စာရင်းရှင်စာရင်း ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

စာရင်းရှင်စာရင်း (Current Account) ဆိုတာ ဘာလဲ။

စာရင်းရှင်စာရင်း (Current Account) ဆိုသည်မှာ ငွေသွင်း၊ ငွေထုတ်ခြင်း လုပ်ငန်းစဉ်များအတွက် ကြိုတင်အသိပေး အကြောင်းကြားစရာ မလိုပဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်သော ဘဏ်စာရင်း အမျိုးအစားဖြစ်ပါတယ်Trinity

ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်ရသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အထူးသင့်တော်သော စာရင်းအမျိုးအစားဖြစ်ပါတယ်finance။ ဒါပေမယ့်လည်း ဒီစာရင်းအမျိုးအစားကို ဘဏ်တော်တော်များများက အတိုးပေးလေ့မရှိပါဘူးTrinity

ငွေပေး၊ ငွေချေခြင်းများအတွက် ချက်လက်မှတ် (Cheque) ဖြင့် ချိတ်ဆက်ပေးချေနိုင်သော စာရင်းဖြစ်ပါတယ်finance။ စာရင်းရှင်စာရင်း (Current account) ကို cheque account, check account, chequing or checking account လို့လည်း တစ်ခါတလေ ခေါ်ကြပါသေးတယ်Trinity

တခြားဘဏ်စာရင်းအမျိုးအစားနဲ့ ဘယ်လိုကွာခြားလဲဆိုတာသိဖို့  ဒီမှာ လေ့လာပါ။

စာရင်းရှင်စာရင်း (Current Account) ဆိုတာ ဘယ်သူတွေ အတွက် ပိုပြီးသင့်တော်တာလဲ။

စာရင်းရှင်စာရင်း ဆိုတဲ့ နာမည်အတိုင်းပဲ ငွေအဝင်အထွက်အတွက် ငွေပမာဏ၊ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြုထားတဲ့ စာရင်းမျိုးဖြစ်ပါတယ်Trinity

ငွေပေးချေခြင်း၊ ငွေလက်ခံခြင်း အမြဲမပြတ် ရှိနေတတ်သော စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုပြီးသင့်တော်ပါတယ်finance။ ငွေပေးချေသူ၊ ငွေလက်ခံသူ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေစေရန် စာရင်းရှင်စာရင်း သုံးစွဲသူတွေ အတွက်ကို ချက်လက်မှတ်စာအုပ် (Chequebook) ထုတ်ပေးလေ့ရှိပါတယ်Trinity

ချက်လက်မှတ် (Cheque) ဆိုတာဘာလဲ။

ချက်လက်မှတ် (Cheque or check) ဆိုတာ ငွေထုတ်ရာမှာ အသုံးပြုတဲ့ လက်မှတ်တစ်ခုဖြစ်ပါတယ်Trinity

လက်မှတ်ပေါ်မှာဖော်ပြထားတဲ့လူကို ချက်လက်မှတ်ပိုင်ရှင်ရဲ့ ဘဏ်စာရင်းကနေ ချက်လက်မှတ်ပေါ်မှာ ဖော်ပြထားတဲ့ ငွေပမာဏအတိုင်း ပေးချေရန်အတွက် ဘဏ်ကို ညွှန်ကြားလိုက်တဲ့ သဘောမျိုးပါTrinity

ချက်လက်မှတ်ပေါ်မှာ လက်မှတ်ရေးထိုးတဲ့လူကို ငွေပေးချေသူ (Drawer) လို့ခေါ်ပြီး သူ့ဆီမှာ ချက်လက်မှတ်နဲ့ချိတ်ဆက်ထားတဲ့ စာရင်းရှင်စာရင်း တစ်ခုရှိရပါတယ်Trinity

ငွေပေးချေသူက ချက်လက်မှတ်ပေါ်မှာ ပေးချေရမယ့် ငွေပမာဏ၊ ရက်စွဲ၊ ငွေလက်ခံမယ့်သူရဲ့နာမည် စတဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည့်စွက်ပြီး လက်မှတ်ထိုးပေးလိုက်ရပါတယ်finance။ ဒါတွေဖြည့်ပြီးရင်တော့ ဘဏ်ကို ချက်လက်မှတ်ပေါ်မှာ ဖော်ပြထားတဲ့ ငွေပမာဏအတိုင်း ငွေလက်ခံမယ့်သူထံ ငွေလွှဲပြောင်းပေးဖို့ ညွှန်ကြားနိုင်ပြီပဲဖြစ်ပါတယ်Trinity

ချက်လက်မှတ်တွေဟာ ငွေကြေးဖလှယ်ခြင်းအဖြစ် လုပ်ဆောင်ပြီး ငွေသားအမြောက်အများကို သယ်ဆောင်ကိုင်တွယ်စရာမလိုအောင် ရည်ရွယ်ဖန်တီးခဲ့တာဖြစ်ပါတယ်Trinity

ချက်လက်မှတ်အကြောင်း ဒီမှာလေ့လာပါTrinity

သင့်တော်တဲ့စာရင်းရှင်စာရင်းတစ်ခု ဘယ်လိုရွေးချယ်မလဲ။

စာရင်းရှင်စာရင်းတစ်ခု ကိုယ်နဲ့ သင့်တော်မှု ရှိ၊ မရှိဆိုတာ ဘယ်လိုအချက်တွေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်နိုင်မလဲfinance။ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း စာရင်းရှင်စာရင်းဆိုတာ ငွေ အသွင်း၊ အထုတ်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီး သင့်တော်မှုရှိပါတယ်Trinity

ဒါကြောင့် ငွေအသွင်း၊ အထုတ်လုပ်ဖို့ ပိုမိုလွယ်ကူချောမွေ့ပြီး ကုန်ကျစရိတ်သက်သာဖို့ အရေးကြီးဆုံးဖြစ်ပါတယ်finance။ ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရမယ့် အချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်Trinity

  • အဆင်ပြေချောမွေ့မှု
  • ချက်လက်မှတ်အတွက် ဝန်ဆောင်ခ
  • ငွေပြောင်းငွေလွှဲ၊ ငွေသွင်းငွေထုတ်ဝန်ဆောင်ခ
  • အခြားဝန်ဆောင်မှုများ

အဆင်ပြေချောမွေ့မှု

ငွေအသွင်း၊ အထုတ် မကြာခဏလုပ်နေရမယ့် ဘဏ်စာရင်းဖြစ်တဲ့အတွက် အမြဲတမ်းလူပြည့်နေပြီး အကြာကြီးတန်းစီနေရမယ့် ဘဏ်ခွဲမျိုးကို ရွေးချယ်တာကတော့ ကောင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်တော့ဘူးပေါ့Trinity

အဲဒီလိုပဲ ဘဏ်ခွဲနည်းပြီး ကိုယ်နဲ့ ဝေးတဲ့ ဘဏ်ခွဲမျိုးကို ရွေးချယ်မယ်ဆိုရင်လည်း ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်ခ သက်သာတယ်ဆိုရင်တောင် သွားရမယ့် လမ်းခရီးစရိတ်၊ ပေးရမယ့်အချိန် အတွက် ပြန်ပြီး ကာမိရဲ့လားဆိုတာကိုလည်း ထည့်တွေးသင့်ပါတယ်Trinity

နောက်ဆုံး ဆုံးဖြတ်ချက်မချခင် ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်အောင် အဆင်ပြေချောမွေ့မှုအားဖြင့် အကောင်းဆုံးဖြစ်မယ့်ဘဏ်ကို သုတေသနလုပ် ရွေးချယ်ပါTrinity

ချက်လက်မှတ်အတွက် ဝန်ဆောင်ခ

စာရင်းရှင်စာရင်းလုပ်တဲ့အခါ ရနိုင်တဲ့ အားသာချက်တစ်ခုကတော့ ချက်လက်မှတ်သုံးစွဲနိုင်တဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်finance။ ငွေသားအမြောက်အများကို ကိုင်တွယ်စရာမလိုအောင် ချက်လက်မှတ်နဲ့ပဲ ငွေအလွှဲအပြောင်းတွေ လုပ်နိုင်တာကလည်း ကောင်းကွက်တစ်ခုပါTrinity

ဒါပေမယ့်လည်း ချက်လက်မှတ်အတွက် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခက အဆမတန်မြင့်မားနေတဲ့အခါ အဲဒီအားသာချက်က ကုန်ကျစရိတ်အားဖြင့် အားနည်းချက်လည်းဖြစ်သွားနိုင်တဲ့အတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်finance။ ဒါကြောင့် ချက်လက်မှတ်အမျိုးအစား၊ သူ့ရဲ့အားသာချက် အသုံးဝင်ပုံ၊ ဝန်ဆောင်ခ စသည်ဖြင့် သေချာမေးမြန်းရပါမယ်Trinity

ငွေပြောင်းငွေလွှဲ၊ ငွေသွင်းငွေထုတ်ဝန်ဆောင်ခ

ငွေသွင်း၊ ငွေထုတ်တဲ့အခါ ဝန်ဆောင်ခအဖြစ် ဘယ်လောက်သတ်မှတ်ထားသလဲဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်finance။ များသောအားဖြင့် ကိုယ်ဖွင့်ခဲ့တဲ့ ဘဏ်ခွဲမှာပဲ ငွေအသွင်း၊ အထုတ်လုပ်ရင်တော့ ဝန်ဆောင်ခပေးဆောင်စရာမလိုပါဘူးTrinity

ဒါပေမယ့်လည်း ကိုယ်ဖွင့်မယ့်ဘဏ်ကို သေချာမေးမြန်းထားတာ မမှားပါဘူးfinance။ မေးမြန်းတဲ့အခါမှာလည်း သေသေချာချာ စေ့စေ့စပ်စပ်မေးဖို့လိုပါတယ်finance။ နယ်တူအသွင်းအထုတ်၊ နယ်ခြားအသွင်းအထုတ် စသည်ဖြင့် သေချာမေးမြန်းတတ်ပါစေTrinity

အခြားဝန်ဆောင်မှုများ

အခြားဝန်ဆောင်မှုဆိုတာကတော့ အဲဒီဘဏ်မှာ ကိုယ်လက်ရှိလိုအပ်နေတဲ့ ဝန်ဆောင်မှုတွေ ဘာတွေရှိလဲ၊ နောက်နောင်လိုအပ်လာမယ့်ဝန်ဆောင်မှုတွေကော ဘာတွေရှိလဲ၊ ဝန်ထမ်းတွေကော ဖော်ရွေမှုရှိပြီး အကူအညီပေးကြရဲ့လား၊ ပြဿနာတစ်ခုခုဖြစ်ပေါ်လာတဲ့အခါမျိုးမှာကော လျင်လျင်မြန်မြန်ဖြေရှင်းပေးနိုင်ရဲ့လား၊ နောက်ဆုံး လုံခြုံရဲ့လားဆိုတာတွေကိုလည်း သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ စာရင်းဖွင့်ဖို့ဆုံးဖြတ်တာက ပိုကောင်းတယ်လို့ အကြံပြုပါရစေTrinity

လက်ရှိအချိန်နည်းနည်း အကုန်ခံလိုက်တာက နောက်နောင်အချိန်ကုန်မှုတွေ၊ ခေါင်းကိုက်ရမယ့်အဖြစ်တွေကနေ ကင်းဝေးစေနိုင်ပါလိမ့်မယ်။testing


ကဲ … ဒါဆိုရင် ဘယ်ဘဏ်မှာ ဖွင့်ရမလဲဆိုတာ စဉ်းစားရတော့မှာပေါ့finance။ အသင့်တော်ဆုံးဘဏ်ကို ရွေးချယ်မိဖို့အတွက် ဘဏ်ရွေးချယ်နည်းကို ဖတ်ကြည့်လိုက်ပါဦး။

ရွေးချယ်နည်းလေး သိသွားပြီဆိုတော့ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် စာရင်းရှင်စာရင်းကို စာရင်းရှင်စာရင်းနှိုင်းယှဉ်မှုများမှာ လေ့လာပြီး ရွေးချယ်နိုင်ပါတယ်Trinity

ဘဏ်စာရင်းအမျိုးအစားများ ဘဏ်မှာငွေစုရန် ဘဏ်အပ်ငွေ ဘဏ်စာရင်း အကောင့် ဘဏ်အကောင့် စာရင်းရှင်စာရင်း စာရင်းရှင်အကောင့် ချက်အကောင့် ချက်စာရင်း ချက်လက်မှတ် စာရင်းရှင် စာရင်းရှင်အပ်ရန် ချက်လက်မှတ်များ စာရင်းရှင်အပ်ငွေ ဘဏ်စရင်း စာရင်းရှင်စာရင်း ချက်လက်မှတ် ဘဏ်မှာငွေအပ်ရန် ဘဏ်အပ်ငွေ ဘဏ်စာရင်းအမျိုးအစားများ ဘဏ်အကောင့် ချက်အကောင့် ချက်စာရင်း ချက်လက်မှတ်များ စာရင်းရှင်အပ်ငွေ ဘဏ်စရင်း current account check cheque book bank accounts

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။