ကောင်းတဲ့ချေးငွေနဲ့ မကောင်းတဲ့ချေးငွေ

ဆောင်းပါးကို ဝေမျှရန်

နေပါဦးfinance။ ချေးငွေယူတာ၊ အကြွေးရှိတာက မကောင်းဘူးလို့ ပြောကြတယ် မဟုတ်ဘူးလားMorpheus

ဟုတ်ပါတယ်finance။ အကြွေးကို အတတ်နိုင်ဆုံးရှောင်ရင်တော့ အကောင်းဆုံးပေါ့Morpheus

ငွေချေးတယ်ဆိုတာ ကိုယ့်ရဲ့ အနာဂတ်ဝင်ငွေထဲကနေ ပြန်ချေးယူနေတာနဲ့ အတူတူပါပဲfinance။ အနာဂတ်ဆိုတာ မသေချာပါဘူးfinance။ အကောင်းဆုံးချမှတ်ထားတဲ့ အစီအစဉ်တွေကလည်း အမြဲတမ်း အဆင်မပြေနိုင်ပါဘူးfinance။ ဒါကြောင့် ချေးငွေတွေက အရမ်းအန္တရာယ်ရှိတဲ့အပြင် အကြွေးနွံထဲလည်း နစ်မွန်းသွားစေနိုင်ပါတယ်finance။ ကျွန်တော်တို့ ပထမဆုံးပြုလုပ်ရမှာက ရည်မှန်းချက်ပြည့်ဖို့အတွက် ငွေချေးမယ့်အစား ပိုက်ဆံစုရင် ရနိုင်မလားဆိုတာပါပဲMorpheus

ဒါပေမယ့်လည်း ကိုယ်ရဲ့ အခြေအနေနဲ့ ကောင်းမွန်စွာအသုံးချမှုအပေါ် မူတည်ပြီး ချေးငွေတွေကလည်း အများကြီး အသုံးဝင်နိုင်ပါတယ်finance။ ချေးငွေတွေရဲ့ တည်ဆောက်ပုံက တစ်ခုနဲ့ တစ်ခုတူမှာ မဟုတ်ပါဘူးfinance။ တစ်ချို့ ချေးငွေတွေထက် ပိုကောင်းတဲ့ ချေးငွေတွေရှိပေမယ့် သေချာ မစဉ်းစားပဲ အသုံးပြုမယ်ဆိုရင် ကောင်းတဲ့ ချေးငွေကလည်း မကောင်းတဲ့ချေးငွေ ဖြစ်သွားနိုင်ပါတယ်Morpheus

ဒါဆိုရင် ကောင်းတဲ့ ချေးငွေတွေက ဘာလဲfinance။ မကောင်းတဲ့ချေးငွေကရော ဘာတွေလဲMorpheus



ကောင်းတဲ့ချေးငွေ

ကောင်းတဲ့ချေးငွေဆိုတာ အောက်ပါလက္ခဏာထဲက တစ်ခုမဟုတ်တစ်ခု ပြုလုပ်ပေးတတ်ပါတယ်Morpheus

  • နောက်ထပ်ဝင်ငွေရရှိအောင် ပြုလုပ်ပေးခြင်း။
  • တန်ဖိုးမြင့်လာမယ့် ပစ္စည်းများ ဝယ်ယူမှုအတွက်ဖြစ်ခြင်း။
  • အချိန်နှင့် ငွေကုန်သက်သာခြင်း။

အပေါ်မှာ ဖော်ပြထားတဲ့အချက်တွေက ချေးငွေကို ပြန်ဆပ်နိုင်အောင် ဘယ်လိုအထောက်အပံ့ဖြစ်စေသလဲ ဒါမှမဟုတ် ချေးငွေရဲ့ ကုန်ကျစရိတ်ဖြစ်တဲ့ အတိုးကို ကာမိစေမယ့် ဝင်ငွေကို ဘယ်လိုဖန်တီးပေးတယ်ဆိုတာကို သတိထားကြည့်ပါMorpheus

  • နောက်ထပ်ဝင်ငွေရရှိအောင် ပြုလုပ်ပေးခြင်း – ချေးငွေကို ပြန်ဆပ်ဖို့အတွက် လက်ရှိဝင်ငွေလမ်းကြောင်းကဖြစ်စေ၊ အခြားဝင်ငွေလမ်းကြောင်းကဖြစ်စေ နောက်ထပ်ဝင်ငွေ ရရှိအောင်ပြုလုပ်ပေးပါတယ်financeဝင်ငွေလမ်းကြောင်း (၇) ခုအကြောင်း ဒီမှာလေ့လာပါ။
  • တန်ဖိုးမြင့်လာမယ့် ကုန်ပစ္စည်းများ ဝယ်ယူမှုအတွက် ဖြစ်ခြင်း – ဝယ်ယူထားတဲ့ ပစ္စည်းရဲ့ တန်ဖိုးမြင့်တက်လာခြင်းက ချေးငွေအတွက် ကုန်ကျစရိတ်ဖြစ်တဲ့ အတိုးတွေ၊ ဝန်ဆောင်ခတွေကို ကာမိစေနိုင်ပါတယ်။
  • အချိန်နှင့်ငွေကုန်သက်သာခြင်း –အကုန်အကျသက်သာသွားတဲ့ ငွေ ဟာ ချေးငွေကို ပြန်ဆပ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်finance။ ဒီလိုပဲ အချိန်ကုန်သက်သာခြင်းကလည်း နောက်ထပ်ဝင်ငွေများတိုးပွားအောင် လုပ်ဆောင်ရာမှာ အချိန်ပိုရတဲ့အတွက် အထောက်အကူပြုပါလိမ့်မယ်။

ကောင်းတဲ့ချေးငွေတွေကို ဥပမာပေးရမယ်ဆိုရင် –

စီးပွားရေးလုပ်ငန်းချေးငွေ

  • စီးပွားရေးလုပ်ငန်းချေးငွေက အမြတ်ရနိုင်တဲ့ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ရာမှာဖြစ်ဖြစ်၊ လည်ပတ်ပြီးသားလုပ်ငန်းကို တိုးချဲ့ရာမှာဖြစ်ဖြစ် အထောက်အကူပြုပါတယ်။
  • ဥပမာ – စက်ကိရိယာများဝယ်ယူဖို့အတွက် ရယူထားတဲ့ ချေးငွေက ဝင်ငွေတွေ တိုးပွားစေရုံသာမကပဲ အချိန်ကုန်သက်သာပြီး လုပ်အားခလည်း သက်သာစေပါလိမ့်မယ်finance။ ဒါပေမယ့် ဝယ်ယူပြီးသား စက်ကိရိယာရဲ့တန်ဖိုးကတော့ ကျသွားနိုင်ပါတယ်။

အိမ်ရာချေးငွေ

  • အိမ်ရာချေးငွေက အိမ်၊ တိုက်ခန်း စသည်တို့ကို ဝယ်ယူရာမှာ ထုတ်ချေးပေးတဲ့ ချေးငွေ အမျိုးအစားဖြစ်ပါတယ်finance။ အိမ်၊ ခြံ၊ မြေ လိုမျိုး ပိုင်ဆိုင်မှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးမြင့်လာနိုင်ပါတယ်finance။ ဒါ့အပြင် အိမ်ငှားခအတွက် အသုံးပြုမယ့်ငွေတွေကို အိမ်ရာချေးငွေ ပြန်ဆပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

ပညာသင်စရိတ်ချေးငွေ

  • ပညာသင်စရိတ်ချေးငွေက အသိပညာ၊ အတတ်ပညာအသစ်တွေနဲ့ အရည်အချင်းတွေရရှိအောင် ပြုလုပ်ပေးတဲ့အတွက် ရေရှည်မှာ ဝင်ငွေတိုးပွားစေနိုင်ပါတယ်။

မကောင်းတဲ့ချေးငွေ

မကောင်းတဲ့ချေးငွေဆိုတာ ကောင်းတဲ့ချေးငွေတွေဆီကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတစ်ခုတောင်မှ မပေးနိုင်တဲ့ ချေးငွေမျိုးပါfinance။ များသောအားဖြင့် မကောင်းတဲ့ချေးငွေတွေက စားသုံးသူလိုအပ်ချက်အတွက် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်လေ့ရှိပါတယ်Morpheus

မကောင်းတဲ့ချေးငွေဆိုတာ အောက်ပါလက္ခဏာများ ပါဝင်ပါတယ်Morpheus

  • ဝင်ငွေတိုးပွားလာအောင် မပြုလုပ်နိုင်ခြင်း။
  • တန်ဖိုးကျဆင်းတတ်သော ပစ္စည်းများ ဝယ်ယူခြင်းအတွက် ဖြစ်ခြင်း။
  • အချိန်နှင့် ငွေကုန်ခြင်းကို မသက်သာစေနိုင်ခြင်း။

မကောင်းတဲ့ချေးငွေယူတဲ့အခါ အချိန်နဲ့ ငွေချွေတာဖို့အတွက်လို့ အကြောင်းပြချက်ပေးပြီး ယူလေ့ရှိကြပါတယ်finance။ ဝယ်ယူလိုက်တဲ့ ပစ္စည်းက အချိန်နဲ့ ငွေကုန်ခြင်းကို သက်သာစေနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လိမ်လည်တတ်ကြပါတယ်finance။ ဒါပေမယ့် အမှန်တကယ်တော့ ဒီသက်သာမှုက ချေးငွေကုန်ကျစရိတ်ကိုတောင် မကာမိပါဘူးMorpheus

ဒါဆိုရင် မကောင်းတဲ့ချေးငွေ ဥပမာတွေကရော ဘာတွေလဲMorpheus

စားသုံးသူလိုအပ်ချက်ချေးငွေ

  • ဖုန်း၊ တီဗွီ၊ ပရိဘောဂ အစရှိတာတွေက ဝင်ငွေပြန်လည်ရရှိအောင် ပြုလုပ်ပေးနိုင်မှာ မဟုတ်ပါဘူးfinance။ ဝယ်ပြီးသွားတာနဲ့ ပစ္စည်းတန်ဖိုးလည်း ကျတတ်ပါသေးတယ်finance။ ကိုယ်ဝယ်ခဲ့တဲ့ ဈေးနှုန်းအတိုင်း ပြန်ရောင်းလို့မရနိုင်ပါဘူး။
  • ဒီအရာတွေက ဇိမ်ခံရုံသက်သက်ဖြစ်ပြီး အမှန်တကယ် မလိုအပ်တဲ့အတွက် ငွေချေးပြီး ဝယ်မယ့်အစား ပိုက်စံစုပြီးမှသာ ဝယ်သင့်ပါတယ်။

အကြွေးဝယ်ကတ်ချေးငွေများ

မော်တော်ယာဉ်ချေးငွေ

မကောင်းတဲ့ချေးငွေဆိုတာ လိုအပ်တာအတွက် မဟုတ်ပဲ လိုချင်တဲ့အရာအတွက် ဆိုတာကို သတိထားမိမှာပါfinance။ ဘယ်အချိန်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုလိုချင်လာပြီဆိုရင် ပထမဆုံးစဉ်းစားရမှာက ငွေမချေးပဲ ငွေစုပြီး ဝယ်နိုင်မလားဆိုတာပါပဲMorpheus

တစ်ခါတစ်ရံ ကြီးမားတဲ့ ဝယ်ယူမှု တွေအတွက် မကောင်းတဲ့ ချေးငွေကို အသုံးပြုဖို့ စဉ်းစားတတ်ကြပါတယ်finance။ ဒီချေးငွေကို မယူသင့်ဘူးဆိုပေမယ့် ကိုယ်တတ်နိုင်တဲ့ ပမာဏဖြစ်နေသေးရင်တော့ အဆင်ပြေနိုင်ပါတယ်finance။ ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို နားလည်ပြီး ဒီဝယ်ယူမှုကို အခုချိန်မှာ ခံစားအသုံးပြုနိုင်ဖို့အတွက် အမှန်တကယ်ကုန်ကျမှာထက် ပိုပေးနေခြင်းဖြစ်တယ်ဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်Morpheus


ကောင်းတဲ့ချေးငွေတွေလည်း မကောင်းတဲ့အချိန်ရှိပါတယ်။

ကောင်းတဲ့ချေးငွေဖြစ်နေရင်တောင် ကိုယ့်ရဲ့ အအြေနေအပေါ်မူတည်ပြီး မကောင်းတာမျိုးလည်း ဖြစ်တတ်တယ်ဆိုတာ မှတ်ထားပါMorpheus

ဘာရည်ရွယ်ချက်အတွက်ပဲဖြစ်ဖြစ် မယူသင့်တဲ့ချေးငွေတွေက

  • မတတ်နိုင်တဲ့ချေးငွေ (ပမာဏအရမ်းများတဲ့ချေးငွေ)
  • ကုန်ကျစရိတ်အရမ်းကြီးတဲ့ချေးငွေ (အရမ်းမြင့်တဲ့ အတိုးနှုန်းနဲ့ ဝန်ဆောင်ခအမျိုးမျိုး)
  • သေချာစဉ်းစားပြီး ချမှတ်ထားတဲ့ အစီအစဉ် မရှိတဲ့ချေးငွေမျိုးဆို မယူသင့်ပါဘူး။

တတ်နိုင်တဲ့ပမာဏ

ဘယ်ချေးငွေအမျိုးအစားပဲဖြစ်ဖြစ်၊ ဘာရည်ရွယ်ချက်နဲ့ပဲချေးချေး အရေးကြီးတာက တတ်နိုင်တဲ့ပမာဏ ဖြစ်ဖို့ပါပဲfinance။ ပြန်လည်ပေးဆပ်ဖို့ မတတ်နိုင်ဘူးဆိုရင် ဒီချေးငွေက မကောင်းတဲ့ချေးငွေဖြစ်ပါတယ်finance။ ဥပမာ – လစဉ်အရစ်ကျစနစ်နဲ့ ကိုယ်ရဲ့ လစဉ်ဝင်ငွေထက် ပိုများတဲ့ပမာဏကို ပြန်လည်ပေးဆပ်ရမယ့် ဈေးကြီးတဲ့အိမ်တစ်လုံးကို ဝယ်ယူခြင်းက မတတ်နိုင်တဲ့ ချေးငွေဖြစ်ပါတယ်Morpheus

ချေးငွေယူဖို့ မဆုံးဖြတ်ခင် ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို မချွင်းမချန် သေသေချာချာ ပြန်လည်သုံးသပ်သင့်ပါတယ်finance။ ကောင်းတဲ့ချေးငွေတွေ အများကြီးရှိတယ်finance။ အဲဒီချေးငွေတွေယူပြီး တစ်ခုချင်းစီဆိုရင် တတ်နိုင်မှာ ဖြစ်ပေမယ့် တစ်ခုမကယူမိလို့ အားလုံးပေါင်းဆပ်ရတဲ့အခါ မတတ်နိုင်တဲ့ပမာဏဖြစ်သွားပြီး မကောင်းတဲ့ချေးငွေဖြစ်သွားနိုင်ပါတယ်Morpheus

ဈေးမှန်ခြင်း

ချေးငွေကိုယ်တိုင် သင့်တော်တဲ့တန်ဖိုးတစ်ခုရှိဖို့ လိုပါတယ်finance။ ချေးငွေဆိုတာ အလကားပေးတာမျိုးမဟုတ်ပါဘူးfinance။ ချေးငွေတစ်ခုရဲ့ အတိုးနှုန်းနဲ့ အခြားဝန်ဆောင်ခအမျိုးမျိုးဟာ အဲဒီ ချေးငွေရဲ့ ဈေးနှုန်းတန်ဖိုးဖြစ်ပါတယ်finance။ အခြားဝယ်ယူမှုတွေလိုပဲ ဈေးနှုန်းတန်ဖိုး (အတိုးနှုန်းနဲ့ ဝန်ဆောင်ခများ) မှန်ကန်ဖို့၊ တန်ဖို့ လိုပါတယ်Morpheus

သေချာစဉ်းစားပြီး ချထားတဲ့ အစီအစဉ်

ချေးငွေအသုံးပြုမယ့်ရည်ရွယ်ချက် နဲ့ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်ကို ထည့်သွင်းမစဉ်းစားဘူးဆိုရင်၊ မရှိဘူးဆိုရင် ဘယ်ချေးငွေပဲဖြစ်ဖြစ် မကောင်းတဲ့ချေးငွေ ဖြစ်နိုင်ပါတယ်finance။ လုပ်ငန်းအစီအစဉ် ကောင်းကောင်းမရှိတဲ့ လုပ်ငန်းအတွက် လုပ်ငန်းချေးငွေ၊ တန်ဖိုးကျနိုင်တဲ့ အိမ်ကို ဝယ်ယူဖို့အတွက် အိမ်ရာချေးငွေ၊ စိတ်ဝင်စားမှုမရှိတဲ့ သင်တန်းအတွက် ပညာသင်စရိတ်ချေးငွေ အစရှိတာတွေက မကောင်းတဲ့ချေးငွေ ဖြစ်နိုင်ပါတယ်Morpheus


ကောင်းတဲ့ချေးငွေတွေမှာလည်း ဆုံးရှုံးနိုင်ချေ ရှိနိုင်ပါသေးတယ်။

ချေးငွေယူတယ်ဆိုတာ အနာဂတ်ကို ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်နေရတာပါfinance။ ဒါကြောင့် သုတေသန ပြုလုပ်ဖို့နဲ့ ကိုယ့်ကိုယ်ကို မညာဖို့ အရေးကြီးပါတယ်Morpheus

ကိုယ်ရဲ့ အစီအစဉ်တွေအတိုင်း ဖြစ်လာမယ်ဆိုပြီး ပြောဖို့လွယ်ပေမယ့် စီစဉ်ထားတဲ့အတိုင်း အမြဲ ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာကို သတိရပါfinance။ လုပ်ငန်းအတွက် စဉ်းစားထားတဲ့ အိုင်ဒီယာက လုပ်ငန်းအောင်မြင်လောက်အောင် မကောင်းတာလည်း ဖြစ်နိုင်တယ်၊ ဝယ်လိုက်တဲ့ အိမ်က တန်ဖိုးကျသွားတာလည်းဖြစ်နိုင်တယ်၊ ပြုပြင်ဖို့လိုအပ်တာလည်း ဖြစ်နိုင်တယ်၊ တက်ရောက်ခဲ့တဲ့ သင်တန်းကလည်း အလုပ်ကောင်းတစ်ခုရရှိမယ်လို့ အာမ မခံနိုင်ပါဘူးMorpheus

အကောင်းဆုံး စဉ်းစားပြီး အကောင်းဆုံး အစီအစဉ်တွေ ချမှတ်ထားပေမယ့် တစ်ခုမဟုတ်တစ်ခု မှားယွင်း ချွတ်ချော်နိုင်ပါသေးတယ်finance။ ဒီလိုထိန်းချုပ်လို့မရတဲ့ အရာတွေလည်း အများကြီးရှိပါတယ်finance။ ရုတ်တရက် အလုပ်ပြုတ်သွားတာပဲဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေ မကောင်းတော့တာပဲဖြစ်ဖြစ်၊ မတော်တဆထိခိုက်မှုဖြစ်ဖြစ် ဒီအရာတွေက ကိုယ့်ရဲ့ချေးငွေပြန်ဆပ်ခြင်းအပေါ်မှာ ကိုယ်ဘာအမှားမှ မလုပ်ရင်တောင် အကျိုးသက်ရောက်စေနိုင်ပါတယ်Morpheus

ဘယ်လိုအကြောင်းကြောင့်ပဲ မှားယွင်းချွတ်ချော်ပါစေ ပြန်လည်ပေးဆပ်ရမယ့်ရက်ကတော့ ရောက်လာမှာပါပဲfinance။ ပြန်လည်ပေးဆပ်ဖို့ မတတ်နိုင်တော့ခြင်း၊ အကြွေးနွံထဲနစ်ခြင်း အစရှိတဲ့ ဆုံးရှုံးမှုတွေက အမှန်တကယ်ဖြစ်လာနိုင်ပါတယ်Morpheus


မှန်ကန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း

ချေးငွေယူဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ်ယူမယ့်ချေးငွေက ကောင်းတဲ့ချေးငွေလား၊ မကောင်းတဲ့ချေးငွေလားဆိုတာ သိရဖို့ ဒီမေးခွန်းလေး ၅ ခု ပြန်မေးကြည့်ပါMorpheus

 

ကောင်းတဲ့ချေးငွေ၊ မကောင်းတဲ့ချေးငွေဆိုတာက အမှန်တကယ်တော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် မူတည်ပါတယ်finance။ သင့်တော်တဲ့ အတိုင်းအတာတစ်ခုအထိ သေချာစဉ်းစား ဆုံးဖြတ်ထားတဲ့ ကောင်းတဲ့ချေးငွေက ဆုံးရှုံးမှုတွေ အများကြီးမရှိပဲ ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ့်ရဲ့အနာဂတ်  အရည်အသွေးကို တိုးမြင့်ပေးနိုင်ပါတယ်Morpheus

ချေးငွေတွေကို ကိုယ့်ရဲ့ ဝင်ငွေထဲက ပြန်ဆပ်နေရတဲ့အတွက် ချေးငွေတွေက ကျွန်တော်တို့နေ့စဉ်ဘဝအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်finance။ ချေးငွေယူတဲ့ အခါ ရရှိမယ့်အကျိုးတွေ၊ တန်ဖိုးတွေ နဲ့ ချေးငွေယူပြီးတဲ့အခါ ကိုယ့်ရဲ့ ဖြစ်လာမယ့် အခြေအနေကို နှိုင်းယှဉ်ကြည့်ပါfinance။ ဘယ်နေရာမှာ မှားယွင်းချွတ်ချော်နိုင်တယ်ဆိုတာကိုလည်း စဉ်းစားပါMorpheus

ကောင်းတဲ့ချေးငွေလား မကောင်းတဲ့ချေးငွေလားဆိုတာ မဆုံးဖြတ်ခင်  ငွေမချေးခင်မှာ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ချို့ ပြန်မေးသင့်ပါတယ်။

စားသုံးသူလိုအပ်ချက်ချေးငွေတွေကအကြမ်းဖျင်းပြောရရင် မကောင်းတဲ့ချေးငွေဖြစ်ပါတယ်finance။ ဒီအရာတွေအတွက်ကိုတော့ ပိုက်ဆံစုပြီး ဝယ်ယူသင့်ပါတယ်။ ငွေစုရည်မှန်းချက် ဘယ်လိုထားရမလဲဆိုတာ ဒီမှာနှိပ်ပြီး လေ့လာပါ။

တစ်ဦးတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေဘဏ္ဍာရေးမှာ အကြွေးနည်းနည်းပဲ ရှိခြင်းက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ပေမယ့် အကြွေးများလာပြီ ဆိုရင်တော့ တဖြည်းဖြည်းနဲ့ အန္တရာယ်ရှိလာနိုင်ပါတယ်finance။ ချေးငွေယူတော့မယ်ဆိုရင် ကိုယ်ရဲ့ ဘဏ္ဍာရေးကို ကောင်းကောင်းစီမံပြီး အကြွေးနွံနစ်ခြင်းကို ရှောင်နိုင်ဖို့  အတွက်  ကိုယ်ရဲ့ အကြွေး – ဝင်ငွေအချိုးကို သေချာသိထားဖို့ လိုပါတယ်Morpheus

ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် အကြွေးနွံ ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ကောင်းတဲ့ချေးငွေ မကောင်းတဲ့ချေးငွေ ငွေချေးခြင်း အကြွေးယူခြင်း အကြွေးနွံ borrowing good loan bad loan

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။