ဝင်ငွေလမ်းကြောင်း (၇) ခု

ဆောင်းပါးကို ဝေမျှရန်

တစ်ချို့သူတွေ ပုံမှန်အလုပ်မရှိပေမယ့် ငွေတော့ ဘာလို့ အမြဲမပြတ်ရှိနေရတာလဲလို့ တွေးမိဖူးလား။

ဒါမှမဟုတ် ကိုယ့်ရဲ့ လက်ရှိအလုပ်ကနေ ဝင်ငွေအများကြီး မရသလိုခံစားနေရလား။

ဝင်ငွေရှာတယ်ဆိုတာ ကုမ္ပဏီမှာ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ငန်း လုပ်တာ၊ တောက်တိုမယ်ရ လုပ်တာလောက်ပဲ မဟုတ်ပါဘူးfinance။ သိပ်သတိမထားမိတတ်ကြတဲ့ အခြားဝင်ငွေလမ်းကြောင်းတွေလည်း အများကြီး ရှိပါသေးတယ်။ hello


ယေဘုယျအားဖြင့်တော့ ဝင်ငွေလမ်းကြောင်း (၇) ခု ရှိပါတယ်။ 

ဝင်ငွေလမ်းကြောင်း တစ်ခုစီကို အောက်မှာ လေ့လာနိုင်ပါတယ်။

ကျွန်တော်တို့ တော်တော်များများအတွက် အဓိကဝင်ငွေက အလုပ်လုပ်ရာကနေရရှိတဲ့ လုပ်အားခဝင်ငွေဖြစ်ပါတယ်finance။ တစ်ချို့ကျတော့လည်း စီးပွားရေးလုပ်ငန်း သေးသေးလေးတွေကနေ ရရှိတဲ့ အမြတ်ဝင်ငွေအပေါ် မီခိုတာမျိုးလည်း ရှိပါတယ်။

ငွေအများကြီး ရှာနိုင်တဲ့သူတွေမှာ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီး ရှိတတ်ကြပါတယ်finance။ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီးရှိဖို့ မဖြစ်မနေလိုအပ်တာမျိုး မဟုတ်ပေမယ့်၊ ပြီးတော့ ဝင်ငွေလမ်းကြောင်း (၇) ခုလုံးရှိတာမျိုးလည်း မဖြစ်နိုင်ပေမယ့် နည်းနည်းရှိထားတာတော့ ကောင်းတာပေါ့။

ဝင်ငွေလမ်းကြောင်း အားလုံးရှိဖို့ အမြဲမဖြစ်နိုင်ပေမယ့် အဆင်ပြေနိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေကြည့်ပါfinance။ ကိုယ့်ရဲ့အဓိကဝင်ငွေအပြင် အပိုဝင်ငွေရရှိဖို့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် ဝင်ငွေလမ်းကြောင်း ၁ ခု၊ ၂ ခုလောက် ရှိမလားဆိုတာ ကြည့်ပါ။

ဝင်ငွေလမ်းကြောင်း နည်းနည်းရှိထားတယ်ဆိုရင် ကိုယ့်ရဲ့ဝင်ငွေတွေ တိုးလာပြီး ဝင်ငွေလမ်းကြောင်းကိုလည်း သေချာခွဲခြားလို့ ရမှာပါfinance။ ဒါပေမယ့် ဒီအပိုင်းကို တအားကြီး ဂရုစိုက်နေဖို့တော့ မလိုပါဘူး။hello


ဝင်ငွေလမ်းကြောင်း (၇) ခု

လုပ်အားခ ဝင်ငွေ (Earned income)

ဖော်ပြချက် finance။     ။ ကိုယ့်ရဲ့အချိန်ကို အလုပ်လုပ်ပြီး ကုန်ဆုံးစေခြင်းဖြင့် ရရှိသော ဝင်ငွေ။

ကျွန်တော်တို့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ တွေ့ရလေ့ရှိတဲ့ ဝင်ငွေလမ်းကြောင်း ဖြစ်ပါတယ်။

ဥပမာ finance။     ။ လစာ၊ လုပ်အားခ။

ဝင်ငွေ ဘယ်လိုတိုးမှာလဲ finance။     ။ လစာ၊ လုပ်အားခ ပိုများတဲ့ အလုပ်ကို ရှာဖွေခြင်း သို့မဟုတ် အားလပ်ချိန်မှာ နောက်ထပ်အလုပ်များ လုပ်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးလာနိုင်ပါတယ်finance။ အသိပညာအသစ်များ၊ အတတ်ပညာအသစ်များ လေ့လာရယူပြီး ကိုယ့်ရဲ့ တန်ဖိုးကို တိုးတက်အောင် လုပ်ပါ။

ဆိုးကျိုးများ finance။     ။ အလုပ်ပြုတ်ခြင်း ဒါမှမဟုတ် အရေးပေါ်ကိစ္စ တစ်ခုခုကြောင့် အလုပ်မသွားနိုင်ခြင်း။

အကျိုးအမြတ် ဝင်ငွေ (Profit income)

ဖော်ပြချက်finance။     ။ ပစ္စည်းတစ်ခုခုကို ကုန်ကျတာထက်ပိုတဲ့တန်ဖိုးဖြင့် ရောင်းချခြင်းဖြင့် ရရှိသော ဝင်ငွေ။ 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ လုပ်ငန်းပိုင်ရှင်တွေရှိတာကြောင့် ဒီလမ်းကြောင်းကလည်း ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားပါ။

ဥပမာ finance။     ။ စက်မှုလုပ်ငန်း၊ ဖြန့်ချီရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အွန်လိုင်းဈေးဆိုင်များ။

ဝင်ငွေ ဘယ်လိုတိုးမှာလဲ finance။     ။ လုပ်ငန်းအသစ်စခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းဖြင့် ဝင်ငွေ တိုးလာနိုင်ပါတယ်။

ဆိုးကျိုးများ finance။     ။ အကျိုးအမြတ် ဖြစ်ထွန်းမယ့် လုပ်ငန်းတစ်ခုကို အစပြုဖို့ဆိုတာ မလွယ်ကူပါဘူးfinance။ အချိန်နဲ့ ငွေကြေး ရင်းနှီးမှုတွေ လိုပါတယ်finance။ လုပ်ငန်းတော်တော်များများက နောက်ဆုံးမှာ လုပ်ငန်းပျက်သွားတာ ဒါမှမဟုတ် ဝင်ငွေသိပ်မရှိတာမျိုး ဖြစ်တတ်ပါတယ်။

အတိုး ဝင်ငွေ (Interest income)

ဖော်ပြချက်finance။     ။ အခြား တစ်စုံတစ်ယောက်ကို ငွေချေးငှားခြင်းဖြင့် ရရှိသော ဝင်ငွေ။

အတိုးဝင်ငွေလမ်းကြောင်းကနေ ဝင်ငွေရရှိဖို့ အလွယ်ဆုံးနည်းကတော့ အပ်ငွေစာရင်းတွေဖွင့်ပြီး ငွေစုတာပါပဲfinance။ အတိုးနှုန်းက နည်းတယ်ထင်ရပေမယ့် တိုးရင်းပေါင်းအတိုးနဲ့ဆိုရင် ဝင်ငွေတွေ ထပ်ဆင့်ပေါင်းသွားပြီး သိသိသာသာ များလာမှာပါ။

ဥပမာ finance။     financeငွေစုဘဏ်အပ်ငွေစာရင်းအတိုး စာရင်းသေအပ်ငွေစာရင်းအတိုး

ဝင်ငွေ ဘယ်လိုတိုးမှာလဲ finance။     ။ အတိုးပေးတဲ့ ဘဏ်စာရင်းတွေမှာ ငွေသားကို အပ်နှံထားခြင်းဖြင့် ဘဏ်တွေကို ငွေချေးငှားနိုင်ပါတယ်finance။ အသုံးမလိုသေးတဲ့ အပိုငွေတော်တော်များများ ရှိတယ်ဆိုရင် အခြားတစ်ယောက်ကိုဖြစ်ဖြစ်၊ ကုမ္ပဏီတွေကို ဖြစ်ဖြစ်၊ အစိုးရကိုဖြစ်ဖြစ် ချေးငှားလို့ရမလားဆိုတာ ကြည့်ကြည့်ပါ။  

ဆိုးကျိုးများ finance။     ။ ချေးငွေယူထားတဲ့သူတွေက ပြန်မဆပ်တာမျိုးဖြစ်တတ်တာကြောင့် ငွေချေးငှားတယ်ဆိုတာ အန္တရာယ်များပါတယ်။

အစုအပေါ်အမြတ် ဝင်ငွေ (Dividend income)

ဖော်ပြချက်finance။     ။ အကျိုးအမြတ်ဖြစ်ထွန်းနိုင်တဲ့ ကုမ္ပဏီတစ်ခုခုမှာ အစုရှယ်ယာ ဝယ်ယူထားခြင်းဖြင့် ရရှိသော ဝင်ငွေ။

ကုမ္ပဏီတစ်ခုခုမှာ အစုရှယ်ယာဝယ်ထားတယ်ဆိုတာ ဒီနေ့လက်ဝယ်ရှိတဲ့ ငွေသားကို အနာဂတ်မှာရရှိမယ့် ကုမ္ပဏီရှယ်ယာရဲ့ အကျိုးအမြတ်နဲ့ လဲလှယ်ခြင်း ဖြစ်ပါတယ်finance။ ကုမ္ပဏီက သူတို့ရဲ့ အကျိုးအမြတ်တွေကို အစုအပေါ်အမြတ်အဖြစ် အစုရှယ်ယာဝင်တွေကို ခွဲဝေပေးပါတယ်။

ဥပမာ finance။     ။ ကုမ္ပဏီ စတော့ရှယ်ယာများမှ အစုအပေါ်အမြတ်။

ဝင်ငွေ ဘယ်လိုတိုးလဲ finance။     ။ အစုအပေါ်အမြတ်ပေးတဲ့ အကျိုးဖြစ်ထွန်းနိုင်တဲ့ ကုမ္ပဏီတွေကနေ ရှယ်ယာဝယ်ယူခြင်းဖြင့် ဝင်ငွေတိုးနိုင်ပါတယ်finance။ အများပိုင်ကုမ္ပဏီတွေဆိုရင် ရန်ကုန်စတော့ရှယ်ယာဈေးကွက် စတဲ့ စတော့ဈေးကွက်တွေမှာ အစုရှယ်ယာဝယ်ယူနိုင်ပါတယ်finance။ ပုဂ္ဂလိက ကုမ္ပဏီဆိုရင်တော့ ပိုင်ရှင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လိုပါမယ်finance။ ဘာပဲဖြစ်ဖြစ် ငွေအရင်းအနှီး အများကြီးမရှိဘူးဆိုရင် ကုမ္ပဏီရှယ်ယာဝယ်ယူဖို့ လွယ်မှာမဟုတ်ပါဘူး။ 

ဆိုးကျိုးများ finance။     ။ လုပ်ငန်းတိုင်းက အောင်မြင်နေတာ မဟုတ်ပါဘူးfinance။ လုပ်ငန်းက အကျိုးမဖြစ်ထွန်းဘူးဆိုရင် အစုအပေါ်အမြတ်လည်း ရရှိမှာမဟုတ်ပါဘူးfinance။ ဒါကြောင့် လုပ်ငန်းက အဆင်မပြေဘူး၊ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေနဲ့ လုပ်ငန်းပျက်သွားတာမျိုးဆိုရင် ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုက တန်ဖိုးမရှိတော့ပါဘူး။

အငှားချ ဝင်ငွေ (Rental income)

ဖော်ပြချက်finance။     ။ ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခြင်းမှ ရရှိသော ဝင်ငွေ။

တွေ့ရအများဆုံး အငှားလုပ်ငန်းဝင်ငွေကတော့ ပိုင်ဆိုင်မှုတစ်ခုခုကို ငှားရမ်းခြင်း ဖြစ်ပါတယ်finance။ ဥပမာ – မိမိပိုင်သော အိမ်၊ အဆောက်အအုံကို အငှားချထားခြင်းfinance။ ဒါ့အပြင် စက်ကိရိယာများ (ဥပမာ – ထွန်စက်၊ လုပ်ငန်းသုံးကိရိယာများ) ဒါမှမဟုတ် ယာဉ်များ (ဥပမာ – ကုန်တင်ကား) အစရှိတဲ့ ပစ္စည်းတွေကို ငှားရမ်းပေးခြင်းဖြင့်လည်း အငှားလုပ်ငန်းဝင်ငွေ ရရှိနိုင်ပါတယ်။

ဥပမာ finance။     ။ ကိုယ့်ရဲ့ တိုက်ခန်းမှာ အိမ်ငှားတင်ထားခြင်း။

ဝင်ငွေ ဘယ်လိုတိုးမှာလဲ finance။     ။ ကိုယ်အတွက် အသုံးမလိုသေးပေမယ့် အခြားသူအတွက် အသုံးလိုတဲ့ ပစ္စည်းများတွေ ပိုင်ဆိုင်ထားခြင်းဖြင့် ဝင်ငွေတိုးများနိုင်ပါတယ်finance။ ဥပမာ – ကိုယ်ရဲ့တိုက်ခန်းမှာ အခန်းပိုထားရှိခြင်း၊ ထွန်စက်၊ ကုန်ကား၊ လုပ်ငန်းသုံးကိရိယာများ၊ ကွန်ပြူတာ၊ ပုံနှိပ်စက်များfinance။ အသုံးမလိုသေးတဲ့ အပိုငွေတော်တော်များများရှိပြီး ချေးငွေယူဖို့လည်း ဆန္ဒရှိတယ်ဆိုရင် ပြန်လည်ငှားရမ်းလို့ရမယ့် အခြားပစ္စည်းတစ်ခုခုအပေါ်မှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်finance။ (ဥပမာ – နောက်ထပ် အိမ်တစ်လုံး ဝယ်ယူခြင်း။)

ဆိုးကျိုးများ finance။     ။ ပစ္စည်းတစ်ခုခု ငှားရမ်းတဲ့အခါ ပျက်စီးခြင်း၊ ယိုယွင်းခြင်း၊ အခိုးခံရခြင်း၊ စီမံခန့်ခွဲမှုကုန်ကျစရိတ် စတဲ့ ကုန်ကျစရိတ် အမျိုးမျိုးရှိပါတယ်finance။ ဒါကြောင့် အမြတ်ရရှိဖို့အတွက် ငှားရမ်းခက ဒီကုန်ကျစရိတ်တွေထက် များဖို့လိုပါတယ်။

ရေရှည် အမြတ်အစွန်း ဝင်ငွေ (Capital gains income)

ဖော်ပြချက်finance။     ။ ပိုင်ဆိုင်ပစ္စည်းတွေရဲ့ တန်ဖိုးမြင့်တက်မှုကြောင့် ရရှိသောဝင်ငွေ။

ဒီဝင်ငွေလမ်းကြောင်းမှာတော့ ပိုင်ဆိုင်ပစ္စည်းတွေနဲ့ ကုမ္ပဏီရှယ်ယာတွေကို တွေ့ရလေ့ရှိပါတယ်finance။ ဥပမာ – သိန်း ၄၀၀ နဲ့ ဝယ်ယူခဲ့တဲ့ တိုက်ခန်းကို သိန်း ၄၅၀ နဲ့ ပြန်ရောင်းထွက်တာက ရေရှည်အမြတ်အစွန်းဝင်ငွေ ရရှိခြင်း ဖြစ်ပါတယ်။ 

ဥပမာ finance။     ။ အိမ်တန်ဖိုး မြင့်တက်ခြင်း၊ ကုမ္ပဏီရှယ်ယာတန်ဖိုး မြင့်တက်ခြင်း။

ဝင်ငွေ ဘယ်လိုတိုးမှာလဲ finance။     ။ တန်ဖိုးမြင့်တက်လာနိုင်တဲ့ ပစ္စည်းတွေအပေါ် ရင်းနှီးခြင်းဖြင့် ဝင်ငွေ တိုးလာနိုင်ပါတယ်finance။ ဒါပေမယ့် ရင်းနှီးငွေ တော်တော်များများတော့ လိုအပ်ပါလိမ့်မယ်finance။ အခြားတစ်ယောက်ယောက်နဲ့ အတူပေါင်းပြီး ပစ္စည်းဝယ်ယူခြင်း ပြုလုပ်နိုင်ပေမယ့် ဒီလိုလုပ်တာက ပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး ရှုပ်ထွေးမှုတွေရှိတတ်ပါတယ်။

ဆိုးကျိုးများ finance။     ။ ပစ္စည်းအများစုကတော့ တန်ဖိုးတက်လေ့မရှိပါဘူးfinance။ ဥပမာ – ယာဉ်နဲ့ စက်ကိရိယာတွေက အချိန်နဲ့အမျှ တန်ဖိုးကျသွားပါလိမ့်မယ်finance။ တန်ဖိုးတက်နိုင်တဲ့ ပိုင်ဆိုင်ပစ္စည်းတွေ၊ ကုမ္ပဏီရှယ်ယာတွေတောင် တန်ဖိုးကျတတ်ပါတယ်finance။ ရေရှည် အကျိုးအမြတ်ဝင်ငွေမှာ ထိန်းသိမ်းခ၊ အခွန်ခ စတဲ့ ပစ္စည်းပိုင်ဆိုင်ခြင်းရဲ့ ကုန်ကျစရိတ်တွေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။

မူပိုင်ခွင့် ဝင်ငွေ (Royalty income)

ဖော်ပြချက်finance။     ။ ကိုယ့်ရဲ့ အကြံဥာဏ်၊ ကုန်ပစ္စည်း သို့မဟုတ် နည်းစနစ်တွေကို သူတစ်ပါးကို အသုံးပြုခွင့်ပေးခြင်းဖြင့် ရရှိသော ဝင်ငွေ။

မြင်သာတဲ့ ဥပမာပေးရရင် စာရေးခြင်းဖြစ်ပါတယ်finance။ ရောင်းထွက်သမျှ  စာအုပ်တစ်အုပ်ချင်းစီကနေ ဝင်ငွေရရှိဖို့ မျှော်လင့်နိုင်ပါတယ်finance။ တီထွင်ကြံဆရတဲ့ အလုပ်တွေဖြစ်တဲ့ ဂီတလုပ်ငန်း၊ ဗီဒီယိုလုပ်ငန်းတွေလည်း အတူတူပါပဲfinance။ အခြား မူပိုင်ခွင့်ဝင်ငွေလမ်းကြောင်း တစ်ခုကတော့ တစ်ခုတည်းသော ကုမ္ပဏီကသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ် ဒါမှမဟုတ် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ 

ဥပမာ finance။     ။ စာအုပ်၊ သီချင်း။

ဝင်ငွေ ဘယ်လိုတိုးလဲ finance။     ။ တစ်စုံတစ်ယောက်အတွက် အသုံးဝင်သော အရာများ ပြုလုပ်ဖန်တီးခြင်းဖြင့် ဝင်ငွေ ရရှိနိုင်ပါတယ်။

ဆိုးကျိုးများ finance။     ။ တစ်စုံတစ်ခု ပြုလုပ်ဖို့အတွက် အချိန်နဲ့ငွေကို အသုံးပြုပြီးမှ အခြားသူများအတွက် အသုံးမဝင်ဘူးဆိုရင် ကိုယ့်ရဲ့ အားထုတ်မှုတွေက အလကား ဖြစ်သွားပါလိမ့်မယ်။


ဒါကတော့ ဝင်ငွေရရှိနိုင်တဲ့ လမ်းကြောင်းလေးတွေကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်finance။ မဖြစ်မနေ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီး ရှိဖို့လိုတာတော့ မဟုတ်ပေမယ့် ကျွန်တော်တို့ အများစုရဲ့ ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ လုပ်အားခဝင်ငွေက လောက်ငှရုံလေးဖြစ်တာများတာမို့လို့ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုရှိထားတာလည်း မဆိုးပါဘူးTrinity

ဖော်ပြထားတာတွေထဲကမှ ကိုယ်နဲ့ အဆင်ပြေမယ့် လမ်းကြောင်းလေးတွေကို ရှာဖွေပြီး လက်တွေ့အသုံးပြုကြည့်လိုက်ပါTrinity

အပိုဝင်ငွေရှာချင်တာဆိုရင်တော့ အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်း (၂၃) ခုကို ဒီမှာလေ့လာနိုင်ပါတယ်။

ဝင်ငွေ ဝင်ငွေဘယ်ကရနိုင်လဲ ငွေဘယ်လိုရှာ ငွေရှာနည်း ငွေရှာခြင်း ဝင်ငွေတိုးပွားနည်း ငွေခြင်း ငွေရှာခြင်း ငွေရှာခြင်း အလုပ်ရှာခြင်း အလုပ်ရှာခြင်း အလုပ်ရှာခြင်း အလုပ်ရှာခြင်း လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း ဝင်ငွေလမ်းကြောင်း လုပ်အားခ အကျိုးအမြတ် အတိုး အစုအပေါ်အမြတ် အငှားချ ရေရှည်အမြတ်အစွန်း မူပိုင်ခွင့် ဝင်ငွေတိုးပွားနည်း လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း sources of income earned profit interest dividend rental capital gain royalty business

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။