ငွေမချေးခင် ကိုယ့်ကိုယ်ကို မေးသင့်တဲ့ မေးခွန်း(၆)ခု

ဆောင်းပါးကို ဝေမျှရန်

ငွေချေးရင် ကောင်းမလား၊ အရစ်ကျစနစ်နဲ့  ဖုန်းအသစ်တစ်လုံး ဝယ်ရင်ကောင်းမလား၊ အိမ်ရာချေးငွေထုတ်ရင်ကောင်းမလား၊ မော်တော်ယာဉ်ချေးငွေပဲ လျှောက်ထားရင် ကောင်းမလား ဆိုပြီးတော့ တွေးဖူးပါသလားNeo

ငွေချေးတယ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်အတွင်း အတိုးရော အရင်းကိုပါ ပြန်ဆပ်ဖို့ ကတိပေးထားတာမျိုးပါfinance။ ဘာနဲ့တူသလဲဆိုရင် အကြွေးဆိုတာက ကိုယ့်ရဲ့ဝင်ငွေတွေကို ဖဲ့ဖဲ့ပြီး စားသောက်နေတဲ့ ကပ်ပါးကောင်မျိုးလို့ ပြောလို့ရပါတယ်Neo

အကြွေးတွေရှိနေပြီဆိုရင် သုံးရမယ့်ငွေနဲ့ စုမယ့်ငွေ တဖြည်းဖြည်းနည်းလာပါတယ်finance။ ပြန်ဆပ်ရမယ့် ပိုက်ဆံတွေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ဖို့ မတတ်နိုင်တော့တဲ့အခါမျိုးမှာ ယူခဲ့တုန်းကတော့ ပိုက်ဆံနည်းနည်းလေးဆိုပေမယ့် တိုးတိုးသွားတဲ့ အတိုးတွေနဲ့ ပေါင်းလိုက်တဲ့အခါ အရမ်းများတဲ့ ပမာဏဖြစ်သွားပြီး နောက်ဆုံး အကြေးနွံထဲ နစ်သွားတဲ့အထိပါ ဖြစ်နိုင်ပါတယ်Neo

ပိုက်ဆံချေးတော့မယ်ဆိုရင် အောက်ကမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။testing


finance။ ကိုယ်ဝယ်မယ့်ပစ္စည်းက ကိုယ့်ရဲ့အသုံးစရိတ်ထဲမှာ သတ်မှတ်ထားပြီးသားလား။
တကယ်လို့ လိုချင်တဲ့ ပစ္စည်းအတွက် ကိုယ့်ရဲ့အသုံးစရိတ်ထဲမှာ သတ်မှတ်ထားပြီးသားဆိုရင် အတိုးတွေ၊ ဝန်ဆောင်ခတွေပေးပြီး ပိုက်ဆံချေးနေစရာမလိုပါဘူးNeo

ပိုက်ဆံချေးတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်ဖြစ်ခဲ့ရင် ပြစ်ဒဏ်ကြေးတွေ၊ ဘာတွေနဲ့ဆိုတော့ ကိုယ့်ကိုယ်ကို စွန့်စားလွန်းရာကျမှာပေါ့finance။ ကိုယ်သတ်မှတ်ထားတဲ့ ပိုက်ဆံနဲ့ပဲဝယ်မှာပေါ့finance။ အသုံးစရိတ်အစီအစဉ်ဆွဲထားတာမျိုး မရှိသေးဘူးလားfinance။ ဒါဆိုရင် အသုံးစရိတ်အစီအစဉ်ဆွဲထားလိုက်ပါဦးfinanceဒီမှာ အစီအစဉ်ဆွဲနည်း အသေးစိတ် ဖတ်ကြည့်ပါ။

finance။ ဒီပစ္စည်းကို လိုချင်ယုံသက်သက်လား၊ တကယ်ကော မရှိမဖြစ် လိုအပ်ရဲ့လား။
တကယ်လို့ လိုချင်ယုံသက်သက်ပဲဆိုရင်တော့ ပိုက်ဆံချေးပြီး မဝယ်သေးတာ အကောင်းဆုံးပါfinance။ အဲဒီအတွက် ပိုက်ဆံစုပြီး ပြည့်မှပဲ ဝယ်မှာပေါ့finance။ အဲဒီအတွက် တစ်လဘယ်လောက်စုမယ်ဆိုပြီး ကိုယ့်ရဲ့လစဉ်အသုံးစရိတ်အစီအစဉ်ထဲမှာ ထည့်သွင်းရေးဆွဲထားပါNeo

ယေဘုယျအားဖြင့် နေ့စဉ်သုံးပစ္စည်းပစ္စယတွေ၊ မရှိမဖြစ်မဟုတ်တဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံချေးပြီး ဝယ်ယူဖို့ အားမပေးပါfinance။ အရမ်း လိုအပ်နေတဲ့ ပစ္စည်းအတွက်ပဲ ပိုက်ဆံချေးဖို့ အကြံပြုလိုပါတယ်Neo

finance။ ကိုယ်ဝယ်ချင်တဲ့ပစ္စည်းက ဈေးချိုချိုနဲ့ ရနိုင်မယ့်ဟာရှိလား။
ကိုယ်လိုအပ်တဲ့ ပစ္စည်းကိုပဲ ဈေးချိုချိုနဲ့ ရနိုင်မယ့်ဟာလေးတွေ (ဥပမာ- TV လိုချင်တယ်ဆိုရင် ဈေးပိုနည်းတဲ့ TV သေးသေးလေး ဝယ်လိုက်တာမျိုး) သို့မဟုတ် အသုံးပြုပြီးသား (အကျ) ပစ္စည်းလေးတွေကော ရနိုင်မလားဆိုတာ ရှာကြည့်ရပါမယ်Neo

ဥပမာအားဖြင့် ကားတစ်စီး လိုအပ်တယ်ဆိုပါစို့finance။ ကားတစ်စီးလိုအပ်တယ်ဆိုတိုင်းလည်း မော်ဒယ်အမြင့်ဆုံး အကောင်းဆုံးဖြစ်နေဖို့မှ မလိုတာfinance။ ရိုးရိုးမော်ဒယ်ထဲက အသုံးပြုပြီးသား အကျကားတွေဆိုရင်လည်း အဆင်ပြေနေတာပဲလေfinance။ အဓိက က မောင်းလို့ရမယ်၊ လိုရာခရီးရောက်မယ်finance။ ဒါပါပဲNeo

နောက်ဥပမာတစ်ခုအနေနဲ့  နေဖို့နေရာလိုအပ်နေတယ်ဆိုရင်တောင် ကွန်ဒိုတိုက်ခန်းအကြီးကြီးနဲ့၊ လူချမ်းသာတွေချည်းနေတဲ့ နေရာမျိုးဖြစ်ဖို့ မှ မလိုတာ။  အနေတော်လေး အဆင်ပြေပြေနေနိုင်ရင် ရပြီပဲလေNeo

finance။ ဝယ်မယ့်ပစ္စည်းနဲ့ပတ်သက်လို့ သေချာဆန်းစစ်ပြီးပြီလား။
ဒီပစ္စည်းက ကိုယ့်ရဲ့ လိုအပ်ချက်အတွက် အသင့်တော်ဆုံး၊ အကိုက်ညီဆုံး ဖြစ်နေရဲ့လားfinance။ ဈေးတန်ရဲ့လားဆိုတာကိုသိဖို့ တခြားဆိုင်မှာကော မေးကြည့်ပြီးပြီလားfinance။ ဒီလိုပြောလို့လည်း အမြဲတမ်း ဈေးပေါပေါပစ္စည်းတွေကိုပဲ ဝယ်သုံးဖို့ ဆိုလိုတာ မဟုတ်ပါဘူးfinance။ အသင့်တော်ဆုံးဈေး၊ ကိုယ်တတ်နိုင်မယ့်ဈေး နဲ့ ပစ္စည်းကောင်းဝယ်ယူမိဖို့က အဓိကပါNeo

finance။ အကြွေးကို ပြန်ဆပ်ဖို့အတွက်ကော တတ်နိုင်ပါ့မလား။
တစ်လတစ်လကို ဘယ်လောက်ပြန်ဆပ်ရမလဲfinance။ ဘယ်လောက်ကြာကြာ ပြန်ဆပ်နေရမှာလဲfinance။ အဲဒီအတွက် အသုံးစရိတ်အစီအစဉ်မှာ တစ်လကိုအကြွေးဘယ်လောက်ပြန်ဆပ်ရမယ်ဆိုတာကို ပေါင်းထည့်ပြီးပြီလားNeo

ဝင်ငွေ နဲ့ အကြွေး အချိုးအစားက ဘယ်လောက်လဲfinance။ တစ်လတစ်လ ပြန်ပေးရမယ့် အကြွေးက ဝင်ငွေရဲ့ ၁၀ ပုံ ၃ ပုံ ထက် ကျော်သွားရင် စိုးရိမ်စရာ ဖြစ်နေပါပြီfinance။ ဝင်ငွေရဲ့ တစ်ဝက်လောက်ကို အကြွေးပဲ ဆပ်နေရရင်တော့ တော်တော်လေးကို အရေးကြီးနေပါပြီfinance။ အကြွေးဆိုတာက ဘယ်လောက်ပဲရှိရှိ မကောင်းပါဘူးNeo

တခြား ဘယ်အသုံးစရိတ်တွေကို ဖြတ်ပစ်ရမှာလဲfinance။ ဥပမာ- သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ၊ သောက်စားတာ၊ အပြင်ထွက်တာတွေကို လျှော့ရမလား၊ ဘယ်လောက်ကြာကြာအထိ လျှော့ရမှာလဲ စသည်ဖြင့် ကြိုတင်ပြင်ဆင် စီစဉ်ထားသင့်ပါတယ်Neo

finance။ အကြွေးကို အချိန်မီ ပြန်မဆပ်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။
ပိုက်ဆံချေးတယ်၊ ချေးငွေယူတယ်ဆိုတာ တကယ်ကို ပြင်းထန်တဲ့ ကတိပေးမှုမျိုးပါfinance။ ထင်မှတ်မထားဘဲ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေအတွက် ကိုယ့်ရဲ့ အသုံးစရိတ်အစီအစဉ်မှာ အရံငွေကြေး အလုံအလောက် သတ်မှတ်ထားရဲ့လားNeo

တကယ်လို့ ရုတ်တရက် ဆေးရုံ တက်လိုက်ရတာမျိုး ဒါမှမဟုတ် အလုပ်ပြုတ်သွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲfinance။ အဲဒီအချိန်မှာ နေထိုင်စားသောက်ဖို့ လုံလောက်ရဲ့လားfinance။ အကြွေးကို အချိန်မီမဆပ်မိဘူးဆိုရင်ရော ကြုံလာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်မလားNeo

အာမခံနဲ့ချေးထားတဲ့ ပိုက်ဆံ (အပေါင်ပစ္စည်းပါချေးငွေ) ဆိုရင် အာမခံပစ္စည်းကို အဆုံးခံနိုင်မလား စသဖြင့် သေချာ စဉ်းစားထားသင့်ပါတယ်။testing


မရှိမဖြစ်လိုအပ်တာ မဟုတ်တဲ့အရာတွေအတွက်၊ အပျော်သုံးဖို့အတွက် ချေးငွေယူခြင်းကို ရှောင်ကြဉ်ပါfinance။ အဲဒါတွေအတွက်တော့ ပိုက်ဆံစုပြီးဝယ်တာ၊ သုံးတာ လုပ်စေချင်ပါတယ်finance။ လူတစ်ယောက်အတွက် အရေးပေါ်အခြေအနေမျိုးကလွဲရင် အကြွေးယူတယ်ဆိုတာ ပိုက်ဆံချေးဖို့အဓိပ္ပါယ်ရှိတဲ့ အကြောင်းရင်း (၃) ခု ပဲ ရှိပါတယ်Neo

ဘာပဲဖြစ်ဖြစ် ချေးငွေယူမှရမယ်ဆိုရင် ကိုယ့်ရဲ့ ငွေရေးကြေးရေးအခြေအနေကို စီမံထိန်းချုပ်နိုင်တုန်းဆိုတာ သေချာစေဖို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါNeo

အကြွေးဆိုတာ ပြန်ဆပ်ဖို့ ခက်ခဲပါတယ်finance။ အစီအစဉ်ချမှတ်ရတာတွေနဲ့ ငွေကြေးအသုံးအစွဲမှာ စည်းကမ်းရှိဖို့လည်း လိုပါသေးတယ်finance။ အဲဒါမှပဲ အကြွေးကို ကောင်းကောင်းမွန်မွန် ပြန်ဆပ်နိုင်မှာပါfinance။ မဟုတ်ရင် အကြွေးမယူတာ အကောင်းဆုံးပါပဲ။ ပြန်လည်ပေးဆပ်ခြင်းအစီအစဉ်ကို ဆက်လက်လေ့လာနိုင်ပါတယ်။

ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် အကြွေးနွံ ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေမချေးခင်မေးသင့်တဲ့မေးခွန်းများ ငွေချေးခြင်း အကြွေးယူခြင်း အကြွေးနွံ questions before borrowing

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။