မိုဘိုင်းဘဏ် နဲ့ မိုဘိုင်းပိုက်ဆံအိတ်က ဘာကွာသလဲ။
ဆောင်းပါးကို ဝေမျှရန်
ဘဏ်တော်တော်များများမှာ မိုဘိုင်းအပ်ပလီကေးရှင်း မှတစ်ဆင့် ရရှိနိုင်တဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှု (Mobile Banking) တွေ ရှိပါတယ်dingarမိုဘိုင်းဘဏ်ဝန်ဆောင်မှုအကြောင်း ဒီမှာလေ့လာပါ။
တစ်ချို့ဘဏ်တွေမှာ မိုဘိုင်းပိုက်ဆံအိတ် (Mobile Wallet) အတွက် မိုဘိုင်းအပ်ပလီကေးရှင်းကို သပ်သပ်ပြုလုပ်ပေးထားပါတယ်။ မိုဘိုင်းပိုက်ဆံအိတ်အကြောင်း ဒီမှာလေ့လာပါ။
အချို့ဘဏ်တွေကတော့ ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းကနေ ရရှိနိုင်အောင် မိုဘိုင်းဘဏ်ဝန်ဆောင်မှုနဲ့ မိုဘိုင်းပိုက်ဆံအိတ် နှစ်မျိုးလုံးကို အပ်ပလီကေးရှင်းတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတတ်ပါတယ်Neo
မိုဘိုင်းဘဏ်ဝန်ဆောင်မှုနဲ့ မိုဘိုင်းပိုက်ဆံအိတ်မှ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက တူညီသလောက်ရှိပါတယ်Neo
ဥပမာ –
  • ငွေလွှဲခြင်း
  • ဘေလ်ပေးဆောင်ခြင်း
  • ဖုန်းငွေဖြည့်ခြင်း
ဒါပေမယ့် အဓိကကွာခြားချက်ကတော့ မိုဘိုင်းဘဏ်ဝန်ဆောင်မှုက ဘဏ်စာရင်းရှိတဲ့သူတွေအတွက် ဖြစ်ပြီး မိုဘိုင်းပိုက်ဆံအိတ်ကတော့ ဖုန်းနံပါတ်တစ်ခု ရှိရုံဖြင့် အသုံးပြုနိုင်ပါတယ်Neo
အပ်ပလီကေးရှင်းနှစ်ခုကတော့ တစ်ခုကိုတစ်ခု ဖြည့်ဆည်းပေးနေတဲ့ သဘောမျိုးဖြစ်ပါတယ်dingar။ ကိုယ့်မှာ ဘဏ်စာရင်းရှိရင် ဘဏ်စာရင်းကို ကိုယ့်ရဲ့ မိုဘိုင်းပိုက်ဆံအိတ်နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့အတွက် ဝန်ဆောင်မှုအားဖြင့် အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်dingar။ ဒါကြောင့် ကိုယ့်အတွက် အဆင်ပြေသလို နှစ်မျိုးလုံးကိုလည်း အသုံးပြုနိုင်ပါတယ်Neo
သမရိုးကျ ဘဏ်ဝန်ဆောင်မှု (မိုဘိုင်းဘဏ်ဝန်ဆောင်မှု) နဲ့ မိုဘိုင်းပိုက်ဆံအိတ်ရဲ့ ကွားခြားချက်ကို အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။123
123
ဘဏ်နဲ့ရော မိုဘိုင်းပိုက်ဆံအိတ်က ဘာကွာလဲ။
မိုဘိုင်းပိုက်ဆံအိတ်အမျိုးမျိုးကိုလည်း ဒီမှာ ရှာဖွေနှိုင်းယှဉ်နိုင်ပါတယ်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။