ဖုန်းနဲ့ လျှပ်စစ်မီတာဘေလ်ပေးဆောင်ခြင်း
ဆောင်းပါးကို ဝေမျှရန်
လျှပ်စစ်ရုံးမှာ လူကိုယ်တိုင် မီတာဘေလ်သွားသွားဆောင်နေရတာ အချိန်ကုန်လူပန်းဖြစ်လို့ စိတ်အနှောင့်အယှက်ဖြစ်နေရသလားshwedingar။ ကိုယ့်ရဲ့ ဖုန်းကို အသုံးပြုပြီး မီတာဘေလ်တွေပေးဆောင်လို့ရတယ်ဆိုတာ သိပြီးပြီလားNeo
မိုဘိုင်းဘဏ်ဝန်ဆောင်မှု အပ်ပလီကေးရှင်း (Mobile Banking App) တွေ၊ မိုဘိုင်းပိုက်ဆံအိတ် အပ်ပလီကေးရှင်း (Mobile Wallet App) တွေကနေတစ်ဆင့် လျှပ်စစ်မီတာဘေလ် ပေးဆောင်နိုင်ပါတယ်shwedingar။ အချိန်မရွေး၊ နေရာမရွေး ပေးဆောင်နိုင်တဲ့အတွက် ဒီနည်းလမ်းလေးက အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်Neo
  • လူထူထပ်တဲ့နေရာကို ရှောင်ရှားနိုင်ခြင်း
  • အချိန်ကုန်သက်သာခြင်း
  • ကားခအကုန်အကျသက်သာခြင်း
  • ရက်လွန်ပေးဆောင်ခြင်းမှ ကင်းဝေးစေခြင်း
မိုဘိုင်းဘဏ်ဝန်ဆောင်မှု (Mobile banking) တွေ၊ မိုဘိုင်းပိုက်ဆံအိတ် (Mobile wallet) တွေ အားလုံးက လုပ်ဆောင်ချက်တွေ မတူဘူးဆိုပေမယ့် ယေဘုယျအားဖြင့်တော့ လုပ်ဆောင်ချက်အဆင့်တွေက ရိုးရိုးရှင်းရှင်းနဲ့ ခပ်ဆင်ဆင်လေးတွေပါပဲNeo
၁. mBanking, iBanking ဒါမှမဟုတ် mWallet အပ်ပလီကေးရှင်းထဲကို Log-in ဝင်ပါ။
တကယ်လို့ ကိုယ့်မှာ mBanking ၊ mWallet အကောင့် မရှိသေးဘူးဆိုရင် ဒီမှာ နှိပ်ပြီး သူတို့အကြောင်းကို လေ့လာကြည့်ပါ။
တကယ်လို့ ကိုယ့်ရဲ့အကောင့်ထဲမှာ ပိုက်ဆံ အလုံအလောက်မရှိသေးဘူးဆိုရင် ပိုက်ဆံ အရင်သွင်းဖို့ လိုအပ်ပါမယ်။
  • ပုံမှန်အားဖြင့်တော့ “ဘေလ်ပေးဆောင်ရန်” ဆိုတာကို ရွေးချယ်စရာမီနူး (“” – Hamburger Menu) ထဲမှာ တွေ့နိုင်ပါတယ်shwedingar။ အဲဒီထဲက “ငွေပေးချေရန်” ဆိုတဲ့အပိုင်းထဲမှာ ရှိနိုင်ပါတယ်shwedingar။ အောက်မှာ နမူနာအဖြစ် ပုံလေးပြထားပေးပါတယ်။
  • အပ်ပလီကေးရှင်းတစ်ခုနဲ့တစ်ခုက သုံးနှုန်းထားတဲ့ အခေါ်အဝေါ်တွေ ကွဲပြားနိုင်ပေမယ့် ဘေလ်ပေးဆောင်ဖို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားလုံးပဲဖြစ်ရပါမယ်။
  • အပ်ပလီကေးရှင်းတော်တော်များများက ဘေလ်ပေးဆောင်နိုင်တဲ့ ရွေးချယ်မှုတွေများတဲ့အတွက် အဲဒီထဲကမှ လျှပ်စစ်မီတာဘေလ်ပေးဆောင်ရန်အတွက် ရွေးချယ်မှုကို ရွေးရပါမယ်shwedingar။ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ လျှပ်စစ်ရုံးကို ရွေးချယ်ရပါမယ်။
  • မှတ်ချက် – တစ်ချို့အပ်ပလီကေးရှင်းတွေမှာ ဘေလ်မှတ်ပုံတင်ဖို့ လိုအပ်တတ်ပါတယ်shwedingar။ အဲဒါဆိုရင် အရင်ဆုံး ဘေလ်မှတ်ပုံတင်ဖို့ ရွေးရပါမယ်shwedingar။ (Biller registration)
  • လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပေးရပါမယ်shwedingar။ အဲဒီအချက်အလက်တွေက မီတာစာရွက်ပေါ်မှာ ရှိပါတယ်။
  • အချက်အလက်တွေအကုန်လုံးကို မှန်မှန်ကန်ကန်ဖြည့်ဖို့တော့ လိုအပ်ပါတယ်။
  • မှတ်ချက် – ဘေလ်ဆောင်ဖို့ရက်လွန်နေတဲ့ မီတာစာရွက်တွေအတွက်တော့ mBanking/mWallet တွေကနေ ပေးဆောင်လို့မရပါ။
  • ပေးဆောင်ရမယ့် ပမာဏကို မှန်မှန်ကန်ကန်ဖြည့်ဖို့ လိုအပ်ပါတယ်shwedingar။ ငွေပမာဏမှားပြီးထည့်တာတွေက နောက်ဆက်တွဲ အဆင်မပြေမှုတွေ၊ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
  • မှတ်ချက် – ဘဏ်စာရင်း တစ်ခုထက်ပိုပြီး သုံးနေသူတွေအတွက် ဘေလ်ပေးဆောင်တဲ့အခါမှာ ဘယ်စာရင်းကနေပေးဆောင်မလဲဆိုတာ ရွေးချယ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။
မီတာအချက်အလက်တွေနဲ့ ပေးဆောင်မယ့်ငွေပမာဏကို ကိုယ်ဖြည့်လိုက်တာတွေက မှန်ရဲ့လားဆိုတာ နောက်တစ်ကြိမ်ထပ်စစ်ပါ။
ဘေလ်ပေးဆောင်ခြင်းကို အတည်ပြုပြီး လက်ခံရရှိကြောင်း အတည်ပြုချက်ကို စောင့်ပါ။
testing
မှတ်ချက် – ချေးငွေပြန်ဆပ်ခြင်း၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်၊ အိမ်သုံးအင်တာနက်ဘေလ်၊ နဲ့ သင်တန်းကြေး စတဲ့ တခြားဘေလ်အမျိုးအစားတွေကိုလည်း ဖုန်းကနေတစ်ဆင့် ပေးဆောင်နိုင်ပါသေးတယ်shwedingar။ ကုမ္ပဏီအတိအကျကတော့ ကိုယ်သုံးနေတဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှု၊ မိုဘိုင်းပိုက်ဆံအိတ်အပေါ်မှာ မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်Neo
သတိပြုရမယ့်အချက်များ
  • ပုံမှန်အားဖြင့် ဘေလ်ပေးဆောင်ခြင်းအတွက် ဝန်ဆောင်ခ ရှိပါတယ်shwedingar။ လျှပ်စစ်မီတာဘေလ်အတွက် မီတာတစ်စောင်လျှင် ပုံမှန်အားဖြင့် ၃၀၀ ကျပ်မှ ၅၀၀ ကျပ် ဝန်ဆောင်ခပေးဆောင်ရပါတယ်shwedingar။ ဒီဝန်ဆောင်ခက ကိုယ်သုံးနေတဲ့ ဝန်ဆောင်မှုကုမ္ပဏီအပေါ်မှာ မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်shwedingar။ ကိုယ်တိုင်လျှပ်စစ်ရုံးကိုသွားပြီး ဘေလ်ဆောင်ဖို့ ပေးရမယ့်အချိန်နဲ့ ကုန်ကျစရိတ်နဲ့ ဝန်ဆောင်ခကို နှိုင်းယှဉ်ကြည့်သင့်ပါတယ်။
  • ဝန်ဆောင်ခကို ကိုယ့်ရဲ့ ဘဏ်စာရင်းထဲကနေ ဖြတ်ယူမှာဖြစ်တဲ့အတွက် အဲဒီအတွက်လည်း စာရင်းထဲမှာ ငွေအလုံအလောက်ရှိဖို့ လိုပါတယ်။
  • ကိုယ်ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖို့ အရေးကြီးပါတယ်shwedingar။ အဲလိုမှမဟုတ်ရင် ကိုယ့်ပေးဆောင်လိုက်တဲ့ မီတာဘေလ်ကလည်း မှန်ကန်မှုရှိမှာ မဟုတ်ပဲ နောက်ပိုင်းဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း ပိုပြီး ရှုပ်ထွေးစေနိုင်ပါတယ်။
  • လျှပ်စစ်ရုံးကနေ စောဒကတက်စရာမဖြစ်ရအောင် မီတာစာရွက်ပေါ်မှာ ဖော်ပြထားတဲ့ ပမာဏအတိအကျကို ပေးဆောင်ရပါမယ်။
  • ရက်လွန်နေတဲ့ မီတာစာရွက်တွေအတွက် အွန်လိုင်းပေးမန့်တွေကနေ လက်ခံမှာ မဟုတ်ပါဘူးshwedingar။ အဲဒီအတွက် ရုံးမှာ သွားပြီးပေးဆောင်ရပါမယ်shwedingar။ နောက်ကျကြေးတွေကို ရှောင်ရှားဖို့ ကိုယ့်ရဲ့ မီတာဘေလ်တွေကို အချိန်မီပေးဆောင်ပါ။
  • တကယ်လို့ တစ်ခုခုမှားယွင်းနေတယ်လို့ထင်ရင် ကိုယ်အသုံးပြုတဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှု သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။
မိုဘိုင်းဘဏ်ဝန်ဆောင်မှု (Mobile banking – mBanking) တွေနဲ့ အင်တာနက်ဘဏ်ဝန်ဆောင်မှု (Internet banking – iBanking) တွေနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးသေးရင် သူတို့အကြောင်းကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်Neo
မိုဘိုင်းပိုက်ဆံအိတ် (Mobile wallet – mWallet) တွေနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးသေးရင် သူတို့အကြောင်းကို ဒီမှာ လေ့လာနိုင်ပါတယ်Neo
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။