အကြွေးဝယ်ကတ်ရဲ့အကြွေးကို ပြန်မဆပ်မိတာမျိုး မဖြစ်ရအောင် Auto Debit အသုံးပြုခြင်း

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အကြွေးဝယ်ကတ် (Credit card) သုံးတဲ့အခါ လစဉ်ပြန်လည်ပေးဆပ်ခြင်းအတွက် အချိန်ရဖို့ရော၊ သတိရဖို့ရော ခက်ပါတယ်shwedingar။ တစ်ခါတစ်လေ အရမ်းအလုပ်ရှုပ်ပြီး မေ့သွားတဲ့အခါ အတိုးတွေ၊ ဒဏ်ကြေးတွေ ပေးရတဲ့အထိလည်း ဖြစ်သွားတတ်ပါတယ်။

အကြွေးဝယ်ကတ်အသုံးပြုသူတွေ အကြွေးပြန်မဆပ်မိတာမျိုး မဖြစ်ရအောင် လွယ်လွယ်ကူကူ ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် ဘဏ်တွေက အလိုအလျောက်ငွေဖြတ်စနစ် (Auto debit) ကို အသုံးပြုခွင့် ပေးထားပါတယ်။

အရင်ဆုံး အကြွေးဝယ်ကတ်အကြောင်း ကောင်းကောင်းလေ့လာချင်တယ်ဆိုရင် ဒီမှာလေ့လာပါ။

ဒါဆိုရင် Auto Debit ဆိုတာ ဘာလဲ။hello


အကြွေးဝယ်ကတ်အတွက် Auto Debit ဆိုတာဘာလဲ။

အကြွေးဝယ်ကတ်အတွက် လစဉ်ပြန်လည်ပေးဆပ်ငွေကို ဘဏ်မှ အကြွေးဝယ်ကတ်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်စာရင်းထဲကနေ အလိုအလျောက် ဖြတ်သွားတာကို အကြွေးဝယ်ကတ်အတွက် Auto Debit ပြုလုပ်ခြင်းလို့ ခေါ်ပါတယ်။

အလိုအလျောက်ဖြတ်တဲ့အခါ ဘယ်လောက်ဖြတ်လဲ။

အလိုအလျောက်ဖြတ်မယ့် ငွေပမာဏအတွက် ရွေးချယ်မှု (၂) ခုပေးထားလေ့ရှိပါတယ်shwedingar။ အနည်းဆုံးပြန်ဆပ်ငွေ သို့မဟုတ် ပြန်ဆပ်ရမယ့်ပမာဏအပြည့် နှစ်ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

Auto Debit အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

  • ပြန်ဆပ်ဖို့ ပျက်ကွက်မှု မရှိခြင်း – ပြန်ဆပ်ရမယ့်ငွေကို အလိုအလျောက်ဖြတ်သွားမှာ ဖြစ်တဲ့အတွက် ပြန်ဆပ်ဖို့ ပျက်ကွက်တာတွေ ရှိမှာ မဟုတ်ပါဘူးshwedingar။ ဒါ့အပြင် မထင်မှတ်ထားတဲ့ အတိုးနဲ့ ဒဏ်ကြေးတွေအတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။
  • အဆင်ပြေမှု – ပြန်ဆပ်ဖို့အတွက် ဘဏ်သွားနေစရာ မလိုသလို၊ မိုဘိုင်းဘဏ်ဝန်ဆောင်မှုကိုလည်း အသုံးပြုနေစရာ မလိုတော့ပါဘူး။
  • အတိုးမပေးရခြင်း – အလိုအလျောက် ဖြတ်ဖို့အတွက် အပြည့်ပမာဏကို ရွေးချယ်မယ်ဆိုရင် အတိုးလည်း ပေးစရာလိုတော့မှာ မဟုတ်ပါဘူး။

ဆိုးကျိုးတွေရော ဘာတွေရှိနိုင်လဲ။

  • အသုံးစရိတ် ခြေရာမခံနိုင်ခြင်း – လတိုင်း ဘဏ်မှာငွေသွားသွင်းသလို ကိုယ်တိုင်ကိုယ်ကျ ပြန်ဆပ်ရတာ မဟုတ်တဲ့အတွက် ကိုယ့်ရဲ့အသုံးစရိတ်ကို ခြေရာခံဖို့လည်း ခက်ခဲလာပါတယ်။
  • အနည်းဆုံးပြန်ဆပ်ငွေအတွက် ဒဏ်ကြေး – အနည်းဆုံးပြန်ဆပ်ငွေကို ဖြတ်ယူဖို့ ရွေးချယ်ခဲ့တယ်ဆိုရင် လက်ကျန်ငွေရဲ့ အတိုးနဲ့ ဒဏ်ကြေးတွေ ပေးဖို့လိုပါမယ်shwedingar။ ကျန်နေသေးတဲ့ ကြွေးကျန်ငွေပမာဏကို ပြန်ဆပ်ဖို့လည်း လိုပါသေးတယ်။
  • စာရင်းထဲမှာ ငွေအလုံအလောက်ရှိပါစေ – ချိတ်ဆက်ထားတဲ့ ဘဏ်စာရင်းထဲမှာ ပြန်ဆပ်ဖို့ ငွေအလုံအလောက် မရှိဘူးဆိုရင် အတိုးနဲ့ ဒဏ်ကြေးငွေတွေကို ဘဏ်မှ ကောက်ခံပါလိမ့်မယ်shwedingar။ (ဒီလို အခြေအနေမျိုးမှာ တစ်ချို့ဘဏ်တွေက ငွေမဖြတ်တော့ပဲ အပြည့်ပြန်ဆပ်ရမယ့် ပမာဏအပေါ်မှာပဲ ဒဏ်ကြေးတွေကို တွက်ချက်ကောက်ခံတတ်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။)
  • အထိန်းအကွပ်မဲ့ပြီး အခြားပေးဆောင်မှုများ ပျက်ကွက်ခြင်း – ဘဏ်တွေက ငွေတွေကို အလိုအလျောက် ဖြတ်တာကြောင့် အခြားလိုအပ်ချက်တွေနဲ့ ပေးစရာများအတွက် ငွေသားအလုံအလောက်မရှိတော့တာမျိုးလည်း  ဖြစ်တတ်ပါတယ်။  

ဘယ်ဘဏ်တွေက Auto debit လုပ်ခွင့်ပေးလဲ။

ဘဏ်တော်တော်များများကတော့ အကြွေးဝယ်ကတ်အတွက် Auto debit လုပ်ခွင့်ပေးပါတယ်shwedingar။ ပုံမှန်အားဖြင့်တော့ ဒီဝန်ဆောင်မှုရရှိဖို့အတွက် ဘဏ်မှာ ကိုယ်တိုင်လျှောက်ထားရမှာ ဖြစ်ပါတယ်shwedingar။ အကြွေးဝယ်ကတ်ပြုလုပ်ထားတဲ့ ဘဏ်မှာ ငွေစုဘဏ်အပ်ငွေစာရင်း သို့မဟုတ် စာရင်းရှင်အပ်ငွေစာရင်း ရှိဖို့တော့ လိုပါတယ်shwedingar။ မရှိသေးဘူးဆိုရင် စာရင်းတစ်ခုဖွင့်ရပါလိမ့်မယ်။hello


Auto debit စနစ် အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ အကြွေးဝယ်ကတ်ရဲ့ လက်ကျန်ငွေရှင်းတမ်းကို အမြဲစစ်ဆေးဖို့ လိုပါတယ်shwedingar။ ဒါမှ ငွေအလွှဲအပြောင်းတွေက မှန်ကန်မှုရှိပြီး အသုံးစရိတ်ကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

အကြွေးဝယ်ကတ်တွေက လွယ်ကူအဆင်ပြေသလိုပဲ အသုံးမတတ်ဘူးဆိုရင် အကုန်အကျများတတ်ပါတယ်shwedingarအကြွေးဝယ်ကတ်ရဲ့ အကျိုးကျေးဇူး၊ ကုန်ကျစရိတ်နဲ့ အန္တရာယ်အကြောင်း ဒီမှာ လေ့လာနိုင်ပါတယ်။

အကြွေးဝယ်ကတ် လျှောက်ထားဖို့ စဉ်းစားနေတယ်ဆိုရင် အကြွေးဝယ်ကတ် တစ်ခုနဲ့တစ်ခု ကွာခြားချက်ကို ဒီမှာ နှိုင်းယှဉ်လေ့လာကြည့်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။hello


ဆောင်းပါးများ စုစည်းမှု –

ခရက်ဒစ်ကတ် အသုံးပြုခြင်း

ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အလိုအလျောက်ငွေဖြတ်စနစ်ဆိုတာဘာလဲ Auto Debit ဆိုတာဘာပြောတာလဲ အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် အကြွေးဝယ်ကဒ် ခရက်ဒစ်ကတ် ခရက်ဒစ်ကဒ် အကြွေးဝယ်ကတ် အကြွေးဝယ်ကဒ် အလိုအလျောက်ငွေဖြတ်စနစ် Auto Debit ဆိုတာဘာပြောတာလဲ ကောင်းကျိုးဆိုးကျိုး auto debit credit card Credit card

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။