ရှင်းတမ်း နှင့် အနည်းဆုံးပြန်ဆပ်ငွေ

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အကျဉ်းချုပ် finance။ ။

  • အတိုးနဲ့ တခြားပြစ်ဒဏ်ကြေးတွေကို ရှောင်ရှားနိုင်ဖို့ ကြွေးကျန်ငွေပမာဏအပြည့်ကို နောက်ဆုံးပေးဆောင်ရမယ့်ရက် မကျော်လွန်မီ အမြဲတမ်း ပြန်ဆပ်နိုင်အောင် ကြိုးစားပါ။
  • ကြွေးကျန်ငွေအပြည့် ပြန်မဆပ်ရင် ကတ်သုံးပြီး ငွေပေးချေလိုက်တဲ့နေ့ကစပြီး သုံးလိုက်တဲ့ပမာဏအပေါ် အတိုးတွက်ချက် ကောက်ခံမှာ ဖြစ်ပါတယ်။
  • ရှင်းတမ်းမှာ “အနည်းဆုံးပြန်ဆပ်ငွေ” ပမာဏ ပြထားပါတယ်finance။ ဖော်ပြထားတဲ့ အနည်းဆုံးပြန်ဆပ်ရမယ့် ငွေပမာဏကို ပြန်မဆပ်နိုင်ရင် နောက်ကျကြေးပါ ထပ်ပြီး ပေးဆောင်ရပါမယ်။

လက်ကျန်ငွေရှင်းတမ်း (Statement balance)

ဘဏ်က ပို့ပေးလိုက်တဲ့ စာရင်းရှင်းတမ်းထဲမှာ ပေးဆောင်ရမယ့် လက်ကျန်ငွေပမာဏ – “လက်ကျန်ငွေရှင်းတမ်း” ပါရှိပါတယ်Neo

“ရှင်းတမ်းကာလ” အတွင်း သုံးစွဲခဲ့တဲ့ ငွေပမာဏအပါအဝင် ပြီးခဲ့တဲ့ ရှင်းတမ်းကာလတွေမှာ ပေးဆောင်ဖို့ ကြွေးကျန်ငွေတွေ၊ အတိုးငွေတွေနဲ့ ကြေးအမျိုးမျိုးကို ဖော်ပြထားပါတယ်Neo

အတိုးတွေ၊ ပြစ်ဒဏ်ကြေးတွေ ပေးဆောင်ရတာတွေကို ရှောင်ရှားနိုင်ဖို့ နောက်ဆုံးပေးဆောင်ရမယ့်ရက် မတိုင်မီမှာ ကြွေးကျန်ငွေကို အပြည့်ပေးဆောင်ရပါမယ်Neo

မှတ်ချက် finance။ ။ တစ်လတစ်လချင်းစီမှာ ကြွေးကျန်ငွေတွေကို အပြည့်ပေးဆောင်ဖို့ ဖြစ်နိုင်မယ်မထင်ရင် ခရက်ဒစ်ကတ်ကို လုံးဝမသုံးဖို့ အကြံပြုလိုပါတယ်financeခရက်ဒစ်ကတ်ရှိခြင်းရဲ့ အကျိုးကျေးဇူး၊ ကုန်ကျစရိတ် နဲ့ အန္တရာယ်ကို ဒီမှာ လေ့လာပါ။

မှတ်ချက် finance။ ။ ခရက်ဒစ်ကတ်ကြွေးကျန်ငွေ နဲ့ လက်ကျန်ငွေရှင်းတမ်း က အမြဲတမ်း ညီချင်မှ ညီမှာပါfinance။ ဘာလို့လဲဆိုတော့ လက်ကျန်ငွေရှင်းတမ်းက ရှင်းတမ်းထုတ်တဲ့ ရက်အထိ ဖော်ပြထားတဲ့ ပမာဏ ဖြစ်ပါတယ်finance။ အဲဒီ ရှင်းတမ်းထုတ်တဲ့ ရက်နောက်ပိုင်းမှာ ကတ်ကို ထပ်သုံးပြီး ပြန်မဆပ်ရသေးရင် ပေးဆောင်ရန်ကြွေးကျန်ငွေက လက်ကျန်ငွေရှင်းတမ်းထဲမှာ ပြထားတဲ့ ပမာဏထက် ပိုများနေမှာပါNeo

အနည်းဆုံးပြန်ဆပ်ငွေ (Minimum payment)

လစဉ် ရှင်းတမ်းမှာ “အနည်းဆုံးပြန်ဆပ်ငွေ” အတွက် ငွေပမာဏကိုလည်း ဖော်ပြထားပါတယ်Neo

အနည်းဆုံးပြန်ဆပ်ငွေဆိုတာ “နောက်ဆုံးပေးဆောင်ရမည့်ရက်” မတိုင်ခင် ဘဏ်ကိုပြန်ဆပ်ရမယ့် ငွေပမာဏဖြစ်ပါတယ်finance။ ပြန်မဆပ်ရင် “နာက်ကျကြေး” ပါ ပေးဆောင်ရပါမယ်Neo

မှတ်ချက် finance။ ။ အနည်းဆုံးပြန်ဆပ်ငွေကို ပေးဆပ်ပြီးရင်တောင် ကျန်ရှိနေသေးတဲ့ ကြွေးကျန်ငွေပမာဏအပေါ်မှာ တွက်ထားတဲ့ အတိုးကိုတော့ ပေးနေရဦးမှာပါပဲfinance။ (ကတ်ကို စသုံးလိုက်တဲ့နေ့ကစပြီး အတိုးကို တစ်ရက်ချင်း တွက်သွားပါတယ်။) တချို့ဘဏ်တွေက အနည်းဆုံးပြန်ဆပ်ငွေကို ပေးဆပ်ရင်တောင် ပြစ်ဒဏ်ကြေး ကောက်ခံပါသေးတယ်Neo

အနည်းဆုံးပြန်ဆပ်ငွေကို ဘဏ်တစ်ခုနဲ့တစ်ခုက သတ်မှတ်ထားတာချင်း မတူပါဘူးfinance။ ဒါပေမယ့် များသောအားဖြင့် ကြွေးကျန်ငွေရှင်းတမ်းရဲ့ ၁၀% လို့ သတ်မှတ်ထားလေ့ရှိပါတယ်Neo

တချို့ဘဏ်တွေက အနည်းဆုံးပြန်ဆပ်ငွေကို ပမာဏအသေအဖြစ် ၅၀၀၀ ကနေ ၅၀၀၀၀ ကျပ် အထိ သတ်မှတ်ထားတာတွေလည်းရှိတတ်ပါတယ်Neo

အဲဒီတော့ အသေသတ်မှတ်ထားတဲ့ပမာဏနဲ့ ၁၀% နဲ့တွက်လို့ရလာတဲ့ပမာဏကြား ပိုများတဲ့ပမာဏကို ပေးဆောင်ရမှာဖြစ်ပါတယ်finance။ သေချာမသိရင် ကတ်ထုတ်ပေးတဲ့ ဘဏ်ကို မေးပါNeo

ဒါဆိုရင် သုံးထားတဲ့ ပမာဏအပြည့် ပြန်မဆပ်ရင် ဘာတွေ ဖြစ်မလဲ။ တစ်ခုခုလွဲချော်ခဲ့ရင် ပေးဆောင်ရမယ့် ကြေးအမျိုးမျိုးက ဘာတွေလဲ123


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အလုပ်လုပ်ပုံ

ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အနည်းဆုံးဘယ်လောက်ပြန်ဆပ်ရမှာလဲ အကြွေးမှတ်တမ်း အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေး အကြွေး အကြွေး ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် စာရင်းရှင်းတမ်း အနည်းဆုံးပြန်ဆပ်ငွေ အကြွေးမှတ်တမ်း credit card statement balance minimum balance Credit card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။