နိုင်ငံခြားသုံးငွေကြေး နှင့် ငွေလဲနှုန်းဆိုတာ ဘာတွေလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –

လက်ရှိ အဓိကငွေလဲနှုန်းတွေကြည့်ရန် ဒီမှာ နှိပ်ပါ။yes


မြန်မာနိုင်ငံရဲ့ တရားဝင်သုံး ငွေကြေးက မြန်မာကျပ်ငွေ ဖြစ်ပါတယ်shwe။ (အတိုကောက်အားဖြင့် MMK သို့မဟုတ် K ဖြင့် သတ်မှတ်သည်။)

တခြားနိုင်ငံတွေလည်း သူတို့နိုင်ငံရဲ့ တရားဝင်သုံး ငွေကြေးတွေရှိပါတယ်shwe။ ဥပမာအားဖြင့် –

  • အမေရိကန်ပြည်ထောင်စုမှာ US ဒေါ်လာ (USD or US$) သုံးပါတယ်။
  • ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ယူရို (EUR or €) သုံးပါတယ်။
  • စင်္ကာပူနိုင်ငံမှာ စင်္ကာပူဒေါ်လာ (SGD or S$) သုံးပါတယ်။
  • ထိုင်းနိုင်ငံမှာ ထိုင်းဘတ် (THB or ฿) သုံးပါတယ်။
  • မလေးရှားနိုင်ငံမှာ မလေးရှားရင်းဂစ် (MYR or RM) သုံးပါတယ်။

ဒါတွေအကုန်လုံးက “ပိုက်ဆံ” တွေပဲ ဆိုပေမယ့် မတူညီတဲ့ “ငွေကြေး” တွေပဲဖြစ်ပါတယ်shwe။ သာမန်အားဖြင့် နိုင်ငံတစ်နိုင်ငံမှာ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ငွေကြေးကိုပဲ သုံးစွဲကြရပါတယ်shwe။ ထိုင်းနိုင်ငံက ဈေးဆိုင်တွေမှာ မလေးရှားရင်းဂစ်နဲ့ ငွေချေရင် လက်မခံသလိုပဲ မလေးရှားမှာ ထိုင်းဘတ်နဲ့ ငွေချေရင် လက်ခံလေ့မရှိပါဘူးTank

မတူတဲ့ငွေကြေးတွေဟာ သူတို့ရဲ့တန်ဖိုးတွေကလည်း မတူပါဘူshwe။ အမေရိကန် ၁ ဒေါ်လာ ဟာ ၁ ယူရိုနဲ့ တန်ဖိုးချင်းမညီသလိုပဲ စင်္ကာပူ ၁ ဒေါ်လာဟာလည်း မလေးရှား ၁ ရင်းဂစ်နဲ့ တန်ဖိုးချင်း မညီပါဘူးshwe။ ဒါကြောင့် ငွေလဲနှုန်း ဆိုတာဖြစ်ပေါ်လာရတာပါTank

ငွေလဲနှုန်းဆိုတာ ငွေကြေးတစ်ခုကနေ အခြားငွေကြေးတစ်ခုကို ပြောင်းလဲရာမှာ ဘယ်လောက်နဲ့ညီမျှတယ်ဆိုတဲ့ တန်ဖိုးပဲဖြစ်ပါတယ်shwe။ ဥပမာ – သိပ်မကြာသေးခင်အချိန်အတွင်းမှာ အမေရိကန် ၁ ဒေါ်လာဟာ မြန်မာကျပ်ငွေ ၁၅၀၀ နှင့် ၁၅၅၀ ကြားမှာ ရှိနေပါတယ်Tank

ငွေလဲနှုန်းတွေ ဘာကြောင့် ပြောင်းလဲနေလေ့ရှိတာလဲ။ ငွေလဲနှုန်းကို ပြရာမှာ မျဉ်းကြောင်း ၂ ကြောင်းနဲ့ပြရတဲ့ အကြောင်းရင်းက ဘာလဲ – “ဝယ်ဈေး (buy)” နဲ့ “ရောင်းဈေး (sell)” က ဘာတွေကွာလဲ။

နိုင်ငံခြားငွေလဲနှုန်းများကိုလည်း ဒီမှာလေ့လာနိုင်ပါတယ်။yes


ဆောင်းပါးများ စုစည်းမှု –

ငွေလဲလှယ်နှုန်းထားများ

ဒေါ်လာလဲနှုန်း ငွေလဲနှုန်း ဒေါ်လာငွေလဲခြင်း မြန်မာငွေလဲခြင်း ထိုင်းဘတ် ယူရို စင်္ကာပူဒေါ်လာ ရင်းဂစ် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွက်ချက်နည်း ငွေလဲနှုန်းတွက်ချက်ခြင်း ငွေကြေးတွက်ချက်နည်း ငွေဈေး ငွေလဲနှုန်း ထိုင်းငွေဈေး ထိုင်းငွေလဲနှုန်း နိုင်ငံခြားသုံးငွေကြေး ငွေလဲနှုန်း ဒေါ်လာငွေလဲနှုန်း ထိုင်းဘတ် ယူရို စင်္ကာပူဒေါ်လာ ရင်းဂစ် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွက်ချက်နည်း ငွေလဲနှုန်းတွက်ချက်ခြင်း ငွေကြေးတွက်ချက်နည်း ငွေဈေး ငွေလဲနှုန်း ထိုင်းငွေဈေး ထိုင်းငွေလဲနှုန်း fx rates foreign exchange rates USD/MMK EUR/MMK THB/MMK SGD/MMK MYR/MMK money price exchange rate forex

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။