လျှို့ဝှက်နံပါတ်၊ ကုဒ်နံပါတ်၊ OTP တွေကို အခြားသူကို ဘယ်တော့မှ မပြပါနဲ့။

ဆောင်းပါးကို ဝေမျှရန်

ဖုန်းတွေရှိလာပြီးတဲ့နောက် ပိုက်ဆံအသုံးပြုခြင်း အပါအဝင် အရာရာတိုင်းကို ပိုမိုလွယ်ကူလာစေပါတယ်။

ဖုန်းကနေတစ်ဆင့် ဒီဂျစ်တယ်နည်းနဲ့ ပိုက်ဆံတွေကို သိမ်းထားလို့ရတယ်၊ လွှဲပို့လို့ရတယ်၊ ငွေပေးချေတာတွေလည်း လုပ်လို့ရနေပါပြီ။

ကိုယ့်ရဲ့ ပိုက်ဆံအိတ်တွေကို အပြင်မှာ မကျန်ခဲ့အောင် ဂရုစိုက်သလို၊ အိမ်သော့တွေကို အပြင်လူ သူစိမ်းတွေကို မပေးရသလိုပဲ ဒီဂျစ်တယ်ပစ္စည်းတွေ၊ အချက်အလက်တွေကိုလည်း လုံခြုံအောင် ထားဖို့လိုပါတယ်။ 

ကိုယ့်ရဲ့အချက်အလက်တွေကို ဘယ်သူ့ကို ပြောပြတယ်ဆိုတာ သတိထားပါshwedingar.com။ နာမည်အပြည့်အစုံ၊ မှတ်ပုံတင်၊ မွေးနေ့၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ် အစရှိတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ၊ လူမှုကွန်ရက်အပေါ်မှာ အပါအဝင် တခြားသူတွေကို မပြောပြပါနဲ့။

အရေးကြီးဆုံးက OTP (one-time pins/passwords) လို့ ခေါ်တဲ့ တစ်ခါသုံးလျှို့ဝှက်နံပါတ်၊ ပင်နံပါတ် (Pin number)၊ လျှို့ဝှက်နံပါတ် (Passwords) တွေကို ဘယ်သူ့ကိုမှ မပြောပြပါနဲ့shwedingar.com။ ဘဏ်ဝန်ထမ်းတွေ၊ ကိုယ်စားလှယ်တွေကိုတောင်မှ မပြောပြသင့်ပါဘူး။

OTP, pin, password တွေကို ကိုယ်တိုင်ရိုက်ပြီး တိုက်ရိုက်ဝင်ရောက်သင့်တဲ့ နေရာတွေကတော့

တရားဝင်မိုဘိုင်းအပ်ပလီကေးရှင်း

  • ကိုယ်သုံးနေတဲ့ အပ်ပလီကေးရှင်းကို မှန်ကန်ပြီး နောက်ဆုံးပေါ်နဲ့ ဗိုင်းရပ်စ်ကင်းစင်သော ဗားရှင်းဖြစ်ဖို့အတွက် Andriod အပ်ပလီကေးရှင်းဖိုင် (APK) အနေနဲ့ ကူးယူထားတာမျိုးမဟုတ်ပဲ Apple App Store နှင့် Google Play တို့မှသာ ဒေါင်းလုဒ် ဆွဲပြီး ရယူအသုံးပြုပါ။ 

စိတ်ချရသော ဝက်ဘ်ဆိုက်

  • ဝက်ဘ်ဆိုက်လိပ်စာမှာ https:// လို့ရေးထားပြီး သော့ခလောက်ပုံ (Padlock) ရှိလား ကြည့်ပါ။
  • ဝက်ဘ်ဆိုက်လိပ်စာကို ပြန်စစ်ဆေးပါshwedingar.com။ လင့်ခ်အတို (ဥပမာ – bit.ly) တွေကနေ ဝင်လာတာဆိုရင် အထူးသတိထားပါ။
  • တရားဝင်သလို ယောင်ဆောင်တတ်တဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျအတုတွေ၊ အွန်လိုင်းဖောင်အတုတွေကိုလည်း သတိထားပါ။ 

ATM

  • ဒီလိုနေရာမှာ ငွေထုတ်ရင် ကိုယ့်ရဲ့ပင်နံပါတ်ကို ဘယ်သူမှ မမြင်ပါစေနဲ့။

OTP၊ ပင်နံပါတ်၊ လျှို့ဝှက်နံပါတ်တွေကို ဖေ့စ်ဘုတ် Messenger၊ Viber ကနေဖြစ်ဖြစ် စာတိုပေးပို့ခြင်း၊ ဖုန်းဖြင့်ပြောပြခြင်းတွေကို မလုပ်ပါနဲ့။

တရားဝင်ဝန်ဆောင်မှုပေးတဲ့သူတွေက ကူညီဖို့အတွက် OTP၊ ပင်နံပါတ်၊ လျှို့ဝှက်နံပါတ်တွေကို သိဖို့ မလိုပါဘူး။

ဒါပေမယ့် ကိုယ်ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုဖို့အတွက်တော့ နာမည်အပြည့်အစုံ၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့ စတာတွေကို မေးမြန်းနိုင်ပါတယ်shwedingar.com။ ဘာပဲဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကိုသာ ပြောပြမိဖို့ အထူးဂရုစိုက်ပါ။ yes


ဒီအချက်တွေကို ဒီဂျစ်တယ်နည်းနဲ့ အသုံးပြုလို့ရတဲ့ ဘဏ်ဝန်ဆောင်မှုတွေမှာ ငွေအပ်ထားခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း စတာတွေအတွက် အထူးသတိထားဖို့ လိုပါတယ်။ ကတ်နဲ့ အွန်လိုင်းကနေ လုံခြုံစွာ ငွေပေးချေနိုင်ဖို့အတွက် ဒီမှာလေ့လာပါNeo

တစ်ခါသုံးပင်နံပါတ် ယာယီနံပါတ် ယာယီလျှို့ဝှက်နံပါတ် ယာယီလျို့ဝှက်နံပါတ် ပင် ယာယီပင် ယာယီပင်နံပါတ် တစ်ခါသုံးလျှို့ဝှက်နံပါတ် လျို့ဝှက်နံပါတ် လျှို့ဝှက်နံပါတ် ပင်နံပါတ် တစ်ခါသုံး otp password pin number

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။