အွန်လိုင်းမှ လုံခြုံစွာ ဈေးဝယ်ခြင်း

ဆောင်းပါးကို ဝေမျှရန်

အွန်လိုင်းကနေ ဈေးဝယ်ရတာ ကောင်းပါတယ်။ 

အေးအေးဆေးဆေး ရှာဖွေ နှိုင်းယှဉ်ပြီး ကြိုက်တဲ့နေရာကနေ ကြိုက်တဲ့အချိန် ဝယ်ယူလို့ရတာကြောင့် တော်တော် အဆင်ပြေပါတယ်dingar။ ဈေးလည်း ပိုပြီး သက်သာနိုင်သလို၊ ပိုပြီးလည်း မြန်ပါတယ်။

ဒါပေမယ့် အပြင်မှာ ဈေးဝယ်တဲ့အခါ ဂရုစိုက် ဝယ်ယူသလိုပဲ အွန်လိုင်းကနေ ဝယ်ယူတဲ့အခါလည်း ပါးနပ်ဖို့  လိုပါတယ်dingar။ အွန်လိုင်းကနေ အလိမ်ခံရတာတွေ၊ ပိုက်ဆံအခိုးခံရတာတွေကို ကြားဖူးကြမှာပါ။

အကောင်းဆုံး ဝယ်ယူမှု ပြုလုပ်နိုင်အောင် လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ အွန်လိုင်းကနေ လုံလုံခြုံခြုံဈေးဝယ်နိုင်အောင် ပြုလုပ်ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ hello


ဘာတွေမှားသွားနိုင်လဲ။

အွန်လိုင်းမှ ဈေးဝယ်ယူတဲ့အခါ တွေ့နိုင်တဲ့ အဓိက အန္တရာယ် (၃) မျိုးကတော့

  • လိမ်လည်တတ်တဲ့ ရောင်းသူ အတုအယောင်
  • ငွေကုန်ကျပြီး စိတ်ညစ်အောင်လုပ်တတ်တဲ့ မကောင်းတဲ့ ရောင်းသူ
  • အချက်အလက်တွေကို ခိုးယူတတ်တဲ့ အင်တာနက်မှ တိုက်ခိုက်သူ

ရောင်းသူ အတုအယောင်

ဒီရောင်းသူတွေက ဈေးဆိုင်အတု ဒါမှမဟုတ် အစစ်ယောင်ဆောင် ပြီး ဈေးဆိုင်ဖန်းတီး ပြုလုပ်တတ်ပါတယ်dingar။ ဒီလို လိမ်စားသူတွေ လိမ်လည်နိုင်တဲ့ ပုံစံကတော့

  • ငွေပို့ခိုင်းခြင်း
  • ငွေခိုးယူဖို့အတွက် အချက်အလက်များ ပို့ခိုင်းခြင်း

မကောင်းတဲ့ရောင်းသူ

ဒီရောင်းချသူတွေကတော့ ငွေမခိုးပေမယ့် အချိန်နဲ့ငွေကို ကုန်စေပါတယ်dingar။ အဆင်မပြေဖြစ်တတ်တဲ့ အရာတွေက ပစ္စည်းပို့ နောက်ကျခြင်း သို့မဟုတ် လာမပို့ခြင်းပျက်စီးနေသော ပစ္စည်း၊ မှားယွင်းပေးပို့ခြင်း၊ ပစ္စည်းအတုများ သို့မဟုတ် ဖော်ပြထားသော ပစ္စည်းအတိုင်း မဟုတ်ခြင်းdingar။ မကောင်းတဲ့ရောင်းသူတွေက ဒီလိုကိစ္စတွေကို ဖြေရှင်းပေးဖို့ လက်နှေးကြပါတယ်dingar။ တစ်ချို့ကျတော့ ဖြေတောင် မဖြေရှင်းပေးချင်ကြပါဘူး။

အင်တာနက်မှ တိုက်ခိုက်သူများ

ဒီလို လူတွေကတော့ ရောင်းသူ ဒါမှမဟုတ် ဈေးဆိုင်နဲ့ ဘာမှ မပက်သက်ပါဘူးdingar။ ဒါပေမယ့် နည်းပညာရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူတတ်ကြပါတယ်dingarငွေပေးချေခြင်း အချက်အလက် ဒါမှမဟုတ် လျှို့ဝှက်နံပါတ်ကို ကြားဖြတ်ရယူတတ်ပါတယ်dingar။ ဒီလိုပဲ ကိုယ့်ရဲ့ အချက်အလက်တွေကို ရရှိဖို့အတွက် ကိုယ့်ရဲ့ဖုန်း၊ ကွန်ပြူတာ စတာတွေမှာ ဗိုင်းရပ်စ် (Virus) တွေ ကူးစက်အောင်လုပ်တတ်ပါတယ်။

လုံခြုံအောင် ဘယ်လိုလုပ်ရမလဲ။

အပြင်မှာ ဈေးဝယ်သလိုပဲ အွန်လိုင်းကနေ ဝယ်ယူတဲ့အခါလည်း ချင့်ချိန်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါ။

ရောင်းသူကို သုတေသနပြုလုပ်ပါ။

တစ်ခါမှ မဝယ်ယူဖူးတဲ့ ရောင်းသူအသစ်ဆီက ဝယ်ယူတော့မယ်ဆိုရင် သုံးသပ်ချက်တွေကို ဖတ်ကြည့်ပြီး အခြားဝယ်ယူသူများ ကျေနပ်မှုရှိခဲ့ မရှိခဲ့ကို ဆန်းစစ်ကြည့်ပါdingar။ ဖုန်းနံပါတ်ပေးထားတယ်ဆိုရင် ဖုန်းဆက်ပြီး မေးခွန်းတွေ မေးမြန်းကြည့်ပါdingar။ စစ်မှန်တဲ့ ရောင်းသူတွေဆိုရင် သေချာရှင်းပြဖို့ အတွက် ဝန်လေးမှာ မဟုတ်ပါဘူးdingar။ ပိုတောင် ဝမ်းသာပြီး ဝယ်ချင်စိတ်ပေါက်တဲ့အထိကို ရှင်းပြပေးပါလိမ့်မယ်။ 

စစ်မှန်တဲ့ ဝက်ဘ်ဆိုက်၊ အပ်ပလီကေးရှင်း ဟုတ်၊ မဟုတ် စစ်ဆေးပါ။

ဝက်ဘ်ဆိုက်အတု၊ ဖေ့စ်ဘုတ်ပေ့ခ်ျအတု၊ အပ်ပလီကေးရှင်းအတုတွေကနေ လိမ်လည်မှုတွေ ပြုလုပ်နိုင်ပါတယ်။

  • ဝက်ဘ်ဆိုက် အသုံးပြုနေတာဆိုရင် ဝက်ဘ်ဆိုက်လိပ်စာ အထူးသဖြင့် လင့်ခ်အတို (ဥပမာ – bit.ly) ကို စစ်ဆေးပါdingar။ လိပ်စာက စာလုံးပေါင်းမှားယွင်းမှု မရှိပဲ မှန်တယ်ဆိုတာ သေချာအောင် လုပ်ပါ။
  • အပ်ပလီကေးရှင်း အသုံးပြုနေတာဆိုရင် မှန်ကန်ပြီး နောက်ဆုံးပေါ်နဲ့ ဗိုင်းရပ်စ်ကင်းစင်သော ဗားရှင်းဖြစ်ဖို့အတွက် အဲဒီအပ်ပလီကေးရှင်းကို Google Play ဒါမှမဟုတ် Apple App Store မှ တိုက်ရိုက် ဒေါင်းလုဒ် လုပ်ပါ။
  • ဖေ့စ်ဘုတ် မှာဆိုရင် ပေ့ခ်ျအမှန် ဟုတ်ရဲ့လားဆိုတာ ပြန်လည်စစ်ဆေးပါ။ ချိတ်ဆက်ထားသူ ဦးရေ (Followers)နဲ့ အဆင့်သတ်မှတ်ချက်များ (Rating) ကို စစ်ဆေးပါdingarပို့စ်နဲ့ ထင်မြင်ချက် (Comments) များကို ဖတ်ကြည့်ပါdingar။ ပေ့ခ်ျအမှန်ဖြစ်တယ်ဆိုတာ သေချာအောင် ဖေ့စ်ဘုတ်မှာ တစ်ခေါက် ပြန်ရှာကြည့်ပါ။ 

ရောင်းသူရဲ့ မူဝါဒကို စစ်ဆေးပါ။

ပစ္စည်းတစ်ခုခု အမှားအယွင်း ရှိခဲ့မယ်ဆိုရင် ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာကို သေချာရှင်းရှင်းလင်းလင်း ပြောထားလားdingar။ ဖုန်း၊ Messenger ဒါမှမဟုတ် အီးမေးလ် မှတစ်ဆင့် မေးခွန်းတွေကို လိုလိုလားလား ဖြေပေးရဲ့လား။

ကိုယ့်ရဲ့ အချက်အလက်ကို ငွေလို သဘောထားပါ။

ယေဘုယျအားဖြင့် တကယ့်အပြင်ဆိုင်တွေမှာတောင် မပြောပြတဲ့ အချက်အလက်တွေကို မပြောပြပါနဲ့dingar။ ရောင်းသူက ကိုယ့်ရဲ့ ဘဏ်အကောင့်နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့၊ ပင်နံပါတ် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိစရာမလိုပါဘူးdingarအထူးသဖြင့် လျှို့ဝှက်နံပါတ်တွေကို ဘယ်သူ့ကိုမှ မပြောပြမိပါစေနဲ့

စိတ်ချရသော ငွေပေးချေခြင်းကို ရွေးချယ်ပါ။

အိမ်ရောက်ငွေချေစနစ်ကတော့ စိတ်အချရဆုံးပါ။ 

ဘဏ်ကနေလွှဲပေးမှာဆိုရင် မိုဘိုင်းပိုက်ဆံအိတ် သို့မဟုတ် ၂၄ နာရီ စတိုးဆိုင် မှတစ်ဆင့် ပေးချေနိုင်ပါတယ်dingar။ ရောင်းသူက သူတို့ရဲ့ အချက်အလက်ကို ပေးပါလိမ့်မယ်dingar။ ဝယ်သူရဲ့ အချက်အလက်ကိုတော့ ပေးစရာလိုမှာ မဟုတ်ပါဘူး။

ကတ်မှတစ်ဆင့် လွှဲပေးမှာဆိုရင် ရောင်းသူတွေက 2C2P နဲ့ PayPal အစရှိတဲ့ ငွေပေးချေခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ပေးတဲ့ စနစ်တွေ အသုံးပြုဖို့ လိုပါတယ်။  ရောင်းသူကို Messenger မှဖြစ်စေ၊ ဖုန်းမှဖြစ်စေ ကတ်ရဲ့ အချက်အလက်တွေကို တိုက်ရိုက်မပြောပြသင့်ပါဘူး။

စိတ်ချရတဲ့ နည်းပညာကို သုံးပါ။

အများသုံး ဝိုင်ဖိုင်ဖြင့် အကောင့်သို့ Log in ဝင်ခြင်း အစရှိတဲ့ ကိုယ်ရေးအချက်အလက် ပေးပို့ခြင်းတွေကို ရှောင်ပါdingar။ ဆော့ဖ်ဝဲလ်နှင့် အပ်ပလီကေးရှင်းများကို Update ပြုလုပ်ပြီး ဗိုင်းရပ်စ်ကင်းစင်မှု စစ်ဆေးခြင်းများ ပြုလုပ်ပါdingar။ လျှို့ဝှက်နံပါတ် အစရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့တော့မယ်ဆိုရင် Padlock icon (https://) ရှိ မရှိကြည့်ပါ။

ကိုယ့်ရဲ့ စိတ်အထင်အတိုင်း လိုက်နာကြည့်ပါ။

ဒီရောင်းဝယ်မှုက အမှန်ဖြစ်ဖို့ အရမ်းကို ကောင်းနေလားdingar။ သိပ်ပုံမှန်မဟုတ်ဘူးလို့ ခံစားရတာမျိုးရှိလားdingar။ မေးထားတဲ့ မေးခွန်းအတွက် အဖြေအတိအကျမရဘူး ဖြစ်နေလားdingar။ ဒါလိုဆိုရင်တော့ ဝယ်ယူမှုကို ခဏအချိန်ဆွဲပြီး အခြားနေရာတွေကို ထပ်မံ သုတေသနပြုလုပ်ကြည့်ပါ။hello


ဒါတွေကတော့ ကိုယ့်ဘက်က ပြုလုပ်နိုင်တဲ့ အရာလေးတွေပါdingar။ ဘယ်လိုဝယ်ယူမှုပဲဖြစ်ဖြစ် အမြဲသတိရှိဖို့ လိုပါတယ်dingar။ စာဖတ်သူတွေလည်း အွန်လိုင်းကနေ ဝယ်ယူမှုတွေကို လုံလုံခြုံခြုံ ပြုလုပ်နိုင်ပါစေဗျားTrinity

ဒီလိုဝယ်ယူမှုတွေအတွက် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ဖို့ ကတ်နဲ့ အွန်လိုင်းတွင် လုံခြုံစွာ ငွေပေးချေနည်းကိုလည်း ဆက်လက်လေ့လာနိုင်ပါတယ်Trinity

အွန်လိုင်းရှော့ပင်း အွန်လိုင်းရှော့ပင်းလုပ်တဲ့အခါ သတိထားစရာများ online shopping watch outs

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။