ချေးငွေမလျှောက်ခင် လိုအပ်တဲ့အရာ တစ်ခု

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ချေးငွေလျှောက်ထားတဲ့အခါ လိုအပ်တာတွေ အများကြီးရှိပါတယ်shwe။ လစာထောက်ခံစာ၊ အာမခံပေးသူများ၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာ စသဖြင့် လိုအပ်လေ့ရှိပါတယ်shwe။ ဒါ့အပြင် ချေးငွေထုတ်ပေးသင့်မသင့် အကဲဖြတ်ခြင်း အချက် (၅) ချက်ကို သုံးသပ်ဖို့အတွက် ချေးငွေထုတ်ပေးသူတွေက စာရွက်စာတမ်း အမြောက်အများတောင်းဆိုနိုင်ပါတယ်Tank

ပုဂ္ဂလချေးငွေ (ကိုယ်ရေးကိုယ်တာချေးငွေ) ပဲဖြစ်ဖြစ်၊ လုပ်ငန်းချေးငွေပဲဖြစ်ဖြစ် ဘာအတွက်မဆို ချေးငွေမလျှောက်ထားခင်မှာ လိုအပ်တာ တစ်ခု ရှိပါတယ်shwe။ ဒါကတော့ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်ရှိဖို့ပါshwe။ ပြန်လည်ပေးဆပ်ဖို့အတွက် ငွေတွေကို ဘယ်ကနေရမှာလဲဆိုတာကို သိဖို့လိုပါတယ်Tank

ဘယ်လိုပြန်လည်ပေးဆပ်ရမှန်း မသိသေးဘူးဆိုရင်တော့ ချေးငွေယူခြင်းက ကောင်းတဲ့အကြံ မဟုတ်ပါဘူးshwe။ ပြန်လည်ပေးဆပ်ခြင်းကို မပြုလုပ်နိုင်ဘူးဆိုရင်အကြွေးနွံထဲ နစ်သွားနိုင်တယ် ဆိုတာလည်း သတိရပါshweအကြွေးနွံနစ်ခြင်း နဲ့ပတ်သက်ပြီး ဒီမှာ လေ့လာပါ။

ချေးငွေလျှောက်ထားဖို့အတွက် အဆင်သင့်ဖြစ်မဖြစ် သိနိုင်အောင် ကိုယ့်ကိုယ်ကို အောက်ကမေးခွန်းလေးတွေပြန်မေးကြည့်ပါTank

ပြန်လည်ပေးဆပ်ဖို့အတွက် ငွေတွေကို ဘယ်ကရမှာလဲဆိုတာ သိပြီလား။

ပြန်လည်ပေးဆပ်ရမယ့် ငွေတွေကို လစာထဲကရမှာလား၊ ကိုယ့်လုပ်ငန်းကရမှာလား စသဖြင့် ဘယ်ကနေရမှာလဲဆိုတာ သိဖို့လိုအပ်ပါတယ်shwe။ ပြန်လည်ပေးဆပ်ရမယ့် ပမာဏကလည်း ကိုယ့်ရဲ့လစာနဲ့လုံလောက်တဲ့ ပမာဏ ဖြစ်ဖို့လိုပါတယ်Tank

ဘယ်အချိန်မှာ ဘယ်လောက်ပမာဏကို ပြန်လည်ပေးဆပ်ရမှာလဲဆိုတာ သိပြီလား။

ချေးငွေရဲ့ သက်တမ်းကာလကို သိပြီး ဘယ်လောက်ပမာဏကို ဘယ်အချိန်မှာ နောက်ဆုံးပေးသွင်းရမယ်ဆိုတာ သိရပါမယ်Tank

ဘယ်ကနေ ဘယ်လို ပြန်လည်ပေးဆပ်ရမှာလဲဆိုတာ သိပြီလား။

ပြန်လည်ပေးဆပ်နိုင်တဲ့ နည်းလမ်းတွေကို နားလည်ထားဖို့လိုပါတယ်shwe။ ဥပမာ – ဘဏ်ခွဲမှာလား၊ မိုဘိုင်းဘဏ်ဝန်ဆောင်မှုကနေ တစ်ဆင့်လား စသဖြင့် သိရှိပြီး ဘယ်လိုနည်းနဲ့ ပြန်ဆပ်မယ်ဆိုတာကို ရွေးချယ်ပါTank

ပြန်မဆပ်မိတာပဲဖြစ်ဖြစ် နောက်ကျလို့ပဲဖြစ်ဖြစ် ကောက်ခံတဲ့ ဒဏ်ကြေးတွေကို သိပြီလား။

ဒီလို ဒဏ်ကြေးအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရသုံးငွေစာရင်း၊ အသုံးစရိတ်ကို ဘယ်လိုထိခိုက်လာနိုင်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်Tank

အရေးပေါ်အခြေအနေအတွက် သုံးဖို့ အရံစုငွေရှိပြီလား။

ဖြစ်နိုင်မယ်ဆိုရင် အရံစုငွေထားရှိပါshwe။ တစ်ကြိမ်တစ်ခါ နောက်ကျတာနဲ့တင် အများကြီးကုန်ကျနိုင်တဲ့အတွက် ဒီလိုအခြေအနေမှာ သုံးနိုင်ဖို့ အရံငွေထားရှိပါ။123


ချေးငွေတစ်ခု လျှောက်ထားဖို့ စဉ်းစားနေတယ်ဆိုရင် ဒီမေးခွန်းလေးတွေကို အရင် ဖြေကြည့်ပါshwe။ ဒီမေးခွန်းတွေကို သေသေချာချာမဖြေနိုင်သေးရင်တော့ ချေးငွေလျှောက်ထားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ကိုယ့်ကိုယ်ကို နားလည်ရပါမယ်shwe။ အဆင်သင့်မဖြစ်ခင် လျှောက်လိုက်လို့ ချေးငွေတစ်ခုရရင်တောင် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်နေတာနဲ့ အတူတူပဲဖြစ်ပါလိမ့်မယ်shwe။ ဒါကြောင့် ဒီအချက်ကို သေချာ ဂရုစိုက်ပါTank

ချေးငွေရရှိသွားပြီဆိုရင်လည်း အကြွေးနွံထဲမနစ်အောင် ချေးငွေကို ကောင်းစွာစီမံတတ်ဖို့ လိုပါသေးတယ်shwe။ ချေးငွေကို ကောင်းစွာစီမံခြင်းအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။123


ချေးငွေတစ်ခုလျှောက်ထားခြင်း

ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် အကြွေးနွံ ပြန်လည်ပေးဆပ်ခြင်း အကြွေးပြန်ဆပ်ဖို့ အစီအစဉ် ချေးငွေဆပ် ချီးငွေ အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်ငွေမချေးခင် လိုအပ်တဲ့အရာ ငွေချေးခြင်း အကြွေးယူခြင်း အကြွေးနွံ repayment plan one thing you need to do before applying a loan

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။