ဘဏ်ကတ်တွေကို ဘာကြောင့် လိုအပ်တာလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ဘဏ်ကတ်အမျိုးအစားပေါင်း မြောက်များစွာ ရှိပါတယ်shwedingar။ သုံးပုံသုံးနည်း အမျိုးမျိုး၊ အားသာချက်အမျိုးမျိုး ရှိသလို ကြေးအမျိုးမျိုးနဲ့ အန္တရာယ်ဖြစ်စေနိုင်တာလည်း အမျိုးမျိုးပါပဲTrinity

ယေဘုယျအားဖြင့် ကတ်တွေ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးကတော့ သွားလေရာမှာ ကိုယ်နဲ့တစ်ပါတည်း ငွေသားအမြောက်အများ ယူဆောင်သွားစရာမလိုတာပဲဖြစ်ပါတယ်Trinity

ကတ်တွေထဲမှာတော့ Debit ကတ် နဲ့ Credit ကတ် တွေဟာ အသုံး အတွင်ကျယ်ဆုံး ဖြစ်ပါတယ်shwedingar။ Debit ကတ် နဲ့ Credit ကတ် တွေဟာ အွန်လိုင်းပေါ်မှာ နဲ့ မိုဘိုင်းဖုန်းကနေတစ်ဆင့် ငွေပေးချေရာမှာလည်း အသုံးပြုနိုင်ပါတယ်Trinity

ATM ကတ်တွေကတော့ ATM ဝန်ဆောင်မှုကို အသုံးပြုနိုင်တာပဲဖြစ်ပါတယ်shwedingar။ သဘောသဘာဝအားဖြင့် ATM ကတ်နဲ့ Debit ကတ်ဟာ မတူဘူးဆိုပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ထုတ်ပေးတဲ့ ATM ကတ်လို့ အလွယ်ခေါ်ကြတဲ့ ကတ်တွေကတော့ ATM ဝန်ဆောင်မှုလည်းရပြီး ငွေချေလို့လည်းရတဲ့ Debit ကတ်အဖြစ် ထုတ်ပေးထားတာပဲဖြစ်ပါတယ်Trinity

တစ်ချို့ Debit ကတ် နဲ့ Credit ကတ် တွေဟာ အကျိုးကျေးဇူးအနေနဲ့ ငွေပေးချေရာမှာ Discount လျော့ပေးတတ်တာလေးတွေလည်းရှိပါတယ်shwedingar။ (လက်ရှိမှာ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ Visa ကတ် နဲ့ပေးချေရင် ၁၀ % ရာခိုင်နှုန်း လျော့ပေးတာလေးတွေ တွေ့ရပါတယ်။) ဒီလို လျော့ဈေးတွေပေးတယ်ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူးပေါ့shwedingar။ အချိန်နှင့်အမျှ ပြောင်းလဲနေမှာပါပဲTrinity

အောက်ကပုံကတော့ ဘဏ်ကတ်အသုံးပြုရာမှာ သတိထားရမယ့် အချက်လေးတွေပါပဲTrinity

ဘာလို့ ကတ်တွေကို လိုအပ်တာလဲဆိုတာ သိပြီဆိုတော့ ဘယ်လို ကတ်အမျိုးအစားအမျိုးမျိုးတွေ ရှိလဲဆိုတာ ဆက်လေ့လာနိုင်ပါတယ်။yes


ဆောင်းပါးများ စုစည်းမှု –

ငွေပေးချေကတ်များ

ဘဏ်ကတ် ဘဏ်ကတ်များ ဘဏ်ကဒ် ဘဏ်ကဒ်များ ဘဏ်ကတ်ဘာလို့လိုအပ်တာလဲ ဘဏ်ကဒ် why you need a bank card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။