ဘဏ်စာရင်းအမျိုးအစားနှိုင်းယှဉ်ချက်များ

ဆောင်းပါးကို ဝေမျှရန်

ဒီဘဏ်စာရင်းတွေထဲက ဘယ်စာရင်းက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲfinance။ တစ်ခုနဲ့ တစ်ခု ကွာခြားချက်တွေကရော ဘာတွေလဲfinance။ အတိုးရော များများရပါ့မလားCypher

မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ ဘဏ်စာရင်း (၄) ခုရဲ့ အဓိကလက္ခဏာရပ်တွေကို နှိုင်းယှဉ် ဖော်ပြပေးထားပါတယ်Cypher

ဘဏ်စာရင်းတစ်ခုစီရဲ့ အသေးစိတ်ကို ဇယားထဲက အသေးစိတ်လေ့လာရန်အကွက်ထဲမှာ ပေးထားတဲ့ လင့်ခ်တွေကနေတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်Cypher

ဘဏ်စာရင်းတွေကို နှိုင်းယှဉ်ရွေးချယ်ချင်တာဆိုရင်တော့ ဇယားထဲက ပြည်တွင်းဘဏ်စာရင်းများ နှိုင်းယှဉ်ရန်အကွက်ထဲမှာ  ပေးထားတဲ့ လင့်ခ်တွေကနေတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်Cypher

မှတ်ချက်financefinance။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) ရဲ့ လိုအပ်ချက်များအရ ဘဏ်စာရင်းအဟောင်းများ (ငွေစုဘဏ်ငွေနှင့် ခေါ်ယူအပ်ငွေစာရင်း အပါအဝင်) ရဲ့ ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်းများအပေါ် ကန့်သတ်ထားပါတယ်finance။ Special ဘဏ်စာရင်းအသစ်များမှာတော့ ကန့်သတ်ချက် အနည်းငယ်သာရှိပါတယ်finance။ ကန့်သတ်ချက်အတိအကျကိုတော့ ဘဏ်စာရင်းများ ရှာဖွေနှိုင်းယှဉ်ခြင်းစာမျက်နှာများမှာ ကြည့်ပါ။

စာရင်းရှင်ခေါ်ယူအပ်ငွေငွေစုဘဏ်အပ်ငွေစာရင်းသေအပ်ငွေSpecial ဘဏ်စာရင်း
အတိုးပေးပုံမရှိပါလစဉ် သို့မဟုတ် သုံးလတစ်ကြိမ်သုံးလတစ်ကြိမ်ရွေးချယ်ခဲ့သော သက်တမ်းအပေါ် မူတည်သည်။ငွေစုဘဏ်အပ်ငွေနှင့် ခေါ်ယူအပ်ငွေစာရင်းနှစ်မျိုးလုံး ရနိုင်ပါသည်။
အတိုးအတွက်သတ်မှတ်ချက်များမရှိပါမရှိပါငွေထုတ်ယူနိုင်သည့် ပမာဏကန့်သတ် ထားခြင်း၊ လစဉ်အနည်းဆုံးအပ်ငွေပမာဏ ထားရှိခြင်းရွေးချယ်ခဲ့သော သက်တမ်း မတိုင်မီထုတ်ယူပါက အတိုးမပေးခြင်း
ငွေပေးချေနိုင်သည့်နည်းချက်လက်မှတ်စာအုပ် သို့မဟုတ် ဘဏ်စာအုပ်
သို့မဟုတ် ATM ကတ် (Debit ကတ်)
ဘဏ်စာအုပ် (မလိုအပ်သော ဘဏ်များလည်း ရှိသည်။)
ဘဏ်စာအုပ် သို့မဟုတ် ATM ကတ် (Debit ကတ်)
အထောက်အထား လက်မှတ်မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) ရဲ့ ဘဏ်စာရင်းအဟောင်းများအပေါ် ကန့်သတ်ချက်များကြောင့် ဘဏ်များသည် ကန့်သတ်ချက်နည်းသော special ဘဏ်စာရင်းအသစ်များ ထားရှိသည်။
အဓိကအချက်ချက်လက်မှတ်စာအုပ်လိုအပ်ပြီး ငွေကို နေ့စဉ်အကန့်အသတ်မရှိ သွင်း/ထုတ်ချင်သူအတွက်ချက်လက်မှတ်စာအုပ်မလိုအပ်၊ ငွေကို နေ့စဉ်အကန့်အသတ်မရှိ သွင်း/ထုတ်ချင်သူအတွက်ငွေကို နေ့စဉ် သွင်းထုတ်ရန် မလိုအပ်သူအတွက်အချိန်တစ်ခုအထိ ငွေကို မထုတ်ပဲထားနိုင်သူအတွက်ငွေစုဘဏ်အပ်ငွေနှင့် ခေါ်ယူအပ်ငွေစာရင်းနှစ်မျိုးလုံး ရနိုင်ပါသည်။
အတိုးတွက်ချက်ပုံမရှိပါနေ့စဉ်အနည်းဆုံး လက်ကျန်ငွေအပေါ်မှာ နေ့စဉ်တွက်ချက်သည်။လစဉ်အနည်းဆုံးလက်ကျန်ငွေအပေါ်မှာလစဉ်တွက်ချက် သည်။လစဉ်တွက်ချက်သည်။
အတိုးနှုန်းမရှိပါ၂% မှ ၆%*၅% မှ ၇%*၅.၅% မှ ၁၀%*
ပြည်တွင်း ဘဏ်စာရင်းများနှိုင်းယှဉ်ရန်စာရင်းရှင်စာရင်းများ နှိုင်းယှဉ်ရန်ခေါ်ယူအပ်ငွေစာရင်းများ နှိုင်းယှဉ်ရန်ငွေစုဘဏ်အပ်ငွေစာရင်းများ နှိုင်းယှဉ်ရန်စာရင်းသေအပ်ငွေစာရင်းများ နှိုင်းယှဉ်ရန် နှိပ်ပါ။Special ဘဏ်စာရင်းများနှိုင်းယှဉ်ရန် နှိပ်ပါ။
အသေးစိတ်လေ့လာရန်စာရင်းရှင်စာရင်းဆိုတာဘာလဲ အသေးစိတ်လေ့လာရန်ခေါ်ယူအပ်ငွေစာရင်းဆိုတာဘာလဲ အသေးစိတ်လေ့လာရန်ငွေစုဘဏ်အပ်ငွေစာရင်းဆိုတာဘာလဲ အသေးစိတ်လေ့လာရန်စာရင်းသေအပ်ငွေစာရင်းဆိုတာဘာလဲ အသေးစိတ်လေ့လာရန် ဒီမှာ နှိပ်ပါ။Special ဘဏ်စာရင်းများအကြောင်း လေ့လာရန်နှိပ်ပါ။

*မှတ်ချက် financefinance။ အတိုးနှုန်းများမှာ အနီးစပ်ဆုံးဖော်ပြထားတာဖြစ်ပြီး အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်သည်finance။ ဤအတိုးများတွင် အခါအားလျော်စွာ ပြုလုပ်သော ပရိုမိုးရှင်းအတိုးနှုန်းများ မပါဝင်ပါfinance။ ဘဏ်အလိုက် အတိုးနှုန်းအတိအကျ သိရှိရန် အတိုးနှုန်းနှိုင်းယှဉ်ခြင်းဆောင်းပါးများတွင် ဝင်ရောက်ကြည့်ရှုပါCypher

မှတ်ချက်။    finance။ ဒါတွေကတော့ ဘဏ်စာရင်းတွေရဲ့ ပုံမှန်တွေ့ရလေ့ရှိတဲ့ လုပ်ဆောင်ချက်တွေပါfinance။ ဒါပေမယ့် ဘဏ်တစ်ခုနဲ့ တစ်ခုလည်း တိတိကျကျအားဖြင့် လုပ်ဆောင်ချက်တွေ ကွဲပြားနိုင်ပါတယ်။yes


အတိုးနှုန်းတွေကို သိပြီးလို့ အတိုးဘယ်လောက်ရမလဲ တွက်ကြည့်ချင်တယ်ဆိုရင် ငွေစုဘဏ်အပ်ငွေအတိုးတွက်စက် နဲ့ စာရင်းသေအပ်ငွေအတိုးတွက်စက်ကို သုံးပြီး အလွယ်တကူ တွက်ကြည့်နိုင်ပါတယ်Cypher

နိုင်ငံခြားငွေစာရင်း နဲ့ သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်းအစရှိတဲ့ ငွေစုစာရင်း အမျိုးမျိုး ရှိသေးပေမယ့် အပေါ်မှာပြောခဲ့တဲ့ စာရင်း ၄ ခုကတော့ အသုံးပိုများတာကို တွေ့ရပါတယ်Cypher

ဘယ်ဘဏ်စာရင်းအမျိုးအစားက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာက ကိုယ့်ရဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်Cypher

အမြဲတမ်း ငွေပြောင်းငွေလွှဲတွေ လုပ်နေရတယ်ဆိုရင်တော့ စာရင်းရှင်စာရင်းသုံးတာ အကောင်းဆုံးပါfinance။ တကယ်လို့ ငွေစုချင်တယ်၊ စုထားတဲ့ ငွေကိုလည်း အချိန်တစ်ခုအထိ ထုတ်သုံးဖို့ မလိုဘူး၊ ထုတ်မသုံးဘူးဆိုတာ သေချာတယ်ဆိုရင် စာရင်းသေအပ်ငွေစာရင်းကို သုံးသင့်ပါတယ်Cypher

ဘဏ်စာရင်းတွေနဲ့ အကျွမ်းတဝင်မရှိသေးဘူးဆိုရင် ဘဏ်စာရင်းတွေအကြောင်းကို ဒီမှာအသေးစိတ် လေ့လာနိုင်ပါတယ်။

တစ်ယောက်ထဲကို ဘဏ်စာရင်းတစ်ခုထက် ပိုပြီးလည်း အသုံးပြုလို့ရပါတယ်finance။ ကိုယ့်ရဲ့လိုအပ်ချက်ကို လိုက်ပြီး ဘဏ်အမျိုးမျိုးမှာ စာရင်း အမြောက်အမြားဖွင့်ထားနိုင်ပါတယ်Cypher

ဥပမာ- ချက်လက်မှတ်စာအုပ်သုံးဖို့ လိုအပ်တယ်ဆိုရင် စာရင်းရှင်စာရင်း ဖွင့်ထားဖို့လိုပါတယ်finance။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ငွေစာရင်းထဲက အတိုးတွေရရှိနိုင်ဖို့ ခေါ်ယူအပ်ငွေစာရင်းကိုလည်း ဖွင့်ထားနိုင်ပါသေးတယ်Cypher

မိုဘိုင်းဘဏ်ဝန်ဆောင်မှုနဲ့ အင်တာနက်ဘဏ်ဝန်ဆောင်မှုတွေကနေတစ်ဆင့် စာရင်းရှင်စာရင်းထဲက ငွေတွေကို ခေါ်ယူအပ်ငွေစာရင်းထဲကို အလွယ်တကူ အရွှေ့အပြောင်းလုပ်နိုင်ပါတယ်Cypher

ကိုယ်ဘယ်ဘဏ်စာရင်းကို ဖွင့်ရမလဲဆိုတာ သိပြီ၊ ဆုံးဖြတ်ပြီးပြီဆိုရင်တောင် ဘယ်ဘဏ်မှာ ဖွင့်သင့်လဲဆိုတာ အရမ်းကို စဉ်းစားရခက်ပါတယ်finance ရွေးချယ်စရာဘဏ်တွေ၊ ရွေးချယ်စရာဘဏ်အကောင့်အမျိုးမျိုးကို ဒီမှာ နှိုင်းယှဉ်ကြည့်ပါ။

ဘဏ်စာရင်းအမျိုးအစားများ ဘဏ်စာရင်းအမျိုးအစားများနှိုင်းယှဉ်ခြင်း နှိုင်းယှဉ်ခြင်း ဘဏ်စာရင်းအမျိုးအစားကွာာခြားချက်များ ဘဏ်အကောင့် အကောင့် ဘဏ်စရင်း ဘဏ်မှာငွေသွင်း ဘဏ်မှာ ငွေသွင်း ဘဏ်စာရင်းအမျိုးအစားများနှိုင်းယှဉ်ခြင်း ငွေစုဘဏ်အပ်ငွေစာရင်း စာရင်းရှင်စာရင်း စာရင်းသေစာရင်း ခေါ်ယူအပ်ငွေစာရင်း အခြားစာရင်းများ ဘဏ်အကောင့် ဘဏ်စရင်း ဘဏ်မှာငွေသွင်း ဘဏ်မှာ ငွေသွင်း bank accounts compare savings call deposit current fixed different

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။