနက်က ဒေတာကို အကန့်အသတ်မဲ့အသုံးပြုခွင့်ပေးထားပါတယ်finance။ မိုဘိုင်းဒေတာကတော့ မက်ဂါဘိုက် (MB) တစ်ခုချင်းစီအတွက် အသုံးပြုခ ပေးရတာမျိုးပါfinance။ ဒေတာတအားသုံးတဲ့သူဆိုရင်တော့ ဒီအချက်ကြောင့် အိမ်သုံးအင်တာနက်က ပိုပြီးသက်သာနိုင်ပါတယ်finance။ ဒါပေမယ့် ဒေတာသိပ်မသုံးတဲ့သူအတွက်တော့ မိုဘိုင်းအင်တာနက်က ပိုပြီးသက်သာပါလိမ့်မယ်။

အကြမ်းဖျင်းပြောရရင် တစ်လတစ်လမှာ ဒေတာကို 20GB ထက်ပိုပြီး သုံးတယ်ဆိုရင် အိမ်သုံးအင်တာနက်ပက်ကေ့ခ်ျတွေက မိုဘိုင်းအင်တာနက်ထက် ပိုပြီးသက်သာပါလိမ့်မယ်finance။ တစ်ခုမှတ်ထားရမှာက အိမ်သုံးအင်တာနက်က မျှပြီးသုံးလို့ရတဲ့အတွက် 20GB ဆိုတာ တစ်အိမ်လုံးအတွက် စုစုပေါင်းအသုံးပြုနိုင်တဲ့ပမာဏပါfinance။ ဥပမာ – အိမ်မှာ လူ ၅ ယောက်ရှိပြီး တစ်ယောက်ချင်းစီ တစ်လကို 4GB လောက် သုံးတယ်ဆိုရင် အိမ်သုံးအင်တာနက်ကို အသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။

အိမ်သုံးအင်တာနက်နဲ့ မိုဘိုင်းအင်တာနက် ဘယ်ဟာပိုမြန်လဲ။

ဘယ်ဟာပိုမြန်တယ်ဆိုတာကတော့ တည်နေရာ၊ ပတ်ဝန်းကျင်ရှိ အသုံးပြုသူဦးရေ၊ ဝန်ဆောင်မှုပေးသူ၊ ပက်ကေ့ခ်ျ၊ ချိတ်ဆက်မှုပုံစံ၊ အသုံးပြုနေတဲ့ ကိရိယာ (ဖုန်းလား၊ ကွန်ပြူတာလား စသဖြင့်) စတဲ့အချက်တွေအပေါ်မှာ မူတည်နေတဲ့အတွက်  ပြောဖို့ခက်ပါတယ်။ 

မိုဘိုင်း 4G က ပုံမှန်အားဖြင့် အမြန်နှုန်း တစ်စက္ကန့်ကို၂၀ ကနေ ၃၀ မက်ဂါဘစ် (20-30Mbps) ရှိပါတယ်finance။ ဒါပေမယ့် အင်တာနက်အသုံးများသူတွေအတွက် ဈေးကြီးပြီးတော့ အခြားကိရိယာများနဲ့ ချိတ်ဆက်အသုံးပြုဖို့ သိပ်အဆင်မပြေပါဘူး။

ကြိုးမဲ့အိမ်သုံးအင်တာနက်က ပုံမှန်ဆိုရင် အမြန်နှုန်း တစ်စက္ကန့်ကို ၅ မက်ဂါဘစ် (5Mbps) ရှိပြီး သာမန်အင်တာနက် အသုံးပြုတာ၊ အွန်လိုင်းဈေးဝယ်တာ အတွက်လောက်ဆိုရင် အသုံးပြုသူများရင်တောင် ဒီပမာဏက လုံလောက်ပါတယ်။

ဖိုင်ဘာအိမ်သုံးအင်တာနက်ကတော့ အမြန်ဆုံးပါပဲfinance။ ပက်ကေ့ခ်ျတွေက အမြန်နှုန်း တစ်စက္ကန့်ကို ၁၀ မက်ဂါဘစ် (10Mbps) ကနေ အဆင့်မြင့်ပက်ကေ့ခ်ျတွေအတွက် အမြန်နှုန်းက တစ်စက္ကန့်ကို ၁၀၀ မက်ဂါဘစ် (100Mbps) ထက်တောင်များနိုင်ပါတယ်။

ကြိုးမဲ့အိမ်သုံးအင်တာနက်နဲ့ ဖိုင်ဘာ (FTTH) က ဘာကွာလဲ။

ကြိုးမဲ့အိမ်သုံးအင်တာနက်က မိုဘိုင်းဖုန်းမှာရရှိနိုင်တဲ့ မိုဘိုင်းအင်တာနက်လိုပဲ 4G ဖြစ်ပါတယ်။

ဖိုင်ဘာအိမ်သုံးအင်တာနက်က ဖိုင်ဘာကြိုးတွေအသုံးပြုပြီး အင်တာနက်ကို အိမ်ထဲရောက်အောင် ချိတ်ဆက်လှမ်းပို့ပေးပါတယ်finance။ ဖိုင်ဘာတွေက မြုပ်ထားတဲ့ ကေဘယ်လ် (Cable) ကြိုးတွေကို အသုံးပြုထားတာကြောင့် ကြိုးမဲ့အင်တာနက်ထက် ပိုမြန်ပြီး လိုင်းပိုငြိမ်ပါတယ်finance။ အင်တာနက်ဝန်ဆောင်မှုပေးသူတွေက ဖိုင်ဘာဝန်ဆောင်မှုကို FTTH (Fiber To The Home) လို့ ခေါ်လေ့ရှိပါတယ်။

ကြိုးမဲ့နဲ့ ဖိုင်ဘာမှာ ဘယ်တစ်ခုကိုရွေးရမလဲ။

ပထမဆုံးစစ်ဆေးရမှာက ကိုယ့်ပတ်ဝန်းကျင်မှာ ရနိုင်မရနိုင်ဆိုတာပါပဲfinance။ နေရာတိုင်းမှာ ဝိုင်ယာမဲ့နဲ့ ဖိုင်ဘာ နှစ်ခုစလုံး ဒါမှမဟုတ် နှစ်ခုထဲကတစ်ခုကို ချိတ်ဆက်လို့ရနိုင် မရနိုင်မသေချာပါဘူးfinance။ တကယ်လို့ နှစ်ခုစလုံး ကိုယ်နေထိုင်ရာနေရာမှာ မရှိဘူးဆိုရင်တော့ ရွေးချယ်စရာမရှိပါဘူး။ 

ဝန်ဆောင်မှုနှစ်ခုစလုံးရရှိနိုင်တဲ့ နေရာမှာဆိုရင်တော့ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားကြည့်ပါ။

Shwedingar Icon ကြိုးမဲ့အိမ်သုံးအင်တာနက် (Wireless) ဖိုင်ဘာအိမ်သုံးအင်တာနက် (FTTH)
အမြန်နှုန်း (Bandwidth) ယေဘုယျအားဖြင့် 5Mbps ပုံမှန်အားဖြင့် အခြေခံပက်ကေ့ခ်ျအတွက် 10-20Mbps ၊ အဆင့်မြင့်ပက်ကေ့ခ်ျအတွက် 100Mbps နှင့်အထက်
လိုင်းတည်ငြိမ်မှု အနည်းငယ်တည်ငြိမ်သည်။ ပိုပြီးတည်ငြိမ်သည်။
စိတ်ချရမှု ပိုပြီးစိတ်ချရပေမယ့် အသေးစားလိုင်းဆက်သွယ်ရေးပြတ်တောက်မှုများ ဖြစ်ပေါ်တတ်သည်။ ရံဖန်ရ့ခါ လိုင်းဆက်သွယ်ရေးပြတ်တောက်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်တတ်သည်။
တပ်ဆင်ရန်ကြာချိန် ကိုယ်တိုင်တပ်ဆင်ရမှာ ဖြစ်တဲ့အတွက် တစ်ရက်အတွင်း အသုံးပြုနိုင်ပါတယ်။ တပ်ဆင်ရန် အနည်းဆုံး ၁ ရက် မှ ၂ ရက်ကြာတတ်သည်။
တပ်ဆင်ခ ပုံမှန်အားဖြင့် Router က အခမဲ့ပါ။ တပ်ဆင်ကြေး တစ်ခါတစ်ရံပေးရပါတယ်။
ဒေတာကန့်သတ်ချက် ယေဘုယျအားဖြင့် အကန့်အသတ်မရှိသော်လည်း FUP စည်းမျဉ်းရှိသည်။ အကန့်အသတ်မရှိပါ။
လစဉ်ကြေး တစ်လလျှင် ၁၅,၀၀၀ ကျပ်ခန့်မှစ၍ တစ်လလျှင် ၂၅,၀၀၀ ကျပ်ခန့်မှစ၍

အမြန်ဆုံးနဲ့ လိုင်းအငြိမ်ဆုံး အင်တာနက်လိုချင်တယ်ဆိုရင်တော့ ဖိုင်ဘာက ပိုကောင်းတဲ့ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်finance။ ဒါပေမယ့် ဈေးတော့ ပိုပေးရပါမယ်finance။ ဒါ့အပြင် ရရှိနိုင်တဲ့နေရာတွေက ကြိုးမဲ့ထက် ပိုပြီးအကန့်အသတ်ရှိပါတယ်finance။ ကိုယ်ပိုင်အိမ်မရှိဘူး ဒါမှမဟုတ် မကြာခဏအိမ်ပြောင်းဖို့လိုတယ်ဆိုရင် ဖိုင်ဘာတပ်တာကတော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။

လိုင်းတအားမြန်ဖို့ မလိုဘူးဆိုရင် ကြိုးမဲ့က တပ်ဆင်ရတာ ပိုလွယ်ကူပြီး ပိုလည်းမြန်ပါတယ်finance။ အသုံးပြုနိုင်တဲ့နေရာကလည်း ပိုများပါတယ်။

Fair Usage Policy (FUP) ဆိုတာဘာလဲ။

အသုံးပြုနိုင်တဲ့ဒေတာပမာဏကို မကန့်သတ်ထားရင်တောင် တစ်ချို့ဝန်ဆောင်မှုပေးသူတွေက ပမာဏတစ်ခုအထိအသုံးပြုပြီးတဲ့အခါ အမြန်နှုန်းကို ကန့်သတ်တာမျိုးလုပ်တတ်ပါတယ်finance။ ဝန်ဆောင်မှုပေးသူအပေါ်မူတည်ပြီး အသုံးပြုတဲ့ပမာဏကို တစ်ရက်ချင်း သို့မဟုတ် တစ်လချင်းတွက်ပါလိမ့်မယ်။

ဥပမာ – ဝန်ဆောင်မှုပေးသူက အမြန်နှုန်း 10Mbps ဖြင့် တစ်ရက်လျှင် 10GB အထိအသုံးပြုခွင့်ပေးထားတယ်ဆိုရင် 10GB အသုံးပြုပြီးတဲ့အခါ အမြန်နှုန်းကို 1Mbps အထိ ကန့်သတ်ပစ်လိုက်တာမျိုး ပြုလုပ်နိုင်ပါတယ်။

အိမ်သုံးအင်တာနက်တပ်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမှာလဲ။

ကြိုးမဲ့အိမ်သုံးအင်တာနက် ပက်ကေ့ခ်ျတွေက တစ်လလျှင် ၁၅,၀၀၀ ကျပ်ခန့်မှ စပါလိမ့်မယ်finance။ ဖိုင်ဘာ (FTTH) တွေအတွက် ပက်ကေ့ခ်ျကတော့ တစ်လလျှင် ၂၅,၀၀၀ ကျပ်ခန့်မှ စပါတယ်။

အိမ်သုံးအင်တာနက် ဘယ်လိုတပ်ရမလဲ။

ကြိုးမဲ့အိမ်သုံးအင်တာနက်အတွက် ဝန်ဆောင်မှုပေးသူထံ သွားရောက်ငွေချေပြီး ဆင်း(မ်)ကတ်ထည့်သွင်းပြီးသား ဝိုင်ဖိုင် Router ကို ယူရပါမယ်finance။ အိမ်ရောက်တဲ့အခါ ကိုယ်တိုင်တပ်ဆင်ပြီး အင်တာနက် ချက်ချင်းအသုံးပြုနိုင်ပါတယ်။

ဖိုင်ဘာအတွက်တော့ ဝန်ဆောင်မှုပေးသူက အိမ်ကိုလိုက်လာပြီး ဖိုင်ဘာကြိုးတပ်ဆင်ပေးဖို့ လိုပါတယ်finance။ တပ်ဆင်ဖို့ ၁ ရက်ကနေ ၂ ရက်အထိ ကြာနိုင်ပါတယ်finance။ ဒါပေမယ့် ဝန်ဆောင်မှုပေးသူက ကြိုးတပ်ဆင်ပေးမယ့်သူကို ချက်ချင်းမလွှတ်နိုင်သေးတာလည်း ဖြစ်နိုင်တဲ့အတွက် အင်တာနက်အသုံးပြုနိုင်ဖို့ ၁ ပတ်လောက်စောင့်ဖို့လည်း လိုအပ်နိုင်ပါတယ်။

ဘယ်ဝန်ဆောင်မှုပေးသူကို ရွေးချယ်ရမလဲ။

အရေးအကြီးဆုံးက ဝန်ဆောင်မှုပေးသူကို ရွေးချယ်တဲ့အခါ ရရှိနိုင်တဲ့နေရာအပေါ်မူတည်ပြီး ကန့်သတ်မှုရှိနိုင်ပါတယ်။

ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ဝန်ဆောင်မှုပေးသူတွေရှိရင် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပါ။

  • ကုန်ကျစရိတ် (လစဉ်ကြေးနှင့် တပ်ဆင်ခ)
  • အင်တာနက် အမြန်နှုန်းနှင့် ပတ်ဝန်းကျင်တွင် စိတ်ချရမှု
  • ဖောက်သည်ဝန်ဆောင်မှု
  • ငွေပေးချေစနစ် (ဥပမာ – မိုဘိုင်းဝန်ဆောင်မှုဖြင့် ငွေပေးချေခြင်း)

အိမ်သုံးအင်တာနက်ကို ဘယ်သူတွေက ဝန်ဆောင်မှုပေးနေလဲ။

အိမ်သုံးအင်တာနက် ဝန်ဆောင်မှုပေးသူအချို့ကို ဖော်ပြပေးထားပါတယ်finance။ မတူညီတဲ့ဝန်ဆောင်မှုပေးသူတွေက မတူညီတဲ့နေရာဒေသတွေမှာ ဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက် သုတေသနအနည်းငယ် ပြုလုပ်ဖို့တော့ လိုပါလိမ့်မယ်။

Shwedingar Icon ကြိုးမဲ့အိမ်သုံးအင်တာနက် (Wireless) ဖိုင်ဘာအိမ်သုံးအင်တာနက် (FTTH)
5BB ရပါသည်။ ရပါသည်။
Ananda ရပါသည်။ မရပါ။
Fortune ရပါသည်။ ရပါသည်။
Hi Internet ရပါသည်။ ရပါသည်။
MPT မရပါ။ ရပါသည်။
Myanmar Net ရပါသည်။ ရပါသည်။
MyTel မရပါ။ ရပါသည်။
Ooredoo ရပါသည်။ မရပါ။
SpeedNet မရပါ။ ရပါသည်။
Telenor ရပါသည်။ ရပါသည်။
UniLink မရပါ။ ရပါသည်။
Yatanarpon မရပါ။ ရပါသည်။

ရွေးချယ်ထားသော ဝန်ဆောင်မှုပေးသူများသာ (ဂျူလိုင်လ ၂၀၂၀ ခုနှစ်)yes


မိုဘိုင်းဖုန်းဒေတာနဲ့ပဲသုံးဖို့ ဆုံးဖြတ်ထားတဲ့လူတွေအတွက် ဖုန်းဘေလ်အကုန်အကျ သက်သာစေမယ့် နည်းလမ်း (၆) သွယ် ကို ဒီမှာ လေ့လာနိုင်ပါတယ်Tank

 

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။