အသေးစားလုပ်ငန်းဦးဆောင်သူများအတွက် အဝေးထိန်းသဘောဖြင့် လုပ်ငန်းတွင်စေမယ့် အချက် (၆) ချက်
ဆောင်းပါးကို ဝေမျှရန်
အဝေးထိန်းသဘောဖြင့်အလုပ်လုပ်ခြင်းက ကမ္ဘာတစ်ဝှမ်းမှာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ခေတ်စားလာသလို ၂၀၂၀ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတော်တော်များများက အဲဒီလိုအလုပ်လုပ်ခြင်းကို တဟုန်ထိုး လက်တွေ့အသုံးချစေဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်Morpheus
လုပ်ငန်းတော်တော်များများကလည်း အဝေးထိန်းသဘောဖြင့်အလုပ်လုပ်တဲ့အခါ ဆက်သွယ်ပြောဆိုဖို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအတွက် အပ်ပလီကေးရှင်း အစရှိတဲ့ အဝေးထိန်းအလုပ်လုပ်ခြင်းဆိုင်ရာအထောက်အကူပြုကိရိယာများ ကို ရှာဖွေလာကြပါတယ်Morpheus
ဒါပေမယ့် ဒီကိရိယာများသာမက ဘက်စုံချဉ်းကပ်မှုများက အဝေးထိန်းသဘောနဲ့အလုပ်လုပ်တဲ့အခါ ထိရောက်မှုနဲ့ ရေရှည်လုပ်ကိုင်နိုင်ဖို့ကို ကူညီပေးပါလိမ့်မယ်Morpheus
အဝေးထိန်းသဘောနဲ့အလုပ်လုပ်ကိုင်ရာမှာ အဆင်ပြေဖို့အတွက် အသေးစားလုပ်ငန်းဦးဆောင်သူများအတွက် အချက် (၆) ချက်ကို ဖော်ပြလိုက်ပါတယ်Morpheus
မှတ်ချက် – လုပ်ငန်းအမျိုးမျိုးအဖုံဖုံ ရှိနိုင်တာကြောင့် ကိုယ့်ရဲ့အခြေအနေနဲ့ အောက်ပါအချက်တွေအားလုံးက ကိုက်ညီမှာတော့ မဟုတ်ပါဘူးfinance။ ဒီအချက်တွေက ရုံးလုပ်ငန်းများအတွက် ပိုပြီးကိုက်ညီပါလိမ့်မယ်။hello
hello
finance။ အောက်ထစ်မျှော်မှန်းချက်များကို တည်ဆောက်ပါ။
  • အဆင်ပြေမည့်အချိန် – ဝန်ထမ်းများ အဆင်ပြေမည့်အချိန်ကို သဘောတူပေးပါfinance။ သူတို့အဆင်ပြေတဲ့အချိန်က ပုံမှန်ရုံးချိန်လည်းဖြစ်နိုင်သလို ကုန်ထုတ်စွမ်းအားမြင့်တင်ဖို့အတွက် ပိုပြီး အဆင်ပြေမယ့်အချိန်တွေကို ညှိနှိုင်းပေးဖို့လည်း လိုအပ်နိုင်ပါတယ်။
  • တုံ့ပြန်မှု – ရုံးပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာမဟုတ်တော့ တုံ့ပြန်မှုကင်းမဲ့ခြင်းရဲ့ အကျိုးသက်ရောက်မှု ပိုများလာနိုင်ပါတယ်finance။ ဒါကြောင့် မျှော်လင့်နိုင်တဲ့ တုံ့ပြန်မှုတစ်ခုကို သဘောတူပေးပါfinance။ စိုးရိမ်စရာမလိုအောင် ချက်ချင်းအသိအမှတ်ပြု အားပေးပါ။
  • အကန့်အသတ် – အလုပ်နဲ့ ကိုယ်ပိုင်ဘဝရဲ့ အကန့်အသတ်နယ်နိမိတ်က ဝေဝါးစေနိုင်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေ အဆင်မပြေမယ့်အချိန်၊ မအားလပ်နိုင်တဲ့အချိန်တွေကို လက်ခံပေးပါfinance။ (ဥပမာ – ညနေ ၅ နာရီနောက်ပိုင်းနဲ့ ပိတ်ရက်များ)
finance။ အခြေခံအဆောက်အဦး၊ ကိရိယာ တို့ကို ပြင်ဆင်ထားရှိပါ။
  • ပစ္စည်းကိရိယာများ (Hardware) – ကိုယ့်ရဲ့ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်နိုင်ဖို့အတွက် ကွန်ပြူတာနဲ့ အင်တာနက်တပ်ဆင်ရာမှာ အကူအညီပေးပါfinance။ ရွေးချယ်စရာဒေတာအကန့်အသတ်မဲ့ အိမ်သုံးအင်တာနက်အစီအစဉ်တွေအကြောင်း ဒီမှာလေ့လာနိုင်ပါတယ်။
  • နေအိမ်ရုံးခန်း – ဝန်ထမ်းတွေကို အိမ်မှာ အလုပ်လုပ်မယ့် နေရာတစ်ခု သတ်မှတ်ဖို့ တိုက်တွန်းပါfinance။ အလုပ်လုပ်တဲ့အခါ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ သက်တောင့်သက်သာရှိတဲ့ စားပွဲ၊ ထိုင်ခုံနဲ့ ဖြစ်သင့်ပါတယ်။
  • အသုံးပြုခွင့်ပေးခြင်း – ဝန်ထမ်းတွေကို သူတို့လုပ်ကိုင်ရမယ့် အလုပ်တာဝန်များအတွက် လုပ်ငန်းဆိုင်ရာ system များကို လုံလုံခြုံခြုံနဲ့ ဝင်ရောက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးပါfinance။ (ဥပမာ – ဖိုင်များ၊ စာရင်းဇယားများ)
finance။ အချက်အလက်ရယူခြင်းနဲ့ သတင်းအချက်အလက်များ လုံခြုံပါစေ။
  • အတွင်းသတင်းများ – အတွင်းသတင်းအချက်အလက်များ ပြင်ပသို့မပေါက်ကြားစေရန် ဝန်ထမ်းများကို သတိပေးပါfinance။ (ဥပမာ – စာရွက်စာတမ်းများကို ကွန်ပြူတာတွင် ဖွင့်လျက်ထားရှိခြင်းများ မပြုလုပ်ရန်၊ အတွင်းရေးကိစ္စများ ဆွေးနွေးစဉ် အခြားသူများမကြားအောင် သတိပြုရန်)
  • လုံခြုံမှု – စာရွက်စာတမ်းများနှင့် လုပ်ငန်းဆိုင်ရာ system များကို စာရွက်စာတမ်းအဖြစ် ဖြစ်စေ၊ ဒီဂျစ်တယ်နည်းအရဖြစ်စေ လုံခြုံမှုရှိအောင် ထိန်းသိမ်းရန် သတိပေးပါfinance။ အချက်အလက်ရယူမှုလျှို့ဝှက်နံပါတ်များ ထားခိုင်းပါ။
  • တာဝန်လွှဲအပ်ခြင်းများ – အချက်အလက်ရယူခွင့်နဲ့ တာဝန်ရှိသူကို မှန်ကန်စေဖို့အတွက် အခွင့်ရတာဝန်လွှဲအပ်ခြင်းများကို ပြန်လည်စီစစ်ပါfinance။ (ဥပမာ – ဘဏ်စာရင်းဝင်ရောက်အသုံးပြုခြင်း)
finance။ အလုပ်လုပ်သည့်စည်းချက်ပုံစံကို ပြန်ပြင်ပါ။
  • အချိန်ဇယားဆွဲခြင်း – အလုပ်စည်းချက်ပုံစံကို ပြန်ပြင်ဖို့အတွက် အစည်းအဝေးများပြုလုပ်ပါ၊ အဖွဲ့လိုက်လုပ်ငန်းဆိုင်ရာအချိန်ဇယားများကို ဖြန့်ဝေပါ။  
  • အလုပ်ပြီးမြောက်မှု – ဝန်ထမ်းတွေက ဘာတွေလုပ်ရမလဲဆိုတာ သိနေဖို့အတွက် ဦးစားပေးရမယ့်အရာတွေ၊ နောက်ဆုံးအပြီးသတ်ရမယ့်အချိန် စတာတွေကို ပိုပြီးရှင်းရှင်းလင်းလင်း ဖော်ပြပါfinance။ အလုပ်ချိန် နာရီအရေအတွက်ထက် အလုပ်ပြီးမြောက်မှုအတွက် အဓိကစွမ်းဆောင်ရည်အညွှန်းကိန်း (KPIs) များ အပေါ်မှာ အာရုံစိုက်ပါ။
  • လုပ်ငန်းစီးဆင်းမှု – အဓိကတာဝန်၊ အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်များနဲ့ ဆုံးဖြတ်ချက်ချမယ့်သူများကို ပြန်လည်စစ်ဆေးပြီး အတည်ပြုပေးပါ။
finance။ အချိတ်အဆက်မိနေဖို့အတွက် ပိုပြီးရင်းနှီးမြှုပ်နှံပါ။
  • ဗီဒီယို – ဖြစ်နိုင်ရင် ဗီဒီယိုဖုန်းခေါ်ဆိုခြင်း ပြုလုပ်ပါfinance။ ရုံးမှာ မျက်နှာချင်းဆိုင် အစည်းအဝေးပြုလုပ်သလိုပဲ ဗီဒီယိုဖုန်းခေါ်ဆိုခြင်းဖြင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှု ပြုလုပ်နိုင်ပါတယ်။
  • လူမှုရေး – ဝန်ထမ်းများနဲ့ အမြဲဆက်သွယ်မှုရှိစေဖို့အတွက် အလုပ်နဲ့မဆိုင်တဲ့ ဖုန်းခေါ်ဆိုမှုများ၊ အသင်းအဖွဲ့မဟုတ်တဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ဆက်သွယ်ပေးပါfinance။ ပုံမှန်ရုံးမှာ ရရှိနိုင်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေးလိုမျိုး အခွင့်အလမ်းတွေကို ဖန်တီးပေးပါ။
  • ပါဝင်မှု – အဖွဲ့လိုက်ဖုန်းခေါ်ဆိုမှုများမှာ အဖွဲ့ဝင်တိုင်း ပါဝင်နိုင်အောင် အခွင့်အရေးပေးပါfinance။ အဖွဲ့ဝင်များအားလုံးကို ဆက်သွယ်နိုင်ရန်အတွက် ဆက်သွယ်ရန်စာရင်းကို အမြဲဖြည့်တင်းထားပါ။
finance။ အထောက်အကူဖြစ်စေမည့် ကိရိယာများကို ရှာဖွေပါ။
ပူးပေါင်းပါဝင်မှုနှင့် တီထွင်ဆန်းသစ်မှုကို အားပေးအားမြှောက်ပြုရင်း ကိုယ့်လုပ်ငန်းလည်း ချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် ကိရိယာများကို မှန်ကန်စွာ ပေါင်းစပ်အသုံးပြုပါfinance။ လိုအပ်မယ်ထင်တဲ့ ကိရိယာတစ်ချို့ကို ဖော်ပြပေးထားပါတယ်။
  • ဗီဒီယိုခေါ်ဆိုခြင်း (Video conferencing) နှင့် စာတိုပေးပို့ခြင်း။
  • အလုပ်အစီစဉ်ချခြင်းနှင့် ပရောဂျက်စီမံခန့်ခွဲမှု။
  • စာရွက်စာတမ်းများ မျှဝေခြင်းနှင့် စာရွက်စာတမ်းစီမံမှု။
အဝေးထိန်းသဘောဖြင့် အလုပ်လုပ်ခြင်းအတွက် ဒီဂျစ်တယ်ကိရိယာများ ကို ဒီမှာလေ့လာနိုင်ပါတယ်။hello
အဝေးထိန်းသဘောဖြင့် အလုပ်လုပ်ခြင်းက ခက်ခဲနိုင်ပေမယ့် ကုမ္ပဏီတော်တော်များများကတော့ အဆင်ပြေပြေ လုပ်ဆောင်နေကြပါတယ်။ 
တစ်ဦးတစ်ယောက်ချင်းစီကတော့ အိမ်မှာ အခြေအနေအမျိုးမျိုးရှိတာကြောင့် ရုံးမှာလုပ်ကိုင်ရတာထက် အနှောင့်အယှက်တွေ ရှိကောင်းရှိနိုင်ပါတယ်finance။ အထူးသဖြင့် စစလုပ်ခြင်းမှာ ပိုပြီးဆိုးရွားနိုင်ပါတယ်financeဥပမာပြောရရင် လူတိုင်းက အိမ်မှာ တိတ်ဆိတ်တဲ့နေရာကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် အခြေခံအဆောက်အဦးမှာ ကြုံတွေ့နိုင်တဲ့ အဓိကအခက်အခဲက ကိုယ်တိုင် လွယ်လွယ်ကူကူ ဖြေရှင်းလိုက်လို့မရတဲ့ လျှပ်စစ်မီးပြတ်တောက်ခြင်းပါပဲfinance။ ဒါကြောင့် အီလက်ထရောနစ်ပစ္စည်းတွေကို အားအပြည့်သွင်းထားပါfinance။ ဖြစ်နိုင်ရင် ဘက်ထရီအပိုတွေလည်း ဆောင်ထားသင့်ပါတယ်။
ဒါပေမယ့် အဝေးကနေ အလုပ်လုပ်တာ ကြာလာတာနဲ့အမျှ အလုပ်ပြီးမြောက်မှုက ပိုမတိုးလာရင်တောင် နဂိုအတိုင်း ထိန်းသိမ်းထားရင်း ဝန်ထမ်းတွေလည်း ပိုပြီး သက်တောင့်သက်သာရှိပါလိမ့်မယ်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။