ATM ဝန်ဆောင်မှု အသုံးပြုခြင်း

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


ATM မှ ငွေသားထုတ်ယူခြင်း

ငွေသားထုတ်ယူနိုင်ဖို့ ကိုယ့်ရဲ့ အကောင့်ထဲမှာ ငွေရှိနေဖို့ လိုအပ်ပါတယ်shwedingar.com။ ကိုယ့်အကောင့်ထဲမှာရှိတဲ့ ငွေပမာဏထက် ကျော်လွန်ပြီး ငွေထုတ်ယူလို့မရပါဘူးCypher

ATM စက်တွေကနေ ငွေပမာဏ ဘယ်လောက်ထုတ်ယူနိုင်လဲဆိုတဲ့ ကန့်သတ်ချက်တွေလည်း ရှိပါသေးတယ်shwedingar.com။ ဒီလို ကန့်သတ်ချက်ထားတာဟာ ကတ်ထဲက ငွေတွေရဲ့ လုံခြုံရေးအတွက် ဖြစ်ပါတယ်Cypher

ယေဘုယျကန့်သတ်ချက်တွေကတော့ –

  • တစ်ခါထုတ်လျှင် အများဆုံး ၃ သိန်
  • တစ်ရက်လျှင် အများဆုံး ၁၀ သိန်း သတ်မှတ်ထားပါတယ်။

ဒီပမာဏထက် ပိုပြီး ထုတ်ယူချင်တယ်ဆိုရင်တော့ ငွေစုစာအုပ်ယူပြီး ရုံးချိန်အတွင်း ကိုယ့်ရဲ့ဘဏ်ခွဲတစ်ခုခုမှာ သွားရောက်ထုတ်ယူရပါမယ်shwedingar.com။ ငွေစုစာအုပ်ပါရင် ကိုယ့်စာရင်းထဲမှာရှိတဲ့ ပမာဏအတိုင်း လိုအပ်သလောက် ထုတ်ယူနိုင်ပါတယ်Cypher

ATM ကတ်ထုတ်ထားပေးတဲ့ ဘဏ်ရဲ့ ATM စက်မဟုတ်ပဲ တခြား ATM စက်မှာ ထုတ်မယ်ဆိုရင်တော့ အဲဒီဘဏ်က သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ နှုန်းထားကို ပေးဆောင်ရပါတယ်Cypher

ဘဏ်တော်တော်များများက ၁ သိန်း ထုတ်လျှင် ၅၀၀ ကျပ်နှုန်း ကောက်ခံဖို့ သတ်မှတ်ထားကြပြီး တစ်ချို့စက်တွေမှာ အဲဒီထက်လည်း ပိုများကောင်း များနိုင်ပါတယ်shwedingar.com။ ဖြစ်နိုင်ရင် တခြားဘဏ်ရဲ့ ATM ကနေ ငွေထုတ်ယူခြင်းကို ရှောင်ကြဉ်သင့်ပါတယ်Cypher

ခရက်ဒစ်ကတ် အသုံးပြုပြီး ATM မှာ ငွေထုတ်ယူခြင်းကို “ ကြိုတင်ငွေထုတ်ခြင်း “ လို့ သတ်မှတ်ထားပါတယ်shwedingar.com။ အဲဒါဟာ အကြွေးသဘောတရားဖြစ်ပြီး ဝန်ဆောင်ခနှုန်းထားနဲ့ အတိုးနှုန်းကို အဆမတန်မြှင့်တင်ထားလေ့ရှိပါတယ်shwedingar.com။ ဒါကြောင့် ဖြစ်နိုင်ရင် ATM မှာ ခရက်ဒစ်ကတ်နဲ့ ငွေသားထုတ်ယူခြင်းကို ရှောင်ကြဉ်ပါ။world


Parts of an ATMworld


Card Logos

ATM စက်တွေပေါ်မှာ တွေ့ရလေ့ရှိတဲ့ လိုဂိုတံဆိပ် တွေက ဘာတွေလဲ။

Maestro ဆိုတာ debit card ဝန်ဆောင်မှုဖြစ်ပြီး Cirrus ကတော့ ATM ကွန်ယက် ဝန်ဆောင်မှု ဖြစ်ပါတယ်shwedingar.com။ ဒီဝန်ဆောင်မှုနှစ်ခု စလုံးကတော့ MasterCard ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်shwedingar.com။ Visa Electron ဟာ debit card ဝန်ဆောင်မှုဖြစ်ပြီး Plus ကတော့ ATM ကွန်ယက် ဝန်ဆောင်မှု ဖြစ်ပါတယ်shwedingar.com။ ဒီဝန်ဆောင်မှုနှစ်ခု စလုံးကို Visa ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်Cypher

မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေကတော့ ဒီဝန်ဆောင်မှုတွေအပေါ်မှာ အခြေခံပြီး ကတ်တွေထုတ်ပေးထားခြင်းမရှိသေးပါဘူးshwedingar.com။ ဒီ လိုဂိုတွေကို ATM စက်တွေမှာ ဖော်ပြထားတဲ့အကြောင်းရင်းကတော့ နိုင်ငံခြားသားဧည့်သည်တွေ သူတို့ရဲ့ ကတ်နဲ့ ဘယ်စက်မှာထုတ်ယူနိုင်မလဲဆိုတာကို သိရှိစေဖို့ပဲဖြစ်ပါတယ်Cypher

ဒီလိုဂိုတံဆိပ်နဲ့ ကတ်တွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။world


ဘဏ်ကနေထုတ်တဲ့ ဘဏ်ကတ်အများစုကို ဘဏ်စာရင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုရလေ့ ရှိပါတယ်shwedingar.comဘဏ်စာရင်းဆိုတာ ဘာလဲမသိသေးဘူးဆိုရင် ဒီမှာလေ့လာနိုင်ပါတယ်။world


ဆောင်းပါးများ စုစည်းမှု –

အေတီအမ်စက်များ – ATMs

ATM ဝန်ဆောင်မှု အေတီအမ် အေတီအမ်စက် အေတီအမ်ဝန်ဆောင်မှု Atm+အသုံးပြုပုံ အလိုအလျောက်ငွေထုတ်စက် ဝန်ဆောင်မှုများ ATM စက် အေတီအမ်စက် Atm+အသုံးပြုပုံ ATM services

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။