Special ဘဏ်စာရင်းများကို ရှာဖွေနှိုင်းယှဉ်ခြင်း

ဆောင်းပါးကို ဝေမျှရန်

(Updated ၂၀၂၂ နိုဝင်ဘာလ)

Special ဘဏ်စာရင်းများ (‌ငွေစုဘဏ်အပ်ငွေစာရင်းများနှင့် ခေါ်ယူအပ်ငွေစာရင်းများ) မှာ ပုံမှန်ဘဏ်စာရင်း သို့မဟုတ် ဘဏ်စာရင်းအဟောင်းတွေလို ငွေထုတ်၊ ငွေလွှဲ ပမာဏ ကန့်သတ်ချက်တွေမရှိပါဘူးfinance

Special ဘဏ်စာရင်းတစ်ခု ဖွင့်ဖို့ဆိုရင် ယေဘုယျအားဖြင့် ဘဏ်တွေက ငွေသားအသစ်ထည့်သွင်းခြင်းကိုပဲ လက်ခံလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ တခြားဘဏ်တွေကနေ လွှဲပြောင်းလာတဲ့ အပ်ငွေတွေကို လက်ခံတတ်ကြပါတယ်finance

မှတ်ချက် financefinance။ ဖော်ပြပါအချက်အလက် (အတိုးနှုန်း၊ ကနဦးထည့်ငွေ စသည်) များမှာ ဤစာရေးသားချိန်တွင် မှန်ကန်သော်လည်း အချိန်ကြာသည်နှင့်အမျှ  အပြောင်းအလဲရှိနိုင်သောကြောင့် ဘဏ်စာရင်းမဖွင့်မီ ထပ်မံမေးမြန်းအတည်ပြုရန် အကြံပြုအပ်ပါသည်။testing


စာရင်းအမျိုးအစား ရွေးပါNeo

ငွေစုဘဏ်အပ်ငွေစာရင်း | Special ဘဏ်စာရင်း | စာရင်းရှင်အပ်ငွေစာရင်း | ခေါ်ယူအပ်ငွေစာရင်း | နိုင်ငံခြားငွေစာရင်း | အခြားစာရင်းtesting



အမေးများသော မေးခွန်းများ (FAQs)

Special ဘဏ်စာရင်းအသစ်တွေနဲ့ ဘဏ်စာရင်းအဟောင်းတွေက ဘယ်လိုကွာခြားတာလဲ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) ရဲ့လိုအပ်ချက်တွေအရ ပုံမှန်ဘဏ်စာရင်း သို့မဟုတ် ဘဏ်စာရင်းအဟောင်းတွေမှာ ငွေလွှဲ ဒါမှမဟုတ် ငွေထုတ်ရာမှာ ပမဏကန့်သတ်ချက်တွေရှိပါတယ်Neo

Special ဘဏ်စာရင်းတွေမှာတော့ ယေဘုယျအားဖြင့် ထိုကန့်သတ်ချက်တွေ မရှိပါဘူးNeo

Special ဘဏ်စာရင်းထဲကို ငွေသွင်းတဲ့အခါ ယေဘုယျအားဖြင့် ငွေသား ဒါမှဟုတ် တခြားဘဏ်မှ လွှဲပြောင်းလာတဲ့ ငွေ ဖြစ်ဖို့လိုအပ်ပါတယ်။

ငွေစုဘဏ်အပ်ငွေစာရင်းတွေနဲ့ ခေါ်ယူအပ်ငွေစာရင်းတွေက ဘယ်လိုကွာခြားတာလဲ။

ငွေစုဘဏ်အပ်ငွေစာရင်းတွေက ရေရှည်ငွေစုနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ခေါ်ယူအပ်ငွေစာရင်းတွေကတော့ ပုံမှန်အားဖြင့် ငွေလွှဲပြောင်းမှုတွေ ပိုပြီး များများလုပ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်Neo

လက်တွေ့မှာတော့ အဓိကကွာခြားချက်က အတိုးတွက်ချက်ပုံနဲ့ အတိုးပေးပုံဖြစ်ပါတယ်finance။ ငွေစုဘဏ်အပ်ငွေစာရင်းတွေအတွက် အတိုးကို ပုံမှန်အားဖြင့် လတစ်လရဲ့ ၅ရက်နေ့မှ ၇ရက်နေ့အတွင်း အပ်နှံတဲ့ငွေကို လစဉ်အတိုးတွက်ချက်ပေးတာဖြစ်ပါတယ်finance။ အတိုးကိုတော့ ၃လတစ်ကြိမ် ဘဏ်စာရင်းထဲကို ထည့်ပေးလေ့ရှိပါတယ်finance။ ခေါ်ယူအပ်ငွေစာရင်းတွေကိုတော့ ပုံမှန်အားဖြင့် အတိုးကို နေ့စဉ်တွက်ချက်ပြီး လတိုင်းဘဏ်စာရင်းထဲကို ထည့်ပေးလေ့ရှိပါတယ်finance။ ဟုတ်ပါတယ် ချွင်းချက်တော့ ရှိပါတယ်finance။ တချို့ဘဏ်စာရင်းတွေရဲ့ အတိုးတွက်ချက်ပုံနဲ့ အတိုးပေးပုံတွေက ကွာခြားနိုင်ပါတယ်။


ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။