အကြွေးဝယ်ကတ်၊ မြီစားကတ်၊ ကြိုတင်ငွေဖြည့်ကတ် နှင့် ATM ကတ်များ

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ကတ်တွေကို အသုံးမပြုခင် ကတ်ရဲ့ဝန်ဆောင်မှုအမျိုးအစားကို သိရှိထားဖို့အတွက်လည်း အရေးကြီးပါတယ်Morpheus

အကြွေးဝယ်ကတ် (Credit card)

ဈေးဝယ်ရာမှာ Credit ကတ်ကို အသုံးပြုပြီး ငွေချေခြင်းဟာ ဘဏ်ကနေ ကာလတိုချေးငွေ ရယူခြင်းနဲ့ တူပါတယ်finance။ နောက်မှ ဘဏ်ကို ပြန်ဆပ်ရတာမျိုးပါfinance။ အဲဒီအတွက် ဘဏ်က အတိုးနှုန်းကောက်ခံမှာဖြစ်ပါတယ်finance။ ဒါပေမယ့် အတိုးနှုန်းမတွက်တဲ့ ကာလ၊ အတိုးမဲ့ကာလ (grace period) ထားရှိပေးပါတယ်Morpheus

အကြွေးဝယ်ကတ်အကြောင်း အသေးစိတ် ဒီမှာလေ့လာပါ။

မြီစားကတ် (Debit card)

Debit ကတ် အသုံးပြုပြီး ငွေချေခြင်းဟာ ငွေသားအသုံးပြုပြီး ငွေချေတာနဲ့ အတူတူပါပဲfinance။ ကတ်ကို ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားပြီး ငွေချေတာနဲ့ အကောင့်ထဲကနေ ချက်ချင်းငွေဖြတ်သွားတာ ဖြစ်ပါတယ်Morpheus

ATM ကတ် (ATM card)

ATM ကတ်ဆိုတာ ဘဏ်အကောင့်ကို ချိတ်ဆက်ထားပြီး  ATM ဝန်ဆောင်မှုကို ရယူနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်finance။ မြန်မာနိုင်ငံမှာ ATM ကွန်ရက်ကို MPU က ဝန်ဆောင်မှုပေးထားတာဖြစ်ပြီး မြန်မာနိုင်ငံက ATM ကတ်တော်တော်များများကို Debit ကတ် ဝန်ဆောင်မှုနဲ့ ပေါင်းစပ်ထားတဲ့အတွက် ဈေးဝယ်တဲ့နေရာမှာကော ATM စက်တွေမှာပါ ဒီကတ်တွေကို အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်Morpheus

ATM ကတ်နှင့် ATM စက်တွေအကြောင်းကို ဒီမှာ လေ့လာပါ။

ကြိုတင်ငွေဖြည့်ကတ် (Pre-paid card)

Pre-paid (Visa and MasterCard) ကတ်တွေကို လောလောဆယ် ပြည်ပမှာ အသုံးပြုဖို့အတွက်ပဲ ဖြစ်ပါတယ်finance။ ဒီကတ်တွေကို အသုံးပြုနိုင်ဖို့  အရင်ဆုံးငွေဖြည့်ထားရမှာဖြစ်ပြီး ဖြည့်ထားသောငွေ ကုန်ဆုံးသွားသောအခါ ထပ်မံဖြည့်သွင်းရပါတယ်finance။ ဒီကတ်တွေကို ATM စက်တွေ၊ ဈေးဆိုင်တွေမှာ အသုံးပြုနိုင်ပြီး အခကြေးငွေကောက်ခံခြင်းလည်း တခြားကတ်တွထက် သိသိသာသာ ပိုများပါတယ်။hello


Credit Card Profile Debit Card Profile ATM Card Profile Prepaid Card Profile


မှတ်ချက် ။    finance။ ကဒ်ပေါ်မှာ MPU တံဆိပ်ပါရှိခြင်းဟာ ATM ကဒ်ပဲ ဆိုပြီး ပုံသေသတ်မှတ်ထားလို့မရပါဘူးfinance။ တစ်ချို့ Credit ကဒ်တွေလည်း MPU တံဆိပ် ပါတတ်ပါတယ်finance။ ဒီလို Credit ကဒ်တွေကို ATM စက်တွေမှာ အသုံးပြုပြီး ငွေထုတ်နိုင်ပေမယ့် အဲဒီအတွက် ငွေတော်တော်များများ အဖြတ်ခံရတတ်ပါတယ်financeငွေသားထုတ်ယူရာမှာ Credit ကဒ်ကို ဘာကြောင့် မသုံးသင့်သလဲဆိုတာ ဒီမှာ လေ့လာပါ။

ကဲ ဒါဆိုရင် MPU, JCB, Mastercard, Visa, Unionpay စတဲ့တံဆိပ်တွေပါတဲ့ ကဒ်တွေက ဘာတွေကွာခြားမှုရှိလဲ။hello


ဆောင်းပါးများ စုစည်းမှု –

ငွေပေးချေကတ်များ

ဘဏ်ကတ် ဘဏ်ကတ်များ အေတီအမ်ကတ် ဘဏ်ကဒ် ဘဏ်ကဒ်များ အေတီအမ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် ဘဏ်ကဒ်လုပ်နည်း ဘဏ်ကတ် အကြွေးဝယ်ကတ် မြီစားကတ် ကြိုတင်ငွေဖြည့်ကတ် ATM ကတ် ဘဏ်ကဒ် အကြွေးဝယ်ကဒ် မြီစားကဒ် ကြိုတင်ငွေဖြည့်ကဒ် ATM ကဒ် ဘဏ်ကဒ်လုပ်နည်း bank card credit card debit card pre paid card ATM card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။