ငွေလဲချင်ရင် ဘယ်မှာ လဲလို့ရမလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –

လက်ရှိ အဓိကငွေလဲနှုန်းတွေကြည့်ရန် ဒီမှာ နှိပ်ပါ။testing


မြန်မာနိုင်ငံအတွင်း

အသုံးများတဲ့ အမေရိကန်ဒေါ်လာ (USD), ယူရို (EUR), စင်္ကာပူဒေါ်လာ (SGD), ဂျပန်ယန်း (JPY), ထိုင်းဘတ် (THB) နဲ့ မလေးရှားရင်းဂစ် (MYR) တို့လို ငွေကြေးတွေကို ဘဏ်တော်တော်များများနဲ့ ငွေလဲကောင်တာ (Money Changer) တွေမှာ လဲလှယ်နိုင်ပါတယ်shwe။ တစ်ချို့ဟိုတယ်တွေမှာလည်း ငွေလဲဝန်ဆောင်မှုတွေ ထားတာမျိုးလည်း ရှိတတ်ပါတယ်။ ငွေမလဲခင် မှန်ကန်တဲ့ငွေလဲနှုန်းတွေကို သိရဖို့ ဒီမှာ ကြည့်နိုင်ပါတယ်။

တစ်ချို့သိပ်အသုံးမများတဲ့ငွေကြေးတွေကိုတော့ ဘဏ်တွေ၊ ငွေလဲကောင်တာတွေမှာ လဲလှယ်ပေးမယ်မထင်ပါဘူးshwe။ ဒီလို ကမ္ဘာတစ်ဝှမ်းမှ ငွေကြေးတွေအတွက် ငွေလဲနှုန်းထားတွေကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လက်ရှိမှာတော့  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ရဲ့ ငွေလဲကောင်တာမှာ အမေရိကန်ဒေါ်လာ (USD), ယူရို (EUR), စင်္ကာပူဒေါ်လာ (SGD) ကိုသာ လဲလှယ်ပေးတာဖြစ်ပါတယ်Trinity

တကယ်လို့ ကိုယ်လိုချင်တဲ့ငွေကြေးကို မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကနေ မရနိုင်ဘူးဆိုရင်တော့ အကောင်းဆုံးနည်းက ကျပ်ငွေ ကို USD အဖြစ် အရင်လဲပြီး အဲဒီနိုင်ငံရောက်မှ သူတို့ငွေကြေးကို ပြန်လဲနိုင်မှာဖြစ်ပါတယ်Trinity

နိုင်ငံရပ်ခြား

နိုင်ငံခြားမှာရောက်နေတဲ့အခါမျိုးဆိုရင်တော့ အဲဒီနိုင်ငံမှာရှိတဲ့ ဘဏ်တွေ၊ ငွေလဲကောင်တာတွေနဲ့ ဟိုတယ်တစ်ချို့မှာ ငွေလဲနိုင်မှာဖြစ်ပါတယ်Trinity

မြန်မာကျပ်ငွေက အသုံးများတဲ့ ငွေကြေးမဟုတ်တဲ့အတွက် နိုင်ငံရပ်ခြားက ငွေလဲကောင်တာတွေမှာ လဲလှယ်ပေးမှာ မဟုတ်ပါဘူးshwe။ ဒါကြောင့် နိုင်ငံရပ်ခြားကို သွားရောက်မယ်ဆိုရင်တော့ မြန်မာကျပ်ငွေအစား  အသုံးများတဲ့ အမေရိကန်ဒေါ်လာကို သယ်ဆောင်သွားဖို့ လိုအပ်ပါလိမ့်မယ်Trinity

နောက်တစ်နည်းအနေနဲ့ ငွေသားကိုင်ဆောင်သွားတာမျိုးကို သဘောမကျဘူးဆိုရင်တော့ pre-paid ကတ် လို့ခေါ်တဲ့ ကြိုတင်ငွေဖြည့်ကတ်တွေကို ယူဆောင်သွားနိုင်ပါတယ်shwe။ အဲဒီကတ်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တော်တော်များများမှာ ရယူနိုင်ပါတယ်Trinity

Pre-paid (Visa and MasterCard) ကတ်တွေကို လောလောဆယ် ပြည်ပမှာ အသုံးပြုဖို့အတွက်ပဲ ဖြစ်ပါတယ်shwe။ ဒီကတ်တွေကို အသုံးပြုနိုင်ဖို့  အရင်ဆုံးငွေဖြည့်ထားရမှာဖြစ်ပြီး ဖြည့်ထားသောငွေ ကုန်ဆုံးသွားသောအခါ ထပ်မံဖြည့်သွင်းရပါတယ်shwe။ ဒီကတ်တွေကို ATM စက်တွေ၊ ဈေးဆိုင်တွေမှာ အသုံးပြုနိုင်ပြီး အခကြေးငွေကောက်ခံခြင်းလည်း တခြားကတ်တွထက် သိသိသာသာ ပိုများပါတယ်Trinity

MPU တံဆိပ်ပါတဲ့ ကိုယ့်ရဲ့ ATM/debit ကတ်တွေကလည်း နိုင်ငံခြားမှာ အလုပ်လုပ်မှာ မဟုတ်ပါဘူးshwe။ နိုင်ငံတွင်းမှာပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် credit ကတ်နဲ့ ငွေသားထုတ်ယူတာမျိုး မလုပ်သင့်ပါဘူးshweဘာကြောင့်လဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ဘယ်ငွေကြေးကို ဘာနဲ့ပဲလဲလဲ၊ ဘယ်မှာပဲလဲလဲ သတိထားရမှာလေးတွေရှိပါတယ်shweငွေလဲရာမှာ သတိထားရမယ့် အချက်တွေကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။testing


ဆောင်းပါးများ စုစည်းမှု –

ငွေလဲလှယ်နှုန်းထားများ

ဒေါ်လာဘယ်မှာလဲရမှာလဲ ငွေလဲကောင်တာ ငွေလဲဝန်ဆောင်မှုပေးသူ နိုင်ငံခြားငွေကြေး ငွေလဲခြင်း ငွေလဲနှုန်း ဒေါ်လာငွေလဲခြင်း မြန်မာငွေလဲခြင်း နိုင်ငံဂျားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေကြေး ထိုင်းဘတ် ယူရို စင်္ကာပူဒေါ်လာ ရင်းဂစ် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွက်ချက်နည်း ငွေလဲနှုန်းတွက်ချက်ခြင်း ငွေကြေးတွက်ချက်နည်း ငွေဈေး နိုင်ငံခြားငွေကြေး ငွေလဲခြင်း ငွေဘယ်မှာလဲရမှာလဲ ငွေလဲကောင်တာ ငွေလဲဝန်ဆောင်မှုပေးသူ ထိုင်းဘတ် ယူရို စင်္ကာပူဒေါ်လာ ရင်းဂစ် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွက်ချက်နည်း ငွေလဲနှုန်းတွက်ချက်ခြင်း ငွေကြေးတွက်ချက်နည်း ငွေဈေး fx rates where to exchange money changer exchange service money price

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။