ဘယ်လောက်ဆိုရင် များတယ်လို့ခေါ်မှာလဲ။ (အကြွေး – ဝင်ငွေအချိုး)

ဆောင်းပါးကို ဝေမျှရန်

အကြွေး နဲ့ ဝင်ငွေရဲ့အချိုးဆိုတာက ကိုယ့်လစဉ်ဝင်ငွေရဲ့ ဘယ်လောက်ပမာဏကို အကြွေးပြန်ဆပ်ဖို့အတွက် အသုံးပြုနေလဲဆိုတာကို  ပြောပြပေးပါတယ်shwedingarအချိုးပမာဏနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်Morpheus

အကြွေး – ဝင်ငွေအချိုးကို တွက်ချက်တဲ့အခါ

  • လစဉ် ပုံမှန်ရရှိတဲ့ ဝင်ငွေမှန်သမျှကို ပေါင်းလိုက်ပါshwedingar။ (ဥပမာ – လစာဝင်ငွေ၊ အခြားလုပ်ငန်းများမှ ရရှိသော ဝင်ငွေများ)
  • လစဉ်ဆပ်ရမယ့် အကြွေးပမာဏအားလုံးကို ပေါင်းလိုက်ပါshwedingar။ (ဥပမာ – ကိုယ်ရေးကိုယ်တာချေးငွေအတွက်၊ စားသုံးသူလိုအပ်ချက်ချေးငွေအတွက်၊ အကြွေးဝယ်ကတ်ပြန်လည်ပေးဆပ်ခြင်းအတွက်)
  • ရရှိလာတဲ့ စုစုပေါင်း ပြန်ဆပ်ရမယ့် ပမာဏကို လစဉ်ဝင်ငွေ စုစုပေါင်းနဲ့ စားလိုက်ပါshwedingar။ ရာခိုင်နှုန်းရရှိဖို့အတွက် ၁၀၀ နဲ့ ပြန်မြှောက်ပေးရပါမယ်။

အကြွေး-ဝင်ငွေအချိုး တွက်ချက်ခြင်း နမူနာ

လစာဝင်ငွေက တစ်လ ၃ သိန်းဖြစ်ပြီး အခြား ပုံမှန်ဝင်ငွေရရှိတဲ့နေရာ မရှိဘူးဆိုပါစို့Morpheus

ဖုန်းအသစ်တစ်လုံး ဝယ်ဖို့အတွက် စားသုံးသူလိုအပ်ချက်ချေးငွေကို လစဉ်ဆပ်ပမာဏ ၃၀,၀၀၀ ကျပ်နဲ့ ရယူခဲ့တယ်shwedingar။ အရေးပေါ် ဆေးဖိုးဝါးခလိုအပ်တဲ့အတွက် ကိုယ်ရေးကိုယ်တာချေးငွေကိုလည်း လစဉ်ဆပ်ပမာဏ ၅၀,၀၀၀ ကျပ်နဲ့ ယူခဲ့တယ်ဆိုရင် အကြွေးပမာဏစုစုပေါင်းက တစ်လကို ၈၀,၀၀၀ ကျပ်ဖြစ်သွားပါမယ်Morpheus

ဒီအကြွေးစုစုပေါင်း ၈၀,၀၀၀ ကျပ်ကို ပုံမှန်လစဉ်ဝင်ငွေ ၃၀၀,၀၀၀ ကျပ်နဲ့စားလိုက်ရင် ၀.၂၆၇ ရရှိပါမယ်Morpheus

ရာခိုင်နှုန်း ရရှိဖို့အတွက် ၁၀၀ နဲ့ မြှောက်ပေးပါshwedingar။ ဒါဆိုရင် အကြွေး – ဝင်ငွေအချိုးက ၂၆.၇% ဖြစ်ပါတယ်Morpheus


ကျွန်တော်တို့ရဲ့ တွက်စက်ကို အသုံးပြုပြီး ကိုယ်ရဲ့ အကြွေး-ဝင်ငွေအချိုးကို တွက်ချက်ကြည့်နိုင်ပါတယ်Morpheus


ဒါဆိုရင် ဘယ်ဟာက ကောင်းတဲ့အချိုး၊ ဘယ်ဟာက မကောင်းတဲ့အချိုးလဲ။

ယေဘုယျအားဖြင့်

  • ၀% မှ ၂၀% အတွင်း (နည်းသည်။)
    • လစဉ်ပုံမှန်ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကို အကြွေးပြန်လည်ပေးဆပ်ဖို့အတွက် အသုံးပြုခြင်းက ပြဿနာတော့ မရှိပါဘူးshwedingar။ ဒီပမာဏဆိုရင်တော့ အဆင်ပြေပါသေးတယ်shwedingar။ ဒါပေမယ့် ဘယ်လောက်ချေးငွေပမာဏမဆို အန္တရာယ်ရှိတဲ့အတွက် အကြွေးနည်းလေ ကောင်းလေပါပဲ။
  • ၂၀% မှ ၃၃% အတွင်း (အဆင်ပြေသည်။)
    • ဒီအဆင့်မှာတော့ ငွေကြေးကို ကောင်းကောင်းစီမံလို့ ရပါသေးတယ်shwedingar။ ဒါပေမယ့်လည်း ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကနေ ၃ ပုံ ၁ ပုံကို အရင်တုန်းက ဝယ်ယူခဲ့တဲ့ အရာတွေအတွက် ပြန်လည်ပေးဆပ်ဖို့ အသုံးပြုနေရတာ ဖြစ်တာကြောင့် ထပ်ပြီး ချေးငွေ၊ အကြွေးမယူမိပါစေနဲ့shwedingar။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ရဲ့ အကြွေးကမာဏကိုလည်း လျှော့ချပါshwedingar။ ဒါမှ အရေးပေါ်အခြေအနေတွေအတွက် အရံငွေစုဆောင်းထားနိုင်မှာ ဖြစ်ပါတယ်။
  • ၃၃% မှ ၅၀% အတွင်း (များသည်။)
    • လစာဝင်ငွေရဲ့ ၃ ပုံ ၁ ပုံ ကနေ ၂ ပုံ ၁ ပုံကို ချေးငွေပြန်ဆပ်ဖို့အတွက် အသုံးပြုနေရခြင်း ဖြစ်ပါတယ်shwedingar။ ပြန်လည်ပေးဆပ်ခြင်းအပြင် အစားအသောက် အစရှိတဲ့ အခြား အခြေခံလိုအပ်ချက်တွေအတွက် ဝယ်ခြမ်းရတာတွေ ရှိသေးတာကြောင့် ဒီပမာဏက တော်တော်များနေပါပြီshwedingar။ ထပ်မံ ချေးငွေယူခြင်းကို တတ်နိုင်သမျှရှောင်ပါshwedingar။ ကိုယ့်ရဲ့ အကြွေးပမာဏကိုလည်း လျှော့ချပါ။
  • ၅၀% အထက် (အလွန်များသည်။)
    • ဒါဆိုရင် လတိုင်း ကိုယ့်လစာဝင်ငွေရဲ့ တစ်ဝက်ကျော်ကို အကြွေးတွေ ပြန်ဆပ်ဖို့အတွက် အသုံးပြုနေရတာပါshwedingar။ ဒီပမာဏက တော်တော်ကို များပြီး ဒီလောက်ပမာဏဖြစ်သွားပြီဆိုရင်တော့ ကိုယ့်ရဲ့အကြွေးတွေကို အတတ်နိုင်ဆုံး ချက်ချင်း အမြန်လျှော့ချဖို့ လိုနေပါပြီ။

ကိုယ့်မှာရှိတဲ့ချေးငွေက ဘယ်လိုချေးငွေလဲဆိုတာ သိဖို့လည်း အရေးကြီးပါတယ်shwedingar။ ဥပမာအားဖြင့် ကောင်းတဲ့ချေးငွေဆိုရင် ဝင်ငွေပြန်လည်ရရှိအောင်ဖြစ်ဖြစ်၊ တန်ဖိုးမကျသွားတဲ့ ပစ္စည်းတွေအပေါ် ရင်းနှီးမြှပ်နှံတာဖြစ်ဖြစ် ပြုလုပ်ပေးနိုင်တဲ့အတွက် စားသုံးသူ လိုအပ်ချက်ချေးငွေ အစရှိတဲ့ မကောင်းတဲ့ချေးငွေထက် ပိုကောင်းပါတယ်။ ကောင်းတဲ့ချေးငွေနဲ့ မကောင်းတဲ့ချေးငွေအကြောင်း ဒီမှာ လေ့လာပါ။

ချေးငွေ ဒါမှမဟုတ် အကြွေးဆိုတာ အန္တရာယ်များပြီး နေ့စဉ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အရာမျိုးပါshwedingar။ အသုံးစရိတ် စီမံတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ငွေအသုံးပြုတော့မယ့် အချိန်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အကြွေးပမာဏကို မမေ့ပါနဲ့shwedingar။ အကြွေးနွံထဲ နစ်ဖို့က လွယ်ပေမယ့် ပြန်ရုန်းထွက်ဖို့တော့ ခက်ပါတယ်။ အကြွေးနွံထဲက ရုန်းထွက်ဖို့ ဘာလို့ခက်တာလဲဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။

ချေးငွေထုတ်ပေးသူ တစ်ချို့ကလည်း ဒီအချိုးကို ကြည့်ပြီး ချေးငွေထုတ်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်တတ်တဲ့အတွက် လက်ရှိမှာ ချေးငွေအမြောက်အမြားရှိနေခြင်းက ချေးငွေထပ်မံရရှိဖို့ကို အတားအဆီးတစ်ခုလို ဖြစ်စေပါတယ်။ ချေးငွေထုတ်ပေးသူတွေရဲ့ အကဲဖြတ်ပုံကို ဒီမှာ လေ့လာနိုင်ပါတယ်။

အကြွေးပမာဏ တော်တော်များနေတယ်ဆိုရင်တော့ အကြွေးနွံထဲက ပိုပြီးမြန်မြန် ပြန်ထွက်နိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဖတ်ရှုလေ့လာနိုင်ပါတယ်Morpheus

ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် အကြွေးနွံ အကြွေးဝင်ငွေအချိုးဆိုတာဘာလဲ ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း အကြွေးဝင်ငွေအချိုး ငွေချေးခြင်း အကြွေးယူခြင်း အကြွေးနွံ debt to income ratio

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။