ချေးငွေထုတ်ပေးသူ အမျိုးအစား (၃) မျိုး
ဆောင်းပါးကို ဝေမျှရန်
‌ငွေချေးတာနဲ့ပတ်သက်လို့  ငွေချေးတဲ့သူအမျိုးမျိုး၊ ငွေချေးလို့ရတဲ့ နေရာအမျိုးမျိုး ရှိပါတယ်shwedingar.com။ ငွေချေးတဲ့သူ တစ်ယောက်နဲ့တစ်ယောက်လည်း တူမှာမဟုတ်ပါဘူးshwedingar.com။ အာလုံးမှာ ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့အချက်တွေလည်းရှိကြပါတယ်Tank
ဒါပေမယ့် ဘယ်ကပဲဖြစ်ဖြစ်၊ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ချေးငွေယူတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ‌ငွေမချေးခင်မေးသင့်တဲ့မေးခွန်းလေး ၆ ခုကို ပြန်မေးကြည့်ပါTank
‌တွေရလေ့ရှိတဲ့ ချေးငွေရနိုင်တဲ့နေရာ ၃ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်Tank
ပုဂ္ဂလိကဘဏ်များအသေးစားငွေချေးလုပ်ငန်းများ (MFIs)ငွေတိုးချေးစားသူများ
ထုတ်ချေးသည့် ပမာဏများများချေးယူနိုင်သည်။နည်းနည်းသာ ချေးယူနိုင်သည်။ (အများဆုံး သိန်း ၁၀၀)နည်းနည်းသာ ချေးယူနိုင်သည်။
ကုန်ကျစရိတ်အတိုးနှုန်းအနည်းဆုံး (အများဆုံး တစ်နှစ်လျှင် ၁၄.၅%)ရှိပြီး အခြား ဝန်ဆောင်ခများရှိတတ်သည်။အတိုးနှုန်းအလယ်အလတ် (အများဆုံး တစ်နှစ်လျှင် ၂၈% )အတိုးနှုန်းအများဆုံး (ဥပမာ- တစ်လလျှင် ၁၀% ၊ တစ်နှစ်လျှင် ၁၂၀% )
လိုအပ်ချက်များလိုအပ်ချက်များပြီး ချေးငွေရဖို့ ခက်သည်။ဘဏ်များထက် လိုအပ်ချက်ပိုနည်းပြီး ချေးငွေရရန် ပိုလွယ်သည်။လိုအပ်ချက်သိပ်မရှိပါ။
လိုင်စင်ရှိ/
လိုင်စင်မဲ့
လိုင်စင်ရ ပုဂ္ဂလိကဘဏ် ၂၇ ခုရှိသည်။လိုင်စင်ရ အသေးစားငွေချေးလုပ်ငန်း ၁၇၇ ခုရှိသည်။များသောအားဖြင့် လုပ်ငန်းလိုင်စင်မရှိပါ။
အဓိက ရည်ရွယ်သည့် ဖောက်သည်များစီးပွားရေးလုပ်ငန်းကြီးများအသေးစားနှင့် အလတ်စားလုပ်ငန်းများတစ်ဦးတစ်ယောက်ချင်း
စီးပွားရေးအတွက်မဟုတ်သော နမူနာချေးငွေများချေးငွေသတ်သတ်မှတ်မှတ်ရှိသည်။ ဥပမာ- အိမ်၊ ကား၊ မော်တော်ဆိုင်ကယ်၊ ပညာရေးအတွက်ချေးငွေများချေးငွေသတ်သတ်မှတ်မှတ်မရှိပါ။ ပညာရေး၊ အိမ်ငှားခ၊ ကျန်းမာရေးအတွက် စသည်ဖြင့် ...မည်သည့်ကိစ္စအတွက်မဆို ထုတ်ချေးသည်။
ပုဂ္ဂလိကဘဏ်များ
ဘဏ်တွေမှာ အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထုတ်ပေးတဲ့ လိုင်စင်တွေရှိရပါတယ်shwedingar.com။ ဒီလို စည်းမျဉ်းစည်းကမ်းတွေ အမျှော်အမြင်ရှိမှုတွေကြောင့်သာ ဘဏ်တွေကို ယုံကြည်စိတ်ချလို့ရတာပါTank
များသောအားဖြင့် ဘဏ်တွေက တစ်ယောက်ချင်းကို နည်းနည်းစီချေးပေးရတာထက် လုပ်ငန်းကြီးတွေကိုပဲ ပိုမိုထုတ်ချေးပေးလေ့ရှိပါတယ်shwedingar.com။ ဘာလို့လဲဆိုတော့ လုပ်ငန်းကြီးတွေကို ငွေပမာဏများများနဲ့ ထုတ်ချေးပေးလိုက်တဲ့အတွက် အကျိုးအမြတ်ပိုများပြီး ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေလည်း ပိုနည်းပါတယ်Tank
ဘဏ်ကနေ တစ်ဦးတစ်ယောက်ချင်းချေးငွေအဖြစ်ပေးတာတွေကတော့ အိမ်ရာချေးငွေ မော်တော်ချေးငွေပညာသင်စရိတ်အတွက်ချေးငွေ စတဲ့ ချေးငွေ အမျိုးအစားတွေပဲဖြစ်ပါတယ်Tank
ဘဏ်တွေကို လက်ရှိကန့်သတ်ထားတဲ့ အများဆုံး အတိုးနှုန်းတွေကတော့ –
  • အာမခံပစ္စည်းဖြင့် ချေးငွေ (အပေါင်ပစ္စည်းပါချေးငွေ) အတွက် အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် – ၁၀%
  • အာမခံမဲ့ချေးငွေ (အပေါင်ပစ္စည်းမပါချေးငွေ) အတွက် အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် – ၁၄.၅% (တစ်လလျှင် – ၁.၂၁% ခန့်)
  • ခရက်ဒစ်ကတ်အတွက် အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် – ၂၀% ဖြစ်ပါတယ်။
ဥပမာပြောရရင် –
အိမ်ရာချေးငွေတွေက အာမခံပစ္စည်းရှိတဲ့အတွက် (ပြန်မဆပ်နိုင်ရင် အိမ်ကို ပြန်သိမ်းနိုင်တဲ့အတွက်) အများဆုံး အတိုးနှုန်း တစ်နှစ်လျှင် ၁၀%  ရှိပါတယ်shwedingar.com။ ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပါတယ်Tank
ပညာရေးအတွက်ချေးငွေတွေကတော့ အာမခံပစ္စည်းမရှိတဲ့အတွက် (ပြန်မဆပ်နိုင်လည်း တက်ထားတဲ့သင်တန်းကို ပြန်ပြီးယူလို့မရတဲ့အတွက်) တစ်နှစ်ကို အတိုးနှုန်း ၁၄.၅% အထိ ဖြစ်နိုင်ပါတယ်shwedingar.com။ ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေများတယ်လို့ ဆိုနိုင်ပါတယ်Tank
ဒီလို သတ်မှတ်ချက်တွေရှိတဲ့အတွက်ကြောင့် ဘဏ်တွေကသူတို့ရဲ့ ပိုက်ဆံ ဆုံးရှုံးနိုင်ခြေအနည်းအများအပေါ်အကဲဖြတ်ပြီး ချေးငွေထုတ်ပေးဖို့ ငြင်းဆိုနိုင်ပါတယ်Tank
အာမခံချေးငွေနဲ့ အာမခံမဲ့ချေးငွေအကြောင်း ဒီမှာ ဆက်လက် လေ့လာပါ။yes
အသေးစားငွေချေးလုပ်ငန်းများ (MFIs)
လိုင်စင်ရ အသေးစားငွေချေးလုပ်ငန်းတွေကိုလည်း အစိုးရကထိန်းချုပ်ထားပါတယ်Tank
အသေးစားငွေချေးလုပ်ငန်းတွေကလည်း ဘဏ်တွေလိုဘဲ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်shwedingar.com။ လက်ရှိကန့်သတ်ထားတာတွေကတော့
  • အများဆုံးထုတ်ချေးပေးနိုင်သောပမာဏ – ၁၀,၀၀၀,၀၀၀ ကျပ် (သိန်း ၁၀၀)
  • အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၂၈% (တစ်လလျှင် ၂.၄% ခန့်)
ဘဏ်နဲ့ဆင်တူတဲ့အချက်ကတော့ အသေးစားငွေချေးလုပ်ငန်းတွေလည်း ဒီကန့်သတ်ချက်တွေကြောင့် ချေးငွေထုတ်ပေးဖို့ကို ငြင်းဆိုနိုင်ပါတယ်Tank
အသေးစားငွေချေးလုပ်ငန်းအများစုက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ချေးငွေထုတ်ပေးဖို့ ရည်ရွယ်ကြတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာသုံးစွဲဖို့အတွက် ချေးငွေထုတ်ပေးတာမျိုး သိပ်များများစားစား မရှိပါshwedingar.com။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ်ရေးကိုယ်တာအသုံးစရိတ်၊ ပညာရေး နဲ့ ကျန်းမာရေးအရေးပေါ်စတဲ့ ချေးငွေမျိုးအတွက် ထုတ်ချေးတဲ့ အသေးစားငွေချေးလုပ်ငန်းတွေလည်း ရှိနေပါပြီ။yes
အပေါင်ဆိုင် သို့မဟုတ် အခြားငွေတိုးချေးစားသူများ
တစ်ချို့က လိုင်စင်ရှိပေမယ့် အားလုံးတော့ ရှိချင်မှ ရှိမှာပါTank
လိုင်စင်မဲ့ ငွေတိုးချေးစားတဲ့ဆိုင်တွေမှာတော့ အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကန့်သတ်ချက်တွေကို လိုက်နာချင်မှ လိုက်နာမှာပါshwedingar.com။ ဒါကြောင့် ဒီလိုနေရာမျိုးကနေ ချေးငွေယူမယ်ဆိုရင် ဘဏ်တွေ၊ လိုင်စင်ရအသေးစားငွေချေးလုပ်ငန်းတွေထက် အတိုး ပိုများတတ်ပါတယ်Tank
အတိုးနှုန်းက တစ်လကို ၁၀% (တစ်နှစ်ကို ၁၂၀%) အထိရှိနိုင်ပါတယ်shwedingar.com။ ဒါ့အပြင် ဝန်ဆောင်ခအမျိုးမျိုး ကောက်ခံနိုင်ခြေ ရှိပါသေးတယ်Tank
ဒီလိုနေရွာေကနေ ချေးငွေရဖို့ လွယ်ချင်လွယ်ပါလိမ့်မယ်shwedingar.com။ ဒါပေမယ့် ကြေးကြီးတဲ့အတွက် ပြန်ဆပ်ဖို့ မလွယ်ပါဘူးshwedingar.com။ ဒီလိုနဲ့ ထွက်ဖို့ခက်တဲ့ အကြွေးနွံထဲနစ်သွားနိုင်ပါတယ်shwedingar.comအကြွေးနွံထဲက ရုန်းထွက်ဖို့ ဘာလို့ခက်တာလဲဆိုတာကို ဒီမှာ လေ့လာကြည့်ပါ။yes
ငွေချေးလုပ်ငန်းတွေ အများကြီးရှိပေမယ့် အားလုံးက ကိုယ်ချေးလိုတဲ့ပမာဏအတိုင်း ချေးပေးမှာမဟုတ်ပါဘူးshwedingar.com။ အဲဒီလို လွယ်လွယ်နဲ့ ပေးချေးမယ်ဆိုရင်လည်း အဲဒီလူက ကိုယ့်ရဲ့အခြေအနေ၊ အခက်အခဲအပေါ်မှာ အမြတ်ထုတ်ဖို့အတွက်ပဲ ဖြစ်မှာပါTank
ဘယ်လိုချေးငွေထုတ်ပေးသူဖြစ်ပါစေ C ၅ လုံး အကဲဖြတ်နည်းကို အသုံးပြုလေ့ရှိပါတယ်shwedingar.com။ ဒီနည်းလေးကို လေ့လာပြီး ကိုယ့်ရဲ့ ချေးငွေရနိုင်မယ့် အခွင့်အရေးကို များလာအောင် ပြုလုပ်နိုင်ပါတယ်Tank
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။