မိုဘိုင်းပိုက်ဆံအိတ်နဲ့ မိုဘိုင်းငွေပေးချေခြင်းရဲ့ အားသာချက်၊ ကုန်ကျစရိတ်နဲ့ အားနည်းချက်များ
ဆောင်းပါးကို ဝေမျှရန်
လောလောဆယ် မြန်မာနိုင်ငံမှာ အသုံးပြုလို့ရတဲ့ မိုဘိုင်းပိုက်ဆံအိတ် ၁၀ ခုမက ရှိပါတယ်dingar။ ဘဏ်များ၊ မိုဘိုင်းအော်ပရေတာများနဲ့ အခြားကုမ္ပဏီတွေက မိုဘိုင်းဖုန်းအခြေခံတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးလျက်ရှိပါတယ်dingarမိုဘိုင်းပိုက်ဆံအိတ်နဲ့ မိုဘိုင်းငွေပေးချေမှုတွေက ဘာလုပ်လို့ရတယ်ဆိုတာ ဒီမှာလေ့လာနိုင်ပါတယ်။
ဒါဆိုရင် မိုဘိုင်းပိုက်ဆံအိတ်မှာ ဘယ်လိုကောင်းတဲ့အချက်တွေ၊ ဆိုးတဲ့အချက်တွေရှိသလဲ။yes
အားသာချက်များ
အဆင်ပြေမှု
  • ဘဏ်သွားစရာမလို၊ ဘဏ်စာရင်းလည်း ဖွင့်စရာမလိုပဲ ကိုယ့်ရဲ့ဖုန်းကနေ  ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အချိန်မရွေး ရယူအသုံးပြုနိုင်ပါတယ်။
  • ဘဏ်ဖွင့်ချိန်မှာ ဘဏ်ခွဲကို တကူးတကသွားပြီး ဘဏ်ဝန်ဆောင်မှုတစ်ခုခုရယူဖို့အတွက် တန်းစီစောင့်နေစရာ မလိုပါဘူး။
  • မြန်ဆန်တဲ့ ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပြီး ပြန်အမ်းငွေအကြွေတွေအတွက်လည်း စိတ်ပူစရာ မရှိတော့ပါဘူး။
လုံခြုံမှု
  • ငွေသား အမြောက်အမြားနဲ့ ဘဏ်ကတ်တွေကို အမြဲယူဆောင်သွားစရာ မလိုတော့ပါဘူး။
  • ဖုန်းပျောက်သွားခဲ့ရင်တောင် မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုဖို့အတွက် ဖုန်းနဲ့ မိုဘိုင်းပိုက်ဆံအိတ် အပ်ပလီကေးရှင်း နှစ်ခုလုံးက ဖွင့်ဖို့အတွက် လျှို့ဝှက်နံပါတ်လိုအပ်ပါတယ်။
လျှော့ဈေးများ
  • အချို့မိုဘိုင်းပိုက်ဆံအိတ်တွေမှာ သတ်သတ်မှတ်မှတ်ပစ္စည်းတစ်ချို့ ဝယ်ယူခြင်းအတွက် ဆုကြေးငွေပြန်ရတဲ့အစီအစဉ်၊ လျှော့ဈေးအစီအစဉ်တွေ ရှိပါတယ်။
အသုံးစရိတ်ခြေရာခံနိုင်ခြင်း
  • ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လောက်အသုံးပြုခဲ့တယ်ဆိုတာ ပြန်လည်ခြေရာခံကြည့်နိုင်ပါတယ်။
*မှတ်ချက် dingar။     ။တစ်ချို့ မိုဘိုင်းပိုက်ဆံအိတ်တွေမှာ တစ်ချို့လုပ်ဆောင်ချက်တွေကို ရယူအသုံးပြုနိုင်ဖို့အတွက် ဘဏ်ခွဲဖြစ်စေ၊ အေးဂျင့်ထံဖြစ်စေ သွားရောက်ပြီး စာရင်းပေးသွင်းခြင်း ထပ်ဆင့်လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။yes
ကုန်ကျစရိတ်
အခကြေး
  • ငွေထုတ်ခ dingar။     dingar။ မိုဘိုင်းပိုက်ဆံအိတ်တွေမှာ အေးဂျင့်ဆီကနေတစ်ဆင့် ငွေသားထုတ်ယူဖို့အတွက် ဝန်ဆောင်ခသတ်မှတ်ထားတာတွေ ရှိပါတယ်။
  • ငွေလွှဲခ dingar။     dingar။ ဘဏ်မှတစ်ဆင့် ငွေလွှဲခြင်းထက် ဝန်ဆောင်ခပိုပြီးကုန်ကျနိုင်ပါတယ်။
  • ငွေသွင်းခ dingar။     dingar။ များသောအားဖြင့် အခမဲ့ဖြစ်ပေမယ့် အခကြေးကောက်တဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေလည်း ရှိပါတယ်dingar။ ဥပမာ – ဘဏ်ကတ် သို့မဟုတ် အချို့ ဘဏ်အကောင့်မှတစ်ဆင့် ငွေသွင်းခြင်း။
မိုဘိုင်းဒေတာ
  • မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုဖို့အတွက် အင်တာနက်ဒေတာလိုအပ်ပါတယ်။
အားနည်းချက်များ
အတိုးမပေးခြင်း
  • မိုဘိုင်းပိုက်ဆံအိတ်ထဲမှာ ထည့်ထားတဲ့ ငွေတွေအတွက် ဘဏ်အပ်ငွေစာရင်းတွေလိုတော့ အတိုးရမှာ မဟုတ်ပါဘူး။
ဘက်ထရီလိုအပ်ခြင်း
  • ဖုန်းက ဘက်ထရီအားကုန်သွားတယ်ဆိုရင် မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။
ပိုက်ဆံပိုသုံးခြင်း
  • ငွေသားကိုင်ဆောင်စရာမလိုတဲ့ ငွေပေးချေခြင်းနည်းကို အသုံးပြုတဲ့အခါ ငွေကို လိုတာထက်ပိုပြီး သုံးတတ်ကြပါတယ်။
နေ့စဉ်ကန့်သတ်ချက်များ
  • နေ့စဉ်ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်းများအတွက် ကန့်သတ်ချက်တွေ ရှိပါတယ်dingar။ အချို့သူတွေအတွက်တော့ ဒါက တင်းကြပ်ထားသလိုဖြစ်နိုင်ပါတယ်။
ကိုယ့်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး မိုဘိုင်းပိုက်ဆံအိတ်က အသုံးဝင်နိုင်ပါတယ်Trinity
တစ်ချို့ကျတော့လည်း ဘဏ်စာရင်းဖွင့်ပြီး မိုဘိုင်းဘဏ်ဝန်ဆောင်မှု နဲ့ သုံးရတာက ပိုအဆင်ပြေတယ်လို့ ဆိုကြပါတယ်dingarမိုဘိုင်းဘဏ်ဝန်ဆောင်မှုနဲ့ မိုဘိုင်းပိုက်ဆံအိတ်ရဲ့ တူညီချက်တွေ၊ ကွာခြားချက်တွေကို ဒီမှာ လေ့လာနိုင်ပါတယ်။
မိုဘိုင်းပိုက်ဆံအိတ် တစ်ခုနဲ့တစ်ခု ကွာခြားချက်တွေကို ဒီမှာလေ့လာပါ။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။