အတိုးမဲ့ကာလ ဆိုတာ

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အကျဉ်းချုပ်shwedingar။ ။

  • ခရက်ဒစ်ကတ်အတွက် ဘဏ်က grace period ခေါ် “အတိုးမဲ့ကာလ” သတ်မှတ်ထားပေးလေ့ရှိပါတယ်shwedingar။ အဲဒီကာလအတွင်း လက်ကျန်အကြွေးတွေကို ပေးဆောင်မယ်ဆိုရင် ဘဏ်က တွက်ချက်ထားတဲ့ အတိုးတွေကို ကောက်ခံမှာမဟုတ်ပါဘူး။
  • အတိုးမဲ့ကာလအဖြစ် ပုံမှန်အားဖြင့် ၁၅ ရက် ကနေ ၄၅ ရက် အထိ သတ်မှတ်ပေးလေ့ရှိပါတယ်shwedingarရက် ၅၀ ထိပေးတဲ့ ဘဏ်တစ်ချို့လည်း ရှိပါတယ်။
  • အတိုးနဲ့ ပြစ်ဒဏ်ကြေးတွေ၊ နောက်ကျကြေးတွေကို လက်ကျန်အကြွေးနောက်ဆုံးပေးဆောင်ရမယ့်ရက်(အတိုးမဲ့ကာလ နောက်ဆုံးရက်) မှစပြီး ကောက်ခံတာဖြစ်တဲ့အတွက် အဲဒီရက်ကို မှတ်ထားပြီး အဲဒီရက်မတိုင်ခင် ကြွေးကျန်ငွေကို ပြန်ဆပ်ဖို့ အလွန်အရေးကြီးပါတယ်။

ခရက်ဒစ်ကတ်သုံးပြီး ငွေပေးချေတာနဲ့ ဘဏ်က အတိုးစတင် တွက်ချက်မှာ ဖြစ်ပါတယ်shwedingar။ ဒါပေမယ့် အတိုးမဲ့ကာလလည်း သတ်မှတ်ပေးထားလေ့ရှိတာကြောင့် အဲဒီကာလအတွင်း လက်ကျန်အကြွေးတွေကို အပြည့်ပြန်ပေးသွင်းမယ်ဆိုရင် အတိုးကောက်ခံမှာ မဟုတ်ပါဘူးNeo

တကယ်လို့ အဲဒီကာလအတွင်း ပြန်ပေးဆပ်ခြင်းမရှိဘူးဆိုရင်တော့ စတင်သုံးစွဲတဲ့နေကစပြီး တစ်ရက်ချင်း တွက်ချက်ထားတဲ့ အတိုးပမာဏကို ပေးဆောင်ရမှာဖြစ်ပါတယ်Neo

“အတိုးမဲ့ကာလ” ဘယ်နှရက် သတ်မှတ်ထားလဲ။
ပုံမှန်အားဖြင့် အတိုးမဲ့ကာလကို ၁၅ ရက် ကနေ ၄၅ ရက်အထိ သတ်မှတ်ထားလေ့ရှိပါတယ်shwedingarရက် ၅၀ ထိပေးတဲ့ ဘဏ်တစ်ချို့လည်း ရှိပါတယ်shwedingar။ တိတိကျကျသိရအောင် ခရက်ဒစ်ကတ်လျှောက်ထားတဲ့ ဘဏ်ကို သေချာမေးမြန်းပါNeo

ဘာကြောင့် အတိုးမဲ့ကာလကို အဲ့လောက်ကြာကြာသတ်မှတ်ထားတာလဲ။
“အတိုးမဲ့ကာလ” ဟာ ကတ်ထဲကငွေကို ဘယ်နေ့မှာ သုံးလိုက်တာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်shwedingar။ ကြာကြာသတ်မှတ်ထားတယ်ရယ်လို့ မဟုတ်ပါဘူးNeo

ခရက်ဒစ်ကတ်သုံးတဲ့ ကာလအပိုင်းအခြားတွေကို Statement periods ခေါ် “ရှင်းတမ်းကာလ” တွေ အဖြစ် ပိုင်းခြားထားလေ့ရှိပါတယ်shwedingar။ ပုံမှန်အားဖြင့် ရှင်းတမ်းကာလကို တစ်လ သတ်မှတ်ထားပါတယ်Neo

ရှင်းတမ်းထုတ်ရက်” (Statement date) မှာ ဘဏ်က တစ်လတစ်ခါ ကတ်အသုံးစရိတ် စာရင်းရှင်းတမ်းကို ပေးပို့မှာ ဖြစ်ပါတယ်shwedingar။ အဲဒီ စာရင်းရှင်းတမ်းထဲမှာ ပြီးခဲ့တဲ့တစ်လ (ရှင်းတမ်းကာလ = ငွေပေးချေရန် ကတ်ကို အသုံးပြုသည့်ကာလအပိုင်းအခြား) အတွင်း ခရက်ဒစ်ကတ်သုံးပြီး ငွေပေးချေထားတဲ့ ပမာဏအားလုံးကို စာရင်းပြုစုထားပေးမှာ ဖြစ်ပါတယ်Neo

အဲဒီကာလအတွင်း သုံးစွဲခဲ့တဲ့ ငွေပမာဏကို နောက်ဆုံးပေးဆောင်ရမယ့်ရက် (Payment due date) မတိုင်ခင်မှာ အကြေပြန်ဆပ်ဖို့ စာရင်းရှင်းတမ်းမှာ ဖော်ပြပေးပါလိမ့်မယ်Neo

  • ရှင်းတမ်းကာလ (Statement period) ဆိုတာ ရှင်းတမ်းထုတ်ရက်မတိုင်မီ တစ်လကို ဆိုလိုတာပါshwedingar။ ပြက္ခဒိန်ပါ လတွေမှာရှိတဲ့ ရက်အရေအတွက်မတူတာကြောင့် ရှင်းတမ်းကာလ အနည်းဆုံး ၂၈ ရက်နဲ့ အများဆုံး ၃၁ ရက် အထိကြာတတ်ပါတယ်။
  • ရှင်းတမ်းထုတ်ရက် (Statement date) ဆိုတာ ဘဏ်ကနေ စာရင်းရှင်းတမ်းထုတ်ပေးလိုက်တဲ့ ရက်ကို ဆိုလိုပါတယ်။
  • နောက်ဆုံးပေးဆောင်ရမည့်ရက် (Payment due date) ဆိုတာ ဘဏ်ကို ပေးရန်ရှိတဲ့ ငွေပမာဏကို ပြန်လည်ပေးဆပ်ရမယ့်ရက်ရဲ့ မတိုင်မီ တစ်ရက်ကို ဆိုလိုတာပါshwedingar။ နောက်ဆုံးပေးဆောင်ရမယ့်ရက်က ဘဏ်တစ်ခုနဲ့တစ်ခု သတ်မှတ်ထားတာ တူချင်မှတူမှာပါshwedingar။ (အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတာမျိုးကို ရှောင်ကြဉ်ရန် ဖြစ်နိုင်ရင် နောက်ဆုံးပေးဆောင်ရမည့်ရက် မတိုင်မီ ၃ ရက် အလိုမှာ ပေးဆောင်ဖို့ အမြဲစီစဉ်ထားဖို့ အကြံပြုလိုပါတယ်။)

ပထမရှင်းတမ်းကာလပြီးဆုံးတာနဲ့ ဒုတိယရှင်တမ်းကာလ ချက်ချင်း စပါတယ်Neo

နမူနာအနေနဲ့ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်Neo

  • ကာလ ၁
    • စာရင်းရှင်းတမ်းစတင်သည့်ရက် = ဇန်နဝါရီ ၁၁ ရက်နေ
    • ရှင်းတမ်းထုတ်ရက် = ဖေဖော်ဝါရီ ၁၀ ရက်
    • ရှင်းတမ်းကာလ = ဇန်နဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ
    • နောက်ဆုံးပေးဆောင်ရမည့်ရက် = ဖေဖော်ဝါရီ ၂၅ ရက်နေ့
  • ကာလ ၂ က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စပါတယ်။

ကတ်နဲ့ ဘယ်ချိန်မှာ ငွေပေးချေလိုက်တာလဲဆိုတာပေါ်မှာ မူတည်ပြီး အတိုးမဲ့ကာလကြာချိန်ဟာလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတာကို အောက်က ပုံထဲမှာ ကြည့်ရှုနိုင်ပါတယ်shwedingarဒါကြောင့် ရှင်းတမ်းကာလ (Statement period) ရဲ့အစမှာ ကတ်သုံးပြီး ငွေပေးချေရင် ရှင်းတမ်းကာလရဲ့ အဆုံးမှာငွေချေတာထက် အတိုးမဲ့ကာလ ပိုကြာပါမယ်။

ကိုယ် ငွေချေတဲ့နေ့အပေါ်မူတည်ပြီး အတိုးမဲ့ကာလကြာချိန် အမျိုးမျိုးပြောင်းလဲနိုင်တယ်ဆိုတာ အောက်မှာ ဖော်ပြထားပါတယ်shwedingar။ စာရင်းရှင်းတမ်းကာလ စတင်တဲ့ရက်မှာ ကတ်နဲ့ငွေချေခဲ့မယ်ဆိုရင်တော့ ရှင်းတမ်းကာလပြီးဆုံးခါနီးမှ ငွေချေခဲ့တာထက်  အတိုးမဲ့ကာလ ပိုပြီးကြာပါလိမ့်မယ်Neo

မြန်မာနိုင်ငံရဲ့ ဘဏ်အများစုက များသောအားဖြင့် အတိုးမဲ့ကာလကို ၄၅ ရက်အထိ သတ်မှတ်ပေးထားတတ်ပါတယ်Neo

  • AYA = ရက် ၅၀ အထိ
  • AGD = ၄၅ ရက်အထိ
  • CB = ၄၅ ရက်အထိ
  • KBZ = ၄၅ ရက်အထိ
  • MAB = ၄၅ ရက်အထိ
  • MOB = ၄၅ ရက်အထိ

ရှင်းတမ်းထဲမှာ “လက်ကျန်ငွေရှင်းတမ်း” နဲ့ “အနည်းဆုံးပြန်ဆပ်ငွေ” ပြထားပါလိမ့်မယ်shwedingar“နောက်ဆုံးပေးဆောင်ရမည့်ရက်” နဲ့ “လက်ကျန်ငွေရှင်းတမ်း” တွေကို အာရုံစိုက်ဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့အကြောင်း ဒီမှာ လေ့လာပါ။

ဒါတွေကို သတိမထားမိပဲ အတိုးမဲ့ကာအတွင်းမှာ မပေးဆောင်နိုင်ဘူးဆိုရင် မဆုံးနိုင်တဲ့ ကြေးအမျိုးမျိုးကို ပေးဆောင်ရနိုင်ပါတယ်shwedingarခရက်ဒစ်ကတ်ရဲ့ ကြေးအမျိုးမျိုးအကြောင်း ဒီမှာ လေ့လာပါtesting


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အလုပ်လုပ်ပုံ

ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အတိုးမဲ့ကာလ အတိုးမရှိ အတိုးမတွက် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အတိုးမဲ့ကာလ အတိုးမရှိ အတိုးမတွက် credit card grace period no interest Credit card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။