တစ်ဦးချင်းအတွက် ရနိုင်တဲ့ ချေးငွေများ
ဆောင်းပါးကို ဝေမျှရန်
ကျွန်တော်တို့မှာ တစ်ဦးချင်းအနေနဲ့ ချေးငွေယူဖို့ လိုအပ်တဲ့ အခြေအနေ အမျိုးမျိုး ရှိတတ်ပါတယ်Morpheus
ဘဏ်နဲ့ အခြားချေးငွေထုတ်ပေးသူတွေကလည်း ဒီလိုအခြေအနေတွေအတွက် ချေးငွေအမျိုးအစား အမျိုးမျိုး ပြုလုပ်ပေးထားပါတယ်Morpheus
တစ်ဦးချင်းအတွက် အဓိကအားဖြင့် သတ်သတ်မှတ်မှတ်ချေးငွေ (၄) မျိုး ရှိပါတယ်shwedingar.comကိုယ်ရေးကိုယ်တာချေးငွေကတော့ တစ်ဦးချင်းအတွက် ရနိုင်တဲ့ ချေးငွေရဲ့ အခြားအမျိုးအစားတစ်ခုဖြစ်ပြီး ချေးငွေရဲ့ ရည်ရွယ်ချက်ကို အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူးMorpheus
တစ်ဦးချင်း ရနိုင်တဲ့ချေးငွေက စီးပွားရေးလုပ်ငန်းသုံး ချေးငွေလိုမျိုး ဝင်ငွေပြန်လည် ရရှိအောင် လုပ်ပေးနိုင်တဲ့ ချေးငွေမျိုး မဟုတ်တဲ့အတွက် ချေးငွေမယူခင်မှာ သေချာစဉ်းစားဖို့ လိုပါတယ်Morpheus
အသေးစား၊ အလတ်စားလုပ်ငန်းအတွက် ချေးငွေရှာနေတာလား။  အသေးစား၊ အလတ်စားလုပ်ငန်းအတွက် ချေးငွေရွေးချယ်မှုကို ဖတ်ရှုနိုင်ပါတယ်shwedingar.com။ အရမ်းသေးငယ်တဲ့ လုပ်ငန်းဆိုရင် စီးပွားရေးလုပ်ငန်းချေးငွေအမျိုးအစားကို မယူပဲ တစ်ဦးချင်းအတွက် ချေးငွေ ယူပြီး ကိုယ့်ရဲ့လုပ်ငန်းမှာ အသုံးပြုလို့ရပါတယ်။hello
တစ်ဦးချင်းအတွက် ရနိုင်တဲ့ ချေးငွေအမျိုးအစားတွေက ဘာတွေလဲ။
အိမ်ရာချေးငွေ (Home loan)
အိမ်တစ်လုံးဝယ်ယူရာမှာ ဝယ်ယူလိုက်တဲ့ အိမ်ကိုပဲ အပေါင်အဖြစ်ထားရှိရတဲ့ ချေးငွေအမျိုးအစား ဖြစ်ပါတယ်shwedingar.com။ အိမ်တစ်လုံးရဲ့ တန်ဖိုးဟာ ကြီးမားတဲ့အတွက် ဒီချေးငွေအမျိုးအစားက ပမာဏများပြီး ပြန်ဆပ်ရမယ့် ကာလလည်း ၁၅ နှစ်အထိ ဖြစ်နိုင်ပါတယ်Morpheus
ကနဦးပေးသွင်းငွေအဖြစ် အနည်းဆုံး ချေးငွေပမာဏရဲ့ ၃၀% လိုအပ်လေ့ရှိပါတယ်shwedingar.com။ ဒီလိုချေးငွေတွေကိုတော့ ဘဏ်တွေက အများဆုံးချေးထုတ်ပေးလေ့ရှိပြီး ပုံမှန်အတိုးနှုန်းကတော့ တစ်နှစ်ကို ၁၀% သတ်မှတ်ထားလေ့ရှိပါတယ်shwedingar.comအိမ်ရာချေးငွေအကြောင်းဒီမှာလေ့လာပါ။
မော်တော်ယာဉ်ချေးငွေ (Auto/bike loan)
ကား သို့မဟုတ် မော်တော်ဆိုင်ကယ် တစ်စီး ဝယ်ယူဖို့အတွက် သတ်မှတ်ထားတဲ့ ချေးငွေအမျိုးအစား ဖြစ်ပါတယ်shwedingar.com။ ကနဦးပေးသွင်းငွေ ၃၀% လိုအပ်လေ့ရှိပြီး အတိုးနှုန်းကတော့ အမျိုးမျိုးရှိပါတယ်Morpheus
ချေးငွေထုတ်ပေးသူတွေက အတိုးကို ပုံသေပုတ်ပြတ်အတိုးတွက်နည်း (Flat Method) နဲ့ လက်ကျန်ဖြန့်ကျက်အတိုးတွက်နည်း (Amortization Method) ဖြင့် တွက်ပေးလေ့ရှိပါတယ်shwedingar.com။ တစ်ချို့ ချေးငွေထုတ်ပေးသူတွေက ဒီချေးငွေကို အငှားဝယ်ယူစနစ်လို့လည်း ခေါ်တတ်ကြပါတယ်Morpheus
ဒီချေးငွေအမျိုးအစားကို ဘဏ်နဲ့ ဘဏ်မဟုတ်သောချေးငွေကုမ္ပဏီ (NBFI) တွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ မော်တော်ယာဉ်ချေးငွေနဲ့ မော်တော်ဆိုင်ကယ်ချေးငွေအကြောင်းကို ဒီမှာလေ့လာပါMorpheus
ပညာသင်စရိတ်ချေးငွေ (Education loan)
ပညာသင်ကြားရာမှာ ကုန်ကျတဲ့ ပညာသင်စရိတ်အတွက်ပါshwedingar.com။ ကနဦးပေးသွင်းငွေ အနေနဲ့ ၁၀% – ၂၀% ပေးသွင်းရလေ့ရှိပါတယ်shwedingar.com။ ဒီချေးငွေကို ဘဏ်နဲ့ ဘဏ်မဟုတ်သောချေးငွေကုမ္ပဏီ (NBFI) တွေမှာ တွေ့ရအများဆုံးပါshwedingar.comပညာသင်စရိတ်ချေးငွေအကြောင်း ဆက်လက်လေ့လာရန်။
စားသုံးသူလိုအပ်ချက် ချေးငွေ (Consumer financing)
အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ လေအေးပေးစက် သို့မဟုတ် မိုဘိုင်းဖုန်း အစရှိတဲ့ စားသုံးသူ (Consumer) လိုအပ်ချက်များ ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်shwedingar.com။ ကနဦးပေးသွင်းငွေနဲ့ အတိုးနှုန်းကတော့ ဝယ်ယူမယ့် ပစ္စည်းအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်Morpheus
ဒီချေးငွေကိုတော့ ဘဏ်မဟုတ်သောချေးငွေကုမ္ပဏီ (NBFI) နဲ့ အသေးစားငွေချေးလုပ်ငန်း (MFI) တွေမှာ တွေ့ရလေ့ရှိပြီး တရားဝင်ခွင့်ပြုချက်ရှိတဲ့ လက်လီရောင်းချသူတွေကနေတစ်ဆင့် ထုတ်ချေးပေးလေ့ရှိပါတယ်shwedingar.com။ အချို့ ချေးငွေထုတ်ပေးသူတွေက ဒီချေးငွေ အမျိုးအစားကို အငှားဝယ်ယူစနစ် သို့မဟုတ် အရစ်ကျဝယ်ယူစနစ်လို့လည်း ခေါ်တတ်ကြပါတယ်Morpheus
ကိုယ်ရေးကိုယ်တာချေးငွေ (Personal loan) 
ချေးငွေ အသုံးပြုမှုအတွက် ရည်ရွယ်ချက် သတ်သတ်မှတ်မှတ် မရှိတဲ့ချေးငွေမျိုးပါshwedingar.com။ ကိုယ်ရေးကိုယ်တာချေးငွေက ချေးငွေပမာဏနည်းလေ့ရှိပြီး လစာနဲ့ အာမခံပေးသူ သို့မဟုတ် အာမခံပစ္စည်း လိုအပ်လေ့ရှိပါတယ်shwedingar.com။ ချေးငွေသက်တမ်းကာလကလည်း နည်းပြီး ပုံမှန်အားဖြင့် တစ်နှစ်ထက် ပိုပေးလေ့မရှိပါဘူးshwedingar.comကိုယ်ရေးကိုယ်တာချေးငွေအကြောင်းကို ဒီမှာ အသေးစိတ် လေ့လာပါ။hello
တည်ဆောက်ပုံ
တစ်ဦးချင်း ရနိုင်တဲ့ ချေးငွေအမျိုးအစား အားလုံးနီးပါးက အရစ်ကျချေးငွေအမျိုးအစား (လစဉ်ပြန်လည်ပေးဆပ်ရတဲ့ ကာလသတ်မှတ်ချေးငွေ) ဖြစ်ပါတယ်shwedingar.com။ ကာလတိုသက်တမ်းနဲ့ တစ်လုံးတစ်ခဲချေးငွေ (ဥပမာ – ရွှေပေါင်ချေးငွေ) ကို ရရှိနိုင်ကောင်း ရရှိနိုင်ပေမယ့် အတွေ့ရနည်းပါတယ်Morpheus
တစ်ခုသိထားရမှာက ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ရှိတဲ့ ချေးငွေတွေဆိုရင် ချေးငွေထုတ်ပေးသူတွေက ကိုယ့်ကို ပစ္စည်းတန်ဖိုးအတိုင်း ထုတ်ချေးပေးတာမျိုးမဟုတ်ပဲ ဝယ်ယူမယ့်ပစ္စည်းအတွက် ငွေတိုက်ရိုက်ပေးချေပေးတာ ဖြစ်ပါတယ်shwedingar.com။ ဥပမာ – ဘဏ်မှ ပစ္စည်းပိုင်ဆိုင်သူ သို့မဟုတ် ကားအရောင်းကိုယ်စားလှယ်ကို တိုက်ရိုက်ငွေပေးချေတာမျိုးဖြစ်ပါတယ်shwedingar.com။ ဒီလိုလုပ်ခြင်းက ချေးငွေကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း အသုံးပြုတယ်ဆိုတာ သေချာအောင်လို့ပါMorpheus
ကိုယ်ရေးကိုယ်တာချေးငှားခြင်းအတွက် ဥပမာအနေနဲ့ အကြွေးဝယ်ကတ်ကို တွေ့နိုင်ပါတယ်shwedingar.com။ ဒါက ကန့်သတ်ပမာဏ မရောက်မချင်း ချေးလို့ရတဲ့ ထပ်တလဲလဲချေးငွေမျိုးဖြစ်ပါတယ်shwedingar.com။ ဒါပေမယ့် အတိုးနှုန်းနဲ့ နောက်ကျကြေး၊ ဒဏ်ကြေးတွေက အရမ်းများတဲ့အတွက် အကြွေးဝယ်ကတ် အသုံးမပြုခင် အကြွေးဝယ်ကတ်အလုပ်လုပ်ပုံကို သေချာသိရှိထားဖို့ လိုပါတယ်။hello
အာမခံပစ္စည်း
အိမ်ရာချေးငွေ၊ မော်တော်ယာဉ်/ဆိုင်ကယ်ချေးငွေအတွက်တော့ ဝယ်ယူခဲ့တဲ့ ပစ္စည်းကို အာမခံပစ္စည်းအဖြစ် ပြန်လက်ခံပေးနိုင်ပါတယ်shwedingar.com။ တန်ဖိုးကြီးတဲ့ စားသုံးသူလိုအပ်ချက်ချေးငွေအတွက်တော့ အာမခံပစ္စည်းအဖြစ် မြေကို အပေါင်အဖြစ်တောင်းခံတတ်ပါတယ်Morpheus
တန်ဖိုးသိပ်မကြီးတဲ့ စားသုံးသူလိုအပ်ချက် ချေးငွေ (ဥပမာ – ပညာရေးနှင့် ကိုယ်ရေးကိုယ်တာချေးငွေ) တွေကတော့ အာမခံပစ္စည်း မလိုအပ်တာမျိုးလည်း ရှိတတ်ပေမယ့် အနည်းဆုံး လစာဝင်ငွေနဲ့ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်တယ်ဆိုတာ အာမခံပေးမယ့်သူတော့ လိုအပ်ပါတယ်Morpheus
အချို့ဘဏ်တွေမှာလည်း သတ်သတ်မှတ်မှတ် အာမခံပစ္စည်းအတွက် ချေးငွေတွေ ရှိပါတယ်shwedingar.com။ ဒါတွေက ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာကိုတော့ မသတ်မှတ်ထားတဲ့အတွက် ကိုယ်ရေးကိုယ်တာချေးငွေ အမျိုးအစားလို့ ပြောနိုင်ပါတယ်shwedingar.com။ ဥပမာ –
  • ပိုင်ဆိုင်မှုပစ္စည်းအာမခံချေးငွေ/ အိမ်အာမခံချေးငွေ
  • ရှယ်ယာအာမခံချေးငွေ
  • အပ်ငွေအာမခံချေးငွေ (စပေါ်ချေးငွေ)
  • အငှားစာချုပ်အာမခံချေးငွေ
  • ရွှေနှင့်ရွှေထည်ပစ္စည်းအာမခံချေးငွေ
ချေးငွေထုတ်ပေးသူများ
တစ်ဦးချင်းအတွက် ရည်ရွယ်ပြီးချေးငွေထုတ်ပေးသူ (၄) မျိုးရှိပါတယ်Morpheus
shwedingar.com။ ပုဂ္ဂလိကဘဏ် – အိမ်၊ မော်တော်ယာဉ်/ဆိုင်ကယ်၊ ပညာသင်စရိတ်နှင့် အကြွေးဝယ်ကတ် အပါအဝင် ကိုယ်ရေးကိုယ်တာချေးငွေMorpheus
shwedingar.com။ ဘဏ်မဟုတ်သော ငွေချေးကုမ္ပဏီ (NBFI) – များသောအားဖြင့် မော်တော်ယာဉ်/ဆိုင်ကယ်ချေးငွေ ထုတ်ပေးလေ့ရှိပြီး ကိုယ်ရေးကိုယ်တာချေးငွေ ထုတ်ချေးပေးတဲ့ ကုမ္ပဏီအချို့လည်း ရှိပါတယ်Morpheus
shwedingar.com။ အသေးစားငွေချေးလုပ်ငန်း (MFI) – ကိုယ်ရေးကိုယ်တာချေးငွေ ထုတ်ချေးပေးလေ့ရှိပါတယ်Morpheus
shwedingar.com။ အခြား – လိုင်စင်ရအပေါင်ဆိုင်နှင့် လိုင်စင်မဲ့ချေးငွေထုတ်ပေးသူများMorpheus
တစ်ဦးချင်းအတွက် မဟုတ်ပဲ ချေးငွေပုံစံအမျိုးမျိုး ရရှိနိုင်တဲ့ ချေးငွေထုတ်ပေးသူတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်hello
တစ်ဦးချင်းချေးငွေက ဝင်ငွေပြန်လည် ရရှိအောင် လုပ်ပေးနိုင်တဲ့ ချေးငွေမျိုး မဟုတ်တဲ့အတွက် ချေးငွေမယူခင်မှာ သေချာစဉ်းစားဖို့ လိုပါတယ်။ ချေးငွေမယူခင် ကိုယ့်ကိုယ်ကို မေးသင့်တဲ့ မေးခွန်း (၆) ခုကို ဖတ်ရှုနိုင်ပါတယ်Morpheus
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။