ပြန်လည်ပေးဆပ်ခြင်းရွေးချယ်မှုများနှင့် ပြစ်ဒဏ်ကြေးများ

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အကျဉ်းချုပ် dingar။ ။

  • လက်ကျန်ငွေရှင်းတမ်းအတိုင်း အပြည့်ပြန်ဆပ်ရင် = အတိုးမပေးရဘူး၊ ဘာကြေးမှမပေးရဘူး။
  • အနည်းဆုံးပြန်ဆပ်ရမည့်ပမာဏကို ပြန်ဆပ်ရင် = အတိုး + ပြစ်ဒဏ်ကြေး ပေးရမယ်။
  • အနည်းဆုံးပြန်ဆပ်ရမည့်ပမာဏအောက် လျော့ပြီးပြန်ဆပ်ရင် = အတိုး + ပြစ်ဒဏ်ကြေး + နောက်ကျကြေး ပေးရမယ်။

အကြွေးဝယ်ကတ် (ခရက်ဒစ်ကတ်) အတွက် ပြန်လည်ပေးဆပ်ဖို့ အဓိက ရွေးချယ်မှု (၃) ခုနဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်း (၁) နည်း ရှိပေမယ့် အကောင်းဆုံးအနေနဲ့ အပြည့်ပြန်လည်ပေးဆပ်ဖို့ကိုပဲ စိတ်ထဲထည့်သင့်ပါတယ်Neo

  • dingar။ ကြွေးကျန်ငွေရှင်းတမ်းအတိုင်း “အပြည့်”ပြန်လည်ပေးဆပ်ခြင်းdingar။ (အကြံပြုပါသည်။)
  • dingar။ “အနည်းဆုံးပြန်ဆပ်ငွေ”ကိုသာ ပြန်လည်ပေးဆပ်ခြင်းdingar။ (လက်ကျန်ငွေရှင်းတမ်း ထက်နည်းမည်။)
  • dingar။ “အနည်းဆုံးပြန်ဆပ်ငွေ” အောက် လျော့ပြီး ပြန်လည်ပေးဆပ်ခြင်းdingar။ (တစ်ပြားမှ ပြန်မဆပ်ခြင်း အပါအဝင်)
  • dingar။ ကြွေးကျန်ငွေရှင်းတမ်း ပမာဏထက် ပိုပြီး ပေးဆပ်ခြင်း။

ကြွေးကျန်ငွေရှင်းတမ်းအတိုင်း အပြည့်ပြန်ဆပ်ပါတယ်။

တစ်လချင်း သုံးထားတဲ့ငွေပမာဏကို ပြန်ပေးဆပ်နိုင်မှပဲ ခရက်ဒစ်ကတ်ကို သုံးသင့်ပါတယ်dingar။ လက်ကျန်ငွေရှင်းတမ်းမှာပါတဲ့ ပမာဏအတိုင်း နောက်ဆုံးပေးဆောင်ရမယ့်ရက်မတိုင်ခင်မှာ ပြန်ဆပ်ရင် အတိုးလည်းပေးစရာမလိုသလို တခြားဘာကြေးမှလည်း ပေးစရာမလိုပါဘူး။

အနည်းဆုံးပြန်ဆပ်ငွေ ပမာဏတော့ ပြန်ဆပ်ပါတယ်။

လက်ကျန်ငွေရှင်းတမ်းပမာဏထက်နည်းပြီး အနည်းဆုံးပြန်ဆပ်ငွေပမာဏထက်များတဲ့ ပမာဏကို ပြန်လည်ပေးဆပ်မယ်ဆိုရင်တော့ ပေးဖို့ကျန်နေသေးတဲ့ ကြွေးကျန်ငွေပမာဏအပေါ်မှာ တွက်ထားတဲ့ အတိုးကို ကောက်ခံမှာဖြစ်ပါတယ်Neo

အတိုး တွက်တဲ့ပုံက စတင်သုံးစွဲလိုက်တဲ့နေ့ကစပြီ (အတိုးမဲ့ကာလအပါအဝင်) တစ်ရက်ချင်းတွက်ယူတာဖြစ်ပါတယ်dingar။ (နောက်ဆုံးပေးဆောင်ရမယ့်ရက်ကနေ စတွက်တာ မဟုတ်ပါဘူး။) ဒါကြောင့် ပေးဆပ်ရမယ့် ငွေပမာဏကို မဆပ်ဖြစ်လိုက်ရင် အတိုးပမာဏအများကြီးကိုပါ ထပ်ပြီးပေးဖို့ လိုလာပြီဖြစ်ပါတယ်dingarခရက်ဒစ်ကတ်အတိုးနဲ့ ပတ်သက်ပြီး ဒီမှာ လေ့လာပါ။

တချို့ဘဏ်တွေက ပေးဖို့ကျန်ရှိနေသေးတဲ့ ငွေပမာအပေါ်တွက်ထားတဲ့ အတိုးအပြင် “ပြစ်ဒဏ်ကြေး” ပါ ကောက်ခံပါသေးတယ်dingar။ တချို့က “တစ်ဝက်တစ်ပျက်ပြန်လည်ပေးဆပ်ကြေး” လို့ နာမည်တပ်ပြီး ကောက်ခံတာမျိုးလည်း ရှိပါတယ်dingarခရက်ဒစ်ကတ်ရဲ့ ကြေးအမျိုးမျိုးအကြောင်း ဒီမှာ လေ့လာပါ။

ပြစ်ဒဏ်ကြေးကို တစ်လလျှင် ၁% အထိ သတ်မှတ်ထားလေ့ရှိပြီး ဘဏ်အလိုက် ကွဲပြားမှုရှိပါတယ်dingar။ တစ်လကို ၁ % ဆိုတော့ ၁ နှစ်ကို ၁၂% နီးပါးလောက်ရှိနေပါပြီdingar။ ပိုဆိုးတာက ပြစ်ဒဏ်ကြေးအပေါ်မှာလည်း အတိုးတွက်သွားပါသေးတယ်Neo

အနည်းဆုံးပြန်ဆပ်ငွေ ပမာဏအောက် လျော့ပြီး ပြန်ဆပ်ပါတယ် (သို့) တစ်ပြားမှ ပြန်မဆပ်ဘူး။

“အနည်းဆုံးပြန်ဆပ်ငွေ” ပမာဏထက် လျော့နည်းပြီး ပြန်ဆပ်ရင်ဖြစ်ဖြစ်၊ လုံးဝပြန်မဆပ်ရင် ဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဆပ်ရန်ကျန်ရှိနေတဲ့ ကြွေးကျန်ငွေပမာဏအပေါ်မှာ အတိုးတွက်ယူခြင်း ခံရပါမယ်။ ပြစ်ဒဏ်ကြေးလည်း ပေးဆောင်ရပါမယ်Neo

“အနည်းဆုံးပြန်ဆပ်ငွေ” ထက်လျော့နည်းပြီး ပြန်ဆပ်ရင် ဘယ်ဘဏ်မှာမဆို နောက်ကျကြေးကောက်ခံမှာပါdingar။ နောက်ကျကြေး အဖြစ် သတ်မှတ်ထားတဲ့ ပမာဏက ဘဏ်တစ်ခုနဲ့တစ်ခုတော့ တူချင်မှတူမှာပါdingar။ များသောအားဖြင့် တစ်လကို ၂% ကနေ ၅% အထိ သတ်မှတ်ထားလေ့ရှိပါတယ်dingar။ ဒါဆိုရင် တစ်နှစ်ကို ၂၄% ကနေ ၆၀% လောက်ရှိပါတယ်dingar။ ဒါ့အပြင် နောက်ကျကြေးအပေါ်မှာလည်း အတိုးတွက်ချက်ယူသွားပါတယ်Neo

တစ်ချို့ဘဏ်တွေက ကြွေးကျန်ငွေ ကျန်နေတာ ကြာလာတာနဲ့အမျှ “နောက်ကျကြေး” ကို အချိန်နဲ့လိုက်ပြီး တိုးမြှင့်သတ်မှတ်ကောက်ခံတတ်ပါသေးတယ်dingar။ တစ်ချို့ဘဏ်တွေကျတော့ နောက်ကျကြေးတွေအပြင် “ငွေကောက်ခ” ဆိုပြီး ထပ်ကောက်ခံတာမျိုးလည်းရှိတတ်ပါတယ်။ “ပြစ်ဒဏ်ကြေး” ကောက်ခံတဲ့ ဘဏ်တွေက အဲဒီ ပြစ်ဒဏ်ကြေးအပေါ်မှာပါ “နောက်ကျကြေး” ထပ်မံကောက်ခံတာလည်း ရှိတတ်ပါတယ်Neo

နောက်ဆုံးပေးဆောင်ရမယ့်ရက်မတိုင်ခင် ပေးဆောင်မယ့် ကြွေးကျန်ငွေတွေကို အပြည့်ပေးဆောင်ခြင်း မရှိတဲ့အခါ ဘဏ်တွေက နာမည်အမျိုးမျိုးတပ်ပြီး ဒဏ်ကြေးကောက်ခံမှာဖြစ်တယ်ဆိုတာ အပေါ်မှာပြောထားတဲ့အတိုင်းပါပဲNeo

ဘဏ်တွေကတော့ သူတို့သတ်မှတ်ထားတဲ့ အတိုးနှုန်းက တစ်နှစ်ကို ၂၀% ပဲ ကောက်ခံပါတယ်လို့ ကြော်ငြာကြပေမယ့် အမှန်တကယ်တော့ တစ်လချင်း ပမာဏအပြည့် ပြန်မဆပ်တဲ့အခါ မျိုးမှာဆိုရင် အတိုးနှုန်းက တစ်နှစ်ကို ၇၀% အထိ ဖြစ်သွားတတ်တာကိုတော့ သိပ်ပြီး သတိမထားမိကြပါဘူးNeo

ကြွေးကျန်ငွေရှင်းတမ်းမှာ ပြထားတဲ့ပမာဏထက် ပိုပြီးပြန်ဆပ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ မရည်ရွယ်ပဲသော်လည်းကောင်း ကြွေးကျန်ငွေရှင်းတမ်းမှာပြထားတဲ့ ပမာဏထက်ပိုပြီး ပြန်ဆပ်မိတာတွေ ရှိကောင်းရှိပါမယ်dingar။ ဒီလို လုပ်မိတဲ့အခါ ပေးဆောင်ရမယ့်ငွေပမာဏကို အပြည့်ပေးသွင်းလိုက်တာဖြစ်လို့ အတိုးနှုန်းကော၊ ဒဏ်ကြေးတွေကော ကောက်ခံမှာမဟုတ်ပါဘူးdingarပိုပေးလိုက်မိတဲ့ ငွေပမာဏကို နောက်တစ်ကြိမ်ငွေပေးချေရာမှာ ဖြတ်ယူသွားပါလိမ့်မယ်dingar။ ဒီလိုပိုပေးမိတဲ့အခါမျိုးမှာ အဲဒီအတွက် ဘဏ်က သင့်ကို အတိုးပေးမှာတော့ မဟုတ်ပါဘူး။ (ငွေစုဘဏ်အကောင့်ထဲမှာ ထည့်ထားသလိုမျိုး မှတ်ယူမှာ မဟုတ်ပါဘူး။)

တစ်ချို့လူတွေက သူတို့သုံးမယ့်ငွေပမာဏတစ်ချို့တစ်ဝက်ကိုသော်လည်းကောင်း၊ အကုန်လုံးကိုသော်လည်းကောင်း ကြိုပြီးထည့်ထားချင်တာမျိုးလည်း ရှိပါတယ်dingar။ ဒီလိုလုပ်ခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့ ကိုယ့်ရဲ့ ချေးယူသုံးစွဲတဲ့ငွေပမာဏကို လျော့နည်းစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပြီး အဲဒါမှ ကန့်သတ်ချေးငွေပမာဏထက် ပိုပြီးမသုံးစွဲစေဖို့ပဲဖြစ်ပါတယ်dingarကန့်သတ်ချေးငွေပမာဏ (Credit limit) နဲ့ ပတ်သက်ပြီး ဒီမှာလေ့လာပါ။


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အလုပ်လုပ်ပုံ

ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် ဘယ်လိုပြန်ဆပ်ရမှာလဲ အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် ပြန်လည်ပေးဆပ်ခြင်းနည်းများ ပြစ်ဒဏ်ကြေး credit card repayment choices options penalty partial fees Credit card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။