ချေးငွေအတွက် အာမခံပေးသူဆိုတာ အမှန်တကယ် ဘာလုပ်ရတာလဲ။

ဆောင်းပါးကို ဝေမျှရန်

အာမခံသူဆိုတာ ဘာလဲ။

ကိုယ့်ကို အာမခံပေးဖို့ တောင်းဆိုတဲ့အခါဖြစ်ဖြစ်၊ ကိုယ် ကိုယ်တိုင်က အာမခံသူ လိုအပ်တဲ့အခါဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုတော့ ကြုံဖူးကြမှာပါfinance။ ချေးငွေလျှောက်ထားတဲ့အခါ ကုမ္ပဏီတော်တော်များများက လိုအပ်ချက်တစ်ခုအဖြစ် အမှန်တကယ်ပြန်လည်ပေးဆပ်မယ့်အကြောင်း ချေးငွေအတွက်အာမခံပေးရမယ့် အာမခံသူလိုအပ်လေ့ရှိပါတယ်Cypher

များသောအားဖြင့် အကြွေးဝယ်ကတ်၊ ချေးငွေနဲ့ အငှားဝယ်စနစ်ဝန်ဆောင်မှုတွေ လျှောက်ထားတဲ့အခါ အာမခံသူ လိုအပ်လေ့ရှိပါတယ်Cypher

အာမခံသူရဲ့ တာဝန်က သဘောတူစာချုပ်ပေါ်မှာ လက်မှတ်ထိုးပေးရရုံလောက်ပဲ မဟုတ်ပါဘူးfinance။ အာမခံတယ်ဆိုတာ လျှောက်ထားသူနဲ့ ပက်သက်တဲ့ အရာမှန်သမျှအပေါ် အပြည့်အဝ တာဝန်ယူကြောင်း ဝန်ခံကတိပြုထားခြင်း ဖြစ်ပါတယ်finance။ တကယ်လို့ လျှောက်ထားသူမှာ အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ပြီး ပြန်လည်မပေးဆပ်နိုင်ဘူးဆိုရင်၊ ဒါမှမဟုတ် ချေးငွေတွေယူပြီး ပြန်မဆပ်ပဲ ထွက်ပြေးသွားရင်ဖြစ်ဖြစ် ချေးယူခဲ့သမျှ အားလုံးကို အာမခံသူက ကိုယ်စားဆပ်ပေးဖို့ တာဝန်ရှိပါတယ်Cypher

လျှောက်ထားသူနဲ့ ပက်သက်တဲ့ ကိစ္စတိုင်းကို တာဝန်ယူပါမယ်ဆိုပြီး အာမခံသူအဖြစ် လက်မှတ်ထိုးခဲ့တာဖြစ်တဲ့အတွက် ရှောင်လွှဲလို့ မရပါဘူးfinance။ ဒါ့အပြင် ချေးငွေထုတ်ပေးတဲ့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေအရလည်း အာမခံသူရဲ့ တာဝန်အခန်းကဏ္ဍက ဒီထက်လည်း ပိုကောင်းပိုနိုင်ပါသေးတယ်။123


အာမခံပေးဖို့ သဘောမတူခင် စဉ်းစားချင့်ချိန်ရမယ့် အချက် (၅) ချက်

တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ အာမခံပေးဖို့အတွက် တစ်စုံတစ်ယောက်က တောင်းဆိုဖူးပါလိမ့်မယ်finance။ အာမခံပေးတယ်ဆိုတာ လျှောက်ထားသူနဲ့ ပက်သက်တဲ့ ကိစ္စတိုင်းကို တာဝန်အပြည့်ယူရတာဖြစ်လို့ ဒီလို တောင်းဆိုမှုတွေ ကြုံလာရင် အားနာပြီး ချက်ချင်းသဘောတူပေးဖို့ မဟုတ်ပါဘူးfinance။ ငြင်းသင့်ရင်လည်း ငြင်းဖို့လိုပါတယ်finance။ တစ်စုံတစ်ယောက်ကို အာမခံပေးဖို့ သဘောမတူခင် ချင့်ချိန်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်Cypher

လျှောက်ထားသူနဲ့ ပတ်သက်ဆက်နွယ်မှု

အာမခံပေးဖို့ တောင်းဆိုတဲ့သူက ကိုယ်နဲ့ ဘယ်လို ပတ်သက်နေလဲfinance။ ကိုယ့်ရဲ့ ဆွေမျိုးလား၊ ကိုယ့်ရဲ့ သူငယ်ချင်းလား၊ လုပ်ဖော်ကိုင်ဖက်လားfinance။ ကိုယ့်ရဲ့ ဆွေမျိုးဖြစ်မယ်ဆိုရင် အာမခံပေးဖို့ ငြင်းရခက်ပေမယ့် အခြားသူထက်တော့ ယုံကြည်ရပါတယ်finance။ ဒါပေမယ့်လည်း အမြဲတမ်းတော့ ယုံရချင်မှလည်း ယုံရပါလိမ့်မယ်finance။ နောက်ဆုံးတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်သတ်သတ်ပါပဲCypher

သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဆိုရင် အာမခံပေးတဲ့အချိန်တော့ အဆက်အသွယ်ရှိနေပေမယ့် ဘယ်အချိန်ထိ အဆက်အသွယ် ရှိနေမှာလဲဆိုတာ မသေချာပါဘူးfinance။ တကယ်လို့ ချေးငွေသက်တမ်းက နှစ်ရှည် သက်တမ်းဖြစ်မယ်ဆိုရင် ကိုယ်နဲ့ လျှောက်ထားသူ အဆက်အသွယ်ပြတ်တဲ့ အချိန်မှ ပြသနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင် သူ့ကို ဆက်သွယ်လို့ မရတော့တဲ့အတွက် ကိုယ်စားပြန်ဆပ်ပေးရတာတွေ ဖြစ်တတ်ပါတယ်Cypher

လျှောက်ထားသူအပေါ် ယုံကြည်မှု

လျှောက်ထားသူအကြောင်းကို ဘာမှ မသိပဲနဲ့လည်း အာမ မခံပေးသင့်ပါဘူးfinance။ လျှောက်ထားသူရဲ့ အကျင့်စာရိတ္တ၊ တာဝန်ယူတတ်မှုအပေါ် မူတည်ပြီး ယုံကြည်သင့်လားဆိုတာကို စဉ်းစားရပါမယ်finance။ အဓိက ကတော့ လျှောက်ထားသူရဲ့ စီးပွားရေးအခြေအနေကို သိဖို့အရေးကြီးပါတယ်finance။ မတတ်နိုင်လောက်မယ့် ပမာဏကို ချေးယူပြီး ပြန်မဆပ်နိုင်ဘူးဆိုရင် ပြန်ဆပ်ရမယ့်တာဝန်က ကိုယ့်အပေါ် ကျလာမှာ ဖြစ်လို့ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်Cypher

အားလုံးခြုံငုံပြီးပြောရရင် ချေးငွေလျှောက်ထားသူဟာ ယုံကြည်ရလောက်တဲ့လူ၊ တာဝန်ယူတတ်တဲ့လူ၊ ချေးငွေနဲ့ယှဉ်ရင် ကာမိတဲ့ဝင်ငွေရှိတဲ့လူ ဖြစ်ရင်တော့ ယေဘုယျအားဖြင့် အန္တရာယ်နည်းတယ်ဆိုရပါမယ်finance။ အပေါ်မှာဆိုခဲ့တဲ့အတိုင်းပဲ အချိန်အခါ၊ အခြေအနေတွေအရ ပြောင်းလဲမှုတွေရှိနိုင်တဲ့အတွက် ပုံသေမှတ်ယူလို့တော့ မရပါဘူးfinance။ အထူးသဖြင့် ချေးငွေကာလရှည်ကြာလွန်းတဲ့အခြေအနေမျိုးဆို ပိုပြီး သတိထားရပါမယ်Cypher

လျှောက်ထားသူကိုယ်တိုင် ချေးငွေနဲ့ ပက်သက်ပြီး နားလည်သဘောပေါက်မှု

အာမ မခံပေးခင် လျှောက်ထားသူ ကိုယ်တိုင် လျှောက်ထားမယ့် ချေးငွေအကြောင်း သေချာသဘောပေါက် နားလည်မှု ရှိမရှိ စစ်ဆေးမေးမြန်းပါfinance။ ချေးငွေနဲ့ ပက်သက်တဲ့ ဝန်ဆောင်ခ၊ နောက်ကျကြေး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ စသဖြင့် စေ့စေ့စပ်စပ် သိရှိနားလည်ထားဖို့ လိုပါတယ်Cypher

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ နားလည်သဘောပေါက်မှု

ချေးငွေတစ်ခုရဲ့ စည်မျဉ်းစည်းကမ်း၊ သတ်မှတ်ချက်တွေကို နားလည်သဘောပေါက်ဖို့ဆိုတာ လျှောက်ထားသူတစ်ဦးတည်းရဲ့ တာဝန်မဟုတ်ပါဘူးfinance။ အာမခံပေးမယ့်သူလည်း သေချာနားလည်ဖို့ လိုပါတယ်finance။ ဒါမှ အရာရာအတွက် ချင့်ချိန်စဉ်းစားပြီး ကြိုတင်ပြင်ဆင်နိုင်မှာပါCypher

ကိုယ်စား တာဝန်အပြည့်အဝယူနိုင်မှု

ချေးငွေနဲ့ ပက်သက်တဲ့ သတိထားရမယ့်အရာတွေ အကုန်သိတယ်၊၊ လျှောက်ထားမယ့်သူကိုလည်း ယုံကြည်တယ်ဆိုရင်တောင် အခြေအနေဆိုတာ အမြဲပြောင်းလဲတတ်တာကြောင့် အဆိုးဆုံးအခြေအနေတွေ ဖြစ်လာတဲ့အခါ လျှောက်ထားသူနဲ့ ပက်သက်တဲ့ကိစ္စတိုင်းကို အပြည့်အဝတာဝန်ယူနိုင်မလားဆိုတာ စဉ်းစားဖို့လည်း အရေးကြီးပါတယ်။123


အခုအချိန်မှာ အာမခံပေးဖို့ တောင်းဆိုမခံရဖူးသေးရင်တောင် တစ်ချိန်ချိန်တော့ တောင်းဆိုခံရနိုင်တဲ့အတွက် ဒီအချက်တွေကို သိထားလည်း မမှားပါဘူးfinance။ အာမခံပေးဖို့မဟုတ်ပဲ ကိုယ်စားချေးငွေလျှောက်ထားဖို့ တောင်းဆိုခံရတယ်ဆိုရင်တော့ ကိုယ်စားချေးငွေမလျှောက်ထားခင်မှာ စဉ်းစားချင့်ချိန်ရမယ့်အချက်တွေကို ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်Cypher

အာမခံ အာမခံပေးခြင်း ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း အာမခံသူ အာမခံပေးတယ်ဆိုတာဘာလဲ ငွေချေးခြင်း အကြွေးယူခြင်း guarantor loan borrowing

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။