ခေါ်ယူအပ်ငွေစာရင်း ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ခေါ်ယူအပ်ငွေစာရင်း (Call deposit account) ဆိုတာ ဘာလဲ။

ခေါ်ယူအပ်ငွေစာရင်း (Call deposit account) ဆိုတာ နေ့စဉ်အတိုးပေးတဲ့ ဘဏ်စာရင်းဖြစ်ပြီး ငွေသွင်းငွေထုတ် ကန့်သတ်ချက်မရှိတဲ့ ဘဏ်စာရင်းအမျိုးအစားဖြစ်ပါတယ်shwedingar.com။ ခေါ်ယူအပ်ငွေစာရင်းကို အသက် ၁၈ နှစ်အထက် မြန်မာနိုင်ငံသားတိုင်းဖွင့်နိုင်တဲ့ စာရင်းအမျိုးအစားဖြစ်ပါတယ်Neo

တခြားဘဏ်စာရင်းတွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာကို သေချာမသိသေးဘူးဆိုရင်  ဒီမှာ လေ့လာပါ။

ခေါ်ယူအပ်ငွေစာရင်း (Call deposit account) က ဘယ်လိုအခြေအနေမျိုးအတွက် သင့်တော်သလဲ။

ခေါ်ယူအပ်ငွေစာရင်းအတွက် အတိုးပေးတယ်ဆိုပေမယ့် ငွေစုဘဏ်အပ်ငွေအတွက် အခြေခံအတိုးနှုန်းထက်တော့ ပိုနည်းပါတယ်shwedingar.com။ ပုံမှန်အားဖြင့် အနည်းဆုံး တစ်နှစ်လျှင် ၂% မှ အများဆုံး တစ်နှစ်လျှင် ၅% အထိ အတိုးပေးလေ့ရှိပါတယ်shwedingar.com။ တစ်ခါတစ်လေ ပရိုမိုးရှင်းတွေလုပ်တဲ့အခါ အချိန်အကန့်အသတ်တစ်ခု သတ်မှတ်ပြီး အတိုးကို ၆% ကျော်ထိ ပေးတတ်ပါတယ်Neo

အတိုးနှုန်းနည်းပေမယ့် နေ့စဉ်လက်ကျန်ငွေပမာဏပေါ်မှာ အတိုးပေးတဲ့အတွက် ငွေကြေးအမြောက်အမြားနဲ့ နေ့စဉ် ပိုသလောက် ထည့်သွင်းနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီး သင့်တော်မယ်လို့ ယူဆပါတယ်shwedingar.com။ အဲဒါမှ နေ့စဉ်ရတဲ့ အတိုးငွေနည်းနည်းစီနဲ့ စုဆောင်းထားရင် ပမာဏတစ်ခုတော့ ရလာမှာပါပဲNeo

ဥပမာ – စာရင်းရှင်စာရင်းအတွင်းမှာ တစ်နေ့တစ်နေ့ ပိုသမျှငွေကို ခေါ်ယူအပ်ငွေစာရင်းထဲ ပြောင်းထည့်တာမျိုး လုပ်ခြင်းအားဖြင့် တဖြေးဖြေးနဲ့ အတိုးနည်းနည်းချင်းစီ စုမိဆောင်းမိနိုင်ပါတယ်Neo

ဘဏ်တွေက များသောအားဖြင့် အတိုးငွေကို နေ့စဉ်တွက်ပြီး လစဉ် (သို့) ၃ လ တစ်ကြိမ် ထည့်ပေးလေ့ရှိပါတယ်Neo

ခေါ်ယူအပ်ငွေစာရင်း (Call deposit account) ကို ဘယ်လိုရွေးချယ်သင့်သလဲ။

ဘယ်ဘဏ်စာရင်းအမျိုးအစားပဲဖွင့်ဖွင့် ကိုယ်နဲ့ အသင့်တော်ဆုံးဟုတ်မဟုတ်ဆိုတာကိုတော့ ဆန်းစစ်ကြည့်သင့်ချည်းပါပဲshwedingar.com။ ခေါ်ယူအပ်ငွေစာရင်းအတွက် အသင့်တော်ဆုံး ဟုတ်မဟုတ် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားရမှာလဲNeo

  • အဆင်ပြေချောမွေ့မှု
  • အတိုးနှုန်း နှင့် အနည်းဆုံးလက်ကျန်ငွေ
  • ဝန်ဆောင်ခများ
  • အခြားဝန်ဆောင်မှုများ

အဆင်ပြေချောမွေ့မှု

ခေါ်ယူအပ်ငွေစာရင်းဆိုတာ စာရင်းထဲမှာ နေ့စဉ်လက်ကျန်ငွေအပေါ်မှာ အတိုးတွက်ချက်ပေးတယ်ဆိုတာကို သိပြီး ဖြစ်ပါတယ်shwedingar.com။ ဒါဆိုရင် ကိုယ့်စာရင်းထဲကို ငွေအသွင်းအထုတ်တွေ လုပ်ရတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်Neo

တကယ်လို့ ငွေအသွင်းအထုတ်အတွက် ဖုန်းထဲကနေတစ်ဆင့် လုပ်ဆောင်နိုင်မယ့် မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှုလိုမျိုး ကိုယ်ရွေးချယ်လိုက်တဲ့ဘဏ်မှာ မရှိဘူးဆိုရင် ဘဏ်ကိုသွားပြီး တန်းစီနေရမယ့်အချိန်အတွက် ထိုက်တန်ရဲ့လားဆိုတာကိုလည်း ထည့်စဉ်းစားရပါသေးတယ်Neo

ဒါဆိုရင် အသုံးပြုသူတစ်ယောက်အနေနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်ဖို့ အဆင်ပြေချောမွေ့စေရန် ဘယ်လိုအချက်တွေစဉ်းစားရမလဲဆိုတာကို ကိုယ်တိုင်တွေးကြည့်နိုင်ပြီ ဖြစ်ပါတယ်Neo

အတိုးနှုန်း နှင့် အနည်းဆုံးလက်ကျန်ငွေ

အတိုးနှုန်းနည်းတယ်ဆိုပေမယ့် ရသလောက်ပဲယူမယ်ဆိုတာထက်စာရင် ဘယ်ဘဏ်မှာ ဘယ်လောက်ပေးလဲဆိုတာကို အနည်းဆုံးတော့ ဆန်းစစ်ကြည့်သင့်ပါတယ်shwedingar.com။ နည်းနည်းပိုရလည်း နည်းနည်းပေါ့Neo

နောက်တစ်ချက်က အနည်းဆုံးချန်ထားရတဲ့ အနည်းဆုံးလက်ကျန်ငွေကလည်းပဲ ထည့်သွင်းစဉ်းစားစရာပါshwedingar.com။ တစ်ချို့ဘဏ်တွေက ကျပ်ငွေ ၁၀၀၀ ကနေ စထည့်လို့ရတာရှိသလို တစ်ချို့ဘဏ်တွေကတော့ ကျပ်ငွေ ၁၀၀,၀၀၀ (တစ်သိန်း) သတ်မှတ်ထားတာတွေရှိပါတယ်Neo

ဝန်ဆောင်ခများ

ဝန်ဆောင်ခအနေနဲ့ကော ဘယ်လိုတွေသတ်မှတ်ထားသေးလဲshwedingar.com။ ငွေသွင်းငွေထုတ်ခတွေ သတ်မှတ်ထားသေးလားshwedingar.com။ ဒါတွေကို စာရင်းမဖွင့်ခင်မှာ သေသေချာချာမေးမြန်းရမယ့် မေးခွန်းတွေပါပဲshwedingar.com။ စရိတ်စကတွေက နည်းတယ်ဆိုပြီးတော့လည်း လျစ်လျူရှုလိုက်လို့ ပြီးသွားတာမျိုးမဟုတ်ပါဘူးshwedingar.com။ နည်းနည်းလေးဆိုပေမယ့် အကြိမ်ရေများလာရင်လည်း ပမာဏများလာမှာပဲလေshwedingar.com။ ဒါကြောင့် သေသေချာချာမေးမြန်းဖို့ မမေ့ပါနဲ့Neo

အခြားဝန်ဆောင်မှုများ

ဘယ်ဘဏ်စာရင်းပဲဖွင့်ဖွင့် ဒီအချက်လေးကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်shwedingar.com။ အခြားဝန်ဆောင်မှုဆိုတာကတော့ အဲဒီဘဏ်မှာ ကိုယ်လက်ရှိလိုအပ်နေတဲ့ ဝန်ဆောင်မှုတွေ ဘာတွေရှိလဲ၊ နောက်နောင်လိုအပ်လာမယ့်ဝန်ဆောင်မှုတွေကော ဘာတွေရှိလဲ၊ ဝန်ထမ်းတွေကော ဖော်ရွေမှုရှိပြီး အကူအညီပေးကြရဲ့လား၊ ပြဿနာတစ်ခုခုဖြစ်ပေါ်လာတဲ့အခါမျိုးမှာကော လျင်လျင်မြန်မြန်ဖြေရှင်းပေးနိုင်ရဲ့လား၊ နောက်ဆုံး လုံခြုံရဲ့လားဆိုတာတွေကိုလည်း သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ စာရင်းဖွင့်ဖို့ဆုံးဖြတ်တာက ပိုကောင်းတယ်လို့ အကြံပြုပါရစေNeo

လက်ရှိအချိန်နည်းနည်း အကုန်ခံလိုက်တာက နောက်နောင်အချိန်ကုန်မှုတွေ၊ ခေါင်းကိုက်ရမယ့်အဖြစ်တွေကနေ ကင်းဝေးစေနိုင်ပါလိမ့်မယ်။123


ခေါ်ယူအပ်ငွေစာရင်းအကြောင်း သိပြီဆိုတော့ ခေါ်ယူအပ်ငွေစာရင်းများနှိုင်းယှဉ်မှု  မှာ အတိုးနှုန်း အစရှိတာတွေကို နှိုင်းယှဉ်ပြီး ကိုယ့်အတွက် အကောင်းဆုံးတစ်ခုကို ရွေးချယ်နိုင်ပါတယ်Neo

ဘဏ်စာရင်းအမျိုးအစားများ ဘဏ်အပ်ငွေ ဘဏ်မှာငွေစုရန် ဘဏ်စာရင်း အကောင့် ဘဏ်အကောင့် ခေါ်ယူအပ်ငွေစာရင်း ခေါ်ယူအပ်ငွေ ခေါ်ယူအပ်ငွေအကောင့် နေ့တိုးအကောင့် နေ့တိုးစာရင်း နေ့တိုးပေးတဲ့အကောင့် နေ့တိုးပေးတဲ့စာရင်း ခေါ်ယူအပ်ငွေစာရင်းအပ်ရန် နေ့တိုးရတဲ့ဘဏ်စာရင်း ဘဏ်စရင်း ခေါ်ယူအပ်ငွေစာရင်း ဘဏ်အပ်ငွေ ဘဏ်မှာငွေစုရန် ဘဏ်စာရင်းအမျိုးအစားများ ဘဏ်အကောင့် နေ့တိုးပေးတဲ့အကောင့် နေ့တိုးပေးတဲ့စာရင်း နေ့တိုးရတဲ့ဘဏ်စာရင်း ဘဏ်စရင်း call deposit account bank accounts saving at bank

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။