ခရက်ဒစ်ကတ်၏ အကျိုးကျေးဇူး၊ ကုန်ကျစရိတ်နှင့် အန္တရာယ်

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ခရက်ဒစ်ကတ်အသုံးပြုခြင်းအားဖြင့် အကျိုးကျေးဇူးအများအပြားရှိသလို သူ့ရဲ့ ကုန်ကျစရိတ်တွေ၊ အန္တရာယ်တွေကလည်း မသေးပါဘူးNeo

ဒါကြောင့် ခရက်ဒစ်ကတ်တွေ သုံးတော့မယ်ဆိုရင် ကိုယ့်အတွက် ကုန်ကျမယ့် စရိတ်နဲ့ ဖြစ်တတ်တဲ့အန္တရာယ်တွေထက် ရမယ့် အကျိုးကျေးဇူးက ပိုများနေဖို့ လိုအပ်ပါတယ်Neo

 

အကျိုးကျေးဇူးများ

အဆင်ပြေမှု

  • ကိုယ်နဲ့တစ်ပါတည်း ငွေသားကိုင်ဆောင်စရာမလိုခြင်း။
  • အွန်လိုင်းကနေတစ်ဆင့် ကုန်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်ခြင်းshwe။ (နိုင်ငံခြား ကုန်ပစ္စည်းများ အပါအဝင်)
  • PayWave လို လုပ်ဆောင်ချက်တွေကြောင့် ငွေပေးငွေချေရာမှာ ပိုမိုမြန်ဆန်စေပြီး ပြန်အမ်းငွေအတွက် အကြွေမရှိမှာကိုလည်း ပူစရာမလိုခြင်း။

လျှော့ဈေးနှင့် အပိုလက်ဆောင်များ

  • ကုန်သည်တချို့ရဲ့ အရောင်းမြှင့်တင်ရေးအဖြစ် လျှော့ဈေးနဲ့ လက်ဆောင်တွေရရှိနိုင်ပါတယ်shwe။ (ဥပမာ – ဟိုတယ်၊ စားသောက်ဆိုင်၊ လက်လီဆိုင်များ စသည်)
  • တစ်ချို့ကတ်တွေက ကိုယ်ပိုင်လက်ထောက်ဝန်ဆောင်မှု (Concierge and Support Services) နှင့် အာမခံဝန်ဆောင်မှု စသည်ဖြင့် အပိုလက်ဆောင်အဖြစ် ထပ်ဆောင်းဝန်ဆောင်မှုပေးတာတွေရှိတတ်ပါတယ်။

လုံခြုံမှု

  • ကိုယ်နဲ့တစ်ပါတည်း ငွေသားအမြောက်အများသယ်ဆောင်သွားစရာမလိုတာကြောင့် ပိုပြီး လုံခြုံစေပါတယ်။
  • ကတ်အခိုးခံရတဲ့အခြေအနေမျိုးမှာ ခိုးယူသုံးစွဲခံလိုက်ရတဲ့ ငွေပမာဏကို ပြန်လည်လျှောက်ထားနိုင်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။

မှတ်ချက် shwe။ ။

မြန်မာနိုင်ငံက ခရက်ဒစ်ကတ်တွေဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အသစ်အဆန်းဖြစ်နေတုန်းပဲဆိုတော့ တခြားနိုင်ငံတွေထက် ပွိုင့်တွေ၊ cashback အစီအစဉ်တွေကို ဖောဖောသီသီပေးအပ်သွားဖို့ ရှိနိုင်ပါတယ်Neo

လက်ရှိအချိန်မှာတော့ ခရက်ဒစ်ကတ်တွေရဲ့ အကျိုးကျေးဇူးအဖြစ် ဆိုင်တစ်ချို့မှာပဲ အထူးလျှော့ဈေးတွေ၊ လက်ဆောင်တွေ ပေးနေတာတွေရှိပါတယ်Neo

ပြည်တွင်းဘဏ်တွေကလည်း သူတို့ရဲ့ ခရက်ဒစ်ကတ်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့အတွက် ရလာမယ့် အကျိုးကျေးဇူးတွေလည်း ဒီထက်ပိုပြီး များလာဖို့ မျှော်လင့်ရပါတယ်Neo

စာဖတ်ပရိသတ်များထဲက တစ်ချို့လည်း ခရက်ဒစ်ကတ်ကဏ္ဍ ဒီထက်တိုးတက်လာမှပဲ ခရက်ဒစ်ကတ်တွေကို အသုံးပြုဖို့ အစီအစဉ် ရှိကောင်းရှိပါလိမ့်မယ်shwe။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းသိထားတော့ ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန် လျှောက်လိုက်ရုံပေါ့။123


ကုန်ကျစရိတ်များ (ဝန်ဆောင်ခများ)

ခရက်ဒစ်ကတ်လျှောက်ထားတဲ့အခါ ဝန်ဆောင်ခ အခမဲ့တော့ မဟုတ်ပါဘူးshwe။ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တွေ ရှိပါတယ်shwe။ ခရက်ဒစ်ကတ် လျှောက်တော့မယ်ဆိုရင် ပေးရမယ့်အတိုးနှုန်းတွေကို ဘယ်လိုတွက်ချက်နှုတ်ယူတာတွေ၊ ကုန်ကျမယ့် တခြားကုန်ကျစရိတ်တွေကို သေချာနားလည်အောင် အရင်ဆုံးလုပ်သင့်ပါတယ်Neo

ခရက်ဒစ်ကတ်ကနေ ရလာမယ့် အကျိုးကျေးဇူးတွေက ကုန်ကျစရိတ်ကို ကာမိရဲ့လားဆိုတာကိုလည်း အရင်ဆုံးသချာအောင် တွက်ချက်စဉ်းစားပြီးမှ လျှောက်သင့်ပါတယ်shwe။ ရနိုင်မယ့်အကျိုးကျေးဇူးက ကုန်ကျစရိတ်ကို မကာမိဘူးဆိုရင်တော့ ငွေသားဖြစ်ဖြစ်၊ Debit card (ATM card) ဖြစ်ဖြစ် သုံးတာပဲ ပိုကောင်းပါလိမ့်မယ်Neo

အတိုးနှုန်း၊ ဒဏ်ကြေး နှင့် နောက်ကျကြေး

အခြားဝန်ဆောင်ခများ


ကြုံတွေ့ရနိုင်သောအန္တရာယ်များ

အကြွေးနွံနစ်ခြင်း သို့မဟုတ် အကြွေးသံသရာ

  • ကျန်ရှိနေတဲ့အကြွေးပမာဏအပြည့်ကို လစဉ် ပြန်လည်ပေးဆပ်ခြင်းမရှိရင်ဖြစ်ဖြစ်၊ ပြန်လည်ပေးဆပ်ဖို့ နောက်ကျရင်ဖြစ်ဖြစ် ခရက်ဒစ်ကဒ်တွေဟာ ပိုပိုပြီး ငွေကုန်ကြေးကျ များလာစေပါတယ်။
  • ကျန်ရှိနေတဲ့အကြွေးပမာဏနဲ့ အတိုးပေါ်အတိုးတက်ပြီး များများလာတဲ့ အတိုးငွေတွေ၊ ပြစ်ဒဏ်ကြေးတွေ၊ နောက်ကျကြေးတွေကို မဆပ်နိုင်တော့တဲ့အခါမျိုးမှာ အကြွေးနွံနစ်သွားတတ်ပါတယ်။

ပိုမိုသုံးစွဲခြင်း

  • လေ့လာဆန်းစစ်ချက်များအရ ဘဏ်ကတ်တွေကိုသာ အသုံးပြုတဲ့လူတွေဟာ ငွေသားကို အသုံးပြုတဲ့လူတွေထက် ပိုပြီး အသုံးအဖြုန်းကြမ်းကြတယ်လို့ ဆိုပါတယ်။
  • ခရက်ဒစ်ကတ်တွေကို ငွေပိုအဖြစ် ထင်မှတ်နေတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်shwe။ ခရက်ဒစ်ကတ်ကို လက်ထဲမှာရှိနေတဲ့ ငွေသားအစား အစားထိုးဖို့ အတွက်ပဲ ကောင်းပါတယ်shwe။ ခရက်ဒစ်ကတ်သုံးတဲ့အခါ ငွေသားသုံးစွဲနေတဲ့ပမာဏထက် ပိုပြီး သုံးနေတာမျိုးမဖြစ်အောင် သတိပြုဖို့ အကြံပြုလိုပါတယ်။
  • ကိုယ်မှာရှိတဲ့ ပိုက်ဆံထက်ပိုပြီး မသုံးမိစေဖို့ အသုံးစရိတ်အစီအစဉ်ရေးဆွဲတာတွေ၊ အသုံးစရိတ်ခြေရာခံတာတွေ လုပ်သင့်ပါတယ်။

အခိုးခံရခြင်း နှင့် အလိမ်ခံရခြင်း

  • လုံခြုံစိတ်ချမှုအတွက် လုပ်ဆောင်ချက်တွေရှိတယ်ဆိုပေမယ့် အခိုးခံရတဲ့ ခရက်ဒစ်ကတ်ကို တခြားတစ်ယောက်ယောက်က သုံးလို့ရနိုင်ပါတယ်။
  • တစ်ချို့အခြေအနေမျိုးတွေမှာ ခိုးယူသုံးစွဲခံရတဲ့ ငွေပမာဏကို ပြန်လည်လျှောက်ထားလို့ရတယ်ဆိုပေမယ့် အမှန်တကယ်ပြန်ရမယ်လို့ ဘယ်သူမှ အာမခံနိုင်ပါဘူး။
  • ကိုယ့်ခရက်ဒစ်ကတ်ပျောက်သွားတယ်လို့ သိသိချင်းပဲ ကတ်ထုတ်ပေးတဲ့ဘဏ်ကို ချက်ချင်း ဖုန်းဆက်အကြောင်းကြားရပါမယ်။
  • တစ်ချို့ဘဏ်တွေက ကိုယ့်ရဲ့ ခရက်ဒစ်ကတ်ကို Mobile banking/Online banking တွေကနေတစ်ဆင့် ပိတ်ထားလို့ရတဲ့ ဝန်ဆောင်မှုတွေပေးထားတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါဆိုရင် ခရက်ဒစ်ကတ်ရှိသင့်ပါသလား။

ခရက်ဒစ်ကတ်သုံးမယ်ဆိုရင်

  • ကိုယ်တတ်နိုင်တဲ့ပမာဏထက် ပိုမသုံးမိအောင် အသုံးစရိတ်ကို ခြေရာခံတတ်ရပါမယ်။
  • ရှင်းတမ်းထွက်လာတဲ့အခါ ကိုယ့်ရဲ့ ငွေပေးချေမှုစာရင်းတွေ မှန်ရဲ့လားဆိုတာ စစ်ဆေးတတ်ရပါမယ်။
  • အတိုးနှုန်းနဲ့ ဒဏ်ကြေးတွေကို ရှောင်ရှားဖို့အတွက် အချိန်မီပြန်ဆပ်ရမယ့် စည်းကမ်းတွေကေို လိုက်နာဖို့ လိုအပ်ပါတယ်။
  • ကိုယ့်ရဲ့ကတ်ကို သေချာထိန်းသိမ်းပြီး လျှို့ဝှက်နံပါတ်ကိုလည်း သေချာမှတ်ထားရပါမယ်။

ကိုယ့်ရဲ့အခြေအနေအပေါ်မူတည်ပြီးတော့ ခရစ်ဒစ်ကတ်ကနေရလာမယ့် အကျိုးကျေးဇူးတွေက ကတ်ရဲ့ ကုန်ကျစရိတ်နဲ့ အန္တရာယ်ကို မကာမိတာမျိုးလည်း ရှိပါတယ်shwe။ ဒါဆိုရင်တော့ ခရက်ဒစ်ကတ်တွေ သုံးတာထက် ဈေးဝယ်ကတ် (သို့မဟုတ်) မြီစားကတ် (debit card) အသုံးပြုခြင်း၊ ဒါမှမဟုတ် မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုခြင်းက ပိုပြီး အကျိုးရှိနိုင်ပါတယ်Neo

ခရက်ဒစ်ကတ်ကို သုံးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် စတင်ပြီး အသုံးမပြုခင်မှာ ဘဏ်ကို ကတ်ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပေးဆောင်ရမယ့် အခကြေးတွေကို သေချာမေးမြန်းပါNeo

အသုံးအဖြုန်းမှာ ကိုယ့်ကိုယ်ကို စည်းကမ်းမရှိဘူးလို့ထင်ရင်တော့ ခရက်ဒစ်ကတ် မလျှောက်ပါနဲ့ဦးshwe။ ကိုယ်ပိုင်ငွေကြေးစီမံနည်းလမ်းတွေကို အရင်လေ့လာလိုက်ပါဦးshweပိုက်ဆံအသုံးအစွဲအတွက် စည်းကမ်းရှိရှိနဲ့ သုံးစွဲတတ်ဖို့ ငွေကြေးစီမံခန့်ခွဲခြင်း ကဏ္ဍမှာ ဖတ်ရှုလ့လာနိုင်ပါတယ်။123


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အသုံးပြုခြင်း

ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် ခရစ်ဒစ်ကတ် ခရစ်ဒစ်ကဒ် ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကျိုးကျေးဇူး ကုန်ကျစရိတ် အန္တရာယ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် ခရစ်ဒစ်ကတ် ခရစ်ဒစ်ကဒ် credit card benefit cost danger good bad Credit card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။