ကတ်ဖြင့် အွန်လိုင်းတွင် လုံခြုံစွာ ငွေပေးချေခြင်း

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ကားလက်မှတ် ဝယ်တဲ့အခါဖြစ်ဖြစ်၊ အွန်လိုင်းမှ ဈေးဝယ်တဲ့အခါဖြစ်ဖြစ်၊ ဘေလ်ပေးဆောင်တဲ့အခါဖြစ်ဖြစ် မြီစားကတ် (Debit card) ဒါမှမဟုတ် အကြွေးဝယ်ကတ် (Credit card) တွေကို အသုံးပြုပြီးငွေချေရတာ အဆင်ပြေလွယ်ကူပါတယ်။

ဒါပေမယ့် မသမာသူတွေဆီကနေ အချက်အလက်တွေ ငွေတွေ အခိုးမခံရအောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

ဘဏ်ကတ်ကို အွန်လိုင်းမှာ အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ကတ်ထဲမှာရှိတဲ့ ငွေတွေကို လုံခြုံအောင် ပြုလုပ်နိုင်တဲ့နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်ဘ်ဆိုက် (Website) အသုံးပြုနေတာဆိုရင် အဲဒီဝက်ဘ်ဆိုက်က လုံခြုံမှုရှိ မရှိစစ်ဆေးပါ။

  • ဝက်ဘ်ဆိုက်လိပ်စာမှာ သော့ခလောက်ပုံစံလေး (Padlock) သို့မဟုတ် “https://” ဆိုတာလေး ပါလားဆိုတာ ကြည့်ပါshwedingar
  • သော့ခလောက်ပုံစံလေး (Padlock) လည်း မပါဘူး၊ ဝက်ဘ်ဆိုက်လိပ်စာကိုလည်း “s” မပါပဲ “http://” နဲ့ စထားတယ်ဆိုရင် ဝက်ဘ်ဆိုက်က မယုံကြည်ရပါဘူးshwedingar။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်ကတ်ရဲ့ အသေးစိတ်အချက်အလက်တွေကို အခြားတစ်ယောက်က ခိုးယူနိုင်တာကြောင့် အဲဒါတွေကို မပေးပို့ပါနဲ့။

ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတာတွေက လုံခြုံမှု ရှိရဲ့လား စစ်ဆေးပါ။

  • အချက်အလက်တွေကို ဗိုင်းရပ်စ် သို့မဟုတ် အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲလ်တွေကနေ ခိုးမယူနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပြူတာကို Anti-malware စစ်ဆေးမှုတွေ ပြုလုပ်ထားပါ။
  • အများသုံး ဝိုင်ဖိုင် (Wifi) အသုံးပြုနေတဲ့အချိန်မျိုးမှာ ဘဏ်ကတ်ကို မသုံးပါနဲ့shwedingar။ အချက်အလက်တွေကို အခြားတစ်ယောက်ယောက်က ကြားဖြတ်ရယူနိုင်ပါတယ်shwedingar။ အများသုံးဝိုင်ဖိုင် သုံးမှရမှာဆိုရင်လည်း အချက်အလက်တွေကို ကာကွယ်ဖို့အတွက် VPN ကို အသုံးပြုသင့်ပါတယ်။

ရောင်းသူက ငွေပေးချေမှု ဆောင်ရွက်ပေးတဲ့စနစ်ကို အသုံးပြုလားဆိုတာ စစ်ဆေးပါ။

  • ရောင်းသူတော်တော်များများကတော့ 2C2P နဲ့ PayPal အစရှိတဲ့ လုံခြုံတဲ့ ငွေပေးချေမှု ဆောင်ရွက်ပေးတဲ့စနစ်တွေကို အသုံးပြုလေ့ရှိပါတယ်shwedingar။ ဒီစနစ်တွေကို အသုံးပြုတယ်ဆိုတာ ရောင်းသူက ကိုယ့်ကတ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရရှိမသွားအောင် ငွေပေးငွေချေခြင်းရဲ့ ကြားခံစနစ်တစ်ခုအဖြစ် လုပ်ဆောင်ပေးတာဖြစ်ပါတယ်shwedingar။ ဒါကြောင့် ရောင်းသူက ဒီစနစ်ကို အသုံးမပြုထားဘူးဆိုရင်တော့ တခြားငွေပေးချေနည်းကိုပဲ ရွေးချယ်သင့်ပါတယ်။

ကိုယ့်ရဲ့ အချက်အလက်တွေကို စာပို့စနစ်တွေမှာ မဝေမျှပါနဲ့။

  • ကတ်နံပါတ်၊ ကုန်ဆုံးရက်၊ CVV စတဲ့ ကတ်ရဲ့ အသေးစိတ်အချက်အလက်တွေကို Messenger၊ Viber၊ ဖုန်းမှတစ်ဆင့် ပြောပြခြင်း၊ ဝေမျှခြင်း မပြုလုပ်ပါနဲ့shwedingar။ ရောင်းသူက ဒီအချက်အလက်တွေကို ရရှိပြီး အခြားနေရာမှာ အသုံးပြုတာပဲဖြစ်ဖြစ်၊ အခြားတစ်ယောက်ယောက်က ဒီအချက်အလက်တွေကို ရသွားတာပဲဖြစ်ဖြစ် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
  • ဖြည့်ခိုင်းတဲ့ ဖောင်တွေက အမှန်မဟုတ်တာ၊ ပေ့ခ်ျက အတုဖြစ်နေတာတွေ ဖြစ်တတ်တာကြောင့် ဖောင်တွေ ဖြည့်တဲ့အခါ အထူးသဖြင့် လင့်ခ်အတို (e.g.bit.ly မျိုး) ကို နှိပ်ရတဲ့အခါမျိုးတွေ သတိထားပါ။  

ကတ်ရဲ့ အသေးစိတ်အချက်အလက်တွေ သိမ်းထားခြင်း မပြုလုပ်ပါနဲ့။

  • အင်တာနက် Browser တွေ၊ အပ်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက်တွေမှာ နောက်တစ်ကြိမ် ကတ်နဲ့ ပစ္စည်းဝယ်ယူတဲ့အခါ ထပ်မံဖြည့်သွင်းစရာမလိုအောင် ကတ်ရဲ့ အသေးစိတ်အချက်အလက်တွေကို သိမ်းထားဖို့ ရွေးချယ်မှုပေးတတ်ပါတယ်shwedingar။ ဒါကမြန်ဆန်အဆင်ပြေတယ်ဆိုပေမယ့် ဟက်ကာ (Hackers) တွေကို သိမ်းထားတဲ့ အချက်အလက်တွေ ခိုးယူဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်နေပါလိမ့်မယ်shwedingar။ ဒါကြောင့် မလိုအပ်ပဲ အချက်အလက်တွေကို မှတ်ခိုင်းထားတာမျိုး၊ သိမ်းထားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

လုံခြုံမှုခိုင်မာတဲ့ လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ၊ သုံးပြီးတိုင်း Log out ပြန်လုပ်ပါ။

ဘဏ်စာရင်းရှင်းတမ်းတွေကို စစ်ဆေးပါ။

  • ဘဏ်စာရင်းရှင်းတမ်းမှ ဖြစ်စေ၊ မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှ ဖြစ်စေ ငွေပေးချေမှုတွေကို အမြဲပုံမှန် စစ်ဆေးပါshwedingar။ ကိုယ်မသိတဲ့ ငွေပေးချေမှုတွေ တွေ့တယ်ဆိုရင် ကတ်ကို ချက်ချင်းပိတ်ပစ်ပါshwedingar။ မိုဘိုင်းဘဏ်ဝန်ဆောင်မှုကနေ ကိုယ်တိုင်လုပ်လို့မရဘူးဆိုရင် ဘဏ်ကို ချက်ချင်း ဆက်သွယ်ပြီး ပိတ်ခိုင်းပါ။ 

မသင်္ကာစရာတွေ့တယ်ဆိုရင် ရပ်လိုက်ပါ။

  • ရောင်းသူ၊ ဝက်ဘ်ဆိုက်၊ ငွေပေးချေစနစ် အပေါ်မှာ မသင်္ကာစရာတွေ့တယ်ဆိုရင် ချက်ချင်းရပ်ဆိုင်းလိုက်ပါshwedingar။ ငွေပေးချေတာတွေ ဆက်မလုပ်ပါနဲ့shwedingar။ တကယ်လို့ ငွေချေဖို့ တခြားနည်းလမ်းရှိတယ်ဆိုရင် တခြားနည်းကိုပဲ သုံးပါ။

မှတ်ချက်။ shwedingar။ MPU ကတ်နဲ့ အွန်လိုင်းငွေပေးချေမှုတွေ လုပ်မယ်ဆိုရင် အရင်ဆုံးစာရင်းသွင်းပြီး ကတ်ကို အွန်လိုင်းငွေပေးချေစနစ်ဖွင့်ပေးရပါမယ်shwedingarဒီမှာဆက်လက်လေ့လာပါ။123


အွန်လိုင်းပေါ်ကနေ ငွေပေးချေလို့ရတဲ့ MPU ကတ်တွေရဲ့ အကြောင်းကို ဒီမှာဆက်လက်လေ့လာနိုင်ပါတယ်Tank

ဒီလို အွန်လိုင်းပေါ်ကနေ ဝယ်ယူမှုတွေအတွက် သတိထားစရာတွေကိုလည်း ဒီမှာ လေ့လာနိုင်ပါတယ်။123


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အသုံးပြုခြင်း

အွန်လိုင်းရှော့ပင်း ကတ်ဖြင့် အွန်လိုင်းမှ လုံခြုံစွာ ငွေပေးချေခြင်း online payment with card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။