ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒ

အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

ရွှေဒင်္ဂါးဝက်ဘ်ဆိုက်မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဘဏ္ဍာရေးဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုပေးသူများအကြောင်းကို ဝက်ဘ်ဆိုက်အသုံးပြုသူများ သိရှိနားလည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ကောင်းမွန်စွာ ချမှတ်နိုင်စေရန် ဘက်လိုက်မှုမရှိသော၊ သမာသမတ်ကျသော အချက်အလက်များကို ဖော်ပြပေးရန်ဖြစ်ပါသည်။

ရွှေဒင်္ဂါးဝက်ဘ်ဆိုက် အတွင်းပါရှိသော အပ်ပလီကေးရှင်းများ၊ ကိရိယာတန်ဆာပလာများ သို့တည်းမဟုတ် လုပ်ဆောင်ချက်ကဏ္ဍများအပါအဝင် ရွှေဒင်္ဂါးနှင့် စပ်လျဉ်းသော အခြားဝန်ဆောင်မှုများကို အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒများကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း မှတ်ယူသည်။ ဤအသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများသည် အချိန်မရွေးပြုပြင်ပြောင်းလဲမှုရှိနိုင်သည်။ ချမှတ်ထားသော အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒများကို သဘောတူလိုက်နာလိုခြင်း ဆန္ဒမရှိပါက ကျွန်ုပ်တို့၏ ရွှေဒင်္ဂါးဝက်ဘ်ဆိုက်ကို ဆက်လက်အသုံးမပြုရန် အသိပေးအပ်ပါသည်။

shwedingar.com shwedingar.com shwedingar.com


ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အတွင်းရှိအကြောင်းအရာများ

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် လက်ရှိအခြေအနေ၊ အချိန်အခါအရ အမှန်တကယ် ရရှိနိုင်သည့်အချက်အလက်များကို အခြေခံထားသော အကြောင်းအရာများကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ ဝန်ဆောင်မှုပေးသူများ၊ ဝန်ဆောင်မှုနှင့် ကုန်စည်များ၏အချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရန်အတွက်လည်း ကျွန်ုပ်တို့မှ အကောင်းဆုံးကြိုးပမ်းလျက်ရှိပါသည်။ မည်သို့ပင်ဆိုစေ ဝက်ဘ်ဆိုက်အသုံးပြုသူများအနေဖြင့် ဖော်ပြထားသော အကြောင်းအရာများအားလုံးသည် လုံးဝဥဿုံ ပြည့်စုံမှန်ကန်သည်ဟု မယူဆသင့်ပါ။ ဝန်ဆောင်မှုပေးသူများ၊ ဝန်ဆောင်မှုနှင့် ကုန်စည်များ၏အချက်အလက်များနှင့် ပတ်သက်၍ အတိကျဆုံး၊ အမှန်ကန်ဆုံးနှင့် နောက်ဆုံးရသတင်းအချက်အလက်များအဖြစ် ဖော်ပြနိုင်ရန် ကျွန်ုပ်တို့မှ လေ့လာဆန်းစစ်ချက်များ၊ သုတေသနများကို အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။ အတိုးနှုန်းတွက်ချက်ခြင်းများနှင့် ငွေပေးချေမှုတွက်ချက်ခြင်းများကိုလည်း အတိကျဆုံးဖော်ပြနိုင်ရန် ကြိုးပမ်းထားပါသည်။ သို့ပါသော်လည်း ဖော်ပြပေးထားသော သတင်းအချက်အလက်များသည် လမ်းညွှန်မှုတစ်ခုအဖြစ်သာ ဖော်ပြပေးထားခြင်းဖြစ်ပြီး လိုအပ်ပါက ယင်းအချက်အလက်များကို ဝန်ဆောင်မှုပေးအပ်သူများနှင့် နောက်ဆုံးအတည်ပြုစေသင့်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများအားလုံးသည် လုံးဝဥဿုံပြီးပြည့်စုံပြီး၊ ၁၀၀ ရာခိုင်နှုန်း တိကျမှန်ကန်သည်ဟု ကျွန်ုပ်တို့မှ အာမ မခံပါ။

ကျွန်ုပ်တို့သည်  ဝန်ဆောင်မှုပေးသူများ၊ ဝန်ဆောင်မှုများ၊ ကုန်စည်များ နှင့် စပ်လျဉ်း၍ ရံဖန်ရံခါ အကြံပြုထောက်ခံခြင်းများ ရှိပါသည်။ ကျွန်ုပ်တို့၏ အကြံပြုချက်များမှာ အများပြည်သူအား ချပြထားသော သတင်းအချက်အလက်များနှင့် စည်းကမ်းချက်၊ သတ်မှတ်ချက်အမျိုးမျိုးကို အတတ်နိုင်ဆုံးကြိုးစားနားလည်သည့်အချက်များအပေါ် အခြေခံထားပါသည်။ သို့ရာတွင် ယင်းကဲ့သို့ စုဆောင်းဖော်ပြထားသော အချက်အလက်များ၊ နားလည်မှုများကို လုံးဝဥဿုံမှန်ကန်သည်ဟု ကျွန်ုပ်တို့ အာမ မခံပါ။ ထို့ကြောင့် အကြံပြုချက်များကို လမ်းညွှန်မှုတစ်ခုအဖြစ်သာ မှတ်ယူသင့်ပြီး ဝက်ဘ်ဆိုက်အသုံးပြုသူများအနေဖြင့် ကိုယ်တိုင်လုံ့လဝီရိယစိုက်ထုတ်၍ သုတေသနလုပ်ကာ လေ့လာဆန်းစစ်သင့်သည်။ ဤအကြံပြုချက်များသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ အခြေအနေ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ သင့်တော်လျော်ကန်ကြောင်းလည်း ကျွန်ုပ်တို့အာမ မခံပါ။

စီးပွားရေးအတွက် မဟုတ်သော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ကိုယ်ပိုင်လိုအပ်ချက်များအတွက် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ကျွန်ုပ်တို့ဝက်ဘ်ဆိုက်၏ အကြောင်းအရာဆောင်းပါးများကို မျှဝေပေးခြင်းအတွက် ကြိုဆိုပါသည်။ သို့မှသာ ဝက်ဘ်ဆိုက်အသုံးပြုသူများအနေဖြင့်  အချက်အလက်များမှတစ်ဆင့် ဗဟုသုတများ တိုးပွားလာပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြထားကြောင်း သိသာထင်ရှားစွာ ဖော်ပြပေးရန်လိုအပ်ပါသည်။ ဝက်ဘ်ဆိုက်မှ (လိုဂို (Logo) များ၊ ဒီဇိုင်းများ၊ သတင်းအချက်အလက်များ၊ ဂရက်ဖစ် (Graphic) များ၊ စာသားများ အပါအဝင်) မည့်သည့်အစိတ်အပိုင်း၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သို့တည်းမဟုတ် တစ်ခုလုံးကိုဖြစ်စေ ခွင့်ပြုချက်မဲ့ ကူးယူခြင်းများ သို့မဟုတ် ကူးယူရန် ကြံစည်ခြင်းများကို အပြင်းအထန်တားမြစ်ထားပါသည်။ မူပိုင်ခွင့်သည် ရွှေဒင်္ဂါး (shwedingar.com) ၏ အပိုင်ဖြစ်သည်။

shwedingar.com shwedingar.com shwedingar.com


တတိယအဖွဲ့အစည်းများ (Third Parties)

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုပေးသူများ၊ ဝန်ဆောင်မှုများနှင့် ကုန်စည်များကို ပိုင်ဆိုင်ခြင်း၊ ထိန်းချုပ်ခြင်းများ မရှိပါ။ အကယ်၍ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ရယူရန် သို့တည်းမဟုတ် ဝယ်ယူရန် ရွေးချယ်ခဲ့ပါက  ဝန်ဆောင်မှုပေးသူများနှင့်သာ သဘောတူညီချက်ရယူခြင်းဖြစ်ပြီး ရွှေဒင်္ဂါး (shwedingar.com) နှင့် သက်ဆိုင်မှုမရှိပါ။ ထို့ကြောင့် ဝန်ဆောင်မှုပေးသူများ၊ ဝန်ဆောင်မှုများနှင့် ကုန်စည်များ၏ သင့်တော်မှုနှင့် အရည်အသွေးကို သေချာစစ်ဆေးရန်မှာ သင်၏ တာဝန်သာဖြစ်သည်။ သင်၏ မည်သည့်ဝယ်ယူခြင်း၊ အသုံးပြုရန်ရွေးချယ်ခြင်းအတွက်ကိုမဆို ရွှေဒင်္ဂါးတွင် တာဝန်မရှိပါ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်မှ အခြားဝက်ဘ်ဆိုက်တစ်ခုခုသို့ လမ်းညွှန်လွှဲပြောင်းပေးခြင်းများ ရှိကောင်းရှိနိုင်သည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ ထွက်ခွာပြီး အခြားဝက်ဘ်ဆိုက်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ယင်းဝက်ဘ်ဆိုက်၏ အသုံးပြုဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒအတိုင်း သဘောတူလိုက်နာရန်သာဖြစ်သည်။

shwedingar.com shwedingar.com shwedingar.com


မှန်ကန်စွာအသုံးပြုခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်အသုံးပြုသူများအတွက် အသုံးဝင်ပြီး ဖတ်ရှုလေ့လာဖွယ်ကောင်းသော အကြောင်းအရာများကို ဖော်ပြပေးရန် အကောင်းဆုံးကြိုးပမ်းလျက်ရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို အလွဲသုံးစားပြုလုပ်ခြင်းများ မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို တရားမဝင်သော သို့မဟုတ် ဥပဒေနှင့် မကိုက်ညီသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းကို ခွင့်မပြုပါ။ စီးပွားရေးအတွက် မဟုတ်သော၊ ကိုယ်ပိုင်လိုအပ်ချက်အတွက် ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုခွင့်ပြုသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်၏ တစ်စိတ်တစ်ဒေသကို ကူးယူဖော်ပြသော ဆော့ဖ်ဝဲ (scraper) ကို အသုံးပြုခြင်းဖြင့်ဖြစ်စေ၊ အလိုအလျောက်လုပ်ဆောင်သောကိရိယာ (automated tool) တစ်ခုခုကို အသုံးပြုခြင်းဖြင့်ဖြစ်စေ ဝက်ဘ်ဆိုက်ရှိ အကြောင်းအရာများကို ကူးယူဖော်ပြခြင်းအပါအဝင် ဝက်ဘ်ဆိုက်နှင့် ၎င်း၏အလုပ်လုပ်ခြင်းကို ဝင်ရောက်နှောင့်ယှက်ခြင်း ခွင့်မပြုပါ။ ခြိမ်းခြောက်သော၊ မဖွယ်မရာညစ်ညမ်းသော၊ အယူအဆလွဲမှားစေနိုင်သော အရာများ၊ spam များ၊ ဗိုင်းရပ်စ်များ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော အခြားအရာများကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အတွင်း ပုံစံဖြည့်စွက်ချက်များမှတစ်ဆင့် သော်လည်းကောင်း၊ မှတ်ချက်များမှတစ်ဆင့် သော်လည်းကောင်း၊ အခြားလုပ်ဆောင်ချက်တစ်ခုခုမှသော်လည်းကောင်း ပေးပို့ခြင်းများ၊ တင်ခြင်းများ ပြုလုပ်ခွင့်မရှိပါ။ ထိုကဲ့သို့ တစ်စုံတစ်ရာပြုမူကျူးလွန်ခဲ့ပါက ယင်းအရာကို ကျွန်ုပ်တို့၌ ဖယ်ရှားဖျောက်ဖျက်ပိုင်ခွင့်ရှိသည်။ ထိုသို့ပြုမူကျူးလွန်သူကိုလည်း အကြောင်းပြချက်တစ်စုံတစ်ရာ အသိပေးမည်မဟုတ်ပဲ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အသုံးပြုခြင်းမှ တားမြစ်ပိတ်ပင်ခွင့်ရှိသည်။

shwedingar.com shwedingar.com shwedingar.com


ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒ

ရွှေဒင်္ဂါးဝက်ဘ်ဆိုက်မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တန်ဖိုးထားသည့်အလျောက် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းပေးထားပါသည်။

ရွှေဒင်္ဂါးဝက်ဘ်ဆိုက် အတွင်းပါရှိသော အပ်ပလီကေးရှင်းများ၊ ကိရိယာတန်ဆာပလာများ သို့တည်းမဟုတ် လုပ်ဆောင်ချက်အင်္ဂါရပ်များအပါအဝင် ရွှေဒင်္ဂါးနှင့် စပ်လျဉ်းသော အခြားဝန်ဆောင်မှုများကို အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒများကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း မှတ်ယူသည်။ ဤအသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများသည် အချိန်မရွေးပြုပြင်ပြောင်းလဲမှုရှိနိုင်သည်။ ချမှတ်ထားသော အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒများကို သဘောတူလိုက်နာလိုခြင်း ဆန္ဒမရှိပါက ကျွန်ုပ်တို့၏ ရွှေဒင်္ဂါးဝက်ဘ်ဆိုက်ကို ဆက်လက်အသုံးမပြုရန် အသိပေးအပ်ပါသည်။

shwedingar.com shwedingar.com shwedingar.com


စုဆောင်းထားသောသတင်းအချက်အလက်များ

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်အသုံးပြုသည့်အခါ အသုံးပြုသူများ၏ ဝင်ရောက်အသုံးပြုခြင်းများကို အခြားသော ဝက်ဘ်ဆိုက်များကဲ့သို့ အမည်မသိသတင်းအချက်အလက်များအဖြစ် သိမ်းထားလေ့ရှိပါသည်။ သိမ်းထားသော အချက်အလက်များမှာ အသုံးပြုမှုမှတ်တမ်းများ (ဥပမာ – ဝင်ရောက်ဖတ်ရှုခဲ့သော စာမျက်နှာများ၊ ဝင်ရောက်သည့် အချိန်၊ ဝင်ရောက်ဖတ်ရှုခြင်း ကြာချိန်)၊ ဝင်ရောက်ခဲ့သည့် မူရင်းနေရာ၊ cookies ၊ IP address ၊ operating system ၊ အသုံးပြုသော ကိရိယာအမျိုးအစား နှင့် အခြားသောအချက်အလက်များ ပါဝင်သည်။ ထိုအချက်အလက်များသည် မည်သူမည်ဝါမသိရပဲ ရယူသိမ်းဆည်းသော  အချက်အလက်များဖြစ်သော်လည်း ကျွန်ုပ်တို့၏ အချက်အလက်ဖြည့်သွင်းရန် ပုံစံများမှသော်လည်းကောင်း၊ မှတ်ချက်များမှသော်လည်းကောင်း၊ အခြားသော လုပ်ဆောင်ချက်ကဏ္ဍများမှသော်လည်းကောင်း ဆက်သွယ်ရန် ရွေးချယ်ပါက မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိနိုင်သည့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြရန်လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။

shwedingar.com shwedingar.com shwedingar.com


သတင်းအချက်အလက်များကို အသုံးပြုပုံ

အခြားသော စီးပွားရေးလုပ်ငန်းများကဲ့သို့ပင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ရယူခဲ့သော သတင်းအချက်အလက်များကို အသုံးပြုပါသည်။ သင်တို့၏ ကိုယ်ပိုင်အချက်အလက်များကို ပေးပို့ပါက ထိုအချက်အလက်များကို တရားဝင်လုပ်ဆောင်နိုင်သော ရည်ရွယ်ချက်များအတွက်သာ လုံခြုံစိတ်ချစွာ အသုံးပြုမည်ဖြစ်ပြီး ကျွန်ုပ်တို့နှင့် တူညီသော ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်မူဝါဒ မရှိသည့် ဘေးလူအဖွဲ့အစည်းတစ်ခုခုသို့ မျှဝေမည်မဟုတ်ပါ။