အဝေးထိန်းသဘောဖြင့် အလုပ်လုပ်ခြင်းအတွက် အခမဲ့ဒီဂျစ်တယ်ကိရိယာများ

ဆောင်းပါးကို ဝေမျှရန်

လုပ်ငန်းတော်တော်များများက အဝေးထိန်းသဘောနဲ့ အပြီးအပိုင် ပြောင်းလဲလုပ်ကိုင်လာကြတာလည်းရှိသလို အဝေးထိန်းသဘောကို လုပ်ငန်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းလုပ်ဆောင်လာတာတွေလည်း ရှိနေပြီဖြစ်တဲ့အတွက် မှန်ကန်တဲ့ အထောက်အကူပြုကိရိယာရှိထားခြင်းအားဖြင့် မတက်မကြွနဲ့ မထိမရောက်ဖြစ်နေတဲ့ အသင်းအဖွဲ့ နဲ့ တက်ကြွပြီး လုပ်ငန်းလည်းထိရောက်တဲ့အဖွဲ့ကို ကွဲပြားစေပါလိမ့်မယ်။

ဒီဂျစ်တယ်ကိရိယာတွေက ရာနဲ့ချီပြီးရှိပါတယ်finance။ တစ်ခုနဲ့တစ်ခုကလည်း ပိုကောင်းတာတွေရှိပါတယ်။

အသေးစားလုပ်ငန်းလေးတွေအတွက်ကတော့ ကုန်ကျစရိတ်ဆိုတာ အမြဲထည့်သွင်းစဉ်းစားရတဲ့ အချက်ပါပဲfinance။ ဒါကြောင့် ပရောဂျက်များ၊ ဆက်သွယ်ခြင်းများနဲ့ အတူပူပေါင်းလုပ်ကိုင်ခြင်းတွေကို ကောင်းစွာစီမံနိုင်အောင် အခမဲ့အသုံးပြုနိုင်တဲ့ အပ်ပလီကေးရှင်းတစ်ချို့ကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

ဒီကိရိယာတွေရှိရုံနဲ့တော့ ပြည့်စုံလုံလောက်သွားပြီလို့ ပြောလို့တော့ မရပါဘူးfinance။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသေးစားလုပ်ငန်းဦးဆောင်သူတွေအတွက် အဝေးထိန်းသဘောဖြင့် လုပ်ငန်းတွင်စေမယ့် အချက် (၆) ချက်ကို ဖတ်ကြည့်ဖို့ မမေ့ပါနဲ့။123


လုပ်ငန်းပြီးမြောက်မှု အထောက်အကူပြုကိရိယာများ (Productivity suites)

ဒီရွေးချယ်မှုတွေက အဓိကမရှိမဖြစ်လိုအပ်တဲ့ စာရင်းဇယား၊ စာရွက်စာတမ်း၊ အီးမေးလ်၊ ဗီဒီယိုအစည်းအဝေး၊ ဖိုင်မျှဝေခြင်း အစရှိတာတွေအတွက် အကူအညီဖြစ်နိုင်ပါတယ်finance။ ဒါပေမယ့် သူတို့သဘာဝအရ တော်တော်တော့ အလုပ်ရှုပ်စေနိုင်ပါတယ်။

အဓိကအားဖြင့် ရွေးချယ်မှု (၂) ခုရှိပါတယ်။

  • Google – Android၊ Google မှရှာဖွေခြင်း၊ Google မြေပုံ၊ Gmail စတာတွေနဲ့  တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါfinance။ ဒါတွေအပြင် Google က Browser အခြေခံထားတဲ့ Docs, Sheets, Meet အစရှိတဲ့ အခမဲ့ စီးပွားရေးသုံးကိရိယာများကိုလည်း ပြုလုပ်ထားပါတယ်။ 

(အခကြေးပေးရတဲ့ G Suite ဗားရှင်းကတော့ ကိုယ်ပိုင်ဒိုမိန်းနာမည်တစ်ခု၊ ပိုမိုကျယ်ပြန့်တဲ့ ထိန်းချုပ်စနစ်နဲ့ လုံခြုံရေးလုပ်ဆောင်ချက်တွေကိုပါ ရရှိနိုင်မှာပါ။)

  • Microsoft – Word, Excel စတဲ့ Microsoft Office ရဲ့ ထုတ်ကုန်တွေနဲ့လည်း တော်တော်များများ ရင်းနှီးပြီးသား ဖြစ်ကြမှာပါfinance။ Microsoft က Office on the web (ယခင်က Office Online) လို့ခေါ်တဲ့ အခြေခံအခမဲ့ Browser ဗားရှင်းကို ထောက်ပံ့ပေးပါတယ်။

(အခကြေးပေးရတဲ့ Microsoft 365 ကတော့ အပ်ပလီကေးရှင်းတစ်ခုစီနဲ့ offline တပ်ဆင်မှုတွေအတွက် လုပ်ဆောင်ချက်တွေ အပြည့်အစုံပါဝင်ပါတယ်။)123



123


လုပ်ငန်းပြီးမြောက်မှု အထောက်အကူပြုကိရိယာများက လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်တာကြောင့် အနည်းငယ်တော့ ရှုပ်ထွေးစေနိုင်ပါတယ်။ 

တစ်ခါတစ်လေကျရင် ပြီးမြောက်လိုတဲ့အလုပ်ကို အရင်စဉ်းစားပြီးတော့မှ သူနဲ့ အဆင်ပြေမယ့် ကိရိယာကို စဉ်းစားတာက ပိုလွယ်ပါတယ်။123


ဗီဒီယိုအစည်းအဝေးပြုလုပ်ခြင်းနှင့် Screen မျှဝေခြင်း

ဗီဒီယိုဖုန်းခေါ်ဆိုခြင်းဖြင့် အစည်းအဝေးပြုလုပ်ခြင်းက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲအဆက်အသွယ်ရှိစေတဲ့အပြင် ပစ္စည်းတင်သွင်းသူများ၊ ဖောက်သည်များနဲ့လည်း ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အဆင်မပြေဘူးဆိုရင် ဗီဒီယိုဖုန်းခေါ်ဆိုခြင်းက အသံတစ်ခုတည်းဖြင့် ဖုန်းခေါ်ဆိုခြင်းထက် ပိုပြီးထိတွေ့မှုရှိစေပါတယ်။

ဗီဒီယိုအစည်းအဝေးအတွက် ပြုလုပ်ထားတဲ့ကိရိယာတွေမှာ တင်ဆက်မှုတွေအတွက် လိုအပ်တဲ့ screen မျှဝေခြင်းလည်း ပါဝင်ပါတယ်။

လူသိများတဲ့ ရွေးချယ်မှုတွေက 

  • Zoom – ပါဝင်သူ အယောက် ၁၀၀ အထိ၊ တစ်ကြိမ်ခေါ်ဆိုမှုအတွက် မိနစ် ၄၀။
  • Webex – ပါဝင်သူ အယောက် ၅၀ အထိ၊ တစ်ကြိမ်ခေါ်ဆိုမှုအတွက် မိနစ် ၄၀finance။ (Covid ကာလအတွင်း အကန့်အသတ်မရှိ ခေါ်ဆိုနိုင်သည်။)
  • Google Meet – ပါဝင်သူ အယောက် ၁၀၀ အထိ၊ တစ်ကြိမ်ခေါ်ဆိုမှုအတွက် ၁ နာရီfinance။ (Covid ကာလအတွင်း အကန့်အသတ်မရှိ ခေါ်ဆိုနိုင်သည်။)
  • Skype – ပါဝင်သူ အယောက် ၅၀ အထိ၊ ခေါ်ဆိုမှုအတွက် အချိန်အကန့်အသတ်မရှိပါ။

ဒီရွေးချယ်မှုတွေက  (အကောင့်ပြုလုပ်စရာမလိုပဲ) လင့်ခ် (Link) လေးတစ်ခုကနေ ဝင်ရောက်နိုင်တာကြောင့် အသုံးပြုရလွယ်ကူပါတယ်။ 

(Skype ကလွဲလို့ ကျန်တာတွေကတော့  အစည်းအဝေးအစပြုဖို့အတွက် အစည်းအဝေးအစပြုမယ့်သူက အကောင့်တစ်ခု ပြုလုပ်ရှိထားဖို့ လိုပါတယ်။)

ကွန်ပြူတာမှာဆိုရင် ဘာအပ်ပလီကေးရှင်းမှ သွင်းစရာမလိုပဲ Browser ကနေတစ်ဆင့် အသုံးပြုလို့ ရပါတယ်finance။ ဖုန်းနဲ့ဆိုရင်တော့ အပ်ပလီကေးရှင်းကို ထည့်သွင်းထားဖို့ လိုပါလိမ့်မယ်။

ခေါ်ဆိုမှုအတွက် အချိန်အကန့်အသတ်တွေ ရှိပေမယ့် အချိန်တစ်ခုပြည့်သွားတိုင်း အကြိမ်ရေအကန့်အသတ်မရှိ ခေါ်ဆိုမှုအသစ် ပြုလုပ်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာတွေအားလုံးမှာ ဝက်ဘ်ဗားရှင်းရှိတာကြောင့် ဘာမှ ဒေါင်းလုတ် (Download) လုပ်စရာမလိုပဲ၊ ဖုန်းထဲသွင်းစရာမလိုပဲ Browser ကနေပဲ တစ်ခါတည်း ဝင်ရောက်နိုင်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ အစည်းအဝေးအစပြုမယ့်သူက အစည်းအဝေးအစပြုဖို့အတွက် အကောင့်တစ်ခု ပြုလုပ်ထားဖို့ လိုပါတယ်finance။ အခြားပါဝင်သူတွေကတော့ အကောင့်ပြုလုပ်စရာမလိုပဲ အစည်းအဝေးလင့်ခ်မှတစ်ဆင့် ဝင်ရောက်ရုံပါပဲ

အခကြေးပေးရတဲ့ ဗားရှင်းကတော့ လုပ်ဆောင်ချက်တွေ ပိုပြီးစုံလင်ပါတယ်finance။ ဒါပေမယ့် အဖွဲ့အစည်း အသေးလေးတွေအတွက်တော့ ဒီအခမဲ့ဗားရှင်းက လုံလောက်လေ့ရှိပါတယ်

ဒီကိရိယာတွေကို အခမဲ့သုံးလို့ရတာကြောင့် အခုပဲ စမ်းသပ်အသုံးပြုကြည့်ပါfinance။ ပြီးတော့မှ စမ်းသပ်ခဲ့တဲ့အထဲက အဆင်ပြေတဲ့တစ်ခုကို အသုံးပြုဖို့ ရွေးချယ်နိုင်ပါတယ်။

မှတ်ချက် – အိမ်ကနေ အလုပ်လုပ်မယ်၊ ဗီဒီယိုဖုန်းခေါ်စရာများတယ်ဆိုရင်တော့ အကန့်အသတ်မဲ့ အိမ်သုံးအင်တာနက် ထားရှိဖို့အတွက် အကြံပြုချင်ပါတယ်။

အသံဖြင့်အစည်းအဝေးအတွက် ခေါ်ဆိုခြင်း

အသံဖြင့်သာပြုလုပ်တဲ့ အစည်းအဝေးတွေအတွက်လည်း အခမဲ့အသုံးပြုနိုင်တဲ့ ရွေးချယ်မှုတွေ အများကြီးရှိပါတယ်finance။ ဗီဒီယိုအစည်းအဝေးအတွက် ရွေးချယ်မှုတွေကိုပဲ ဗီဒီယိုကင်မရာပိတ်ပြီး အသုံးပြုနိုင်သလို အခြားအသုံးပြုနိုင်တဲ့ အရာတွေက

  • Google Hangouts
  • UberConference ဖြစ်ပါတယ်။

ဒီလိုပဲ WhatsApp, Facebook, Messenger, Viber တွေကနေလည်း ဗီဒီယိုဖုန်းဆိုမှုလည်း ပြုလုပ်နိုင်ပါတယ်finance။ ဒီအပ်ပလီကေးရှင်းတွေက စီးပွားရေးလုပ်ငန်းတွေအတွက် ပြုလုပ်ထားတာမဟုတ်ပေမယ့် အသေးစားလုပ်ငန်းတွေအတွက်တော့ အဆင်ပြေနိုင်ပါတယ်။

အသင်းအဖွဲ့အတွင်း စာပို့ခြင်းး

ကျွန်တော်တို့ တော်တော်များများက Viber, WhatsApp, Messenger စတဲ့ အပ်ပလီကေးရှင်းတွေကို အသုံးပြုနေကြပါတယ်finance။ ဒါတွေက အသေးစား အဖွဲ့လေးတွေနဲ့ ပုံမှန်ဆက်သွယ်မှုတွေအတွက်တော့ အဆင်ပြေပါတယ်။

ဒါပေမယ့် အလုပ်အကြောင်း အသေးစိတ်ဆွေးနွေးဖို့ လိုအပ်လာတဲ့အခါမျိုးတော့ လုပ်ငန်းတွေအတွက် ပြုလုပ်ထားတဲ့ စာပို့တဲ့အပ်ပလီကေးရှင်းတွေကို အသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။

  • Slack – တစ်ကမ္ဘာလုံးမှာ လူသိများတဲ့ အပ်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်finance။ ဒီအပ်ပလီကေးရှင်းမှာ ပေါင်းစပ်ထားတာတွေ အများကြီးရှိပေမယ့် အသေးစားလုပ်ငန်းတွေအတွက်တော့ ရှုပ်ထွေးနိုင်ပါတယ်။
  • Facebook Workplace – ဒီတစ်ခုကတော့ အရင်းနှီးဆုံးနဲ့ အသုံးပြုရ အလွယ်ဆုံးဖြစ်နိုင်ပါတယ်finance။ ဒါပေမယ့် ကိုယ်ပိုင်အသုံးပြုခြင်းနဲ့ လုပ်ငန်းအသုံးပြုခြင်းအတွက် သေချာခွဲခြားထားတာမျိုးမရှိပါဘူး။
  • Microsoft Teams – လုပ်ငန်းက Microsoft ထုတ်ကုန်တွေကို အသုံးပြုနေပြီးသားဆိုရင်တော့ ဒီတစ်ခုကို သိပါလိမ့်မယ့်။

ဒါတွေအားလုံးမှာ အသေးစားလုပ်ငန်းတွေအတွက် လုပ်ဆောင်ချက်အကန့်အသတ်ရှိတဲ့ အခမဲ့ဗားရှင်းတွေ ရှိပါတယ်finance။ ပိုကြီးတဲ့ အသင်းအဖွဲ့၊ လုပ်ငန်းတွေကတော့ လုပ်ဆောင်ချက်တွေ ထပ်ရဖို့အတွက် အခကြေးပေးရနိုင်ပါတယ်။

ဒီစာပို့တဲ့အပ်ပလီကေးရှင်းတွေက ဘာလို့ကောင်းတာလဲဆိုတော့ 

  • ချန်နယ် (Channels)  – ဆွေးနွေးမှုအတွက် ခေါင်းစဉ်အမျိုးမျိုး ခွဲထားလို့ရပါတယ်finance။ (ဥပမာ – အရောင်းမြင့်တင်ရေးဆိုင်ရာ ဆွေးနွေးမှုအတွက် ချန်နယ်၊ ဝယ်ယူမှုဆိုင်ရာ ဆွေးနွေးမှုအတွက် ချန်နယ်)
  • ဖိုင်ပေးပို့ခြင်း – အဖွဲ့ဝင်တွေနဲ့ ဖိုင်များကို အလွယ်တကူ ပေးပို့မျှဝေနိုင်ပါတယ်။
  • ပေါင်းစပ်ခြင်း – အခြားအပ်ပလီကေးရှင်းများနဲ့ အမျိုးမျိုး ပေါင်းစပ်ထားခြင်း။

ဖိုင်သိမ်းခြင်းနှင့် ပေးပို့ခြင်း

ဖိုင်များသိမ်းဆည်းခြင်းနဲ့ ပေးပို့ခြင်းများအတွက် လုပ်ငန်းပြီးမြောက်မှု အထောက်အကူကိရိယာများကို အသုံးပြုနေပြီးဖြစ်တယ်ဆိုရင်တော့ Google မှာ (google ထုတ်ကုန်တွေအတွက် 15GB အခမဲ့ပေးတဲ့) Google Drive ရှိပြီးတော့ Microsoft မှာတော့ (5GB အခမဲ့ပေးတဲ့) OneDrive ရှိပါတယ်။

တစ်ကိုယ်သုံး ဖိုင်သိမ်းဆည်းခြင်းနဲ့ ဖိုင်ပေးပို့ခြင်းအတွက် (ဒါမှမဟုတ် နေရာအပို အနည်းငယ်လိုတယ်ဆိုရင်) Dropbox Basic (2GB အခမဲ့) သို့မဟုတ် Box (10GB အခမဲ့) ကို အသုံးပြုနိုင်ပါတယ်။

အွန်လိုင်းပူးပေါင်းလုပ်ဆောင်မှု

Google နဲ့ Microsoft နှစ်ခုလုံးရဲ့ လုပ်ငန်းပြီးမြောက်မှု အထောက်အကူကိရိယာတွေက စာရွက်စာတမ်းတွေကို အွန်လိုင်းမှ  ပူးပေါင်းလုပ်ဆောင်ရတဲ့နေရာတွေမှာ တော်တော်လေး အထောက်အကူပြုပါတယ်finance။ စာရွက်စာတမ်းတစ်ခုတည်းကို တစ်ချိန်တည်းမှာ အတူတူလုပ်ဆောင်လို့ ရပါတယ်။

ဝိုက်ဘုတ် (Whiteboard) ပါဝင်တာကို လိုချင်ရင်တော့ Zoom (သို့) Webex (ဗီဒီယိုအစည်းအဝေးပြုလုပ်ခြင်းမှာ လေ့လာနိုင်ပါတယ်) ရဲ့ ပေါင်းစည်းရွေးချယ်မှုကို အသုံးပြုနိုင်ပါတယ်finance။ ဒါပေမယ့် သူတို့ရဲ့ ကွန်ပြူတာအပ်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ဖို့ လိုပါလိမ့်မယ်။

ဒီထက်ပိုကောင်းတာကတော့ ဘုတ် (၃) ခုအထိ အခမဲ့ပေးတဲ့ Miro ရှိပါတယ်။

တာဝန်/ပရောဂျက် စီမံခန့်ခွဲမှု

အဝေးထိန်းသဘောနဲ့ အလုပ်လုပ်တဲ့အခါ ပရောဂျက်စီမံခန့်ခွဲမှုက ပိုပြီးအရေးကြီးပါတယ်။

ကိုယ်နဲ့ ကိုယ့်အဖွဲ့သားတွေရဲ့ တာဝန်များ၊ လုပ်ရန်ရှိစာရင်းများ အစရှိတာတွေကို စီမံခန့်ခွဲတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ ပရောဂျက်စီမံရေးကိရိယာတစ်ချို့ကို ဖော်ပြပေးထားပါတယ်။

  • Asana
  • Basecamp
  • Monday
  • Todoist
  • Trello

ဒါတွေအကုန်လုံးမှာ တူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစည်းမှုတွေ ရှိပါတယ်finance။ အသေးစားအဖွဲ့အစည်း၊ လုပ်ငန်းတွေအတွက် အခမဲ့ရရှိနိုင်တဲ့အစီအစဉ်တွေ ရှိတာကြောင့် စမ်းသုံးကြည့်ပြီး အဆင်ပြေတဲ့တစ်ခုကို ရွေးချယ်ဖို့ နောက်တစ်ကြိမ် ထပ်ပြောချင်ပါတယ်။


ကိရိယာတွေက အမျိုးမျိုးရှိတာကြောင့် တစ်ခါတစ်လေကျရင် ရွေးချယ်ရခက်နိုင်ပါတယ်။

ဒီကိရိယာတွေက ပတ်ဝန်းမှာရှိတဲ့ လူတွေ၊ ဖြစ်စဉ်တွေလောက်ပဲ ကောင်းတယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။

ဒီအခမဲ့ ရွေးချယ်မှုတွေကို စမ်းသပ်အသုံးပြုကြည့်ပြီးမှ ကိုယ်နဲ့ ကိုယ့်အဖွဲ့သားတွေအတွက် အဆင်ပြေဆုံးတစ်ခုကို ရွေးချယ်ပါfinance။ ပြီးရင်တော့ လုပ်ဆောင်စရာများကို ဆက်လက်လုပ်ဆောင်ကြတာပေါ့။

 

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။